ဓာတ် ၆-ပါး (ဓာတ် တရားတော်) – ဓာတုဝိဘင်း

images

ဆ ဓာတုယော ပထ၀ီဓာတု အာပေါဓာတု တေဇောဓာတု ၀ါယောဓာတု အာကာသဓာတု ၀ိညာဏဓာတု။
(၀ိဘင်းပါဠိ-ဓာတုဝိဘင်း-သုတ္တန္တဘာဇနီယ)

ဓာတ်ခြောက်ပါးတို့ကား
၁။ မြေဓာတ်ဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် တည်ရာ-ပတိဋ္ဌာန သဘော၊ ခက်မာမှု-ကက္ခဠ သဘောဖြစ်သော မြေဓာတ် ပထ၀ီဓာတ်။
၂။ ရေဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် အဖွဲ့စည်းမှု-အာဗန္ဓ သဘော၊ ယိုစီးမှု-ပဂ္ဃရဏ သဘောဖြစ်သော ရေဓာတ် အာပေါဓာတ်။
၃။ မီးဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် ရင့်ကျက်မှု-ပရိပါစန သဘောဖြစ်သော မီးဓာတ် တေဇောဓာတ်။
၎။ လေဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် ထောက်ကန်လှုပ်ရှားမှု သဘောဖြစ်သော လေဓာတ် ၀ါယောဓာတ်။
၅။ ရေးခြစ်၍ မရအပ် မတွေထိအပ်သော သဘော (ရုပ်တစ်ခုနှင့် တစ်ခု ပိုင်းခြားမှု ဟင်းလင်း သဘော) ဖြစ်သော အာကာသဓာတ်။
၆။ သိမှုသဘော ၀ိညာဏဓာတ် (စိတ်) တို့တည်း။

တတ္ထ ကတမာ ပထ၀ီဓာတု ။ ပ ။ အယံ ၀ုစ္စတိ ၀ိညာဏဓာတု။ ဣမာ ဆ ဓာတုယော။ (၀ိဘင်းပါဠိ-ဓာတုဝိဘင်း-သုတ္တန္တဘာဇနီယ)

၁။ ပထ၀ီဓာတ်
ထိုခြောက်ပါးတို့တွင် အဘယ်သည် မြေဟူသော ဝေါဟာရ ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် တည်ရာ-ပတိဋ္ဌာန သဘော (ခက်မာမှုသဘော) ဖြစ်သော မြေဓာတ် ပထ၀ီဓာတ် မည်သနည်း။
ဤပထ၀ီဓာတ်သည် နှစ်ပါးတို့တည်း အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တပထ၀ီဓာတ်သည် ရှိ၏၊ အပသန္တာန်၌ ဖြစ်သော ဗဟိဒ္ဓပထ၀ီဓာတ်သည် ရှိ၏။

(က) အဇ္ဈတ္တပထ၀ီဓာတ် 
ထိုပထ၀ီဓာတ် နှစ်ပါးတို့တွင် အဘယ်သည် အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တပထ၀ီဓာတ် မည်သည်နည်း။ အကြင် ပထ၀ီဓာတ်သည် အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတံ္တ၊ ကိုယ်ကို စွဲ၍ ဖြစ်၏-ပစ္စတ္တံ၊ အတွင်းသန္တာန်၌ ဖြစ်သော ကိုယ်ကိုစွဲ၍ ဖြစ်သော ယင်းပထ၀ီဓာတ်သည် ခက်မာ၏-ကက္ခဠ၊ အတွေ့ကြမ်း၏-ခရိတ၊ ခက်မာသည်၏ အဖြစ် ကက္ခဠတ္တ၊ ခက်မာသော သဘော-ကက္ခဠဘာဝ၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တံ၊ ခန္ဓာကိုယ်ကို စွဲ၍ ဖြစ်၏ ဥပါဒိဏ္ဏံ။

အဇ္ဈတ္တပထ၀ီဓာတ် ၂၀-ပါး
ဤ အဇ္ဈတ္တပထ၀ီဓာတ်ဟူသည် အဘယ်နည်း။ ကေသာ-ဆံပင်၊
လောမာ-မွေးညင်း၊ နခါ-ခြေသည်းလက်သည်း၊ ဒန္တာ-သွား၊ တစော-အရေထူအရေပါး။
မံသံ-အသား၊ နှာရု-အကြော၊ အဋ္ဌိ-အရိုး၊ အဋ္ဌိမိဉ္ဖံ-ရိုးတွင်းချဉ်ဆီ၊ ၀က္ကံ-အညှို့(ကျောက်ကပ်)၊
ဟဒယံ-နှလုံး၊ ယကနံ-အသည်း၊ ကိလောမကံ-အမြှေး၊ ပိဟကံ-အဖျဉ်း(သရက်ရွက်)၊ ပပ္ဖါသံ-အဆုတ်၊
အန္တံ-အူမ၊ အန္တံဂုဏံ-အူသိမ်၊ ဥဒရိယံ-အစာသစ်၊ ကရီသံ-အစာဟောင်း(ကျင်ကြီး)၊ မတ္ထလုင်္ဂံ-ဦးနှောက်၊ ဤသည်တို့တည်း။

ထိုပြဆိုခဲ့ပြီးသော ပထ၀ီဓာတ် ၂၀-ပါးတို့မှ တပါးလည်းဖြစ်သော အကြင် ပထ၀ီဓာတ်သည် ရှိသေး၏။ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတံ္တ၊ ကိုယ်ကို စွဲ၍ ဖြစ်၏-ပစ္စတ္တံ၊ အတွင်းသန္တာန်၌ ဖြစ်သော ကိုယ်ကိုစွဲ၍ ဖြစ်သော ယင်းပထ၀ီဓာတ်သည် ခက်မာ၏-ကက္ခဠ၊ အတွေ့ကြမ်း၏-ခရိတ၊ ခက်မာသည်၏ အဖြစ် ကက္ခဠတ္တ၊ ခက်မာသော သဘော-ကက္ခဠဘာဝ၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တံ၊ ခန္ဓာကိုယ်ကို စွဲ၍ ဖြစ်၏ ဥပါဒိဏ္ဏံ။

(ခ) ဗာဟိရပထ၀ီဓာတ် 
ထိုပထ၀ီဓာတ်နှစ်မျိုးတို့တွင် အဘယ်သည် အပသန္တာန်၌ ဖြစ်သော ဗာဟိရပထ၀ီဓာတ် မည်သနည်း။
အကြင် ပထ၀ီဓာတ်သည် အပသန္တာန်၌ ဖြစ်၏-ဗာဟိရံ၊ ခက်မာ၏-ကက္ခဠ၊ အတွေ့ကြမ်း၏-ခရိတ၊ ခက်မာသည်၏ အဖြစ် ကက္ခဠတ္တ၊ ခက်မာသော သဘော-ကက္ခဠဘာဝ၊ အပသန္တာန်၌ ဖြစ်၏-ဗဟိဒ္ဓ၊ ခန္ဓာကိုယ်ကို စွဲ၍ မဖြစ်- အနုပါဒိဏ္ဏံ။

ဤဗာဟိရပထ၀ီဓာတ်ဟူသည် အဘယ်တို့နည်း။
အယ-သံ၊ လောဟ-ကြေး၊ တိပု-ခဲဖြူ (သလွဲဖြူ သလွဲစင် ခဲမဖြူ ဘင်)၊ သီသ-ခဲမည်း (သလွဲမဲ ခမပုပ် နာ)၊ သဇ္ဈ-ငွေ၊ မုတ္တာ-ပုလဲ၊ မဏိ-ပတ္တမြား၊ ဝေဠုရိယ- ၀ါးအဆင်းအရောင်ရှိသော ကြောင်မျက်ရွဲ (မြ)၊ သင်္ခ-ခရုသင်း၊ သိလာ-ကျောက် ( ကျောက်သလင်း)၊ ပ၀ါဠ- သန္တာကျောက်၊ ရဇတ-ငွေ အသပြာ၊ ဇာတရူပ-ရွှေ၊ လောဟိတင်္က-ပတ္တမြားနီ၊ မသာရဂလ္လ-ပတ္တမြားပြောက်၊ တိဏ-မြက်၊ ကဋ္ဌ-သစ်သား၊ သက္ခရ-ကျောက်စရစ်၊ ဘူမိ-မြေ၊ ပါသာဏ-ကျောက်၊ ပဗ္ဗတ-တောင်၊ ဤသည်တို့တည်း။

ထိုပြဆိုခဲ့ပြီးသည့် ဗဟိဒ္ဓပထ၀ီဓာတ်တို့မှ တစ်ပါးလည်းဖြစ်သော အကြင် ပထ၀ီဓာတ်သည် ရှိသေး၏၊  အပသန္တာန်၌ ဖြစ်၏-ဗာဟိရံ၊ ခက်မာ၏-ကက္ခဠ၊ အတွေ့ကြမ်း၏-ခရိတ၊ ခက်မာသည်၏ အဖြစ် ကက္ခဠတ္တ၊ ခက်မာသော သဘော-ကက္ခဠဘာဝ၊ အပသန္တာန်၌ ဖြစ်၏-ဗဟိဒ္ဓ၊ ခန္ဓာကိုယ်ကို စွဲ၍ မဖြစ်- အနုပါဒိဏ္ဏံ။ ဤဆိုခဲ့ပြီးသော အရာကို အပသန္တာန်၌ ဖြစ်သော ဗာဟိရပထ၀ီဓာတ်ဟု ဆိုအပ်၏။ အကြင် အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တပထ၀ီဓာတ်သည်လည်းကောင်း၊ အကြင် အပသန္တာန်၌ ဖြစ်သော ဗာဟိရပထ၀ီဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုပထ၀ီဓာတ်ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤဆိုခဲ့ပြီးသော သဘောကို ပထ၀ီဓာတ်ဟု ဆိုအပ်၏။

၂။ အာပေါဓာတ်
ထိုဓာတ် ခြောက်ပါးတို့တွင့် အဘယ်သည် ရေဟူသောအမည် ပညတ်ဖြင့် ခေါ်ဝေါ် မှတ်သားအပ်သည့် ဖွဲ့စည်းမှု-အာဗန္ဓန ယိုစီးမှု-ပဂ္ဃဟ သဘောဖြစ်သော ရေဓာတ် အာပေါဓာတ် မည်သနည်း။
အာပေါဓာတ်သည် နှစ်ပါးတို့တည်း၊ အတွင်းသန္တာန်၌ ဖြစ်သော အဇ္ဈတ္တအာပေါဓာတ်သည် ရှိ၏၊ အပသန္တာန်၌ဖြစ်သော ဗာဟိရအာပေါဓာတ်သည် ရှိ၏။

(က) အဇ္ဈတ္တအာပေါဓာတ်
ထိုအာပေါဓာတ် နှစ်ပါးတို့တွင် အဘယ်သည် အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တအာပေါဓာတ် မည်သနည်း။
အကြင် အာပေါဓာတ်သည် အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတံ၊္တ ကိုယ်ကို စွဲ၍ ဖြစ်၏-ပစ္စတ္တံ၊ အတွင်းသန္တာန်၌ ဖြစ်သော ခန္ဓာကိုယ်ကို စွဲ၍ဖြစ်သော ယင်းအာပေါဓာတ်သည် အရည်ဖြစ်၏-အာပေါ၊ အရည်သဘောသို့ ရောက်၏ အာပေါဂတ၊ အစေးဖြစ်၏-သိနေဟ၊ အစေး၏ အဖြစ်သို့ ရောက်၏ သိနေဟဂတ၊ ရုပ်ကို ဖွဲ့စည်း၏-ရူပဗန္ဓနတ္တ၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တံ၊ ခန္ဓာကိုယ်ကို စွဲ၍ဖြစ်၏-ဥပါဒိန္န။

အဇ္ဈတ္တအာပေါဓာတ် ၁၂-ပါး
ဤအဇ္ဈတ္တအာပေါဓာတ်ဟူသည် အဘယ်အရာတို့နည်း။
ပိတ္တံ-သည်းခြေ၊ သေမှံ-သလိပ်၊ ပုဗ္ဗော-ပြည်၊ လောဟိတံ-သွေး၊ သေဒေါ-ချွေး၊ မေဒေါ-အဆီခဲ၊ အဿု-မျက်ရည်၊ ၀သာ-ဆီကြည်၊ ခေဠာ-တံတွေး၊ သိင်္ဃာဏိကာ-နှပ်၊ လသိကာ-အစေး၊ မုတ္တံ-ကျင်ငယ် ဤသည်တို့တည်း။

ထိုပြဆိုခဲ့ပြီးသော အဇ္ဈတ္တအာပေါဓာတ် ၁၂-ပါးတို့မှ တစ်ပါးလည်းဖြစ်သော အကြင် အာပေါဓာတ်သည် ရှိ၏သေး၏၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တံ၊ ကိုယ်ကို စွဲ၍ ဖြစ်၏-ပစ္စတ္တံ၊ အတွင်းသန္တာန်၌ ဖြစ်သော ခန္ဓာကိုယ်ကို စွဲ၍ဖြစ်သော ယင်းအာပေါဓာတ်သည် အရည်ဖြစ်၏-အာပေါ၊ အရည်သဘောသို့ ရောက်၏ အာပေါဂတ၊ အစေးဖြစ်၏-သိနေဟ၊ အစေး၏ အဖြစ်သို့ ရောက်၏ သိနေဟဂတ၊ ရုပ်ကို ဖွဲ့စည်း၏-ရူပဗန္ဓနတ္တ၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တံ၊ ခန္ဓာကိုယ်ကို စွဲ၍ဖြစ်၏-ဥပါဒိန္န ဤဆိုခဲ့ပြီးသော သဘောကို အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တအာပေါဓာတ်ဟု ဆိုအပ်၏။

(ခ) ဗာဟိရအာပေါဓာတ်
ထိုအာပေါဓာတ် နှစ်ပါးတို့တွင် အဘယ်သည် အပသန္တာန်၌ဖြစ်သော ဗာဟိရအာပေါဓာတ် မည်သနည်း။
အကြင် အာပေါဓာတ်သည် အပသန္တာန်၌ ဖြစ်၏-ဗာဟိရ၊ အရည်ဖြစ်၏-အာပေါ၊ အရည်သဘောသို့ ရောက်၏-အာပေါဂတ၊ အစေးဖြစ်၏-သိနေဟ၊ အစေး၏အဖြစ်သို့ရောက်၏-သိနေဟဂတ၊ ရုပ်ကို ဖွဲ့စည်း၏-ရူပဗန္ဓနတ္တ၊ အပသန္တာန်၌ ဖြစ်၏ ဗဟိဒ္ဓ၊ ခန္ဓာကိုယ်ကို စွဲ၍ မဖြစ် အနုပါဒိဏ္ဏ။
ဤဗာဟိရအာပေါဓာတ်ဟူသည် အဘယ်အရာတို့နည်း။
မူလရသ-အမြစ်ရည်၊ ခန္ဓရသ-ပင်စည်ရည်၊ တစရသ-အခေါက်ရည်၊ ပတ္တရသ-အရွက်ရည်၊ ပုပ္ဇရသ-အပွင့်ရည်၊ ဖလရသ-အသီးရည်၊ ခီရ-နို့ရည်၊ ဒဓိ-နို့ဓမ်း (နို့ချဉ်)၊ သပ္ပိ-ထောက်ပတ်၊ န၀နီတ-ဆီဥ၊ တေလ-ဆီ၊ မဓု-ပျားရည်၊ ဖာဏိတ-တင်လဲ၊ မြေ၌တည်သော ရေတို့သည်လည်းကောင်း၊ ကောင်းကင်၌တည်သော ရေတို့သည်လည်းကောင်း ရှိကုန်၏၊ ဤသည်တို့တည်း။

ဤပြဆိုခဲ့ပြီးသော ဗာဟိရအာပေါဓာတ်တို့မှ တစ်ပါးလည်းဖြစ်သော အကြင်အာပေါဓာတ်သည် ရှိသေး၏၊ အပသန္တာန်၌ ဖြစ်၏-ဗာဟိရ၊ အရည်ဖြစ်၏-အာပေါ၊ အရည်သဘောသို့ ရောက်၏-အာပေါဂတ၊ အစေးဖြစ်၏-သိနေဟ၊ အစေး၏အဖြစ်သို့ရောက်၏-သိနေဟဂတ၊ ရုပ်ကို ဖွဲ့စည်း၏-ရူပဗန္ဓနတ္တ၊ အပသန္တာန်၌ ဖြစ်၏ ဗဟိဒ္ဓ၊ ခန္ဓာကိုယ်ကို စွဲ၍ မဖြစ် အနုပါဒိဏ္ဏ။ ဤဆိုခဲ့ပြီးသော သဘောကို အပသန္တာန်၌ဖြစ်သော ဗာဟိရအာပေါဓာတ်ဟု ဆိုအပ်၏။
အကြင် အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တအာပေါဓာတ်သည်လည်းကောင်း၊ အကြင် အပသန္တာန်၌ဖြစ်သော ဗာဟိရအာပေါဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအာပေါဓာတ်ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤဆိုခဲ့ပြီးသော သဘောကို အာပေါဓာတ်ဟု ဆိုအပ်၏။


၃။ တေဇောဓာတ်
ထိုဓာတ် ခြောက်ပါးတို့တွင် အဘယ်သည် မီးဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်မှတ်သားအပ်သည့် ရင့်ကျက်စေမှု-ပရိပါစန သဘောဖြစ်သော မီးဓာတ် တေဇောဓာတ် မည်သနည်း။
ဤတေဇောဓာတ်သည် နှစ်ပါးတို့တည်း၊ အတွင့်သန္တာန်၌ဖြစ်သော အဇ္ဈတ္တတေဇောဓာတ်သည် ရှိ၏၊ အပသန္တာန်၌ဖြစ်သော ဗာဟိရတေဇောဓာတ်သည် ရှိ၏။

(က) အဇ္ဈတ္တတေဇောဓာတ်
ထိုတေဇောဓာတ် နှစ်ပါးတို့တွင် အဘယ်သည် အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တတေဇောဓာတ် မည်သနည်း။
အကြင် မီးဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ် သတ်မှတ်အပ်သည့် ရင့်ကျက်စေမှု-ပရိပါစန သဘောဖြစ်သော မီးဓာတ်သဘော တေဇောဓာတ်သည် အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တ၊ ကိုယ်ကို စွဲ၍ဖြစ်၏-ပစ္စတ္တံ၊ အတွင်းသန္တာန်၌ဖြစ်သော ခန္ဓာကိုယ်ကို စွဲ၍ဖြစ်သော တေဇောဓာတ်သည် လောင်ကျွမ်း ရင့်ကျက်စေခြင်း သဘောဖြစ်၏-တေဇော၊ လောင်ကျွမ်း ရင့်ကျက်စေသော သဘောသို့ရောက်၏-တေဇောဂတ၊ အပူငွေ့ဖြစ်၏-ဥသ္မာ၊ အပူငွေ့ အဖြစ်သို့ရောက်၏ ဥသ္မာဂတ၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့ ဖြစ်၏ ဥသုမ၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့ အဖြစ်သို့ ရောက်၏ ဥသုမဂတ၊ အတွင်းသန္တာန်၌ဖြစ်၏ အဇ္ဈတ္တ၊ ခန္ဓာကိုယ်ကို စွဲ၍ဖြစ်၏ ဥပါဒိဏ္ဏ။

ဤအဇ္ဈတ္တတေဇောဓာတ်ဟူသည် အဘယ်အရာတို့နည်း။ အကြင် တေဇောဓာတ်ဖြင့်လည်း ပူလောင်၏-သန္တပ္ပတိ(သန္တပ္ပနတေဇော)၊ အကြင် တေဇောဓာတ်ဖြင့်လည်း ဆွေးမြေ့ရင့်ရော်၏-ဇိရီယတိ(ဇိရဏတေဇော)၊ အကြင် တေဇောဓာတ်ဖြင့်လည်း လောင်ကျွမ်း၏-ပရိဍယှတိ(ဒဟတေဇော)၊ စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာသည် အကြင်တေဇောဓာတ်ဖြင့်လည်း ကောင်းစွာ ကြေခြင်းသို့ ရောက်၏-ပရိဏာမံ ဂစ္ဆတိ(ပါစကတေဇော) ဤသည်တို့တည်း။

ဤပြဆိုခဲ့ပြီးသော အဇ္ဈတ္တတေဇောဓာတ်တို့မှ တစ်ပါးလည်းဖြစ်သော အကြင်တေဇောဓာတ်သည် ရှိသေး၏၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တ၊ ကိုယ်ကို စွဲ၍ဖြစ်၏-ပစ္စတ္တံ၊ အတွင်းသန္တာန်၌ဖြစ်သော ခန္ဓာကိုယ်ကို စွဲ၍ဖြစ်သော တေဇောဓာတ်သည် လောင်ကျွမ်း ရင့်ကျက်စေခြင်း သဘောဖြစ်၏-တေဇော၊ လောင်ကျွမ်း ရင့်ကျက်စေသော သဘောသို့ရောက်၏-တေဇောဂတ၊ အပူငွေ့ဖြစ်၏-ဥသ္မာ၊ အပူငွေ့ အဖြစ်သို့ရောက်၏ ဥသ္မာဂတ၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့ ဖြစ်၏-ဥသုမ၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့ အဖြစ်သို့ ရောက်၏-ဥသုမဂတ၊ အတွင်းသန္တာန်၌ဖြစ်၏-အဇ္ဈတ္တ၊ ခန္ဓာကိုယ်ကို စွဲ၍ဖြစ်၏-ဥပါဒိဏ္ဏ ဤဆိုခဲ့ပြီးသော သဘောကို အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တတေဇောဓာတ် ဟုဆိုအပ်၏။

(ခ) ဗာဟိရတေဇောဓာတ်
ထိုတေဇောဓာတ် နှစ်ပါးတို့တွင် အဘယ်သည် အပသန္တာန်၌ ဖြစ်သော ဗာဟိတေဇောဓာတ်မည် သနည်း။
အကြင် တေဇောဓာတ်သည် အပသန္တာန်၌ ဖြစ်၏-ဗာဟိရံ၊ လောင်ကျွမ်း ရင့်ကျက်စေသော သဘောဖြစ်၏-တေဇော၊ လောင်ကျွမ်း ရင့်ကျက်စေသော သဘောသို့ ရောက်၏ တေဇောဂတ၊ အပူငွေ့ဖြစ်၏ ဥသ္မာ၊ အပူငွေ့ အဖြစ်သို့ ရောက်၏-ဥသ္မာဂတ၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့ဖြစ်၏-ဥသုမ၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့ အဖြစ်သို့ရောက်၏ ဥသုမဂတ၊ အပသန္တာန်၌ ဖြစ်၏ ဗဟိဒ္ဓ၊ ခန္ဓာကိုယ်ကို စွဲ၍မဖြစ် အနုပါဒိဏ္ဏ။

ဤဗာဟိရတေဇောဓာတ်ဟူသည် အဘယ်အရာတို့နည်း။
ကဋ္ဌဂ္ဂိ-ထင်းမီး၊ ပလာသဂ္ဂိ-ကောက်ရိုးမီး၊ တိဏဂ္ဂိ-မြက်မီး၊ ဂေါမယဂ္ဂိ-နွးချေးမီး၊ ထုသဂ္ဂိ-ဖွဲမီး၊ သင်္ကာရဂ္ဂိ-အမှိုက်မီး၊ ဣန္ဒဂ္ဂိ-မိုးကြိုးလောင်မီး၊ အဂ္ဂိသန္တာပ-မီးလျှံ မီးကျီးခဲအပူ၊ သူရိယသန္တာပ-နေပူ၊ ကဋ္ဌသန္နိစယသန္တာပ-ထင်းပုံ၌ဖြစ်သော အပူ၊ တိဏသန္နိစယသန္တာပ-မြက်ပုံ၌ဖြစ်သော အပူ၊ ဓညသန္နိစယသန္တာပ-စပါးပုံ၌ဖြစ်သော အပူ(စပါးငွေ့)၊ ဘဏ္ဍသန္နိစယသန္တာပ-ဥစ္စာပုံ၌ဖြစ်သော အပူ ဤသည်တို့တည်း။

ဤပြဆိုခဲ့ပြီးသော တေဇောဓာတ်မှ တစ်ပါးလည်းဖြစ်သော အကြင် တေဇောဓာတ်သည် ရှိသေး၏၊ အပသန္တာန်၌ ဖြစ်၏-ဗာဟိရံ၊ လောင်ကျွမ်း ရင့်ကျက်စေသော သဘောဖြစ်၏-တေဇော၊ လောင်ကျွမ်း ရင့်ကျက်စေသော သဘောသို့ ရောက်၏ တေဇောဂတ၊ အပူငွေ့ဖြစ်၏ ဥသ္မာ၊ အပူငွေ့ အဖြစ်သို့ ရောက်၏-ဥသ္မာဂတ၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့ဖြစ်၏-ဥသုမ၊ ပြင်းထန်ကြမ်းတမ်းသော အပူငွေ့ အဖြစ်သို့ရောက်၏ ဥသုမဂတ၊ အပသန္တာန်၌ ဖြစ်၏ ဗဟိဒ္ဓ၊ ခန္ဓာကိုယ်ကို စွဲ၍မဖြစ် အနုပါဒိဏ္ဏ။

ဤဆိုခဲ့ပြီးသော သဘောကို အပသန္တာန်၌ဖြစ်သော ဗာဟိရတေဇောဓာတ်ဟု ဆိုအပ်၏။ အကြင် အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တတေဇောဓာတ်သည်လည်းကောင်း၊ အကြင် အပသန္တာန်၌ဖြစ်သော ဗာဟိရတေဇောဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုတေဇောဓာတ်ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤဆိုခဲ့ပြီးသော သဘောကို မီးဟူသော အမည်ပညတ်ဖြင့် ခေါ်ဝေါ်သတ်မှတ်အပ်သည့် ရင့်ကျက်စေမှု-ပရိပါစန သဘောဖြစ်သော မီးဓာတ် တေဇောဓာတ်ဟု ဆိုအပ်၏။

၎။ ၀ါယောဓာတ်
ထိုခြောက်ပါးတို့တွင့် အဘယ်သည် လေဟူသော အမည် ပညတ်ဖြင့်ခေါ်ဝေါ် သတ်မှတ်အပ်သည့် ထောက်ကန် လှုပ်ရှားခြင်း သဘောဖြစ်သော လေဓာတ် ၀ါယောဓာတ် မည်သနည်း။
ဤ၀ါယောဓာတ်သည် နှစ်ပါးတို့တည်း၊ အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တ၀ါယောဓာတ်သည် ရှိ၏၊ အပသန္တာန်၌ဖြစ်သော ဗာဟိရ၀ါယောဓာတ်သည် ရှိ၏။

(က) အဇ္ဈတ္တ၀ါယောဓာတ်
ထိုဝါယောဓာတ် နှစ်ပါးတို့တွင့် အဘယ်သည် အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တ၀ါယောဓာတ် မည်းသနည်း။
အကြင် ၀ါယောဓာတ်သည် အတွင်းသန္တာန်၌ဖြစ်၏-အဇ္ဈတ္တ၊ ကိုယ်ကိုစွဲ၍ ဖြစ်၏-ပစ္စတ္တံ၊ အတွင်းသန္တာန်၌ဖြစ်သော ခန္ဓာကိုယ်ကို စွဲ၍ဖြစ်သော ၀ါယောဓာတ်သည် လှုပ်ရှားမှုသဘောဖြစ်၏-၀ါယော၊ လှုပ်ရှားမှုသဘောသို့ ရောက်၏-၀ါယောဂတ၊ ရုပ်ကို တွန်းကန်ခြင်းသဘောဖြစ်၏- ရူပထမ္ဘိတတ္တံ၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တံ၊ ခန္ဓာကိုယ်ကို စွဲ၍ဖြစ်၏-ဥပါဒိဏ္ဏ။

အဇ္ဈတ္တ၀ါယောဓာတ် ၁၀-ပါး
ဤအဇ္ဈတ္တ၀ါယောဓာတ်ဟူသည် အဘယ်အရာတို့နည်း။
အထက်သို့ ဆန်သောလေ-ဥဒ္ဓင်္ဂမ၀ါတ၊ အောက်သို့ စုန်သောလေ-အဓောဂမ၀ါတ၊ ၀မ်း၌ တည်သောလေ-ကုစ္ဆိသယ၀ါတ၊ အူ၌ တည်သောလေ-ကောဋ္ဌာသယ၀ါတ၊ ကိုယ်အင်္ဂါကြီးငယ်သို့ လျှောက်သော လေ-အင်္ဂမင်္ဂါနုသာရီဝါတ၊ ဓားငယ်ကဲ့သို့ ဖြတ်တတ်သောလေ(ပါးရွဲ့ခြင်း ခြေတစ်ဖက် သေသွားခြင်းတည်းဟူသော ကိုယ်လက်အင်္ဂါစသည်တို့ ရွဲ့စောင်းသွားအောင် မလှုပ်နိုင်အောင် ဖြတ်သောလေ)-သတ္ထက၀ါတ၊ သင်တုန်းဓားကဲ့သို့ နှလုံးသားကို ခွဲသောလေ(လေသင်တုန်း)-ခုရက၀ါတ၊ နှလုံးသားကို ဆွဲထုတ်သောလေ-ဥပ္ပလက၀ါတ၊ ၀င်သက်လေ-အဿာသ၊ ထွက်သေလေ-ပဿာသ၊ ဤသည်တို့တည်း။

ဤပြဆိုခဲ့ပြီးသော ၀ါယောဓာတ် ဆယ်ပါးတို့မှ တစ်ပါးလည်းဖြစ်သော အကြင် ၀ါယောဓာတ်သည်လည်း ရှိသေး၏။ အတွင်းသန္တာန်၌ဖြစ်၏-အဇ္ဈတ္တ၊ ကိုယ်ကိုစွဲ၍ ဖြစ်၏-ပစ္စတ္တံ၊ အတွင်းသန္တာန်၌ဖြစ်သော ခန္ဓာကိုယ်ကို စွဲ၍ဖြစ်သော ၀ါယောဓာတ်သည် လှုပ်ရှားမှုသဘောဖြစ်၏-၀ါယော၊ လှုပ်ရှားမှုသဘောသို့ ရောက်၏-၀ါယောဂတ၊ ရုပ်ကို တွန်းကန်ခြင်းသဘောဖြစ်၏- ရူပထမ္ဘိတတ္တံ၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တံ၊ ခန္ဓာကိုယ်ကို စွဲ၍ဖြစ်၏-ဥပါဒိဏ္ဏ။
ဤဆိုခဲ့ပြီးသော သဘောကို အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တ၀ါယောဓာတ်ဟု ဆိုအပ်၏။

မှတ်ချက်။ ။ ကောဋ္ဌာသ ၄၂-ပါးရေတွက်ရာ၌ အဇ္ဈတ္တ၀ါယော ၆-မျိုးသာ ရှိသည်။ သတ္ထက၀ါတ ခုရက၀ါတ ဥပ္ပလက၀ါတ ဤ ၃-ပါး မပါချေ။ ထို့ပြင် အဿာသ ပဿာသတို့ကို ပေါင်း၍ ၁-ပါးဟု ရေတွက်ရသည်။

(ခ) ဗာဟိရ၀ါယောဓာတ်
ထိုဝါယောဓာတ် နှစ်ပါးတို့တွင် အဘယ်သည် အပသန္တာန်၌ဖြစ်သော ဗာဟိရ၀ါယောဓာတ် မည်သနည်း။
အကြင် ၀ါယောဓာတ်သည် အပသန္တာန်၌ ဖြစ်၏-ဗာဟိရံ၊ လှုပ်ရှားမှုသဘောဖြစ်၏-၀ါယော၊ လှုပ်ရှားမှုသဘောသို့ ရောက်၏-၀ါယောဂတ၊ ရုပ်ကို တွန်းကန်ခြင်းသဘောဖြစ်၏- ရူပထမ္ဘိတတ္တံ၊ အပသန္တာန်၌ဖြစ်၏-ဗဟိဒ္ဓ၊ ခန္ဓာကိုယ်ကိုစွဲ၍ မဖြစ် အနုပါဒိဏ္ဏ။

ဤဗာဟိရ၀ါယောဓာတ်ဟူသည် အဘယ်အရာတို့နည်း။
အရှေ့လေ-ပုရတ္ထိမ၀ါတ၊ အနောက်လေ-ပစ္ဆိမ၀ါတ၊ မြောက်လေ-ဥတ္တရ၀ါတ၊ တောင်လေ-ဒက္ခိဏ၀ါတ၊ မြူပါသောလေ-သရဇ၀ါတ၊ မြူမပါသောလေ-အရဇ၀ါတ၊ လေအေး-သီတ၀ါတ၊ လေပူ-ဥဏှဝါတ၊ လေညှင်း-ပရိတ္တ၀ါတ၊ လေပြင်း(လေကြမ်း)-အဓိမတ္တ၀ါတ၊ လေမည်း(လေမုန်တိုင်း)-ကာဠ၀ါတ၊ ယူဇနာအထက် ကောင်းကင်၌ တိုက်ခတ်နေသည့် အလွန်ထက်မြက်သော လေကြမ်း-ဝေရမ္ဘ၀ါတ၊ အတောင်ခတ်လေ ပက္ခ၀ါတ၊ ဂဠုံတောင်ခတ်လေ-သုပဏ္ဏ၀ါတ၊ ထမ်းရွက်ယပ်လေ-တာလ၀ဏ္ဋ၀ါတ၊ နှီးယပ်လေ-၀ိဓူပန၀ါတ၊ ဤသည်တို့တည်း။

ဤပြဆိုခဲ့ပြီးသော ဗာဟိရ၀ါယောဓာတ် ၁၀-ပါးတို့မှ တစ်ပါးလည်းဖြစ်သော အကြင် ၀ါယောဓာတ်သည်လည်း ရှိသေး၏။  အပသန္တာန်၌ ဖြစ်၏-ဗာဟိရံ၊ လှုပ်ရှားမှုသဘောဖြစ်၏-၀ါယော၊ လှုပ်ရှားမှုသဘောသို့ ရောက်၏-၀ါယောဂတ၊ ရုပ်ကို တွန်းကန်ခြင်းသဘောဖြစ်၏- ရူပထမ္ဘိတတ္တံ၊ အပသန္တာန်၌ဖြစ်၏-ဗဟိဒ္ဓ၊ ခန္ဓာကိုယ်ကိုစွဲ၍ မဖြစ် အနုပါဒိဏ္ဏ။
ဤဆိုခဲ့ပြီးသော သဘောကို အပသန္တာန်၌ဖြစ်သော ဗာဟိရ၀ါယောဓာတ်ဟု ဆိုအပ်၏။

၅။ အာကာသဓာတ်
ထိုဓာတ် ခြောက်ပါးတို့တွင် အဘယ်သည် ရေးခြစ်၍ မရအပ် မတွေ့ထိအပ်သော သဘော (ရုပ်တစ်ခုနှင့် တစ်ခု ပိုင်းခြားမှု ဟင်းလင်းသဘော) အာကာသဓာတ်မည်သနည်း။

ဤအာသဓာတ်သည် နှစ်ပါးတို့တည်း၊ အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တအာကာသဓာတ်သည် ရှိ၏၊ အပသန္တာန်၌ဖြစ်သော ဗာဟိရအာကာသဓာတ်သည် ရှိ၏။

(က) အဇ္ဈတ္တအာကာသဓာတ်
ထိုအာကာသဓာတ်နှစ်ပါးတို့တွင် အဘယ်သည် အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တအာကာသဓာတ် မည်သနည်း။
အကြင် အာကာသဓာတ်သည် အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တံ၊ ကိုယ်ကို စွဲ၍ ဖြစ်၏-ပစ္စတ္တံ၊ ရေးဖြစ်၍ မရအပ်သော သဘော ကောင်းကင်ပြင် ဖြစ်၏-အကာသ၊ ရေးဖြစ်၍ မရအပ်သော သဘောသို့ ရောက်၏-အာကာသဂတ၊ ထိခိုက်၍ မရသောသဘော (တွေ့ထိ၍ မရသော သဘော) ဖြစ်၏-အဃ၊ ထိခိုက်၍ မရသောသဘောအဖြစ်သို့ ရောက်၏-အဃဂတ၊ ဟင်းလင်းပေါက် ဖြစ်၏-၀ိဝရ၊ ဟင်းလင်းပေါက်အဖြစ်သို့ ရောက်၏-၀ိဝရဂတ၊ အသားအသွေးတို့နှင့် တွေ့ထိ၍မရသော သဘော (ဟင်းလင်းပြင်) ဖြစ်၏-မံသလောဟိတအသမ္ဇုဋ္ဌ၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တ၊ ခန္ဓာကိုယ်ကို စွဲ၍ ဖြစ်၏ ဥပါဒိဏ္ဏ။
ဤအဇ္ဈတ္တအာကာသဓာတ်ဟူသည် အဘယ်အရာတို့နည်း။

နားပေါက်-ကဏ္ဏစ္ဆိဒ္ဒ၊ နှာခေါင်းပေါက်-နာသစ္ဆိဒ္ဒ၊ ခံတွင်းပေါက်-မုခဒွါရ၊ အကြင် ခံတွင်းပေါက်ဖြင့်လည်း စားအပ်သော အစာ, သောက်အပ်သော အစာ, ခဲအပ်သော အစာ, လျက်အပ်သော အစာကို မျို၏ (မျိုသွင်းသော လည်းပင်းပေါက်)၊ အကြင် အရပ်၌လည်း စားအပ်သော အစာ, သောက်အပ်သော အစာ, ခဲအပ်သော အစာ, လျက်အပ်သော အစာသည် တည်၏ (၀မ်းခေါင်းပေါက် အစာအိမ်)၊ အကြင် ဒွါရပေါက်ဖြင့်လည်း စားအပ်သော အစာ, သောအပ်သော အစာ, ခဲအပ်သော အစာ, လျက်အပ်သော အစာသည် အောက် အဖို့သို့ ထွက်၏ (ကျင်ကြီးကျင်ငယ် ထွက်ရာအပေါက်များ)။

ဤဆိုခဲ့ပြီးသော အဇ္ဈတ္တအာကာသဓာတ်တို့မှ တစ်ပါးလည်းဖြစ်သော အကြင် အဇ္ဈတ္တအာကာသဓာတ်သည် ရှိသေး၏၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တံ၊ ကိုယ်ကို စွဲ၍ ဖြစ်၏-ပစ္စတ္တံ၊ ရေးဖြစ်၍ မရအပ်သော သဘော ကောင်းကင်ပြင် ဖြစ်၏-အကာသ၊ ရေးဖြစ်၍ မရအပ်သော သဘောသို့ ရောက်၏-အာကာသဂတ၊ ထိခိုက်၍ မရသောသဘော (တွေ့ထိ၍ မရသော သဘော) ဖြစ်၏-အဃ၊ ထိခိုက်၍ မရသောသဘောအဖြစ်သို့ ရောက်၏-အဃဂတ၊ ဟင်းလင်းပေါက် ဖြစ်၏-၀ိဝရ၊ ဟင်းလင်းပေါက်အဖြစ်သို့ ရောက်၏-၀ိဝရဂတ၊ အသားအသွေးတို့နှင့် တွေ့ထိ၍မရသော သဘော (ဟင်းလင်းပြင်) ဖြစ်၏-မံသလောဟိတအသမ္ဇုဋ္ဌ၊ အတွင်းသန္တာန်၌ ဖြစ်၏-အဇ္ဈတ္တ၊ ခန္ဓာကိုယ်ကို စွဲ၍ ဖြစ်၏ ဥပါဒိဏ္ဏ။
ဤဆိုခဲ့ပြီးသော သဘောကို အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တအကာသဓာတ်ဟု ဆိုအပ်၏။

(ခ) ဗာဟိရ အာကာသဓာတ်
ထိုအာကာသဓာတ် နှစ်ပါးတို့တွင် အဘယ်သည် အပသန္တာန်၌ ဖြစ်သော ဗာဟိရအာကာဓာတ် မည်းသနည်း။
အကြင် အာကာဓာတ်သည် အပသန္တာန်၌ ဖြစ်၏-ဗာဟိရ၊ ရေးခြင်၍ မရအပ်သော သဘော ကောင်းကင်ပြင် ဖြစ်၏-အာကာသ၊ ရေးခြစ်၍ မရအပ်သော သဘောသို့ ရောက်၏-အာကာသဂတ၊ ထိခိုက်၍ မရသော (တွေ့ထိ၍ မရသော) သဘောဖြစ်၏-အဃ၊ ထိခိုက်၍ မရသော သဘောအဖြစ်သို့ ရောက်၏-အဃဂတ၊ ဟင်းလင်းပေါက်ဖြစ်၏-၀ိဝရ၊ ဟင်းလင်းပေါက် အဖြစ်သို့ ရောက်၏-၀ိဝရဂတ၊ မဟာဘုတ်လေးပါးတို့နှင့် တွေ့ထိ၍ မရသော သဘောဖြစ်၏-စတုမဟာဘူတအသမ္ဇုဋ္ဌ၊ အပသန္တာန်၌ဖြစ်၏-ဗဟိဒ္ဓ၊ ခန္ဓာကိုယ်ကိုစွဲ၍ မဖြစ်-အနုပါဒိဏ္ဏ။
ဤဆိုခဲ့ပြီးသော သဘောကို အပသန္တာန်၌ဖြစ်သော ဗာဟိရအာကာသဓာတ် ဟုဆိုအပ်၏၊ အကြင် အတွင်းသန္တာန်၌ဖြစ်သော အဇ္ဈတ္တအာကာသဓာတ်သည်လည်းကောင်း, အကြင် အပသန္တာန်၌ဖြစ်သော ဗာဟိရအာကာသဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအာကာသဓာတ်ကို တစ်ပေါင်းတည်းပြု၍ ရုံးစု၍ အကျဉ်းချုံး၍ ပြသော ဤဆိုခဲ့ပြီးသော သဘောကို အာကာသဓာတ်ဟု ဆိုအပ်၏။

၆။ ၀ိညာဏဓာတ်
ထိုဓာတ် ခြောက်ပါးတို့တွင် အဘယ်သည် သိမှုသဘော ၀ိညာဏဓာတ် မည်သနည်း။
မြင်သိစိတ်သဘာဝ စက္ခုဝိညာဏဓာတ်၊ ကြားသိစိတ်သဘာဝ သောတ၀ိညာဏဓာတ်၊ နံသိစိတ်သဘာဝ ဃာန၀ိညာဏဓာတ်၊ လျက်(စား)သိစိတ်သဘာဝ ဇိဝှါဝိညာဏဓာတ်၊ ထိသိစိတ်သဘာဝ ကာယ၀ိညာဏဓာတ်၊ ကြံသိစိတ်သဘာဝ မနောဝိညာဏဓာတ် ဤသည်တို့တည်း။

ဤဆိုခဲ့ပြီးသော သဘောကို သိမှုသဘော ၀ိညာဏဓာတ်ဟု ဆိုအပ်၏။ ဤသည်တို့ကား ဓာတ်ခြောက်ပါးတို့တည်း။

ယာ စေ၀ ခေါ ပန အဇ္ဈတ္တိကာ ပထ၀ီဓာတု ယာ စ ဗဟိရာ ပထ၀ီဓာတု ပထ၀ီဓာတုရေဝေသာ။ တံ နေတံ မမ၊ နေသောဟမသ္မိ၊ နမေသော အတ္တာ တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ (ပဇ္ဈိမပဏ္ဏာသပါဠိ-ဘိက္ခုဝဂ်-မဟာရာဟုလောဝါဒသုတ်)

အမှန်အားဖြင့် အကြင် အဇ္ဈတ္တသန္တာန်၌ ဖြစ်သော ပထ၀ီဓာတ်သည်လည်းကောင်း၊ အကြင် ဗဟိဒ္ဓသန္တာန် ဖြစ်သော ပထ၀ီဓာတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသော ပထ၀ီဓာတ်သည် ပထ၀ီချင်း တူသည်သာတည်း။ ထိုအလုံးစုံသော ပထ၀ီဓာတ်သည် ငါပိုင် ဥစ္စာ မဟုတ်၊ ထိုပထ၀ီဓာတ်သည် ငါမဟုတ်၊ ထိုပထ၀ီဓာတ်သည် ငါ၏ ကိုယ် အတ္တ မဟုတ်ဟူ၍ ဤသို့ ထိုနှစ်ပါးသော ပထ၀ီဓာတ်ကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ကောင်းစွာ ၀ိပဿနာဉာဏ်ဖြင့် ရှုအပ်၏၊ ဤသို့ ထိုပထ၀ီဓာတ်ကို မဖောက်မပြန် ဟုတ်မှန်သောအတိုင်း ကောင်းစွာ ၀ိပဿနာဉာဏ်ဖြင့် ရှုလတ်သော် – – –

ပထ၀ီဓာတုယာပိ နိဗ္ဗန္ဒတိ။ (အာပေါဓာတုယာပိ နိဗ္ဗန္ဒတိ။ တေဇောဓာတုယာပိ နိဗ္ဗန္ဒတိ။ ၀ါယောဓာတုယာပိ နိဗ္ဗန္ဒတိ။ အာကာသဓာတုယာပိ နိဗ္ဗန္ဒတိ။ ၀ိညာဏဓာတုယာပိ နိဗ္ဗန္ဒတိ။)
နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ ၀ိရာဂါ ၀ိမုစ္စတိ ၀ိမုတ္တသ္မိံ ၀ိမုတ္တမိတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ ၀ုသိတံ ဗြဟ္မစရိယံ ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။ (နိဒါန၀ဂ္ဂပါဠိ-ရာဟုလသံယုတ်-ဓာတုသုတ်)

ပထ၀ီဓာတ်၌လည်း ငြီးငွေ့၏။ အာပေါဓာတ်၌လည်း ငြီးငွေ့၏။ တေဇောဓာတ်၌လည်း ငြီးငွေ့၏။ ၀ါယောဓာတ်၌လည်း ငြီးငွေ့၏။ အာကာသဓာတ်၌လည်း ငြီးငွေ့၏။ ၀ိညာဏဓာတ်၌လည်း ငြီးငွေ့၏။ ငြီးငွေ့သည်ရှိသော် တပ်ခြင်းကင်၏၊ တပ်ခြင်းကင်းသည်ရှိသော် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သည်ရှိသော် လွတ်မြောက်ပြီဟူသော အသိဉာဏ် ဖြစ်၏။ ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ အရဟတ္တဖိုလ်ဟူသော အကျိုးငှာ တစ်ဖန်ပြုဖွယ် မရှိတော့ပြီဟု သိ၏။

သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။(ဒေနာပိ သညာပိ သင်္ခါရာပိ ၀ိညာဏမ္ပိ) ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ ရူပံ နိဗ္ဗိန္ဒတိ၊ ရူပံ စိတ္တံ ၀ိရဇ္ဇတိ ၀ိရာဂါ ၀ိမုစ္စတိ ၀ိမုတ္တသ္မိံ ၀ိမုတ္တမိတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ     ၀ုသိတံ ဗြဟ္မစရိယံ ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။

ပထ၀ီဓာတု (အာပေါဓာတု တေဇောဓာတု ၀ါယောဓာတု အာကာသဓာတု)နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒိသွာ ပထ၀ီဓာတုယာ နိဗ္ဗိန္ဒတိ၊ ပထ၀ီဓာတုယာ စိတ္တံ  ၀ိရဇ္ဇတိ ၀ိရာဂါ ၀ိမုစ္စတိ ၀ိမုတ္တသ္မိံ ၀ိမုတ္တမိတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ  ၀ုသိတံ ဗြဟ္မစရိယံ ကတံ ကရဏီယံ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။

Ref: http://upannavamsa.blogspot.sg/2012/06/blog-post_24.html

အဆူဆူသော မြတ်စွာဘုရားများ၏ ဆုံးမစကား

နောင်တရတယ်ဆိုရင် ကိုယ်နဲ့ထိတွေ့ဆက်ဆံနေတဲ့သူအတွက်နဲ့
ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်နဲ့ နောင်တရတာများပါတယ်
ကိုယ်မသိတဲ့သူအတွက်နဲ့ နောင်တရတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။

အတုမရှိ ဗုဒ္ဓမြတ်စွာ

12074799_469770109877025_5801760560122069849_n

လေရဲ့အင်အားက မုန်တိုင်းတွေဖြစ်ပေါ်တဲ့အခါ အင်မတန်ကြီးမားကြောင်း သိနိုင်တယ်
ရေရဲ့အင်အားက သမုဒ္ဒရာထဲမှာ ဧရာမ လှိုင်းလုံးကြီးတွေ ဖြစ်တဲ့အခါ သိနိုင်တယ်
မြေရဲ့အင်အားက မဟာပထဝီမြေကြီးက ငလျှင်လှုပ်တဲ့အခါ သိနိုင်တယ်
မီးရဲ့အင်အားက လောင်ကျွမ်းတဲ့အခါ သိနိုင်တယ်
သဘာဝဆိုတာ လွပ်လပ်လေ အင်အားပိုကြီးမာလေပါပဲ
စိတ်ဆိုတာလည်း အစွဲကင်းလေ လွပ်လပ်လေ အင်အားကြီးလေပါပဲ။

ချစ်ခြင်းမှာလဲ အစွမ်းသတ္တိနဲ့
မုန်းခြင်းမှာလဲ အစွမ်းသတ္တိနဲ့
နှစ်ခုစလုံး မသက်သာဘူး
သတ္တဝါတွေကို ပင်ပန်းစေတယ်
ချစ်ခြင်း မုန်းခြင်း မရှိ
မေတ္တာသည်သာ အကောင်းဆုံး

ငါတည်းဟူသော အကြောင်းကြောင့် ဘယ်သတ္တဝါမှ အဘယ်သို့သော စိုးစဉ်းမျှ ပူပန်ဆင်းရဲမှု မဖြစ်ပါစေနဲ့။

လူက ထိုင်နေပေမယ့် စိတ်က လျှောက်သွားနေတယ်။
လူက ငြိမ်နေပေမယ့် စိတ်က ဂဏာမငြိမ်ဖြစ်နေတယ်။

လောကမှာ အိုသည့်တိုင်အောင် ကောင်းတဲ့အရာ- ကိုယ်ကျင့်သီလ
ဘယ်အရာတည်တံ့ခိုင်မြဲနေရင် ကောင်းလဲ- သဒ္ဓါတရား
ဘယ်အရာသည် ရတနာလဲ – ပညာ
ဘယ်အရာသည် ရန်သူမျိုးငါးပါး လုယူ မဖျက်စီးနိုင်လဲ- ကုသိုလ်ကောင်းမှု

နောင်တရတယ်ဆိုရင် ကိုယ်နဲ့ထိတွေ့ဆက်ဆံနေတဲ့သူအတွက်နဲ့
ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်နဲ့ နောင်တရတာများပါတယ်
ကိုယ်မသိတဲ့သူအတွက်နဲ့ နောင်တရတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။

ကမ္ဘာကြီးရဲ့ အချိန်တစ်ခုတည်းမှာ
သတ္တဝါတွေ မွေးဖွားလာကြတယ်
သတ္တဝါတွေ သေနေကြတယ်
သတ္တဝါတွေ အနိုင်ကျင့်ခံနေကြရတယ်
သတ္တဝါတွေ နေရာလုနေကြတယ်
သတ္တဝါတွေ ကြီးနိုင်ငယ်ညှင်း လုပ်နေကြတယ်
သတ္တဝါတွေ အစာအတွက် ရှာဖွေနေကြတယ်
သတ္တဝါတွေ အသက်ရှင်ရေးအတွက် ရုန်းကန်နေကြတယ်
အချိန် နေရာ ဒေသ မျိုးနွယ် အစားအစာ စရိုက် အကျင့်
မတူကွဲပြား မြောက်မြားစွာရှိပေမယ့်
အသားအရောင်တွေ ကွဲပြားပေမယ့်
သဘော သဘာဝချင်းကတော့ အတူတူပါပဲ။

မကောင်းမှုနဲ့ဆင်းရဲဒုက္ခတွဲနေတယ်
ကောင်းမှုနဲ့ချမ်းသာသုခတွဲနေတယ်
အကြောင်းအကျိုးတစ်စုံစီတွဲနေတာပေါ့
ဘယ်သူဖန်ဆင်းထားလို့မှ
မကောင်းမှုလုပ်ရင် ဒုက္ခရောက်စေ
ကောင်းမှုပြုရင် ချမ်းသာစေဆိုပြီး ဖြစ်နေတာမဟုတ်
သဘာဝတရားကြီးကိုက ဒီတိုင်းဖြစ်နေတာ
ငရုပ်သီးစားရင် စပ်ပြီး သကြားစားရင် ချိုသလိုပဲ
မကောင်းမှုဆိုတာ လှည်းဘီးသည် နွားခြေရာနောက်ကို အစဉ်လိုက်သကဲ့သို့
ကောင်းမှုသည်လည်း အရိပ်သည်ကိုယ်နှင့်မကွာ အစဉ်လိုက်ပါတယ်။

အဆူဆူသော မြတ်စွာဘုရားများ၏ ဆုံးမစကား
မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထားဆိုပြီး ဆုံးမခဲ့တယ်။
ဒီအဆုံးအမ သုံးချက်သည် အလွန်တရာကျယ်ဝန်းနက်နဲသော မြတ်စွာဘုရားတို့၏ အနှစ်ချုပ်အဆုံးအမလို့ ဆိုနိုင်ပါတယ်။
ဒီထက်ကောင်းတဲ့တရား ဒီထက်ပြည့်စုံတဲ့ တရားမရှိပါ။

မကောင်းမှုရှောင်ဆိုတာ…

View original post 187 more words

တရားအမှတ် မျက်ခြည်မပြတ်ကြစေနှင့် – မဟာဗောဓိမြိုင်ဆရာတော်

မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး

အသက်လေးဆယ်…ကံကောင်းတုန်းက ဒါနမှုတွေ အားရအောင်ပြုခဲ့ပြီးပြီ။
အခု အသက်ငါးဆယ်မှာတော့ဖြင့် ဉာဏ်ကောင်းတုန်းမှာ အနည်းဆုံး ကိုယ်
စိတ်ငြိမ်သက်အောင် ကြိုးစားသင့်ကြပါပြီ။ ဒီအချိန်မှာ သတိပြုစရာတွေက
တော့…

• ကိုယ့်မာနကို ချိုးနှိမ်ဖို့ကြိုးစားပါမှ သူ့မာနက လွှမ်းမိုးလာတတ်တယ်၊
• ကိုယ့်ရာဂကို ပစ်ပယ်ဖို့ကြိုးစားပါမှ သူ့ရာဂက နှိုးဆွလာတတ်တယ်၊
• ကိုယ့်ဒေါသကို ခွာထုတ်နေပါမှ သူ့ဒေါသက ဖိစီးလာတတ်တယ်။

☆ လယ်ကန်သင်း ကတွတ်ပေါက်မှာ ခဲလုံး အတားအဆီးများ ပိတ်ဆို့ချထား
စဉ်တုန်းက လာသမျှ ရေ ရှေ့မတိုးသော်လည်းပဲ ပိတ်ဆို့ခဲ ခွာရှဲပေးလိုက်
ရင် ရေတွင် ဒလဟောစီးဝင်လာသလိုပါပဲ။ တစ်ဖက်သားတို့ရဲ့ ကြွားဝါဝင့်
ကြွားမှု၊ မြှူ ဆွယ်လမ်းပေးမှု၊ စိန်ခေါ်မှုစတဲ့ အပြင်ရန်တွေကလည်း ဒုနဲ့ဒေး၊
ကိုယ်တွင်းရှိလက်ထက်လက်ငုတ်များကလည်း ဇောင်းထဲကမြင်းလိုပဲ။ ဟို
တုန်းက အိမ်ထောင်ဝန်၊ စီးပွားဝန်တွေ ထမ်းနေရလို့ ကိုယ်စိတ်နှလုံး ဂျုန်း
ဂျုန်းကျ(ချုန်းချုန်းကျ)မို့ မထသာပေမယ့် ယခုအားမယ် နားမယ်မှ မကြံသေး
ဘူး၊ ဒီကိလေသာက အရင်ထကြွတော့တာပဲ။ စိတ်ရဲ့သဘာဝကို ဆရာတော်
ဘုရားကြီးက အဲဒီလောက်ထိ နှိုက်ချွတ်ပြထားပါတယ်။

☆ ဒါ့ကြောင့် စိတ်ကို ပေါက်လွှတ်ပဲစား ပစ်ထားရင် သွားနေကျစားကျက်တန်း
သွားပြီး သူတစ်ပါးအာရုံတွေကို အတွေ့ဖြင့်ခိုးကြောင်ခိုးဝှက် သွားစားတော့
မယ်။ အာရုံတစ်ချက်မှားလျှင် ကိလေသာဓားတစ်ချက် အခုတ်ခံရတော့မှာ
သေချာတယ်။ ကိလေသာ ဓားတစ်ချက်ထိမိလျှင် စိတ်ဒဏ်ရာရမှာကလည်း
မလွဲဘူး။ ရာဂစိတ်ကြောင့် ဖြစ်တဲ့ဒဏ်ရာ အဲဒီရာဂဆေး၊ ကာမဆေး ကျွေးမှ
ပျောက်ကင်းသက်သာတတ်တယ်။

☆ မာန၊ ဒေါသ၊ မောဟ စတဲ့ ဒဏ်ရာတွေမှာလည်း သူ့ဆေးနဲ့သူမှ ပျောက်
ကင်းတတ်တာမျိုးချည်းပဲ။ အနာထကြွတိုင်း လူမမာညည်းတွားရသလို ကိလေ
သာထကြွတိုင်း စိတ်ကစားနေလျှင် လူကြီးကိုယ်နဲ့ ကလေးစိတ်ဖြစ်နေတော့
‘လူကြီးမင်း’ဖြစ်မလာနိုင်တော့ဘူး။

☆ ဒါ့ကြောင့် အရွယ်နဲ့လိုက်ဖက်တဲ့ စိတ်သဘောထားကြီးမြင့်မှုမျိုး ရောက်
အောင် စိတ်ကစားမှုကို ထိန်းကျောင်းပေးနိုင်မယ့် ကျင့်စဉ်တစ်ခု ကို လက်စွဲ
ထားဖို့ လိုအပ်လာပါပြီ။ ဘယ်ကျင့်စဉ်ကျင့်ကျင့် သတိမလွတ်ဖို့သာအဓိက။
စိတ်ဆိုတာ ငယ်ပေါင်းကိလေသာနဲ့ သံယောဇဉ်ပြတ်ဖို့ အခက်သား။

☆ ကိလေသာဆိုတာကလည်း အမြှူ အခွာက ပါးနပ်သား။ မယားလိုချင်တုန်း
က မယားနဲ့ပြပြီး လိုချင်တာ ခံစားခဲ့ကြသလို တရားလိုချင်ပြန်တော့လည်း
ကိလေသာက လိုချင်တာလေးပြပြီး သတိလွတ်အောင် လုပ်ဆောင်တတ်ရဲ့။

☆ သတိတစ်ချက် လွတ်ရင် စိတ်နဲ့ အကြိုက်ပေါင်းမိသွားပြီး ရှုကွက်ထဲ အာ
ရုံကောင်းလေးများ မိနေရင် ကြိုက်စိတ် ပေါ်လာတတ်တယ်။ သတိတစ်ချက်
လျော့လို့ စိတ်နဲ့မကြိုက်ပေါင်းမိသွားပြန်ရင်လည်း မကြိုက်စိတ် ထလာပြီး ရှု
ကွက်ထဲက အာရုံဆိုး ပေါ်လာတာနဲ့ မကျေချမ်းချင်တော့ဘူး။ သတိတစ်ချက်
မှေးလို့ အာရုံရေးရေးပေါ်နေပြန်ရင်လည်း စိတ်နဲ့မသိပြန်လည်ပေါင်းမိကြပြီး
မသိစိတ် ဖြစ်သွားပြန်ကရော။

☆ ဒါမှမဟုတ်ရင်လည်း စိတ်နဲ့အကြိုက်ပေါင်းပြီး စိတ်ကြိုက်အာရုံဟောင်းတွေ
ဆီပြန်သွား၊ ကောင်းနိုးရာရာ အဟောင်းအဆွေးများကို နွှေးပြီး စားမြုံ့ပြန်နေ
တတ်တယ်။ မကြိုက်စိတ်ကလည်း မကျေနပ်တာပြန်အာရုံပြု ပြီး ရင်ထုလား
ထုနေရဲ့။

☆ သတိပါသော်မှ ပြတ်တောင်းပြတ်တောင်းဖြစ်နေရင် ကိလေသာကြားဝင်
ပြီး စိတ်ကစားမှုတွေ တစ်သီတစ်တန်းကြီး ပေါ်နေတတ်လေရဲ့။ ဒါ့ကြောင့်
ဘယ်ကျင့်စဉ်နဲ့ကျင့်ကျင့် သတိမလွတ်ဖို့ဟာ စိတ်ကစားမှုကိုထိန်းကျောင်း
ခြင်းရဲ့ သော့ချက်လို့မှတ်ပါလေ…လို့ ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက အ
ထူးသတိပေးထားပါတယ်။

☆ သည်လိုသာ သတိရဲ့မပြတ်ရှုမှတ်မှုနဲ့ စေ့စပ်မှု၊ စူးစိုက်မှု နှစ်ဖက်ညှပ်ပြီး
စိတ်ရိုင်းကို ကျုံးသွင်းလိုက်ရင် စိတ်ရိုင်းဟာ ယဉ်လာမယ်။ ပြေးနေတဲ့စိတ်
ငြိမ်လာမယ်။ စိတ်မှာကြိုက် မကြိုက် မသိဆိုတာတွေ မကပ်သာတော့ဘူး၊ မ
ကောင်းမှုတွေအားလုံးထွက်ပြေးသွားကြတဲ့အချိန် ကိုယ်စိတ်ငြိမ်သက်မှုထဲမှာ
သိရာကို အဖြေရှာကြည့်၊ အရှိကို အမှန်အတိုင်း သိလာမယ်လို့ ဆရာတော်
ဘုရားကြီးက အာမခံချက် ပေးတော်မူပါတယ်။

☆ ဒါကြောင့် တရားအမှတ် မျက်ခြည်မပြတ်ခြင်းဟာ မင်္ဂလာရဲ့ ထက်သန်
အားကောင်းတဲ့ ခြေလှမ်းဖြစ်ကြောင်း ကောင်းစွာဆင်ခြင်ခွင့် ရကြပါလေပြီ။

☆Buddhavasa Tiloka☆

Ref: https://www.facebook.com/permalink.php?story_fbid=943733442413153&id=355156207937549&substory_index=0

လူစိတ် မွေးမြူနည်းများ – မဟာဗောဓိမြိုင်ဆရာတော်

12321106_957669501019547_6841241769280671597_n

✦ လူစိတ်သည် တိရစ္ဆာန်သုံး မသိကြိုက် မုန်းလုံးလုံးမရှိ ရပါ။
လူစိတ်သက်သက်ကား
ကိုယ့်အောက်နိမ့်နေ ကရုဏာ
ကိုယ့်ထက်မြင့်နေ မုဒိတာ
တန်းတူဖြစ်နေ မေတ္တာ
စိတ်အေး-ထပ်နေ ဥပက္ခော
အမြတ်ရ နေထိုင်နည်းဖြစ်သော ထိုလေးမျိုးမျှသာ။

✦ ထိုသို့ဖြစ်ရန်မှာ

(က) လူနှင့် တိရစ္ဆာန်တို့၏ ဉာဉ်အကြား သီလဖြင့် စည်းကာ ထားရပါသည်။
– တိရစ္ဆာန်ကား ကိုယ့်ဖို့သာသိ ကိုယ်တွက်ဖြည့်စမြဲ။
– လူမှန်လျှင် နှစ်ဖို့ညှိ နှစ်ဖက်စလုံးအတွက် သိစမြဲ။

တဖန်

(ခ) လူနှင့်တိရစ္ဆာန်တို့ စရိုက်ကြား ဒါနစည်းဖြင့် ကာခြား ထားရပါသည်။
– တိရစ္ဆာန်ကား ကိုယ်ဖို့လောက်သာ လုပ်စမြဲ။
– လူမှန်လျှင် တစ်ကိုယ်ကောင်းမထား။

✦ ထိုသို့ဖြစ်လာရန်မှာ • •

ကိုယ်ချင်းစာ မေတ္တာထား အားကောင်းမှသာ ဖြစ်ပါမည်။

ယင်း ကိုယ်ချင်းစာမေတ္တာထား အားကောင်းရန်ကား စိတ်နှင့် တစ်ဖက်အာရုံ
အတွေ့ မတွေးသာ၊ အာရုံနောက် လိုက်မပြေးသာရန် သရဏဂုံဖြင့် မံပေး
ထားမှသာ။

✦ ယင်း မံထားသော သရဏဂုံ မပြတ်မလပ် ထုံကူးနေရန်ကိုကား
နွားကျောင်းသားကို ဒုတ်ကဲ့သို့သော အပ္ပမာဓ သတိမျိုး ကြီးစိုးနေမှသာ

– ထိုသတိ ဒါနပွဲဝင်မိလည်း ရှိနေရပါသည်သာ
– ထိုသတိ သီလပွဲဝင်မိလည်း ရှိနေရပါသည်သာ
– ထိုသတိ ပြင်ပကိစ္စ ကြံပြောပြုမိလည်း ရှိနေရသည်သာ
– ထိုသတိ အလုပ်ကင်းစဲ အများနှင့်နေလျှင်လဲ စိတ်နှင့်တွဲပေးထားရသည်
သာ
– ထိုသတိ အလုပ်ကင်းစဲ တစ်ယောက်ထဲမှာလဲ စိတ်နှင့်တွဲနေစေရသည်သာ

✦ ကုန်ကုန်ပြောရလျှင် အိပ်သော်မှ သတိလက်မချ အိပ်စက်ရပါမည်။

✦ တိရစ္ဆာန်မျိုးစုံက အမှတ်မဲ့ဖြစ်ခဲ့သောစိတ် လူဖြစ်မှ သတိနှင့် တွဲသိပ်ပေး
နေရခြင်းတည်း။

✦ ဤသို့သာ အမှတ်မှ အမှတ်မပြတ်အောင် မှတ်ပေးနေ နိုင်ပါသော်

တိရစ္ဆာန်သုံး

၁။ ငါလိုချင်သည်
၂။ ငါပစ္စည်းဖြစ်အောင် ကြိုးစားမည်
၃။ ငါ ပိုင်သိမ်းပိုက်ထားလိုက်မည်။

ထို တဏှာ မာန ဒိဋ္ဌိများ လူ့စိတ်အနီးအပါးသို့ သီမလာနိုင်ပါ။

✦ တဖန် ဤ တိရစ္ဆာန်စိတ်များမှ ပွားထွက်လာကြသော

၁။ ဒင်းတော့ ငါဘယ်တော့မှ မကျေချမ်း
၂။ ဒင်း ငါ့အဆင့်မျိုး တိုးခွင့်မပေး
၃။ ဒင်း တစ်နေ့နေ့ ငါ့အောက် ခွေးကျ ကျရမည်
၎။ ဒင်းထံ အပြန်အလှန်မထားမိခဲ့သည်မှာ ငါ့အမှား

ထို၌ ဒေါသအုပ်စုများလည်း ပြုံမတိုးရဲကြတော့ပါ။

✦ တဖန်လည်း ဤ ချစ်မုန်းစုမှ လုတက်လာကြသော
အကြိုက်တွေ့ ဘာဖြစ်ဖြစ်၊ နောင်အရေး နောင်အတိုင်း ဖြစ်လိမ့်မည်။
အမုန်းတွေ့လည်း ဘာဖြစ်ဖြစ် နောင်ကိစ္စ နောင်မှ ကြည့်ရှောင်မည်။

ထို မျက်နှာဖုံး နှစ်ဖုံးလည်း ကုန်းဝင်မလာရဲပါ။

✦ ဤနှစ်ဖုံးကမှ ကုန်းဝင်မလာသော် ရှက်ရကောင်းမှန်းလည်းမသိ၊
ကြောက်ရကောင်းမှန်းလည်းမသိ။ ထို မသိနှစ်ပါးလည်း မလားသာပါ။

✦ သည့်အတူ
ပူပျံ့ ငေးပျံ့ စိတ်လန့်သမျှ စိတ်ကူးသိမ်းများ ပြန့်ခြင်းများလည်း မလာသာပါ။

✦ သည့်အတူ
လက်ရှိအာရုံ အကုန်မမိ၊ ခုန်လိုက် ရပ်လိုက် အသိမျိုးလည်း တိုးဝင်မလာသာ
ပါ။

သတိကလည်း ပေးနေသော လူသွေးစစ်စစ်ဖြစ်ရေးများတည်း။

✦ ဤအရိုင်းစိတ်များ မဝင်သာချိန် –
✦ ဘဝင်အေးသဖြင့် နှလုံးသွေးပါ အေးလာချိန် –

ထိုအချိန်တွင် ဤတရား မြင်လာစေပါသည်။

– ငါကြိုက်တာနှင့် သူ့သိမ်းပိုက်သည်၊ မတရား
– ငါမုန်းတာနှင့် သူ့တိုက်ခိုက်သည်၊ မတရား
– ငါမသိတာနှင့် သူ့သွား သိမ်းပိုက်တိုက်ခိုက်သည်၊ မတရား

ဤလူ့အသိတရားများ လူ့သွေးထဲမှပင် ပေါက်ပွားလာပါသည်။
ထိုလူသွေးများ အတိတ်ကောင်းမှု ပြုကတည်းကပါပြီး သားပင်။

✦ ထို့နောက် ဆက်လက်ဆင်ခြင်မိလာ၏။

– ငါ့ သည်လိုလုပ် ငါကြိုက်မလား၊ မကြိုက်၊ ငါမှ မကြိုက် သူမကြိုက်ပေဘူးပေါ့
– ငါ့ သည် ပြော၊ ငါ ခံနိုင်မလား၊ မခံနိုင်ပါ၊ ငါမှ မခံနိုင် သူလဲ မခံနိုင်ပေဘူး
ပေါ့
– ငါ့ သည်ကြံ ငါ သည်းခံနိုင်မလား၊ သည်းမခံနိုင်ပါ၊ ငါမှ သည်းမခံ သူလဲ
သည်းမခံပေဘူးပေါ့

ထိုအခါ သူ့မှာ မကျေနပ်စိတ် ဖြစ်လာပါမည်။

ထို မကျေနပ်စိတ်သည် ငါ့ထံ ပြန်လည်တောင်းခံရန် အကြွေးတေးထားခြင်း
ပဲ။

သည်လိုဆို သူ့အကြွေးတေး ကိုယ့်မှာ ရန်မအေးနိုင်တော့ရာ

ဤ ငါ၏အပြုအမူများကား အပြစ်ရှိများချည်းသာ။

✦ တဖန်လည်း

သူ့ထံမှ သိမ်းပိုက် တိုက်ခိုက်၍ ရယူထားသော ပစ္စည်းများကလည်း

သုံးတိုင်းကုန် ကုန်တိုင်းပျက်ဘာမှ အဖတ်မတင်ရစ်ခဲ့ပါကလား • •

သူပိုင် ငါပိုင်လုပ်၍ ထုတ်ယူသုံးစား ခံစားခွင့်ရများကလည်း

စားရင်းကုန် ကုန်ရင်းသွား ငါ့စား ဘာမှမကျန်ရစ်ခဲ့ပါကလား • • ။

✦ သို့ကြောင့်

ဤ ငါ၏ ခံစားခြင်းများကလည်း အကျိုးမဲ့မျှသာတည်း။

ဤသို့ သွေးအေး၊ သွေးမှန်ကြောင့် လူစိတ်များ ကိုယ့်ဆီ ပြန်လာချိန်မှာ
တိရစ္ဆာန်ဉာဉ်စရိုက်ဆိုးများ သတိစည်းရိုး ချိုးမဝင်ရဲတော့ရာ

• အကြိုက်က သွေးထိုးလည်း လူစိတ်မညှိုး ပိုးစိုးပက်စက်အထိ ရှေ့မတိုး။
• အမုန်းက သွေးထိုးလည်း လူစိတ်မညှိုး ပိုးစိုးပက်စက် အပြစ်မဆိုး။

ထိုအခါ ထိုလူစိတ်

• သူ့ကိုယ်နှင့်ကိုယ့်ကိုယ် တစ်ကိုယ်ချင်းစာနာထောက်ထားခြင်း ကိုယ်ချင်းစာ
တရား(ကောင်းမှုပြုတုန်းကအတိုင်း) ပေါက်ပွားလာတော့သည်။

• ထို့နောက် သူ့ဘဝနှင့်ကိုယ့်ဘဝ ကောင်းမှုပြုခဲ့တုန်းက အတိုင်း တန်းတူအ
ဖြစ် မျှတထားလိုက်သည်-

• ကိုယ်ချင်းစာမဝင် မေတ္တာမယှဉ်နိုင်သည်ကို စိတ်ကူးဖြင့်ပင် တွေးကြည့်ပါ။

• လူစိတ်မဝင် ကိုယ်ချင်းစာ မယှဉ်လာသည်ကိုလည်း စိတ်ကူးဖြင့်ပင်တွေး
ကြည့်ပါ။

ဤစိတ်မျိုး မြန်မာတို့၏ မြန်မာ၌ မရှားသေးပါ။ ထိုစဉ်

– ဖြူ စင်ပြီးသော အရှင်များ၌ အတိုင်းသား တွေ့နိုင်ကြပါသေးသည်။
– ဖြူ စင်နေသော အရှင်များ၌လည်း အတိုင်းသားရှိနေ ကြပါသေးသည်။
– ဖြူစင်နေသော လူများ၌လည်း အတိုင်းသားပင် မြင်နေ ရပါသေးသည်။

မြန်မာသည် လူစိတ်ဖြင့်နေသော မြန်မာတည်း။

• သွေးအေးနှင့်သွေးပူ လူနှင့်တိရစ္ဆာန်တို့ မူကွဲရာ၏ အကြောင်းရင်း • •

• စိတ်ဖြူနှင့်စိတ်ပူ လူနှင့်တိရစ္ဆာန်သွေး မွေးမြူ ရာ၏ အကြောင်းရင်း • •

ထိုသွေးပူနှင့် စိတ်ပူမှ စိတ်ဖြူ သွေးအေးဖြစ်လာလိုသော် အမှတ်မဲ့ထားသော
စိတ်သတိဖြင့် တွဲချိတ်၍ ပင်ကိုယ်စိတ်ဖြစ်လာသည်အထိ ထိန်းကျောင်းပေးပါ
လေ။

Ref: https://www.facebook.com/permalink.php?story_fbid=957669501019547&id=355156207937549&substory_index=0

ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော် ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း – မဟာဗောဓိမြိုင်ဆရာတော်ကြီး

မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး

တို့ ဘုရားသာသနာမှာ လက်ဝဲတော်ရံ လက်ယာတော်ရံဆိုတာ မရှိဘူးလား

“ရှိပါတယ်ဘုရား”

လက်ဝဲတော်ရံဆိုတာ

“တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါဘုရား”

လက်ယာတော်ရံဆိုတာ

“ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါဘုရား”

ဟုတ်ပြီဗျာ..တန်ခိုးက လက်ဝဲ၊ ပညာကလက်ယာ… တန်ခိုးဆိုတာ အာသဝေါတရားတို့ ရဲ့  ကုန်ရာခန်းရာ အရဟတ္တဓဇ၊ အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။ ပညာဆိုတာကတော့ ၀ိပဿနာပညာ၊ မဂ်ပညာ၊ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ မဟုတ်လား။ ပုထုဇဉ်တို့ ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး တစ်သံသရာလုံးဆန်းတယ်ထင်တာတွေနောက်လိုက်ခဲ့ကြ တယ်။ ရိုင်းရိုင်းပြောရရင် လမ်းဘေးက မျောက်ပွဲ၊မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ လူတွေမေ့မျော သာယာနေတတ်ကြတယ်။

ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြား ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊ မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့  သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာ တရားတွေလည်း ကွယ်တာပဲ။

ယောဂီတို့  တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ လက်ဝဲလက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း ဒီသဘောပဲ။ လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား ဆင့်ထားရတယ်။တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။ သမထ တန်ခိုးကိုသာ ပြလိုက်လို့ ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။

ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ဖိုလ်ပညာ၊မဂ်ပညာတွေဆိုတာ ကျင့်ကြံအားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။

တန်ခိုးလောက်ရင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ဘူး။ ဒါ့ကြောင့်တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊ပညာသာလျှင် အမြဲအစဉ် ဖွင့်ထားအပ်သောအရာ၊ ဖော်ထားအပ်သော အရာ၊ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့ လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။ပညာကိုကိုယ်စာြး ပုတဲ့ လက်ယာဘက်ကိုတော့ ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။

(မဟာဗောဓိမြိုင်ဆရာတော်ကြီး )

Ref: https://www.facebook.com/photo.php?fbid=1464546610525035&set=a.1392205657759131.1073741828.100009091310387&type=3&theater

မိုးညှင်း မဟာထေရုပ္ပတ္တိရုပ်ပုံလွှာ – လှိုင်မျိုးမင်း

1505478_736166286479763_4177183645762276734_n

ဒုတိယကမ္ဘာစစ်ကြီးအကြောင်းကိုစပ်လျဉ်း၍ တွေးတောတိုင်း စစ်အတွင်းအတွေ့အကြုံရှိခဲ
့သော ကျွန်ုပ်တို့မှာ သမ္ဗုဒ္ဓေနှင့်စပ်လျဉ်း၍ ကျေးဇူးဂုဏ်ကို အစဉ်ဦးထိပ်ထားကြပါသည်။ မိုး
ညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီး စတင်တည်ထားခဲ့သော ခုနှစ်မှာ ၁၃၀၁ ခု ဒုတိယဝါဆိုလဆ
န်း ၅ ရက် (၂၀ဇူလိုင် ၁၉၃၉)ကြာသပတေးနေ့ ဖြစ်ပါသည်။ မိုးညှင်းဆရာတော်ဘုရားကြီး
မှာ ထိုအချိန်က သက်တော် ၇၂ နှစ်ရှိသည်ဖြစ်ပါသည်။
မိုးညှင်းတောရသို့ မိုးညှင်းဆရာတော်လောင်းလျာ ရောက်ရှိလာသည့်နေမှာ ၁၂၇၃ ဝါဆိုလ
(ဇူလိုင် ၁၉၁၁)ဖြစ်ပါဖြင့် မိုးညှင်းဆရာတော်သည် မိုးညှင်းတောရ၌ သီတင်းသုံးခဲ့သည်မှာ
ဝါတော် ၂၈ ဝါ ဖြစ်ပါသည်။
သမ္ဗုဒ္ဓေစေတီတော်မြတ်ကြီး ပထမဆုံး ဗုဒ္ဓဘိသေက အနေကဇာတင်သော အချိန်တွင် အ
ရှင်မြတ်ကြီး၏ မွေးနေ့တော်မှာ ၇၃ နှစ်မြောက်ရှိပြီးဖြစ်ပါသည်။
၁၃၀၁ ခု ဝါခေါင်လဆုတ် ၅ ရက်(၁၉၃၉ ခု စက်တင်ဘာလ ၃ ရက်) တနင်္ဂနွေနေ့တွင် ဗြိ
တိသျှနန်းရင်းဝန်ကြီး ချိန်ဘာလိန်က ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီဟူ၍ ကမ္ဘာသို့ အသိပေြးေ
ကညာလိုက်ပါသည်။
စစ်မီးသည် အာရှတိုက်သို့ ကူးစက်လာခဲ့ရာ ၁၃၀၃ ခု ပြာသိုလဆန်း ၇ ရက် (၂၃ ဒီဇင်ဘာ
၁၉၄၁) အင်္ဂါနေ့တွင် ဂျပန်လေယာဉ်များသည် ရန်ကုန်မြို့ကို စတင်ဗုံးကြဲပါသည်။
ထိုအခါ လူများသည် ထိတ်ထိတ်ပျာပျာဖြစ်ကုန်သည်။ ဗုံးဘေးမှ ဝေးရာဝေးကြောင်း ပြေြး
ကသည်။ အချို့သည် စစ်ကိုင်းတောင် မင်းကွန်းတောင်သို့ရောက်ကြ၏။ အချို့သည်ကား မို
းညှင်းတောရ သို့သွားရောက်ကြသည်။ ရောက်သမျှကို လက်ခံ၍ မိုးညှင်းအရှင်မြတ်ကြီးသ
ည် သာသနာ့ အနှစ်သာရများ ဟောပြောကာ သာသနာပြုခဲ့လေသည်။ တရားသံကို နာခံရ
င်း စစ်၏ အနိဋ္ဌာရုံများကိုကျော်လွှားနိုင်ခဲ့ကြပေသည်။
စစ်မီးကြီးဝိုင်းနေသော မိုးညှင်းသမ္ဗုဒ္ဓေအကြောင်းသည် အံ့သြ၍ မကုန်နိုင်တော့ပေ။ ထိုအ
ချက်ကို မိုးညှင်းထေရုပ္ပတ္တိကျမ်းပြုဆရာတော်က အောက်ပါအတိုင်းမှတ်တမ်းတင်ထားပါသ
ည်။
တစ်ခုသောနေ့တွင် ပဋ္ဌာန်အဓနပတိဓမ္မာရုံကြီးပေါ်၌ မိုးညှင်းအရှင်မြတ်နှင့် သံဃာတော်မျ
ားသည် ယောဂီပရိသတ်တို့အား အေးငြိမ်းစွာ တရားဘောကြားပြသနေ၏ ထိုအချိန်တွင်
ကောင်းကင်မှ ဖြတ်သန်းသွားသော လေယာဉ်တစ်စင်းသည် ရုတ်တရက် ဗုံးသုံးလုံးကြဲချလို
က်၏။ မြင်သူတို့မှာ အသက်ထွက်သွားပြီထင်ရလောက်အောင် ထိတ်လန့်တုန်လှုပ်ကုန်ကြ
သည်။ သို့သော် ထိုဗုံးများသည် ပေါက်ကွဲခြင်းမရှိဘဲ သမ္ဗုဒ္ဓေစေတီတော်မြတ် တည်ထားရ
န်ပုံထားသော သဲပုံထဲ၌ စုပ်ခနဲ နစ်မြုပ်သွားသည်။ အသံမမြည်သဖြင့် အနီးရှိလူ အကုန်ပင်
မသိလိုက်ကြ။ တရားပွဲကား ဟောမြဲဟောလျက်ပင်ရှိသည်။ အကယ်၍ ထိုဗုံးသုံးလုံးသာေ
ပါက်ကွဲလိုက်ပါက တည်ဆဲ သမ္ဗုဒ္ဓေ စေတီတော်မြတ်ကြီးနှင့် အနီးရှိ ပရိသတ်တို့အတွက် မ
တွေးရဲအောင်ပင် ရှိပါတော့သည်။
ထိုထက် အံ့ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုကို ဖော်ပြပါမှ သင့်တော်ပါလိမ့်မည်။ ထိုအချ
က်ကား အခြားမဟုတ် မိုးညှင်းဆရာတော်ဘုရားကြီးကို ဗုံးမှန်သော ကိစ္စကြီးဖြစ်ပါသည်။
အနီးအပါးမှာ ကျခြင်းလည်းမဟုတ်, အဝေးမှကျခြင်းလည်းမဟုတ်, လူကို တည့်တည့်မှန်ခြ
င်းဖြစ်ပါသည်။ ဖတ်ကြည့်ပါ။
ထိုဖြစ်ရပ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး တစ်ခုသောနေ့ကဖြစ်၏။ ထိုနေ့ နေ့လယ် တစ်န
ာရီအချိန်တွင် မိုးညှင်းအရှင်မြတ်သည် တရားဆင်ခြင်ရင်း စင်္ကြံလျှောက်လျက်ရှိနေ၏။ ထို
အချိန်တွင် အုပ်အုပ်ဆိုင်းဆိုင်း ညိုမှိုင်းလျက်ရှိသော မိုးညှင်း သမ္ဗုဒ္ဓေကျောင်းတိုက်အနီး၌ ဂျ
ပန်စစ်တပ်များ ခိုအောင်းနေမည်ထင်သဖြင့် တစ်ဖက်စစ်တပ်မှ စစ်အမြောက်ကြီးများဖြင့်
လှမ်း၍ပစ်လိုက်ရာ တစ်ခုသောအမြောက်ဆန်သည် မိုးညှင်းအရှင်မြတ်ကြီး သီတင်းသုံးလျ
က်ရှိသော ကျောင်းတိုက်ကြီးဆီသို့ တစ်ဟုန်ထိုးစွပ်ဝင်လာသော ဒိုင်းခနဲ ဝုန်းခနဲ ပေါက်ကွဲ
သွားလေသည်။ မိုးညှင်းအရှင်မြတ်သည် ရပ်လျက်စင်္ကြံလျှောက်ရာမှ ပုံ့ခနဲထိုင်လျက်သားဖြ
စ်သွားရ၏။ ထိုအခါ ဟင်း လူက မကြောက်ဘဲ သွေးက ဘာလို့ကြောက်ရတာလဲဟု အားခဲ
ကာ ကုန်းထလိုက်စဉ် အကာအရံတွေပေါက်ပြဲ၍ အလင်းရောင်တွေ ဝင်းနေသည်ကို မျက်
စိဝါးနေသည့်ကြားမှ မြင်လိုက်ရသဖြင့် မိမိဘာမှမဖြစ်သည်ကို သိစေလိုသည့်အတွက် ကပိ
္ပယဒကာတို့ လာကြပါကွယ်လို့ လှမ်း၍ခေါ်လိုက်ရသည်။ ကပ္ပိယနှင့် ဒကာအားလုံး ပရိသ
တ်တို့မှာ မီးခိုးလုံးကြား၌ ဝိုးတဝါးဖြစ်နေသော အရှင်မြတ်ကို ရုတ်တရက်မြင်ရသော် ဆရာ
တော်ကြီးတော့ ထိမှန်ပြီထင်ပါရဲ့ ဒီတစ်ခါတော့ ခက်တာပါဘဲ ပျံတော်မူမှာလေလားဟု ည
ည်းတွား အော်ဟစ်လျက်ပြေးလာကြသည်။ အနီးသို့ရောက်၍ သေသေချာချာကြည့်သော
အခါ သစ်စ သံစ ဘာမျှ မထိမှန် မရှဘဲ မားမားကြီးရပ်နေသော အရှင်မြတ်ကြီးအား တွြေ့
မင်ရသဖြင့် ဝမ်းသာအားရ မ,ချီ၍ ကျောင်းသို့ပို့ကြရသည်ဟု ဆိုပါသည်။
၎င်းအပြင် မိုးညှင်းဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကို ဖော်ပြရလျှင် ဂျပန်တိုင်းရင်းသ
ား စစ်သည်များအကြောင်း ဖော်ပြမှ ထင်လွယ် မြင်လွယ် ရှိပါလိမ့်မည်။ စောစောက ဘယ်
လိုဘုန်းကြီး အမျိုးအစားမှန်း မသိသဖြင့် သူလို ကိုယ်လို လူရိုးရိုးအောက်မေ့ကာ အပေါ်စီး
နှင့်လာကြသော နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားများပင် ဘုရား၏ဂုဏ်တော်, တရာ၏ဂုဏ်
တော်, သံဃာ၏ဂုဏ်တော်ကို မခံနိုင်ကြကြောင်း မိုးညှင်းဆရာတော်ဘုရားက အောက်ပါ
အတိုင်း သက်သေပြခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်၏။ မုံရွာမြို့သို့ တာဝန်အရရောက်ရှိလာသော ဂျပန်စစ်အရ
ာရှိသည် စစ်ပုန်းသူ လူပေါင်းနှစ်ထောင်နီပါးရှိသည်ဟု သတင်ရထားသော မိုးညှင်းသမ္ဗုဒေ
္ဓကျောင်းတိုက်အတွက် ရတက်မအေးရှိနေ၏။ သို့ဖြစ်၍ ကျောင်းတိုက်အုပ်ချုပ်သူ မိုးညှင်းအ
ရှင်မြတ်နှင့် တွေ့ဆုံရန် မြို့ခံလူကြီးများအား အလျင်စာဖြင့် ဆက်သွယ်စေသည်။ စာထဲ၌ မိ
မိလာမည့် အစီအစဉ် အချက်အလက်များကိုလည်း ဖော်ပြထား၏။ ယင်းတို့မှာ – ၁။ ဦးထုပ်
မချွတ်ဘဲ လက်နက်ပါလျက်ဝင်မည် ၂။ အရိုအသေမပေး(ရှိမခိုး)ဘဲ ဝင်တွေ့ခွင့်ပြုရမည်။
၃။ ကုလားထိုင်ဖြင့် တန်းတူထိုင်မည် စသည်တို့ဖြစ်သည်။ မြို့ခံလူကြီးများမှာ ထိုအချက်များ
အတွက် မလွှဲသာမရှောင်သာ မျက်နှာပူလျက်ဖြင့်ပင် အရှင်မြတ်ထံလျှောက်ထားရလေသညိ
။ မိုးညှင်းအရှင်မြတ်သည် ဝန်လေးနေသော မြို့ခံနေ လူကြီးများ စိတ်ချမ်းသာစေရန် ထိုကိ
စ္စအလေးအနက်မထားအားသဖြင့် “သူ စိတ်ချမ်းသာသလို လာလိုတဲ့ အချိန်လာပါစေ ဟူ၍
အမိန့်ရှိလိုက်လေသည်။
နောက်တစ်ရက် ထိုစစ်အရာရှိကြီးလာသောအခါ ပါလာသူ မြို့ခံလူကြီးပါ တအံ့တသြ ဖြစ်ြ
ကရပါတော့သည်။
ထိုစစ်အရာရှိသည် မိုးညှင်းအရှင်မြတ်အား မမြင်ရမီ အပေါက်ဝင်ကပင် ဦးထုပ် ဖိနပ်ချွတ်
ခဲ့ခြင်း, အရှင်မြတ်ကိုတွေ့လျှင် မြန်မာများကဲ့သို့ပင် အောက်၌ပင် ထိုင်နေခြင်းတို့ကို တွေ့ရ
သောကြောင့်ဖြစ်လေသည်။
မိုးညှင်းအရှင်မြတ်နှင့် အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုပြီးသောအခါ ကြည်သာစြွာ
ဖင့် အကျွန်ုပ်တို့ နိပွန်လူမျိုးများ စစ်နိုင်အောင် ဆုတောင်းပေးပါဟု လျှောက်လေလျှင် မိုးညှ
င်းအရှင်မြတ်ကလည်း ကောင်းပါပြီ အားလုံးချမ်းသာအောင် မေတ္တာပို့ပေးပါမယ်ဟု ပရိယ
ာယ်အားဖြင့် ဖြေကြားလိုက်သည်။ ထို့နောက် ထိုစစ်အရာရှိသည် စကားပြန်နှင့်အပြန်အ
လှန်ပြောဆိုကာ မိုးညှင်းသမ္ဗုဒ္ဓေကျောင်းတိုက်အတွက် မည်သို့မျှ မေးမြန်းခြင်းမပြုဘဲ ပြန်
သွားလေတော့သည်ဟူ၍ သိရပါသည်။
မိုးညှင်းသမ္ဗုဒ္ဓေလောင်းလျာ အရှင်သုမန ကိုယ်တော် ပထမဆုံး တောရဆောက်တည်သော
အခါ သိက္ခာ ၁၇ ဝါ ရပြီးဖြစ်ကြောင်းသိရပါသည်။ ထိုအချိန်၌ မန္တလေးနေပြည်တော်ကြီး
ကို ကျောခိုင်း၍ မြစ်ငယ်မြို့မှ တစ်ဆင့် အဲ့ဗျမက္ခရာတောရ စခန်းဆီသို့ တစ်ပါးတည်း လှမ်း
ထွက်တော်မူခဲ့ကြောင်း သိရပါသည်။
ထိုအဲ့ဗျမက္ခရာတောရမှာ မန္တလေး-ကျောက်ဆည် သွားရာလမ်းရှိ မြစ်ငယ်မြို့အနီးတွင်ဖြစ်
သည်။ မြစ်ငယ်မြို့သို့ရောက်သောအခါ မြို့အလွန်ဝဲဘက် ကားလမ်းခွဲအတိုင်း လိုက်သွားရ
သည်။ ထိုကားလမ်းမမှ တစ်ဖန် လှည်းလမ်းခရီးဖြင့် တစ်မိုင်ကျော်ကျော်မျှ ဆက်သွားရသ
ည်။ ထိုသို့ တစ်မိုင်ကျော်ခန့်ဆက်သွားလိုက်လျှင် စေတီတန်ဆောင်း သစ်ပင်ကြီးငယ်အပေါ
င်းတို့ဖြင့် ညို့မှိုင်းအုပ်ဆိုင်းလျက်ရှိသော အဲ့ဗျမက္ခရာရွာကို တွေ့ရလေသည်။ ထိုအခါ တော
ထွက်လာသော မိုးညှင်းဆရာတော်လောင်းလျာ သီတင်းသုံးတော်မူသည်။ ထိုနေရာတွင်
ညဥ့်ဦးယံခါ ဘုရားရှိခိုး မေတ္တာပို့ပြီး ၃ နာရီစီကြာမျှ ရုက္ခဓုတင်နှင့် အဗ္ဘောကာသိက ဓုတင်
တို့ကို အားထုတ်ဆောက်တည်ပါသည်။ သုသာန်ဓုတင်ကိုဒဥပုသ်နေ့များတွင် အဲ့ဗျမက္ခရာ
သုသာန်သို့သွား၍ ညလုံးပေါက် ဆောက်တည်သည်ဟုသိရပါသည်။ ထိုဓုတင် အကျင့်များ
မဆောက်တည်မီ ရှေးဦးစွာ ဘုရားရှိခိုးခြင်း, မေတ္တာပို့ခြင်း,အမျှဝေခြင်း မေတ္တာရပ်ခံခြင်း
တို့ကိုလည်း နေ့စဉ်ပြုလုပ်သည်ဟုသိရပါသည်။ မည်သို့ ပြုလုပ်ပုံကို အတုယူစရာ အောက်ပ
ါအတိုင်းတွေ့ရပါသည်။
“ငါတို့သည် ပြုလုပ်အပ်ကုန်သော ကုသိုလ် အမျိုးမျိုးတို့၏ အဖို့ဘာဂ ဟူသမျှတို့ကို ဤအရပ်
တို့၌လည်းကောင်း, ခပ်သိမ်းသော အရပ်ဆယ်မျက်နှာတို့၌လာ်းကောင်း နေထိုင်တောမူကြ
ကုန်သော ခပ်သိမ်းသော အစောင့်အရှောက် သူတော်ကောင်း အစရှိသော ပုဂ္ဂိုလ်အပေါင်း
တို့အား အထူးသဖြင့် အမျှပေးဝေပါ၏ အထူးသဖြင့် အမျှပေးဝေပါ၏ အားလုံးသော သူေ
တ်ာကောင်းအပေါင်းတို့သည် အကျွန်ုပ်တို့ ပေးဝေသော ကုသိုလ်အဖို့တို့ကို အမျှရကြ၍ ချမ်
းသာကြပါစေ, ချမ်းသာကြပါစေကုန်သတည်း။ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင်
့သော ချမ်းသာသုခတို့ကို ရကြပါစေကုန်သတည်း”
ဤကား မိုးညှင်းဆရာတော်ဘုရားကြီး၏။ အမျှဝေခြင်းဖြစ်၏။ ကျင့်စဉ်ကိုလည်းဖြစ်၏ဟု
သိရပါသည်။ အမျှဝေပြီးသောအခါ အောက်ပါ မေတ္တာရပ်ခံချက်ကြီးကိုလည်း ရွတ်ဆို၍မေ
တ္တာရပ်ခံတော်မူပါသည်။
“အို သူတော်ကောင်း နတ်ကောင်းနတ်မြတ်အပေါင်းတို့ ငါသည် အသင်တို့၏အကျိုးစီးပွား
ကို လိုလားတောင်တပြီး ကိုယ်တိုင်ရွက်ဆောင်ပေးလိုသဖြင့် ဤနေရာ ဤအရပ်သို့ လာေ
ရာက်နေထိုင်ခြင်းဖြစ်ပေသည်။ သင်တို့၏ မိတ်ဆွေအဖြစ်နှင့်ဖြစ်စေ, မိဘအဖြစ်နှင့် ဖြစ်ေ
စလာရောက် နေထိုင်ခြင်းဖြစ်ပေသည်။ သင်တို့က ငါ့ကို အမိအဘ အဆွေအမျိုးအရာထား
၍ စောင့်ရှောက်ကြ။ အနှောင့်အယှက်အန္တရာယ်မပြုကြနှင့်။ ငါကလည်း သင်တို့ကို ဆွေမျိုး
ရင်ချာ ဉာတကာအရာထား၍ စောင့်ရှောက်မည်။ မေတ္တာပို့မည်။နေ့စဉ် ကုသိုလ်အဖို့ အမျှ
ပေးဝေမည်။ ငါသည် လောကအကျိုး သာသနာ့အကျိုးကို ဆောင်ရွက်ရန် ဤနေရာကို လာ
ရောက်နေထိုင်ခြင်းဖြစ်သည်။ ဝိုင်းဝန်း ကူညီစောင့်ရှောက်ကြပါကုန်လော့”
ဤကား မိုးညှင်းဆရာတော်ဘုရားကြီး၏ လက်သုံးတော် မေတ္တာရပ်ခံချက်ကြီးဖြစ်၏။ ကျင့်
စဉ်ကြီးလည်းဖြစ်၏။
မထေရ်မြတ်သည် ထိုတောကျောင်းကလေး၌နေစဉ် အနီး၌ ကပ္ပိယကာရက အစောင့်အရှေ
ာက်လည်းမထား။ မိမိတစ်ပါးတည်းသာဖြစ်သည်။ တစ်ပါးတည်းဖြစ်သော်လည်း ကျန်းမာေ
ရးကောင်းမွန်သဖြင့် ကိုယ်စိတ်နှစ်ဖြာအလွန်ချမ်းသာသည်။ ကမ္မဋ္ဌာန်းအလုပ်ကို ပျက်ရက်
မရှိ အားထုတ်နိုင်သည်ဟုဆိုပါသည်။
ရဟန္တာနှင့် ရဟန်းထူးများ
မောင်ပန်းမွှေး၏စာအုပ်မှ ကူးယူဖော်ပြပါသည်။စာ(၃၉၉-၃၄၂)
ဆက်လက်ဖော်ပြပါမည်။
လှိုင်မျိုးမင်း

Ref: http://shwelinmaung.blogspot.sg/2014/11/blog-post_1.html

မုသာဝါဒသိက္ခာပုဒ်အကြောင်း

 

 

10301304_570640246382732_5063661369301564045_n

ငွေလာချေးသည်ကို မချေးချင်၍ မရှိဟုလိမ်ခြင်း၊ သူငယ်ချင်းတစ်ယောက်ကို ဆရာကမခေါ်ဘဲ ခေါ်သည်ဟု လိမ်ခြင်းတို့၌ မုသာဝါဒကံပျက်၊မပျက် မေးလာခဲ့လျှင် ပျက်သည်ဟု ဖြေရမည်။

–       မဟုတ်မမှန်ပြောသော အကြောင်းအရာဖြစ်ခြင်း

–       မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း

–       ပြောလည်းပြောခြင်း

–       လိမ်လည်သည့်အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း

ဤအင်္ဂါလေးချက်နှင့် ညီလျှင် မုသာဝါဒကံပျက်သည်။ သူတစ်ပါးအကျိုးစီးပွား ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ လိမ်ပြောသည်နှင့် မုသာဝါဒကံပျက်သည်။ မြတ်စွာဘုရားက ရာဟုလောဝါဒသုတ်တွင်-

“ချစ်သားရာဟုလာ၊ မုသားကို ရယ်စရာအဖြစ်ပင် မပြောအပ်၊ အဘယ်ကြောင့်နည်း၊ မုသားပြောသောသူ မလုပ်ရဲသည့် အကုသိုလ် မရှိသောကြောင့်ပင်ဖြစ်၏ ”

ဟု ဟောကြားခဲ့သည်။မြတ်စွာဘုရားကိုယ်တော်တိုင် ဘဝပေါင်များစွာကျင်လည်စဉ်အခါကတည်းက တစ်ခြားသီလများကို ဖောက်ဖျက်မိခဲ့ သော်လည်း မုသာဝါဒကံကို တစ်ခါတစ်ရံမျှ ဖောက်ဖျက်ခဲ့ခြင်းမရှိကြောင်း အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသားသည်ကို မှတ်သားကြည်ညိုခဲ့ရဖူးသည်။

မုသားပြောသူများခံစားရမည့်ဆိုကျိုးများ

မုသားစကား ပြောဆိုငြားမူ၊

စကားမပီ၊ သွားမညီတည်း၊

ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊

ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။

မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊

လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊

ရှောင်ကြဉ် အပြန်အကျိုးတည်း။

ကောင်းဂုဏ်အားလုံး၏ ခေါင်ချုပ်

လူတစ်ယောက်သည် တစ်ခြားကောင်းကွက်များ မည်မျှရှိစေကာမူ မုသားပြောတတ်သည်ဆိုသည်နှင့် ဘယ်နေရာမှ မသုံး ကြတော့ပေ။ ကြက်၏ ဝမ်းတွင်ကလီဇာ၌ပါသော သည်းခြေသည် အသေးလေးသာဖြစ်၏။ သို့သော် ကြက်သားချက်သောအခါ သည်းခြေ ပါမလာအောင် အထူးဂရုစိုက်ရ၏။ သူပါသွားသည်နှင့် ကြက်သားဟင်းအိုးတစ်အိုးလုံး စားရ၍မရအောင် ခါးသွားသည်နှင့် ဥပမာတူသည်။

Ref: http://beyond-irrawaddy.blogspot.sg/2014/04/blog-post_4607.html

အဒိန္နဒါနသိက္ခာပုဒ်အကြောင်း

Stealing-300x266

အဒိန္န၊ မပေးသောဥစ္စာကို။ အာဒါန၊ ယူခြင်း။ အပြည့်အစုံမြန်မာပြန်သော် ပိုင်ရှင်သည် ကိုယ်နူတ်နှစ်ပါး တစ်ပါးပါးဖြင့် မပေးသော ဥစ္စာကို ယူခြင်းဟု ဖြစ်သည်။အိမ်ရှင်များ အိပ်မောကျနေချိန်တက်ခိုးမှ ခိုခြင်းမြောက်သည်မဟုတ်။

အဒိန္နဒါနကံမြောက်မည့်အင်္ဂါ

ခိုးမှုတည်းဟူသော အဒိန္နဒါနကံမြောက်၊မမြောက် အင်္ဂါငါးချက်ဖြင့်စီစစ်ရမည်။ယင်းတို့ကား-

–           –  သူတစ်ပါးဥစ္စာဖြစ်ခြင်း

–           –  သူတစ်ပါးဥစ္စာဟုသိခြင်း

–           –  ခိုးယူလိုသောစိတ်ရှိခြင်း

–           –  ခိုးယူမှုဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ လုံ့လတစ်ခုခုကိုပြုခြင်း

–           –  ခိုးယူမှုအောင်မြင်ခြင်း (((( ခုဒ္ဒက၊ အဌသာလီနိ၊ ဌ၊ ၁၄၁)

တို့ဖြစ်သည်။

အဒိန္နဒါနကံကျူးလွန်သူများခံစားရမည့်ဆိုးကျိုးများ

အဒိန္နဒါ၊ ခိုးမိပါမူ၊

ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊

လိုရှိမရ၊ ဘောဂပျက်စီး၊

ရေမီးသူခိုး၊ မွေခံဆိုးနှင့်

မင်ဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊

ပျက်ပြားဥစ္စာ၊ပြစ်များစွာသည်၊

ရှောင်ခါအပြန်အကျိုးတည်း။

ခိုးခြင်းမျိုးစုံ အဖုံဖုံ

အရာရှိမှန်သမျှ လက်ဆောင်ဖြစ်စေ၊ ငွေဖြစ်စေ၊ တစ်မျိုးမျိုးပေးမှ လက်မှတ်ထိုးပေးခြင်းသည်လည်း ခိုးခြင်းဖြစ်သည်။ ဆေးရုံဝန်ထမ်းများသည် လူနာများထံမှ မသမာမာသောနည်းလမ်းဖြင့် ရယူသော ငွေကြေး၊ ပစ္စည်းမှန်သမျှလည်း ခိုးယူခြင်းဖြစ်သည်။ မီတာမတက်ရန် မီတာပေါက်က်ု ပြုပြင်ထားခြင်း၊ ပေးသင့်သော အခွန်ကို မပေးဘဲရှောင်လွှဲခြင်း၊ ဝန်ထမ်းများသည် လခရိက္ခာ အပြည့် ယူလျက် ရုံးတက်နောက်ကျလွန်းခြင်းနှင့် ရုံးဆင်းစောလွန်းခြင်း (အချိန်ခိုးခြင်း)၊ ကျောင်းဆရာ/မများသည် ကျောင်းဝင်ကြေးအပြင် အပိုငွေပေးမှ ကျောင်းသားလက်ခံခြင်းနှင့် ဘာ/ညာအတွက်၊ဘာ/ညာကြေးဆိုကာကောက်ခံပြီး ကိုယ်ရေးကိုယ်တာ အတွက်သုံးပစ်ခြင်း၊ နိုင်ငံပိုင်ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂလိကပိုင်ပစ္စည်းတစ်ခုခုကိုဖြစ်စေဖျက်ဆီးခြင်းတို့သည် ခိုးခြင်းတစ်မျိုးပင်ဖြစ်သည်။ ထိုခိုးခြင်းကို ကင်္ခါအဋ္ဌကထာ၌ ပသာယှာဟာရဟု အမည်တပ်ထားသည်။

မတရားသဖြင့် (ရထား၊ကား)လက်မှတ်ဈေးတင် မှောင်ခိုရောင်းချခြင်း(မည်သည့်လက်မှတ်ကိုမဆို)၊ မိမိကဝယ်ယူသောအခါ ပိုသော(တင်းတောင်း၊အလေးနှင့် ချိန်ခွင်)ဖြင့်ဝယ်ယူခြင်း၊ ရောင်းချသောအခါတွင် မပြည့်သော (တင်းတောင်း၊အလေးချိန်ခွင်)ဖြင့် ရောင်းချခြင်း၊ တရားသူကြီးများ လာဘ်စားပြီး ငွေများတရား နိုင်ပေးခြင်း၊ ဈေးသည်များ အကောင်းကို အညံ့နှင့်ရောပြီး ဈေးတင်ရောင်းခြင်းတို့သည်လည်း ခိုးခြင်းပင် ဖြစ်သည်။

ခိုနည်းများကိုကား တင်ပြ၍၊ ရေး၍ကုန်နိုင်ဖွယ်မရှိ။ ထို့ကြောင့် မသမာမှုမျိုးစုံမှ ရလာသောဥစ္စာ ငွေကြေးမှန်သမျှ တို့သည် ခိုးယူခြင်းပင်ဖြစ်သည်။

Ref: http://beyond-irrawaddy.blogspot.sg/2014/04/blog-post_16.html

သီလဆိုတာ ဘာလဲ – ဒေါက်တာမင်းတင်မွန်

538px-Dharma_wheel_

☆သီလဆိုတာ ဘာလဲ။
★ ကိံသီလန္တိ စေတနာသီလံ စေတသိကံသီလံ သံဝရောသီလံ အဝီတိက္ကမော သီလန္တိ။ (ပဋိသမ္ဘိဒါမဂ်)
* စေတနာသည် သီလမည်၏။
*စေတသိက်သည် သီလမည်၏။
*ပိတ်ဆို့စောင့်ရှောက်ခြင်း သံဝရသည် သီလမည်၏။
*မလွန်ကျူးခြင်း အဝီတိက္ကမသည် သီလမည်၏။

☆အဘယ်အနက်သဘောကြောင့် သီလ ဟုခေါ်သနည်း။
★ ကာယကံ (ကာယဝိညတ်)၊ ဝစီကံ (ဝစီဝိညတ်) တို့ကို ဖရိုဖရဲမဖြစ်စေဘဲ သိမ်းသိမ်းဆည်းဆည်း ကောင်းစွာသိုထားခြင်းဟူသော သီလန အနက်သဘောရှိသည့်အတွက် သီလ ဟု ခေါ်၏။

☆သီလ၏ အကျိုးကား အဘယ်နည်း။
★ (၁) သီလနှင့် ပြည့်စုံသူသည် မမေ့မလျော့၊ မပေါ့မတန်ခြင်း အကြောင်းကြောင့် ကြီးစွာသော စည်းစိမ်အစုကို ရ၏။
(၂) သီလနှင့်ပြည့်စုံသူ၏ ကောင်းသော ကျော်ဇောသတင်းသည် ပြန့်နှံ့၍ တက်၏။
(၃) သီလနှင့် ပြည့်စုံသူသည် မည်သည့်ပရိသတ် (မင်း၊ သူကြွယ်၊ ရဟန်းစသည်) သို့မဆို ရဲရဲရင့်ရင့်၊ ကြောက်ရွံ့ခြင်းကင်းရှင်းစွာ ကျက်သရေမင်္ဂလာရှိသည့် ရွှင်လန်းသောမျက်နှာဖြင့် ချဉ်းကပ်ရ၏။
(၄) သီလရှိသူသည် မတွေမဝေ ကြည်ကြည်လင်လင် မိမိပြုထားသော ကုသိုလ်ကောင်းမှုတို့ကို ထင်မြင်၍ သေရ၏။
(၅) ကိုယ်ခန္ဓာပျက်ကြွေ၍ သေပြီးသည့်နောက်၌ ကောင်းမှုပြုသူတို့၏ လားရာဖြစ်သော နတ်ပြည်လောကသို့ မချွတ်ရောက်ရ၏။

ကျမ်းကိုး ။ ဒေါက်တာမင်းတင်မွန်၊ ဝိသုဒ္ဓိမဂ္ဂ အလင်းပြ၊ ပ တွဲ၊ အခန်း ၁၊ သီလနိဒ္ဒေသပိုင်း၊ စာမျက်နှာ ၃၁။

Ref: https://www.facebook.com/Teachings-of-Buddha-388796167938122/

ကမ္ဘာ့စံပြ သီလရှင် ဆရာကြီး ဒေါ်ဥာဏစာရီဏီ – စောမုံညင်း

12246817_970987699610659_871243654899286697_n

နံနက်အလင်း နေရောင်ဖျော့ဖျော့အောက်တွင် ဗန်းနက်ကလေးတွေ ရွက်၍ တန်းစီထွက်လာသော သီလရှင်တွေကို အဖိတ်နေ့တိုင်း တွေ့ရသည်မှာ ကျက်သရေရှိသော ရှုခင်းပေတကား။ ဘယ်သူ့သမီးလေးတွေ ဒီနွေကျောင်းပိတ်တုန်း ဒေါ်ဥာဏစာရီ ကျောင်းတိုက်မှာ သီလရှင်ဝတ်ကြမလို့တဲ့ ဟူ၍ နှစ်တိုင်းကြားဖူးခဲ့သည်၊ တူမလေးတဦးမှာ ထိုကျောင်း တိုက်တွင် သီလရှင်ဝတ်ခဲ့ပြီး ယခုဘွဲ့ရသည်အထိ ဆရာကြီး၏ သြ၀ါဒကို ခံယူပူဇော်ဆဲ၊ ထိုတူမလေး အကြောင်းပြုပြီး ဆရာကြီး ဒေါ်ဥာဏစာရီဏီအား ကန်တော့ခွင့် ရခဲ့လေသည်။

မြန်မာသီလရှင်ကြီးများ ရှေးခေတ်က သြဇာတိက္ကမကြီးခဲ့ပုံ၊ အမျိုးသမီးလေးများကို ကျောက်ထီးတမျှ ငြိမ်းချမ်းသော အရိပ်အာဝါသ ပေးခဲ့ကြပုံနှင့် သီလရှင် သာသနာပြုလုပ်ငန်း အကြောင်းများကို ဆောင်းပါး အစောင်စောင် ရေးခဲ့ဖူးပါသည်။ သီလရှင်များနှင့် ထနေ့အမျိုးသမီးကလေးများ အနေချင်း စိမ်းပြီး ကင်းကွာနေကြကြောင်းများကိုလည်း တင်ပြခဲ့ဖူးသည်။ သို့သော် ဆရာကြီး ဒေါ်ဥာဏစာရီဏီနှင့်ကား မဆက်သွယ်မိခဲ့၊ အတွေ့အလွန် နောက်ကျခဲ့သည်။

ဆရာကြီး ဒေါ်ဥာဏစာရီဏီ၏ အထုပ္ပတ္တိကို လေ့လာသိရှိသည့်အခါ၌ကား ပိုပြီး စိတ်ဝင်စားရတော့သည်။ ဆရာကြီး၏ မိဘများမှာ မြန်အောင်မြို့ ထန်းသုံးပင် ရိုးရာတိုက်သူကြီး ဦးအင်ကြင်းနှင့် တိုက်သူကြီးကတော် ဒေါ်ငွေယုံတို့၏ သားသမီးတကျိပ်နှင့် တယောက်အနက် အဌမမြောက် သမီးဖြစ်လေသည်။ ၁၂၅၉ ခုနှစ်၊ ကဆုန်လဆန်း (၁၁)ရက်၊ အင်္ဂါနေ့ (၅)နာရီတွင် မိဿလဂ် တနင်္ဂနွေ သောကြာ ပူးယှဉ်လျက် ဖွားမြင်ခဲ့သည်။ ဖခင်၏ ငွေကောက်စာရင်း သွင်းလုပ်ငန်းများတွင် အားကိုးအားထားရသော သမီးအလိမ္မာလည်းဖြစ်သည်။

ဆရာကြီး၏ မိဘများမှာ လယ်တီဆရာတော်ဘုရားကြီး၏ တပည့်ရင်းများဖြစ်ကြသဖြင့် ငယ်စဉ်ကပင် တရားစာပေနှင့် အကျွမ်းတ၀င် ရှိခဲ့ပြီးဖြစ်သည်။ မြန်မာစာပေ (၅) တန်း သင်ကြားပြီးနောက် လယ်တီဆရာတော် ဘုရားကြီး၏ ပရမတ္တခံခိပ် (၇) ပိုင်း၊ ပဋိစ္စသမုပါဒ် (ဆိုပိမ့်မည့ာ) လင်္ကာနှင့် တကွသင်္ဂဟပါဠိအချို့ကို အသက်(၁၂) နှစ်သမီးအရွယ်တွင် အာဂုံနှုတ်တက် အရကျက်၍ ဇာတ်ကြီးဆယ်ဘွဲ့၊ ဇိနတ္တပကာသနီ၊ သံဝေဂစက္ကူကျမ်းစာများကို အချိန်ရသရွေ့ ကြည့်ရှုလေ့လာ မှတ်သား လာခဲ့သည်။

ပါရမီ ထူးချွန်လှသော မယ်ဥာဏစာရီဏီလောင်း အမျိုးသမီးကလေးသည် သင်္ဂဇာဆရာတော်ဘုရား၊ ထွဋ်ခေါင် ဆရာတော်ဘုရားတို့၏ ကျမ်းစာ ပ၊ ဒု၊ တ၊ စ၊ ပဉ္စမတွဲအထိလည်းကောင်း၊ ဦးပေါ်ဦးလျှောက်ထုံး (၅)တွဲကို လည်းကောင်း၊ လေ့လာခဲ့ပြီးလျှင် ဦးတိအိန္ဒြိယ အရှင်မြတ်၏ ၀ိပဿနာ တရားတော်များကို ညလုံးပေါက်ကြားနာ မှတ်သားလာခဲ့ပြီးနောက် သံဝေဂရကာ အရွယ်နှင့်မမျှအောင် တရားရေယာဉ်ကြော၌ နစ်မျောပျော်ပိုက်ခဲ့လေသည်။

အသက် (၁၆) နှစ်ဖြစ်သည့် ၁၂၇၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၀)ရက်၊ အင်္ဂါနေ့၌ကား ထိုအမျိုးသမီးလေးသည် မြန်အောင်မြို့၊ ဘ၀နာတိုက်ဟောင်း ရွှေဘိုဆရာတော်ဘုရားကြီး၏ တပည့် ဒေါ်ဝိလာသီထံတွင် သီလရှင် ဘ၀သို့ ရောက်ရှိခဲ့လေသည်။ ခဲရာခဲဆစ် စွန့်စား၍ သီလရှင်ဘ၀ပန်းတိုင်သို့ အပြေးအလွှား တက်လှမ်းခဲ့ပုံများမှာ ဒဏ္ဍာရီ ပုံပြင်လေးသဖွယ် စိတ်ဝင်စားဖို့လည်းကောင်းသည်။ ကျမသွားတွေ့စဉ်က မကျန်းမာနေဆဲဖြစ်သော်လည်း စိတ်ရှည် လက်ရှည် ပြောပြ၍ မှတ်သားလိုက်ရသည်။

‘ဘွားဘွားကြီး သီလရှင်ဝတ်ပါရစေလို့ မိဘများကို တစ်နှစ် သုံးကြိမ်ခွင့်တောင်းခဲ့တယ်။ ရမိဘများက ခွင့်မပြု။ သမီးထွေးမို့ မိဘအိုစာမင်းစာအဖြစ် ပြုစုပါကြောင်း ရှင်းပြတယ်။ ဘွားဘွားကြီးဟာ ရပ်ဝေးကိုလည်း မရောက်ဖူးဘူး။ ဒီတော့ အိမ်ဖော်မလေးကိုဘဲ တစ်လလောက် အဖော်ညှိယူရတယ်။ သီလရှင်ဘ၀ဟာ မိန်းမအတွက် အမြတ်ဆုံးပဲလို့ တရားချမှ ကောင်းပါပြီဆိုပြီး အဖော်လိုက်ဖို့ ကတိပြုပါတယ်။ တဏှာကျွန်ဘ၀က လွတ်ရာကျွတ်ရာသို့ သွားပါပြီ။ မိဘများခွင့်လွှတ်ပါလို့ စာတစောင်ကိုလည်း ရေးထားခဲ့တယ်။ ၀တ်နေတဲ့ စိန်နားကပ်နဲ့ လက်ကောက်ခြေကျင်းတွေကိုလည်း အဒေါ်ကို နေရာပြထားပြီး သာသနာစောင့်နတ်များကို တဏှာကျွန်ဘ၀မှ လွတ်အောင် ကူညီပါလို့ တိုင်တည်ခဲ့တယ်။’

‘မနက် အာရုံတက်မှာ ဇီးကွက်နဲ့ ဥသြလေးတွေ အော်သံကြားတော့ ထမှဘဲဆိုပြီး ဆံပင်ကို ကပ်ကြေးနှင့် ညှပ်ပစ်ကာ အဆင်သင့် ဆေးဆိုးထားတဲ့ သီလရှင် အ၀တ်အစားတွေကို ယူပြီး အစ်မ၀မ်းကွဲတယောက်ရယ် ဝေလီဝေလင်းမှာ အိမ်က ထွက်ခဲ့တယ်။ သွားရမယ့် ဒေါ်ဝိလာသီရဲ့ ကျောင်းက (၄) မိုင်ခွဲဝေးတဲ့ အင်တိုင်းတောကြီးကို ဖြတ်ရမှာဖြစ်တယ်။ လမ်းလဲမသိ၊ ဒါပေမဲ့ ရှေ့ကကြားရတဲ့ လှည်းသံကို အဖော်ပြုပြီး လိုက်လာခဲ့တာ မနက်လင်းလို့ ကျောင်းရောက်တော့ ဘယ်သူကမှ ဆံပင်မရိတ်ပေးရဲဘူး။ ဘဒွေးဖြစ်တဲ့ ရာဇ၀တ်ဝန်ကြီး ဦးကျော်ရဟာ အင်မတန် သြဇာကြီးပြီး စိတ်ထန်တဲ့အတွက် ဆရာလေးတွေက ဒါးပါးလေးတောင် ငှားမပေးရဲကြဘူး။ ဒါနဲ့ အတူပါလာတဲ့ အစ်မက ဓားတောင်းပြီး ရိတ်ပေးရတယ်။ မြန်အောင်ဆရာတော် ဘုရားကြီးကတော့ ကောင်းလစွလို့ သာဓုခေါ်တာပေါ့’

မိဘနှစ်ပါးဟာ မနက်လင်းလို့ သမီးမရှိတော့ စာကိုဖတ်ပြီး မျက်ရည်လည်ရွှဲနဲ့ (၈) နာရီလောက်မှာ လှည်းနဲ့ ရောက်လာကြတယ်။ ကောလိပ်က အစ်ကိုကြီး ဦးလှိုင်ဘွားဆီလည်း သံကြိုးရိုက်ပြီးခေါ်တယ်။ အလိုလိုက်ရမလားလို့ ဦးလှိုင်ဘွားက မလာဘူး။ လားရှိုးက အင်စပက်တော် အစ်ကို ဦးခန့်ကြီးကတော့ ချက်ချင်း ဆင်းလာတယ်။ အင်ကြင်းမြောင် ဆရာတော်ဘုရားကြီး ဦးအာသဖရှေ့မှာ ငိုတာနဲ့ ညီမသီလရှင်ဖြစ်တာ ၀မ်းသာစရာမဟုတ်လားလို့ နှစ်သိမ့်ရသတဲ့။ ဘခင်ကြီးကတော့ အလုပ်မလုပ်တော့ပဲ ပင်စင်တခါတည်း ယူလိုက်တော့တယ်။

မိဘဆွေမျိုးတွေလိုက်လာတော့ ဘွားဘွားကြီးက ‘ဇာတိစမ္မေ၊ ပဋိသန္ဓေတည်နေခြင်းတရား၌၊ အဒိန၀ံ၊ အပြစ်ကို၊ အဒိတ်သွာ၊ မမြင်သောကြောင့်၊ ဇာတိဓမ္မမေ၀၊ ပဋိသန္ဓေတည်နေခြင်း တရားကိုသာလျှင် ပရိယေသတိ၊ နေ့တိုင်းရှာကြ၏’ လို့ ဟောလိုက်တော့ ဘခင်ကြီးဟာ ဘာမှမပြောတော့ဘဲ ကျောင်းမှာ အပ်နှံထားခဲ့ပြီး ချက်ချင်း ကျောင်းတဆောင်ဆောက်ပေးတယ်။ အပျိုထွတ်ထွတ်ကလေးက ဘာကြောင့် ၀တ်ချင်ရသလဲလို့ ဆွေမျိုးတွေက ငိုကြတော့ ဘွားဘွားကြီးက ရုပ်နာမ်တရားကိုဘဲ ဟောပြလိုက်တယ်၊ မယ်ဥာဏစာရီဆိုတဲ့ ဘွဲ့ကိုရပြီး ဘွားဘွားကြီးက ဆရာသီလရှင် ဒေါ်ဝိလာသီထံ ဆည်းကပ်ခဲ့တာ တလအတွင်းမှာ သီလရှင် လိုက်ဝတ်ကြတဲ့ ကျောင်းသူတွေ နှစ်ဆယ်လောက်ရှိလာတယ်’ ဟု အမိန့်ရှိပါသည်။

သို့ဖြင့် (၁၆) နှစ်အရွယ် မယ်ဥာဏစာရီလေးသည် သူအလွန်တောင့်တခဲ့သော အထွတ်အမြတ်ဘ၀ကို ရောက်ခဲ့ပြီး အချိန်ရတိုင်း စာပေပရိယတ္တိ၌သာ နစ်မြုပ်ခဲ့လေသည်။ သတိပဠာန် အနက်နှင့်တကွ၊ သဒ္ဒါ၊ သင်္ဂဟစသော စာဝါများကို လိုက်စားခဲ့ပြီး ၊ ဘာဝနာ အားထုတ်ရင်းငါးနှစ်အကြာတွင် စစ်ကိုင်းတောင် သမိဒ္ဓေါချောင် ဆရာကြီး ဒေါ်မာရီထံသို့လည်း ဆည်းကပ်ရန် ရောက်ခဲ့ရလေသည်။

သရိုင်ဆရာတော်ကြီးထံ၌လည်း သဒ္ဒါဘက်ဆိုင်ရာ၊ အဘိဓမ္မာဆိုင်ရာ ကျမ်းစာအမျိုးမျိုးကို သင်ယူခဲ့ပြီး ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ၀ံသာနုစာမေးပွဲများ သမိဒ္ဓေါချောင်၌ ကျင်းပရာ အကြီးတန်း၌ ပထမဘွဲ့ကို ရခဲ့လေသည်။ ရာမမြန်အောင်ကျောင်းတိုက်ဟူသော အမည်နာမဖြင့် တိုက်သစ်တည်ခဲ့ပြန်သည်။ တပည့်ပရိတ်သတ် (၁၆၀)ကို စောင့်ရှောက်ကွပ်ကဲပြီး ပညာအရပ်ရပ် သင်ကြား ပို့ချပေးခဲ့ရာ ပထမကြီး အောင်မြင်ပြီး တပည့်မှာ (၂၆၀)ပါး၊ ဓမ္မာစရိယအောင်ပြီး (၆)ပါး၊ ၂ ကျမ်းပြီး (၂)ပါး၊ အားထုတ်ဆဲ (၇)ပါး၊ ပထမကြီးအောင်ပြီး တပည့် (၂၆)ပါးအနက် အကျော် (၁)ပါး၊ ပထမလတ်အောင်ပြီး တပည့် (၅၀)အနက် အကျော် (၅)ပါး၊ ပထမငယ်အောင်ပြီး တပည့် (၇၀) အနက် အကျော် (၁)ပါးရှိခဲ့သည်။ ရှေးက ဘိက္ခူနီတပါးပင် တပည့် (၅၀၀) ရှိရသည့်နည်းတူ ဒေါ်ဥာဏစာရီဏီ၌လည်း တွံတေး၊ မအူပင်၊ ပဲခူး၊ မော်လမြိုင်၊ မြန်အောင် တိုက်ခွဲများနှင့် ရန်ကုန်အပါအ၀င် တပည့် (၅၀၀) မက ရှိခဲ့ပေပြီ။ စာပေ ကျမ်းဂန်နှံ့စပ် ကျွမ်းကျင်ကြောင်း ဆရာတော်၊ သံဃာတော်များ၏ ချီးကျူးသံကိုလည်း ကြားရသည်၊

သာသနာပြုရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာအမျိုးသမီးကလေးများသည် ဘာသာခြား သီလရှင်ကျောင်းများ၌နေပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို နားမလည်ပဲ ဗုဒ္ဓဘာသာမရေရာဖြစ်ကာ သရဏဂုံ သုံးပါးနှင့် ပဉ္စသငါးပါးကိုသော်မျှ မသိရှိတော့ဘဲ ရိုးရာဘာသာဓလေ့ထုံးစံများမှ လမ်းလွဲနေကြသည်ကို ကယ်တင်ရန်ဖြစ်သည်။ ခေတ်မီသည်ဟူသော အယူအဆများကြောင့် အမျိုးသမီးကလေးများမှာ တိုင်းတပါးယဉ်ကျေးမှုကိုသာ အလေးထားပြီး စိတ်ကြမ်း ကိုယ်ကြမ်း ဖြစ်နေကြသည်။ ထိုအမျိုးသမီးကလေးများကို စင်ကြယ်သော သီလရှင်များကသာ ကွပ်ကဲပေးနိုင်မည်ဖြစ်ရာ သီလရှင်လောကနှင့် ခေတ်အမျိုးသမီးလေးများကို တနည်းနည်းနှင့် ဆက်သွယ်မိဖို့ စေတနာရှင်များကလည်း တင်ပြလာခဲ့ကြသည်။ သာသနာပြု သီလရှင်ကျောင်းကြီးများ၊ တက္ကသိုလ်များ ပေါ်ထွန်းစေချင်ကြသည်။

သို့သော် သီလရှင်များကို လောကီလူမှုရေးတာဝန် လွှဲအပ်ပေးရန်ကား မဟုတ်ပေ။ ဗုဒ္ဓယဉ်ကျေးမှုများနှင့် အလှမ်းဝေးနေပြီး လောကုတ္တရာ စာပေ ကျမ်းဂန်လေ့လာမှု နည်းပါး၍ စာရိတ္တ မခိုင်ခံ့သေးသော အမျိုးသမီးငယ်လေးများကို အဖတ်ဆယ် ကယ်တင်လမ်းညွှန်ပေးရန် ဖြစ်လေသည်။ ဗုဒ္ဓဘာသာ သီလရှင်ကျောင်းများသည် ဗုဒ္ဓယဉ်ကျေးမှုကို အဘယ်မျှ ကျေးဇူးအထောက်အကူ ပြုသည်ကို အချို့ သတိမထားမိသူတွေလည်း ဒုနဲ့ဒေးရှိနေသေးသည်။ သီလရှင်အမျိုးသမီးနှင့် ယနေ့အမျိုးသားလောကသည် အဆက်ပြတ် ကင်းကွာသကဲ့သို့ ရှိနေသည်။

သီလရှင်များ၏ တည်ငြိမ်အေးမြသော ဘ၀ရိပ်မြုံအကြောင်းကို ၀တ်ကြောင် အမျိုးသမီးသည် အကဲမခတ်မိသေး။ ယဉ်ကျေးမှု လမ်းလွဲနေသော အမျိုးသမီးလေးများကို လောကုတ္တရာ ကျမ်းဂန်စာပေဖြင့် လမ်းဖြောင့်ပေးလိုသောဆန္ဒမှာ ဒေါ်ဥာဏစာရီ၌ အပြည့်အ၀ ရှိခဲ့သည်။ သီလရှင်ကျင့်ဝတ်နှင့် မဆန့်ကျင်စေသော ခေတ်ပညာ ကျမ်းဂမ်စာပေဖြင့် လမ်းဖြောင့်ပေးလိုသော ဆန္ဒမှာ ဒေါ်ဥာဏစာရီ၌ အပြည့်အ၀ရှိခဲ့သည်။ သီလရှင်ကျင့်ဝတ်နှင့် မဆန့်ကျင်စေသော ခေတ်ပညာ သင်ကြားမှုကိုလည်း ဆရာကြီးက ခွင့်ပြုသည်။

ထိုမျှမကသေး။ နိုင်ငံရပ်ခြား နီပေါ၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ ယိုးဒယား၊ ဂျပန်၊ ဆွစ်ဇာလန်နှင့် အင်္ဂလန်နိုင်ငံများမှ ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေများလာရောက်သင်ကြားကြသော သီလရှင်များအနက် ဆွီဒင်မှ ဒေါ်အမိတ္တာ၊ ဗီယက်နမ်မှ မဓမ္မောဘာသီ၊ မ၀ိသုတ္တဥာဏီ(အလတ်အောင်ပြီး) ယိုးဒယားမှ မသုန္ဒရ၊ နီပေါမှ မသီရီ၊၊ ကမ္ဘောဒီးယားမှ မကုသုမစာရီ၊ ဥာဏီ၊ မ၀ိသုတ္တ၊ ဂျပန်မှ သီလရှင်စသည်တို့၏ ဓါတ်ပုံများ ချိတ်ဆွဲထားလျက် တွေ့ရသည်။

ဆရာမကြီး ဒေါ်ဥာဏစာရီဏီကား စာပေနှင့်ပတ်သက်၍ စည်းကမ်းစနစ်အလွန်ကြီးကြောင်း မပြီမသ ဖတ်သံကို ကြားနိုင်သူမဟုတ်၊ အဝေးက နားစွင့်၍ ချက်ချင်း ပြုပြင်ကြောင်း၊ သူမသိလျှင်လည်း မည်သည့် ရဟန်းသံဃာကိုမဆို ဆည်းပူးလိုစိတ်နှင့် မေးမြန်းတတ်သည့်အတွက် အချို့မှာ မဖြေနိုင်မှာစိုး၍ ရှောင်နေကြရသည်ဟုပင် ဆရာတော်တပါးထံမှ ကြားသိရသည်။

သူကိုယ်တိုင်ကလည်း ကဗျာ လင်္ကာများရေးသား စီကုံးဖွဲ့နွဲ့လေ့ရှိသည်၊ သီလရှင်ဝတ်သူ၏ အတ္ထုပတ္တိဘွဲ့များ၊ အလှူအတန်းများနှင့် ဂုဏ်ပြုပွဲများတွင် တေးထပ်များ ကိုယ်တိုင်စပ်ဆို စီကုံးဖွဲ့နွဲ့ခဲ့သည်၊ တခါက ဗန်းမော်သင်္ဘောကြီး ပေါ်တွင် ကန်ဘောက်ရွာမှ ကျောင်းသားလေး ငချစ်နှင့် ဘုန်းကြီးတပါး သင်္ဘောစီးလာသည်ကိုကဗျာဖွဲ့ချင်သော ဒေါ်ဥာဏစာရီဏီက ….

‘ကန်ဘောက်မှာ လူဖြစ်၊ ငချစ်တို့ တူဝရီး၊ ဆွမ်းချိုင့်ကြီးရယ်နှင့် အဆန်ကို အစုန်မှတ်တယ်၊ ရမ်းတက်လို့စီး’ဟု ကောက်ကာငင်ကာ စာဖွဲ့လိုက်သည်ဟု ဆရာလေးတပါးက ပြောပြပါသည်။

ထို့အတူ ခင်မင်ရင်းနှီးသော တကာ မိတ်ဆွေစာပေရှင် အမျိုးသမီးများနှင့်လည်း မကြာမကြာ ကဗျာလင်္ကာာဖြင့် အပြန်အလှန် ရေးရင်းဆုံးမလေ့ရှိသည်။ ကုန်းသတ္တ၀ါကိုမူ (၇၇) နှစ်အထိ မစားခဲ့ပေ။ အဟာရဖြစ်စေရန် စွတ်ပြုတ်စားရမည်ဆိုရာ ငါ ‘အကုသိုလ်ကြီးလေခြင်း’ဟု မျက်ရည်ကျရှာသည်ဟု သိရသည်။ အာဇီပဠက သီလဖျက်ရမည်ကို စိုးရိမ်၍ ဖြစ်သည်။ ငါးခြောက်၊ ငါးပိလေးသာ စားချင်၍ အားအင်မဖြစ်ဘဲရှိခဲ့သည်။ သို့နှင့် လူကြီးရောဂါဖြင့် ၁၃၃၇ ခုနှစ်၊ တန်ခူးလဆုတ် ၂ ရက်နေ့ည ၉ နာရီတွင် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီး၌ ဘ၀တပါးပြောင်းရွှေ့သွားခဲ့ရာ အန္တိမ ဈာပနကား စည်ကားလှပေသည်။ တကာ /တကာမများ၏ ကြည်ညိုလေးစားခြင်း အထူးခံရသဖြင့် အလှူအတန်းများလည်း မြိုင်ဆိုင်လှသည်။ ရုပ်ကလာပ်ကို တပည့်သားသမီးများက စဏ္ဍားကြိုးများဆွဲ၍ နတ်မြင်းပျံနှင့် အလောင်းကိုတင်ကာ သယ်ယူပို့ဆောင်ခဲ့ကြသည်။ တပည့်တကာများ၏ ဆန္ဒအရ နှစ်ညတိုင် ဧယဉ်ကျူး၍ ၇ ရက်ထားကာ နောက်ဆုံး ဂါရ၀ပြုခဲ့ကြသည်။

မြန်မာ့ယဉ်ကျေးမှု သာသနာ့ယဉ်ကျေးမှုများ ပြန့်ပွားအောင် သွန်သင်ဆုံးမ သြ၀ါဒ ပေးခဲ့သော သာသနာပြု သီလရှင်ကြီးသည် ဓမ္မာစရိယဘွဲ့ရ ဆရာတော်အများအပြား၏ ပစ္စည်းလေးပါးဖြင့် ချီးမြှောက်ခံခဲ့ရုံမက ဂါရ၀နိမာန အရာတွင် သူမတူအောင် ရှိခဲ့ပါသည်။ ပြုသစ်စ သာမဏေကိုပင် ရိုကျိုးစွာ ထိုင်ရှိခိုး လျှောက်ထားလေ့ရှိသည်။ မြန်မာနိုင်ငံတော်လှန်ရေး အစိုးရ၏ ပြည်တွင်းရေကြောင်းနှင့် မီးရထားလမ်းခရီးတို့တွင်လည်း ဆရာကြီးသည် အလွတ်စီးနင်းလိုက်ပါခွင့် အလှူခံရရှိသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။

သူမ၏ကျောင်းတိုက်ပရ၀ုဏ်ကြီးကား စိမ်းစိုသော အရိပ်အာဝါသများဖြင့် ငြိမ်းချမ်းပါဘိ၏။ သီလရှင်များ၏ စာဝါတက်သံတို့နှင့် ကြည်နူးဘွယ်ကောင်းလှသည်။ ဤအေးချမ်းရိပ်မြုံသို့ ရောက်လာကြသူတို့အားလည်း လုမနီ အင်ကြင်းပန်းရနံ့များက ရွှင်လန်းစေဘိသည်။ ကမ္ဘာ့စံပြ သမဒ္ဓေါ ဒေါ်ဥာဏစာရီ မရှိတော့သော်လည်း သူရှိနေသည်နှင့်မခြား တပည့်များက ဆက်လက် သာသနာပြုနေကြပေသည်။

Ref: https://www.facebook.com/Teachings-of-Buddha-388796167938122/

Previous Older Entries