မာရ်နတ်၏လှည့်စားကွက်တစ်ခု

IMG_0721

 

တချိန်က မာရ်နတ် သည် ဘုရားအယောင်ဖန်ဆင်းကာ သူရမ္ဗဋ္ဌ ကိုလှည့်စားခဲ့ဖူးသည် ။ ထိုအချိန်က  သူရမ္ဗဋ္ဌ သည် ဘုရားကျောင်းတော်သို့ သွားကာတရားနာယူရသဖြင့် သောတာပန်တည်ပြီးနောက် အိမ်သို့ပြန်ရောက် လာခါစဖြစ်၏ ။

မာရ်နတ်သည် လက္ခဏာတော်ကြီး ( ၃၂ ) ပါးနှင့်ပြည့်စုံသော ဘုရားရှင် အယောင်ဖန်ဆင်းကာ သူရမ္ဗဋ္ဌ ၏အိမ်ပေါက်သို့ လာရပ်ပြီး လျှင်  သူရမ္ဗဋ္ဌ ထံသို့ သတင်းပို့လိုက်၏ ။

သူရမ္ဗဋ္ဌ က ဘုရားရှင်အစစ်မှတ်ပြီး အရိုအသေပြုကာဦးချလေသည် ။ မာရ်နတ်က သူရမ္ဗဋ္ဌ အား တရားမှားပြင်လို၍ လာခဲ့ကြောင်း ကို စကားပလ္လင်ခံပြီးလျှင် – ” ခုနက တရားပွဲမှာ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ( =ခန္ဓာငါးပါး ) သည် အနိစ္စ ဟု မဆင်မခြင် မှားယွင်းဟောမိခဲ့ကြောင်း , အမှန်မှာ ခန္ဓာငါးပါး သည် နိစ္စသာဖြစ်ကြောင်း ” ပြင်ဆင်ဟောကြားလေသည် ။

သူရမ္ဗဋ္ဌ သည် ချက်ချင်းအမှန်ကို သိရှိခွင့် ရရှိသွား၏ ။ ဘုရားရှင်တို့ အဖို့ မဆင်မခြင် တရားဟောခြင်းမည်သည် မဖြစ်နိုင် ၊ ဤသူကား ဘုရားရှင် အစစ်မဟုတ် ၊ ဘုရားရှင် အယောင်ဆောင် ထားသည့် မာရ်နတ် သာဖြစ်သည် ဟု ချက်ချင်းအမှန်ကို သိသွားလေသည် ။

( ခန္ဓာငါးပါး  တို့သည် အနိစ္စ ဒုက္ခ အနတ္တ သာဖြစ်ကြောင်းကို သူကိုယ်တိုင် ဝိပဿနာ ဉာဏ် မဂ်ဉာဏ် တို့ဖြင့် ထိုးထွင်းသိပြီးဖြစ် သောကြောင့် ထိုသို့ အမှန်ကို သိရှိခြင်းဖြစ်၏ ။ )

ထို့နောက် ” သင် မာရ်နတ် မဟုတ်လော ” ဟု  သူရမ္ဗဋ္ဌ က မေးမြန်း၏ ။ မာရ်နတ် လည်း ဆက်လက် မလိမ်ညာ ရဲတော့ပေ ။ ယုံကြည်မှု သဒ္ဓါတရား လှုပ်ရှားအောင် လာရောက်နှောက်ယှက်ခြင်း ဖြစ်ကြောင်းကို မာရ်နတ် ကဝန်ခံလေသည် ။  သူရမ္ဗဋ္ဌ က ” သင်ကဲ့သို့သော မာရ်နတ်မျိုး ရာထောင်သောင်းသိန်း လာရောက်နှောက်ယှက်သော်လည်း ငါ၏ သဒ္ဓါတရားကို လှုပ်ရှားစေ နိုင်မည် မဟုတ်ကြောင်း ” ပြောကြားလိုက် လေသည် ။

( ဒီ၊ဋ္ဌ၊၃၊၄၈။ )

မာရ်နတ် နှင့်တကွ မာရ်နတ်၏ အသင်းအပင်း တို့က ပုံစံ အမျိုးမျိုးဖြင့် ထိုကဲ့သို့ လာရောက်နှောက်ယှက်တတ်သည် ကို သတိပြုလေရာသည် ။

Ref: http://www.dhammaransi.com/index.php?option=com_content&view=article&id=1624:2015-08-04-10-41-52&catid=52:dhamma-questions&Itemid=69

သုရာမေရယသိက္ခာပုဒ်အကြောင်း

download

သုရာမေရယကံမြောက်ရန်အတွက် အင်္ဂါလေးချက်ရှိသည်။ယင်းတို့ကား-

–       သုရာစသည် တစ်ပါးပါးဖြစ်ခြင်း

–       သောက်စားလိုသောစိတ်ရှိခြင်း

–       သောက်ဖြစ်အောင်လုံ့လပြုခြင်း

–       သောက်စားခြင်း (( ဣတိဝုတ်။ ဌ။ နှင့် သမ္မော။ ဌ။)

တို့ဖြစ်ပေသည်။

သေရည်သောက်သူများခံစားရမည့်ဆိုးကျိုးများ

သေရည်သောက်လင့်၊ သင့်မသင့်

ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊

ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊

ခပင်းများထို၊ အကုသိုလ်ကို၊

မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊

ရှောင်ခါအပြန် အကျိုးတည်း။

အရူးဖြစ်ရခြင်းအကြောင်းအရင်း

အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ်တွင်-

သုရာမေရယပါနံ ဘိက္ခဝေ အာသေဝိတံ (ပ)

           မနုဿဘူတဿ ဥမ္မတ္တကဘာဝံ သံဝတ္တနိကောဟောတိ

ဟူ၍ သေရည်သောက်ခြင်းအပြစ်များကို တိုက်ရိုက်ဟောကြားထားချက်ရှိသည်။အဓ္ဓိပါယ်မှာ သေရည်သောက်လေ့ရှိသူများသည် အပါယ်လေးပါးသို့ကျနိုင်သည်။ အပေါ့ဆုံးအကျိုးမှာ လူဖြစ်လျှင်အရူးသာဖြစ်ရသည်ဟူ၍ ဖြစ်သည်။

ဗုဒ္ဓ၏တရားတော်ကို ယခုခေတ် ဆေးသိပံ္ပပညာရှင်များကိုယ်တိုင် ထောက်ခံအတည်ပြုနေကြရပြီဖြစ်သည်။ အရက်များစွာ သောက်ခြင်းကြောင့် နောက်ဘဝကိုမစောင့်ဘဲ ယခုဘဝမှာတင် ရူးသွပ်နိုင်ကြောင်း ဆေးလောကနှင့်သိပံ္ပမဂ္ဂဇင်းများ၌ ဆရာဝန်များက ရေးသားဖော်ပြနေကြပြီဖြစ်သည်။ ဘီယာတစ်ပုလင်းသောက်လျှင် ဦးနှောက်ကလပ်စည်းများ ထောင်ချီ၍ ပျက်စီးသည်။ အရက်ဆိုလျှင် ပြောစရာမရှိတော့ပေ။ အရက်ကို နှစ်ရှည်လများ သောက်သူများ၌ ဦးနှောက်ကလပ်စည်းပေါင်း သိန်းချီ၍ ပျက်စီးလာပေသည်။

သာမန်လူတစ်ယောက်တွင် ဦးနှောက်ကလပ်စည်းပေါင်း (၁၇) ကုဋေကျော် ရှိသည်။ ဦးနှောက်ပျက်စီးသည့်လက္ခဏာများမှာ မှတ်ဥာဏ်ထိခိုက်ခြင်း၊ စိတ်ထိခိုက်လွယ်ခြင်း၊ အသိဥာဏ်ထိခိုက်ခြင်း၊ စိတ်ဖောက်ပြန်ခြင်းတို့ဖြစ်သည်။ ဦးနှေက်သည် သက်ရှိသတ္တဝါ တို့အတွက် အခရာ(အဓိက)ဖြစ်သည်။ ဦးနှောက်ကောင်းမှ မိမိဘဝကောင်းနိုင်မည်။ ဦးနှောက်မကောင်းလျှင် ဘဝပျက်စီးပေလိမ့်မည်။

ဤတွေ့ရှိချက်ကိုထောက်၍ အရက်သောက်သူများ အရူးဘဝရောက်ကြောင်းမှာသေချာနေပေသည်။ ထို့ကြောင့်လည်း ဆာဟရီဆင်ဂိုး အမည်ရှိပညာရှင်တစ်ယောက်က-

သိပံ္ပပညာ၏ ချီတက်မှုသည် ဗုဒ္ဓဝါဒ၏ အောင်ပွဲရမှုပင်ဖြစ်သည်။ သိပံ္ပပညာ၏ အသစ်တွေ့ရှိချက်များသည် ဗုဒ္ဓဝါဒအား အကောင်းဆုံး သက်သေပြုချက်များသာ ဖြစ်သည်

ဟူ၍ ကမ္ဘာသိကြေညာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

Ref: http://beyond-irrawaddy.blogspot.sg/2014/04/blog-post_7191.html

မုသာဝါဒသိက္ခာပုဒ်အကြောင်း

 

 

10301304_570640246382732_5063661369301564045_n

ငွေလာချေးသည်ကို မချေးချင်၍ မရှိဟုလိမ်ခြင်း၊ သူငယ်ချင်းတစ်ယောက်ကို ဆရာကမခေါ်ဘဲ ခေါ်သည်ဟု လိမ်ခြင်းတို့၌ မုသာဝါဒကံပျက်၊မပျက် မေးလာခဲ့လျှင် ပျက်သည်ဟု ဖြေရမည်။

–       မဟုတ်မမှန်ပြောသော အကြောင်းအရာဖြစ်ခြင်း

–       မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း

–       ပြောလည်းပြောခြင်း

–       လိမ်လည်သည့်အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း

ဤအင်္ဂါလေးချက်နှင့် ညီလျှင် မုသာဝါဒကံပျက်သည်။ သူတစ်ပါးအကျိုးစီးပွား ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ လိမ်ပြောသည်နှင့် မုသာဝါဒကံပျက်သည်။ မြတ်စွာဘုရားက ရာဟုလောဝါဒသုတ်တွင်-

“ချစ်သားရာဟုလာ၊ မုသားကို ရယ်စရာအဖြစ်ပင် မပြောအပ်၊ အဘယ်ကြောင့်နည်း၊ မုသားပြောသောသူ မလုပ်ရဲသည့် အကုသိုလ် မရှိသောကြောင့်ပင်ဖြစ်၏ ”

ဟု ဟောကြားခဲ့သည်။မြတ်စွာဘုရားကိုယ်တော်တိုင် ဘဝပေါင်များစွာကျင်လည်စဉ်အခါကတည်းက တစ်ခြားသီလများကို ဖောက်ဖျက်မိခဲ့ သော်လည်း မုသာဝါဒကံကို တစ်ခါတစ်ရံမျှ ဖောက်ဖျက်ခဲ့ခြင်းမရှိကြောင်း အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသားသည်ကို မှတ်သားကြည်ညိုခဲ့ရဖူးသည်။

မုသားပြောသူများခံစားရမည့်ဆိုကျိုးများ

မုသားစကား ပြောဆိုငြားမူ၊

စကားမပီ၊ သွားမညီတည်း၊

ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊

ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။

မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊

လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊

ရှောင်ကြဉ် အပြန်အကျိုးတည်း။

ကောင်းဂုဏ်အားလုံး၏ ခေါင်ချုပ်

လူတစ်ယောက်သည် တစ်ခြားကောင်းကွက်များ မည်မျှရှိစေကာမူ မုသားပြောတတ်သည်ဆိုသည်နှင့် ဘယ်နေရာမှ မသုံး ကြတော့ပေ။ ကြက်၏ ဝမ်းတွင်ကလီဇာ၌ပါသော သည်းခြေသည် အသေးလေးသာဖြစ်၏။ သို့သော် ကြက်သားချက်သောအခါ သည်းခြေ ပါမလာအောင် အထူးဂရုစိုက်ရ၏။ သူပါသွားသည်နှင့် ကြက်သားဟင်းအိုးတစ်အိုးလုံး စားရ၍မရအောင် ခါးသွားသည်နှင့် ဥပမာတူသည်။

Ref: http://beyond-irrawaddy.blogspot.sg/2014/04/blog-post_4607.html

အဒိန္နဒါနသိက္ခာပုဒ်အကြောင်း

Stealing-300x266

အဒိန္န၊ မပေးသောဥစ္စာကို။ အာဒါန၊ ယူခြင်း။ အပြည့်အစုံမြန်မာပြန်သော် ပိုင်ရှင်သည် ကိုယ်နူတ်နှစ်ပါး တစ်ပါးပါးဖြင့် မပေးသော ဥစ္စာကို ယူခြင်းဟု ဖြစ်သည်။အိမ်ရှင်များ အိပ်မောကျနေချိန်တက်ခိုးမှ ခိုခြင်းမြောက်သည်မဟုတ်။

အဒိန္နဒါနကံမြောက်မည့်အင်္ဂါ

ခိုးမှုတည်းဟူသော အဒိန္နဒါနကံမြောက်၊မမြောက် အင်္ဂါငါးချက်ဖြင့်စီစစ်ရမည်။ယင်းတို့ကား-

–           –  သူတစ်ပါးဥစ္စာဖြစ်ခြင်း

–           –  သူတစ်ပါးဥစ္စာဟုသိခြင်း

–           –  ခိုးယူလိုသောစိတ်ရှိခြင်း

–           –  ခိုးယူမှုဖြစ်သော ကိုယ်မှု၊ နှုတ်မှု၊ လုံ့လတစ်ခုခုကိုပြုခြင်း

–           –  ခိုးယူမှုအောင်မြင်ခြင်း (((( ခုဒ္ဒက၊ အဌသာလီနိ၊ ဌ၊ ၁၄၁)

တို့ဖြစ်သည်။

အဒိန္နဒါနကံကျူးလွန်သူများခံစားရမည့်ဆိုးကျိုးများ

အဒိန္နဒါ၊ ခိုးမိပါမူ၊

ဥစ္စာနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊

လိုရှိမရ၊ ဘောဂပျက်စီး၊

ရေမီးသူခိုး၊ မွေခံဆိုးနှင့်

မင်ဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊

ပျက်ပြားဥစ္စာ၊ပြစ်များစွာသည်၊

ရှောင်ခါအပြန်အကျိုးတည်း။

ခိုးခြင်းမျိုးစုံ အဖုံဖုံ

အရာရှိမှန်သမျှ လက်ဆောင်ဖြစ်စေ၊ ငွေဖြစ်စေ၊ တစ်မျိုးမျိုးပေးမှ လက်မှတ်ထိုးပေးခြင်းသည်လည်း ခိုးခြင်းဖြစ်သည်။ ဆေးရုံဝန်ထမ်းများသည် လူနာများထံမှ မသမာမာသောနည်းလမ်းဖြင့် ရယူသော ငွေကြေး၊ ပစ္စည်းမှန်သမျှလည်း ခိုးယူခြင်းဖြစ်သည်။ မီတာမတက်ရန် မီတာပေါက်က်ု ပြုပြင်ထားခြင်း၊ ပေးသင့်သော အခွန်ကို မပေးဘဲရှောင်လွှဲခြင်း၊ ဝန်ထမ်းများသည် လခရိက္ခာ အပြည့် ယူလျက် ရုံးတက်နောက်ကျလွန်းခြင်းနှင့် ရုံးဆင်းစောလွန်းခြင်း (အချိန်ခိုးခြင်း)၊ ကျောင်းဆရာ/မများသည် ကျောင်းဝင်ကြေးအပြင် အပိုငွေပေးမှ ကျောင်းသားလက်ခံခြင်းနှင့် ဘာ/ညာအတွက်၊ဘာ/ညာကြေးဆိုကာကောက်ခံပြီး ကိုယ်ရေးကိုယ်တာ အတွက်သုံးပစ်ခြင်း၊ နိုင်ငံပိုင်ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ပုဂ္ဂလိကပိုင်ပစ္စည်းတစ်ခုခုကိုဖြစ်စေဖျက်ဆီးခြင်းတို့သည် ခိုးခြင်းတစ်မျိုးပင်ဖြစ်သည်။ ထိုခိုးခြင်းကို ကင်္ခါအဋ္ဌကထာ၌ ပသာယှာဟာရဟု အမည်တပ်ထားသည်။

မတရားသဖြင့် (ရထား၊ကား)လက်မှတ်ဈေးတင် မှောင်ခိုရောင်းချခြင်း(မည်သည့်လက်မှတ်ကိုမဆို)၊ မိမိကဝယ်ယူသောအခါ ပိုသော(တင်းတောင်း၊အလေးနှင့် ချိန်ခွင်)ဖြင့်ဝယ်ယူခြင်း၊ ရောင်းချသောအခါတွင် မပြည့်သော (တင်းတောင်း၊အလေးချိန်ခွင်)ဖြင့် ရောင်းချခြင်း၊ တရားသူကြီးများ လာဘ်စားပြီး ငွေများတရား နိုင်ပေးခြင်း၊ ဈေးသည်များ အကောင်းကို အညံ့နှင့်ရောပြီး ဈေးတင်ရောင်းခြင်းတို့သည်လည်း ခိုးခြင်းပင် ဖြစ်သည်။

ခိုနည်းများကိုကား တင်ပြ၍၊ ရေး၍ကုန်နိုင်ဖွယ်မရှိ။ ထို့ကြောင့် မသမာမှုမျိုးစုံမှ ရလာသောဥစ္စာ ငွေကြေးမှန်သမျှ တို့သည် ခိုးယူခြင်းပင်ဖြစ်သည်။

Ref: http://beyond-irrawaddy.blogspot.sg/2014/04/blog-post_16.html

ပါဏာတိပါတသိက္ခာပုဒ်အကြောင်း

db7f17_fab643418c154eada7d497d21c02d262

ပါဏ= အသက်ကို၊ အတိပါတ=လျှင်မြန်စွာချခြင်းဟု ပုဒ်ခွဲရသည်။ ရှင်းအောင်ပြန်သော အခါ သူ့အသက်ကိုသတ်ခြင်းဟုပင်ဖြစ်သွားသည်။ အကြောင်း တစ်ခုခုကြောင့်သတ္တဝါ တစ်ကောင်ကောင် သေသွားသောအခါ ပါဏာတိပါတကံထိုက်၊ မထိုက်ဆုံးဖြတ်နိုင်ရန်အင်္ဂါ (၅)ချက်ရှိသည်။ယင်းတို့ မှာ-

–         သတ္တဝါတစ်ကောင်ကောင်ဖြစ်ခြင်း–       သတ္တဝါဟူသော အမှတ်သညာရှိခြင်း–       သေစေလိုသော စိတ်စေတနာရှိခြင်း–       သေဖို့ရန် ကိုယ်၊နူတ်တစ်ခုခုဖြင့်လုံ့လပြုခြင်း–       သေသွားခြင်း (ခုဒ္ဒက။ ဌ။၂၂)

တို့ဖြစ်ပေသည်။

ပါဏာတိပါတ၏ ဆိုးကျိုးများ

ပါဏာတိပါတ်၊ သူ့သက်သတ်က

ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်

အားအင်ချို့ယွင်း၊ လျှင်ခြင်းလည်းဝေး

ဘေးကိုကြောက်တတ်၊ အသတ်ခံရာ

အနာများလျက်၊ ချွေရံပျက်၍

အသက်တိုလျ၊ ပြစ်များစွသည်၊

ရှောင်ကအပြန် အကျိုးတည်း။

မှတ်ချက်။     ။မေတ္တာရှင်((ရွှေပြည်သာ)ဆရာတော်၏ သီလအစွမ်းအံ့မခန်းမှ ကောက်နူတ်ဖော်ပြသည်။

Ref: http://beyond-irrawaddy.blogspot.sg/2014/04/blog-post_13.html

ဆုကြီးပန်မှ မဟုတ်လျှင် ရတယ် – မိုးကုတ်ဆရာတော်ကြီး

mogok

☆ မိုးကုတ်ဆရာတော်ကြီးက သူ့ထံသို့ တရားအားထုတ်ရန် ချဉ်းကပ်လာသူတို့
အား မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခု ရှိသည်၊ အဲဒါက “ခင်ဗျား… ဆုကြီးပန်
လား”တဲ့၊

“တပည့်တော် ဆုကြီးပန် မဟုတ်ပါ ဘုရား” ဟူ၍ လျှောက်ထားလျှင် တရားရနိုင်
တဲ့ အင်္ဂါနှစ်ချက်ကို မိန့်တော်မူလေ့ရှိ၏ –

☆ “အေး…ဆုကြီးပန်မှ မဟုတ်လျှင် ပဉ္စာနန္တရိယကံသာ မထိုက်ခဲ့စေနဲ့၊ ရတယ်
ဗျ၊ ရတယ်ဗျ၊ “တရားရတယ်” ဆိုတာ အင်္ဂါ ၂-ချက်ညီရင် ရတာပဲ၊ ပေဋကောပဒေ
သမှာ ဆိုထားတယ်၊ ဥပရိပဏ္ဏါသ ပါဠိတော်မှာလဲ ဟောထားတာပဲ။

(၁) သစ္စာတရားကို နာကြားမှု၊
(၂) ခန္ဓာကိုယ်တွင်း၌ မှန်ကန်သွာ ဉာဏ်ဖြင့် နှလုံးသွင်းမှု၊
သည်နှစ်ချက်ပြည့်စုံရင် လုံလောက်ပြီ၊ ဒါ သာဝက အင်္ဂါပဲ …”

ဤသို့လျွှင် ရဲရဲကြီး မိန့်တော်မူလေ့ရှိ၏၊ ဆရာတော်ကလည်း အားကိုးသာဓကရှိ
၍ မိန့်တော်မူခြင်း ဖြစ်သည်။

☆ သာဝကအတွက် မှန်ကန်တဲ့ဉာဏ်အမြင်ရဖို့ရာ အကြောင်း(၂)မျိုးသာ ရှိ၏၊တစ်
မျိုးမှာ သစ္စာနှင့် စပ်သောတရား သူတစ်ပါးထံမှ နာကြားရခြင်း၊ နောက်တစ်မျိုးမှာ
ကိုယ်တွင်းသန္တာန်၌ မှန်ကန်သော နှလုံးသွင်းမှု(တရားရှုမှတ်မှု) ရှိခြင်း၊ ဤ၂-မျိုး
ပင်ဖြစ်သည်။

(၁) သစ္စာတရား နာကြားခြင်း၊
(၂) ဉာဏ်က ခန္ဓာပေါ်သို့ လှည့်၍ နှလုံးသွင်းခြင်း၊ ဤနှစ်ပါးပင် ဖြစ်သည်။

☆ “ပါရမီတွေ ပြည့်နေကြပြီ”☆
~~~~~~~~~~~~~~
☆ “လူတွေက ပြောတတ်ကြတယ်၊ “ပါရမီ” “ပါရမီ”နဲ့၊ပါရမီပြည့်မှ တရားရမှာပေါ့”
တဲ့၊ “တို့တော့ပါရမီ လိုပါသေးတယ်၊ တရားရမှာ မဟုတ်သေးပါဘူး”တဲ့၊ အလ
ကား နားမလည်ဘဲနဲ့ လျှောက်ပြောနေကြတာ”

☆ ဤသို့လျှင် မိုးကုတ်ဆရာတော်ကြီးက မိန့်တော်မူဖူးသည်၊ နားမလည်သူ
များ အတွက် သတိပေးတော်မူခြင်း ဖြစ်သည်။

☆ “ပါရမီ” ဆိုတာ ဘုရား အတွက် လိုတယ်၊ ပစ္စေကဗုဒ္ဓါအတွက် လိုတယ်၊ လက်
ယာတော်ရံ လက်ဝဲတော်ရံအတွက် လိုတယ်၊ အသီတိသာဝကတွေ အတွက်
လဲ လိုတယ်၊ ဒါတွေဟာ ဆုကြီးတွေပေါ့။

☆ အဲ … အဲဒီဆုကြီးတွေကို မမက်ဘူး၊ အဲဒီ ဆုကြီးတွေကို မပန်ဘူး ရိုးရိုးသာဝက
အဖြစ်နဲ့ နိဗ္ဗာန်ကိုယူမယ်ဆိုတဲ့သူတွေအတွက် ပါရမီတွေ နောက်ထပ်ဖြည့်ဖို့ မ
လိုဘူး၊ ပြည့်နေပြီ၊ အလုပ် လုပ်တော့”ဟူ၍ မိန့်တော်မူတတ်၏။

☆မိုးကုတ်ဆရာတော်ဘုရားကြီး☆
☆Buddhavasa Tiloka☆

Ref: https://www.facebook.com/Teachings-of-Buddha-388796167938122/

သီလဆိုတာ ဘာလဲ – ဒေါက်တာမင်းတင်မွန်

538px-Dharma_wheel_

☆သီလဆိုတာ ဘာလဲ။
★ ကိံသီလန္တိ စေတနာသီလံ စေတသိကံသီလံ သံဝရောသီလံ အဝီတိက္ကမော သီလန္တိ။ (ပဋိသမ္ဘိဒါမဂ်)
* စေတနာသည် သီလမည်၏။
*စေတသိက်သည် သီလမည်၏။
*ပိတ်ဆို့စောင့်ရှောက်ခြင်း သံဝရသည် သီလမည်၏။
*မလွန်ကျူးခြင်း အဝီတိက္ကမသည် သီလမည်၏။

☆အဘယ်အနက်သဘောကြောင့် သီလ ဟုခေါ်သနည်း။
★ ကာယကံ (ကာယဝိညတ်)၊ ဝစီကံ (ဝစီဝိညတ်) တို့ကို ဖရိုဖရဲမဖြစ်စေဘဲ သိမ်းသိမ်းဆည်းဆည်း ကောင်းစွာသိုထားခြင်းဟူသော သီလန အနက်သဘောရှိသည့်အတွက် သီလ ဟု ခေါ်၏။

☆သီလ၏ အကျိုးကား အဘယ်နည်း။
★ (၁) သီလနှင့် ပြည့်စုံသူသည် မမေ့မလျော့၊ မပေါ့မတန်ခြင်း အကြောင်းကြောင့် ကြီးစွာသော စည်းစိမ်အစုကို ရ၏။
(၂) သီလနှင့်ပြည့်စုံသူ၏ ကောင်းသော ကျော်ဇောသတင်းသည် ပြန့်နှံ့၍ တက်၏။
(၃) သီလနှင့် ပြည့်စုံသူသည် မည်သည့်ပရိသတ် (မင်း၊ သူကြွယ်၊ ရဟန်းစသည်) သို့မဆို ရဲရဲရင့်ရင့်၊ ကြောက်ရွံ့ခြင်းကင်းရှင်းစွာ ကျက်သရေမင်္ဂလာရှိသည့် ရွှင်လန်းသောမျက်နှာဖြင့် ချဉ်းကပ်ရ၏။
(၄) သီလရှိသူသည် မတွေမဝေ ကြည်ကြည်လင်လင် မိမိပြုထားသော ကုသိုလ်ကောင်းမှုတို့ကို ထင်မြင်၍ သေရ၏။
(၅) ကိုယ်ခန္ဓာပျက်ကြွေ၍ သေပြီးသည့်နောက်၌ ကောင်းမှုပြုသူတို့၏ လားရာဖြစ်သော နတ်ပြည်လောကသို့ မချွတ်ရောက်ရ၏။

ကျမ်းကိုး ။ ဒေါက်တာမင်းတင်မွန်၊ ဝိသုဒ္ဓိမဂ္ဂ အလင်းပြ၊ ပ တွဲ၊ အခန်း ၁၊ သီလနိဒ္ဒေသပိုင်း၊ စာမျက်နှာ ၃၁။

Ref: https://www.facebook.com/Teachings-of-Buddha-388796167938122/

ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိ၊ မြန်မာပြန်၊ အဓိပ္ပါယ်ဖွင့်ဆိုချက် ( ဒေါက်တာနန္ဒမာလာဘိဝံသ )

24 pyit see

၁။ ဟေတုပစ္စယ-
ဟေတုပစ္စယောတိ-
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရှုပါနံ
ဟေတုပစ္စယေနပစ္စယော။

ပါဠိအနက်-
ဟေတုပစ္စယော
ရေသောက်မြစ်လျှင် မြက်သစ်ပင်ကို စိမ်းရှင်ခက်များ ပင်စည်ထွားအောင်
ကြီးပွားစေမှု ကျေးဇူးပြုသို့ ဟေတုကြောင်းခံ ရုပ်နှင့်နာမ်ကို ရှင်သန်စေမှု
ကျေးဇူးပြုငြား ဟိတ် ၆ခြောက်ပါးလည်းကောင်း။

အဓိပ္ပါယ်နှင့်ဖွင့်ဆိုချက်-
အကျိုးတရားများခိုင်မြဲစေရန် အခြေအမြစ် အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော
တရားသည် “ဟေတုပစ္စည်း´´မည်၏။(ဟေတု-တည်ရှိရာ အခြေအမြစ်။
ပစ္စယော-အကျိုးတရားများဖြစ်စေ တည်ရှိစေသောအားဖြင့်ကျေးဇူးပြုခြင်း။)
ရေသောက်မြစ်သည် သစ်ပင်ကို ခိုင်ခန့်စွာတည်ရှိစေ၏။ ဟေတုပစ္စည်းခေါ်
ဟိတ် ၆-ပါးသည်လည်း အကျိုးတရားများကို ခိုင်ခန့်စွာ တည်ရှိစေ၏။

ဟိတ် ၆-ပါး
ဟေတုကို ဟိတ်ဟုမြန်မာမှုပြု၏။ အကျိုးတရားများ၏ဖြစ်တည်ရာ အကြောင်း
ဟုဆိုလို၏။ ဟိတ်သည် ၆-မျိုးရှိ၏။
၁။ လောဘ ( လိုချင်မှု၊ တွယ်တာမှု )
၂။ ဒေါသ ( မုန်းတီးမှု၊ အလိုမကျမှု )
၃။ မောဟ ( တွေဝေမှု၊ အမှန်မသိမှု )
၎။ အလောဘ ( စွန့်လွှတ်မှု )
၅။ အဒေါသ ( အကျိုးလိုလားမှု )
၆။ အမောဟ ( အမှန်မသိမှု )
ဤဟိတ် ၆-ပါးသည်စိတ်၌ဖြစ်ပေါ်တတ်သော (စေတသိတ်)တရားများဖြစ်၏။
ဤတရားတို့သည် မိမိတို့ဖြစ်ရာစိတ် ထိုစိတ်နှင့်အတူ ဖြစ်လာသော စေတသိတ်
ထိုစိတ်ကြောင့် ဖြစ်လာသော စိတ္တဇရုပ်ပဋိသန္ဓေဖြစ်ခိုက် သဟိတ်ပဋိသန္ဓေ ကမ္မဇ
ရုပ်များအားအမြစ်သဖွယ် ကျေးဇူးပြု၏။

ပစ္စည်း-ပစ္စယုပ္ပန်
(ပစ္စယ-ပစ္စည်း-အကြောင်းတရား)
(ပစ္စယုပ္ပန်-အကြောင်းတရားကြောင့်ဖြစ်ပေါ်လာသောတရား၊ အကျိုးတရား)
ပစ္စည်း ဟိတ် ၆-ပါး
ပစ္စယုပ္ပန် သဟိတ်စိတ် ၇၁၊ စေတသိတ် ၅၂၊ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ
ကမ္မဇရုပ်။

ကျေးဇူးပြုပုံ
ဟိတ် ၆-ပါး ပစ္စည်းတရားကဆိုင်ရာအကျိုးတရားများအား ကျေးဇူးပြုပုံဤသို့မှတ်အပ်၏။

လောဘ
တစ်ဦးတစ်ယောက်၏စိတ်၌ လိုချင်မှုတွယ်တာမှု လောဘဖြစ်နေအံ့။လောဘဖြစ်သည်နှင့်
တပြိုင်နက် လိုချင်မှုအကြောင်းခံသည့် အတွေးအကြံများ၊ ပြောဆိုပြုလုပ်မှုများဖြစ်လာ၏။
လောဘရှိနေသမျှလိုချင်စိတ်များ လိုချင်သည့်အရာကို ရရှိနိုင်ရန်ပြောဆိုပြုလုပ်မှုများ
ရှိနေမည်သာဖြစ်၏။ ဤ၌လိုချင်စိတ်များ ပြောဆိုပြုလုပ်မှုများ ရှင်သန်တည်ရှိနေအောင်
လောဘကဟေတုသတ္တိဖြင့် ကျေးဇူးပြုထားခြင်းဖြစ်၏။

ဒေါသ
အလိုမကျခြင်းမုန်းတီးခြင်း ဒေါသသည် စိတ်၌ဖြစ်အံ့၊ ဒေါသစိတ်ဖြင့် ကြံစည်ခြင်း၊ ပြောဆို
ပြုလုပ်ခြင်းများ ဖြစ်လာ၏။  ဒေါသရှိနေသမျှ မိမိ သူတစ်ပါးပျက်ဆီးရာပျက်ဆီးကြောင်း စိတ်
ကူးကြံစည်မှုများ ပြောဆိုပြုလုပ်မှုများ တည်တံ့ဖြစ်ပွားရှင်သန်နေမည်သာဖြစ်၏။

မောဟ
တွေဝေခြင်း၊ အမှန်ကိုမသိမြင်ခြင်း မောဟသည်ဖြစ်လာအံ့။ အကြောင်းအကျိုးကို မသိမြင်ခြင်း
ပြောဆိုပြုလုပ်ခြင်းများ ဖြစ်ပေါ်ရှင်သန်နေ၏။

အလောဘ
တဖန်တွယ်တာမှုမရှိခြင်း စွန့်လွှတ်ခြင်း အလောဘဖြစ်လာအံ့၊ လှူဒါန်းပေးကမ်းရန် ကြံစည်စိတ်
ကူးခြင်း ပြောဆိုပြုလုပ်ခြင်းများ ဖြစ်ပေါ်ရှင်သန်နေ၏။

အဒေါသ
အုန်းမပွား မေတ္တာထားခြင်း သူတစ်ပါးအကျိုးကိုလိုလားခြင်း၊ အဒေါသဖြစ်လာအံ့။ အများအကျိုးရှိရာ
ရှိကြောင်း ကြံစည်ခြင်း ပြောဆိုပြုလုပ်ခြင်းများ ဖြစ်ပေါ်ရှင်သန်နေ၏။

အမောဟ
မတွေဝေခြင်း၊ အမှန်ကိုသိမြင်ခြင်း အမောဟသည်ဖြစ်လာအံ့။ အကြောင်းအကျိုးကို သိမြင်ခြင်း
ပြောဆိုပြုလုပ်ခြင်းများ ဖြစ်ပေါ်ရှင်သန်နေ၏။
ဤသို့လျှင်ဟိတ်ခြောက်ပါးတို့သည် မိမိတို့ကိုအခြေခံသည့် စိတ်ကူးကြံစည်မှုများ ( ယှဉ်ဖက်
စိတ်စေတသိတ်များ၊ ပြောဆိုပြုလုပ်မှုများ (စိတ္တဇရုပ်များ)ကို ဖြစ်ပွားစေပြီး ရှင်သန်တည်တံ့နေအောင်
ကျေးဇူးပြုကြပေသည်။ အကျိုးတရားများအခြေခိုင်အောင် ရှင်သန်တည်တံ့နေအောင် စွမ်းဆောင်နိုင်
သောဤဟိတ် ၆-ပါး၏ သတ္တိထူးကိုပင် ဟေတုပစ္စည်း၏ သတ္တိထူးဟု ဟောတော်မှုခြင်းဖြစ်၏။
————————————————
၂။ အာရမ္မဏပစ္စယ
အာရမ္မဏပစ္စယောတိ-

ရူပါယတနံ၊ စက္ခုဝိညာဏ ဓာတုယာ၊တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံအာရမ္မဏ ပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ

အာရမ္မဏ ပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ၊ ဃာနဝိညာဏ ဓာတု ယာ ၊ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ

အာရမ္မဏ ပစ္စယေနပစ္စယော။

ရသာယတနံ၊ ဇိဝှာဝိညာဏဓာတုယာ၊ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ

အာရမ္မဏပစ္စယေနပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ၊ တံသမ္ပယုတ္တကာနဉ္စ

ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။

ရူပါယတနံ၊ သဒ္ဒါယတနံ၊ဂန္ဓာယတနံ၊ ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ

မနောဓာတုယာ၊ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန

ပစ္စယော။

သဗ္ဗေဓမ္မာ မနောဝိညာဏဓာတုယာ၊ တံသမ္ပယုတ္တကာနဉ္စ၊ ဓမ္မာနံ

အာရမ္မဏ ပစ္စယေန ပစ္စယော၊။

ယံယံဓမ္မံ အာရဗ္ဘ ယေယေ ဓမ္မာ ဥပ္ပဇ္ဗန္တိ ၊ စိတ္တ စေတသိကာ၊

ဓမ္မာ၊ တေတေဓမ္မာ တေသံ တေသံ ဓမ္မာနံ အာရမ္မဏ ပစ္စယေန

ပစ္စယော။

ပါဠိအနက်
အာရမ္မဏပစ္စယော
တောင်ဝှေးကျိုးတန်း ဆွဲကိုင်လှမ်းလျက် မစွမ်းလူမှာ ထရရှာသို့၊ ခုနှစ်ဖြာမှတ်၊ ၀ိဥာဏ်ဓါတ်တို့၊ စွဲမှတ်မြှော်ရှု၊
မှီရာမှုဖြင့်၊ ကျေးဇူးပြုငြား၊ အာရုံခြောက်ပါး၊ ပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်နှင့်ဖွင့်ဆိုချက်
အကျိုးတရား၏အားပြုမှီတွယ်ရာ ပျော်မွေ့ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားသည် “အာရမ္မဏပစ္စည်း´´
မည်၏။

အာရုံ ၆-မျိုး
စိတ်စေတသိတ်များသည် ပျော်မွေ့ရာ မှီတွယ်ရာအာရုံနှင့်ကင်း၍ မဖြစ်နိုင်ကြ၊ အာရုံတစ်မျိုးမျိုးကို မှီတွယ်အားပြု
ကြရမှသာ ဖြစ်နိုင်ကြ၏။
စိတ်၏ပျော်မွေ့ရာ မှီတွယ်ရာအာရုံသည် ၆-မျိုးရှိ၏။ ၆-မျိုးမှာ-
၁။ ရှုပါရုံ (အဆင်း)
၂။ သဒ္ဒါရုံ ( အသံ )
၃။ ဂန္ဓရုံ ( အနံ့)
၎။ ရသာရုံ ( အရသာ )
၅။ ဖောဋ္ဌဗ္ဗရုံ ( အတွေ့ )
၆။ ဓမ္မာရုံ ( ကြံသိအာရုံ )တို့ဖြစ်၏။ ဓမ္မာရုံဟူရာ၌ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကာယအကြည်ရုပ်များ၊ ထိုအကြည်ရုပ်
များတွင် ထင်လာခြင်းမရှိသော ရုပ်များ၊ စိတ်အားလုံး၊ စေတသိတ်အားလုံး၊ နိဗ္ဗာန်ပညတ်များ ပါဝင်၏။ ပသာဒရုပ်များ
တွင်ထင်လာခြင်းမရှိဘဲ စိတ်ဖြင့် ကြံတွေးသိရသော အာရုံမျိုး ထူးခြားသောဥာဏ်ဖြင့်သာ သိရသော အာရုံမျိုးကို ဓမ္ထာရုံ
ဟုခေါ်မှတ်။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း အာရုံ ၆ ပါး။
ပစ္စယုပ္ပန် စိတ်၈၉၊ စေတသိတ် ၅၂။

ကျေးဇူးပြုပုံ
မျက်စိဖြင့်မြင်ရသော အဆင်းအာရုံကိုမှီတွယ်၍ မြင်သိစိတ်များ ဖြစ်ကြ၏။ ဤ၌ မြင်သိစိတ်ကို အဆင်းအာရုံကမှီတွယ်ရာ
အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။ ထို့အတူနားဖြင့်ကြားရသော အသံအာရုံကို မှီတွယ်၍ နံသိစိတ်များဖြစ်ကြ၏။ လျာဖြင့်
လျက်ရသော အရသာအာရုံကိုမှီတွယ်၍ လျက်သိစိတ်များ ဖြစ်ကြ၏။ ဤသို့လျှင်အာရုံ ၆-မျိုးသည် ကြံစည်စိတ်ကူးမှုခေါ်
စိတ်စေတသိတ်များအား မှီတွယ်ရာအာရုံအဖြစ်ဖြင့်ကျေးဇူးပြုကြ၏။
စိတ်စေတသိတ်များအား မှီတွယ်ရာအဖြစ် ကျေးဇူးပြုတတ်သော အာရုံ ၆-ပါး၏ စွမ်းဆောင်မှုသတ္တိကိုပင် အာရမ္မဏပစ္စည်း
၏ သတ္တိထူးဟု ဟောတော်မှုခြင်းဖြစ်သည်။
————————————————–

၃။အဓိပတိပစ္စယောတိ-

ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိ ပစ္စယေန ပစ္စယော။

ဝီရီယာဓီပတိ ဝီရီယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေနပစ္စယော။

စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာန့ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ

အဓိပတိပစ္စယေနပစ္စယော။

ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ

အဓိပတိပစ္စယေန ပစ္စယော။

ယံ ယံ ဓမ္မံ ဂရုကတွာ ယေယေဓမ္မာဥပ္ပဇ္ဇန္တိ စိတ္တ စေတသိကာ ဓမ္မာ

တေတေဓမ္မာ တေသံတေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။

၃။ အဓိပတိပစ္စည်း

ပါဠိအနက်
၃။ အဓိပတိပစ္စယော
အတူဖြစ်ပြန်ရုပ်နှင့်နာမ်ကို ဧကန်လွှမ်းမိုးကြီးစိုးနိုင်ဘိ အဓိပတိတရားစိတ်စေများ၏ အလေးထားသမှု အာရုံပြုပြန်
ရုပ်နိဗ္ဗာန်နှင့် နိဗ္ဗာန်ခေါ်ရိုး အာရုံမျိုး၏ ကြီးစိုးသမှု ကျေးဇူးပြုငြား အဓိပတိပစ္စည်းတရား လည်းကောင်း။

၃။ အဓိပတိပစ္စည်း
လွှမ်းမိုးကြီးစိုးသောအားဖြင့် ကျေးဇူးပြုတတ်သောအကြောင်းတရားသည် အဓိပတိပစ္စည်းမည်၏။

အဓိပတိပစ္စည်းနှစ်မျိုး
၁။ သဟဇာတာဓိပတိ
၂။ အာရမ္မဏာဓိပတိ ဟူ၍ ၂-မျိုးရှိ၏။ ထိုတွင်-

၁။ အတူဖြစ်ဖက်တရားများတွင်လွှမ်းမိုးကြီးစိုးတတ်သော ဆန္ဒ၊ ကြီးမားကြံခိုင်သော ၀ီရိယ၊ ထက်မြက်သော ၀ီမံသ
(ပညာ)၊ ခိုင်မာသောစိတ်၊ ဤ အဓိပတိတရား ၄-ပါးတို့သည် သဟဇာတာဓိပတိမည်၏။

၂။ တွယ်တာစွဲမက် နှစ်သက်စရာ အာရုံနှင့် လေးနက်သိမ်မွေ့သောအာရုံတို့သည် အာရမ္မဏာဓိပတိမည်၏။

ပစ္စည်း ပစ္စယုပ္ပန်
သဟဇာတာဓိပတိ
ပစ္စည်း အဓိပတိ ၄-ပါးမှ တစ်ပါးပါး
ပစ္စယုပ္ပန် သာဓိပတိဇော ၅၂
ဝိစိကိစ္ဆာမှတပါး စေတသိတ် ၅၁၊
သာဓိပတိစိတ္တဇရုပ်၊

အာရမ္မဏာဓိပတိ
(၁)
ပစ္စည်း လောကီစိတ်(ဒေါသမူ၊မောဟမူ၊ဒုက္ခသဟဂုတ်ကာယ၀ိညာဉ်မှတစ်ပါး) ၇၆၊
စေတသိတ် ၄၇၊ က္ကုဋ္ဌပ္ဖန္နရုပ် ၁၈၊

ပစ္စယုပ္ပန်
လောဘမူစိတ် ၈-ခု၊ စေတသိတ် ၂၂၊

(၂)
ပစ္စည်း လောကီကုသိုလ်စိတ် ၁၇၊
ပစ္စယုပ္ပ မဟာကုသိုလ်စိ ၈၊ စေတသိတ် ( ၀ီရတီ အပ္ပမညာမှတစ်ပါး) ၃၃၊

(၃)
ပစ္စည်း  လောကုတ္တရာစိတ် ၈-နိဗ္ဗာန်
ပစ္စယုပ္ပန် မဟာကုသိုလ် မဟာကြိယာ ဥာဏသမ္ပယုတ်စိတ် ၈၊

(၄)
ပစ္စည်း   နိဗ္ဗာန်
ပစ္စယုပ္ပန်  လောကုတ္တရာစိတ် ၈-ခု

ကျေးဇူးပြုပုံ
ထက်သန်သောဆန္ဒ မိမိစိတ်၌ဖြစ်လာအံ့၊ ထိုဆန္ဒသည် မိမိ၏ စိတ်ကူးတွေးတောမှုမှန်သမျှ၊
ပြောဆိုပြုလုပ်မှုမှန်သမျှကို လွှမ်းမိုးကြီးစိုးထား၏။ ထို့အတူ ကြီးမားကြံ့ခိုင်သော ၀ီရီယ၊
ထက်မြက်သော ၀ီမံသ၊ ခိုင်မာသော စိတ်များသည် စိတ်ကူးတွေးတောမှုမှန်သမျှ၊ ပြောဆိုပြုလုပ်မှု
မှန်သမျှကို လွှမ်းမိုးကြီးစိုးထား၏။ ထို့ပြင်စွဲမက်စရာ နှစ်သက်စရာ အာရုံများသည် အလေးအနက်
ထားတတ်သောစိတ်များကို လွှမ်းမိုးကြီးစိုးလျက်ဖြစ်၏။
ဤသို့လျှင် လွှမ်းမိုးကြီးစိုးလျက်ကျေးဇူးပြုတတ်သော အဓိပတိတရား ၄-ပါးနှင့် စွဲမက်ဖွယ် အလေး
အနက်ပြုဖွယ် အာရုံတို့၏ စွမ်းဆောင်မှုသတ္တိကိုပင် အဓိပတိပစ္စည်း၏ သတ္တိထူးဟု မှတ်အပ်၏။
————————————-
၎။အနန္တရ ပစ္စယောတိ-
စက္ခုဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပ
ယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
မနောဓာတုယာ တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏ ဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
သောတဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ဇိဝှာဝိညာဏဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဓာတုယာ တံသမ္ပ
ယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
မနော ဓာတု တံသမ္ပယုတ္တာကာစဓမ္မာ မနောဝိညာဏ ဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ကာယဝိညာဏ ဓာတု တံသမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေနပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ ဓမ္မာ မနောဝိညာဏဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ ကုသလာနံ
ဓမ္မာနံ အနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ အဗျာကတာနံ
ဓမ္မာနံ အနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ အကုသလာနံ
ဓမ္မာနံ အနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ အဗျာကတာနံ
ဓမ္မာနံ အနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ အဗျာကတာနံ
ဓမ္မာနံ အနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ ကုသလာနံ
ဓမ္မာနံ အနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ အကုသလာနံ
ဓမ္မာနံ အနန္တရ ပစ္စယေနပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ၊ယေယေဓဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တ
စေတသိကာ ဓမ္မာ တေတေဓမ္မာ တေသံ တေသံ ဓမ္မာနံ
အနန္တရ ပစ္စယေန ပစ္စယော။

ပါဠိအနက်
အနန္တရပစ္စယော
ရှေ့ဖြစ်ချုပ်ငြား နာမ်တရားက နောက်ပါးဖြစ်မှု နာမ်အစုအား
ခွင့်ပြုအနေ မသွေစိတ္တ နိယာမဖြင့် ဓမ္မတစ်ပါး ကွယ်ခြားကင်းမှု
ကျေးဇူးပြုငြား အနန္တရပစ္စည်းလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
မိမိ၏အခြားမဲ့၌ အခြားအကွယ်မရှိစေဘဲ ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် အနန္တရပစ္စည်းမည်၏။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း
ရှေ့ရှေ့ဖြစ်သော စိတ် ၈၉၊
စေတသိတ် ၅၂၊

ပစ္စယုပ္ပန်
နောက်နောက်ဖြစ်သော စိတ်၈၉၊
စေတသိတ် ၅၂၊

ကျေးဇူးပြုပုံ
သတ္တ၀ါတို့သန္တာန်၌ စိတ်စေတသိတ်တို့သည် အာရုံတစ်မျိုးမျိုးကို
မှီလျက် စိတ်ဖြစ်စဉ် (စိတ္တ၀ီထိ) တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ်
ဖြစ်ပေါ်လျက်ရှိ၏။ စိတ္တနိယာမအတိုင်း ရှေ့ရှေ့စိတ်များချုပ်ပြီးသည်
နှင့် နောက်နောက်စိတ်များ ဆက်တိုက်ဖြစ်လာ၏။ ထိုသို့ဖြစ်ရာ၌
ရှေ့စိတ်နှင့်နောက်စိတ်တို့၏အကြား တရားဓမ္မတစ်မျိုးခြားကွယ်ခြင်
မရှိ၊ ခြားကွယ်ခြင်းမရှိစေဘဲဖြစ်သည်ကိုပင် အနန္တရဟုဆိုသည်။
ရှေ့ရှေ့စိတ်ချုပ်၍ ဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက် နောက်နောက်စိတ်
များကို ဖြစ်ခွင့်ပေးခြငိးအားဖြင့် ကျေးဇူးပြုကြ၏။

စက္ခုဒွါရ၀ီထိ
မျက်စိနှင့်အဆင်းအာရုံတို့ဆုံမိကြသောအခါ လက်ရှိစိတ်အစဉ်၏
အလွန်လျင်မြန်မှုကြောင့် ဘ၀င်စိတ်တစ်ကြိမ်ကျော်လွန်သွား၏။
ဝတ္ထုအာရုံထိခိုက်မှုအစွမ်းကြောင့် ဘ၀င်နှစ်ကြိမ်ဖြစ်ကာ လှုပ်ရှား
ပြီးပြတ်တောက်သွား၏။
ထို့နောက်အာရုံအသစ်သို့ သီးလှည့်ပေးသော အာဝဇ္ဇန်းစိတ်၊
အဆင်းအာရုံကိုမြင်သော စက္ခုဝိညာဉ်စိတ်၊ အာရုံအသစ်ကို
လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ်၊ စုံစမ်းသော သန္တီရဏစိတ်၊ ပိုင်းခြား
မှတ်သားသော ၀ုဋ္ဌောစိတ်၊ အာရုံသဘာဝကို သိရှိခံစားသော
ဇောစိတ် ၇-ကြိမ်နှင့် ထိုဇောစိတ်၏ အာရုံကိုထပ်မံရယူသော တဒါရုံ
စိတ်နှစ်ကြိမ်ဖြစ်၏။ ဤတွင်အသစ်ဝင်လာသော အဆင်းအာရုံ၏
သက်တမ်းသည် တစ်ကြိမ်ကုန်ဆုံးသွား၏။

ဝီထိပုံစံ
“ဘ ဘ ဘ ပ စ သံ တီ ၀ု ဇ ဇ ဇ ဇ ဇ ဇ ဇ ရုံ ရုံ“
( ဘ- ဘ၀င်၊ ပ-ပဉ္စဒွါရ၀ဇ္ဖန်း၊ စ-စက္ခုဝိညာဏ်၊ သံ- သမ္ပဋိစ္ဆိုင်း၊
တီ- သန္တီရဏ၊ ၀ု-၀ုဋ္ဌော၊ ဇော- ဇော၊ ရုံ- တဒါရုံ)
ဤ၌ ပထမဘ၀င်စိတ်သည် ဒုတိယဘ၀င်စိတ်အား၊ ဒုတိယဘ၀င်
စိတ်သည် တတိယဘ၀င်စိတ်အား၊ တတိယဘ၀င်စိတ်သည် ပဉ္စဒွါရ
ဝဇ္ဇန်းအား ဤသို့စသည်ဖြင့် ရှေ့ရှေ့စိတ်များက နောက်နောက်စိတ်များ
အား အနန္တရသတ္တိဖြင့်ကျေးဇူးပြု၏။
ရှေ့ရှေ့စိတ်သည် မိမိချုပ်ခြင်းဖြင့် နောက်နောက်စိတ်ဖြစ်ရန် လမ်းဖွင့်ပေး
သည်။ မိမိ၏အခြားမဲ့၌ နောက်စိတ်ဖြစ်လာအောင် ကျေးဇူးပြုပေးသော
ရှေ့စိတ်၏ စွမ်းဆောင်မှုသတ္တိထူးဟု ဟောတော်မှု၏။
———————————————-
၅။သမနန္တရပစ္စယောတိ-
စက္ခုဝိညာဏဓာတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပ
ယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။
မနောဓာတုယာ တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏ ဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
သောတဝိညာဏ ဓာတုယာ တံသမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
ဃာနဝိညာဏဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဝိညာဏ ဓာတုယာ တံ
သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
ဇိဝှာဝိညာဏဓာတု တံသမ္ပယုတ္တကာစ ဓမ္မာ မနောဓာတုယာ တံသမ္ပ
ယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
မနော ဓာတု တံသမ္ပယုတ္တာကာစဓမ္မာ မနောဝိညာဏ ဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
ကာယဝိညာဏ ဓာတု တံသမ္ပယုတ္တကာစဓမ္မာ မနောဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေနပစ္စယော။
မနောဓာတု တံသမ္ပယုတ္တကာ ဓမ္မာ မနောဝိညာဏဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ သမနန္တရ ပစ္စယေန ပစ္စယော။
ပုရိမာပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ ကုသလာနံ
ဓမ္မာနံ သမနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ ကုသလာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ အဗျာကတာနံ
ဓမ္မာနံ သမနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ အကုသလာနံ
ဓမ္မာနံ သမနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ အကုသလာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ အဗျာကတာနံ
ဓမ္မာနံ သမနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ အဗျာကတာနံ
ဓမ္မာနံ သမနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ ကုသလာနံ
ဓမ္မာနံ သမနန္တရ ပစ္စယေနပစ္စယော။
ပုရိမာပုရိမာ အဗျာကတာဓမ္မာ ပစ္ဆိမာနံပစ္ဆိမာနံ အကုသလာနံ
ဓမ္မာနံ သမနန္တရ ပစ္စယေနပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ၊ ယေယေဓဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တ
စေတသိကာ ဓမ္မာ တေတေဓမ္မာ တေသံ တေသံ ဓမ္မာနံ
သမနန္တရ ပစ္စယေန ပစ္စယော။

ပါဠိအနက်
သမနန္တရပစ္စည်း
သမနန္တရပစ္စယော
ရှေ့နောက်နှစ်ရပ် ကြားမညှပ်လာ ခြားမဲ့သာလျှင် ရှေ့မှာချုပ်ငြား ဧကန်ဖြစ်ဖို့
ကွယ်ရစ်သမှု ကျေးဇူးပြုငြား သမနန္တရပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
လုံးဝအခြားအကွယ်မရှိကျေးဇူးပြုတတ်သော အကြောင်းတရားသည်
သမနန္တရပစ္စည်းမည်၏။
ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း
ရှေ့ရှေ့ဖြစ်သော စိတ် ၈၉၊
စေတသိတ် ၅၂၊

ပစ္စယုပ္ပန်
နောက်နောက်ဖြစ်သော စိတ်၈၉၊
စေတသိတ် ၅၂၊

ကျေးဇူးပြုပုံ
သတ္တ၀ါတို့သန္တာန်၌ စိတ်စေတသိတ်တို့သည် အာရုံတစ်မျိုးမျိုးကို
မှီလျက် စိတ်ဖြစ်စဉ် (စိတ္တ၀ီထိ) တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ်
ဖြစ်ပေါ်လျက်ရှိ၏။ စိတ္တနိယာမအတိုင်း ရှေ့ရှေ့စိတ်များချုပ်ပြီးသည်
နှင့် နောက်နောက်စိတ်များ ဆက်တိုက်ဖြစ်လာ၏။ ထိုသို့ဖြစ်ရာ၌
ရှေ့စိတ်နှင့်နောက်စိတ်တို့၏အကြား တရားဓမ္မတစ်မျိုးခြားကွယ်ခြင်
မရှိ၊ ခြားကွယ်ခြင်းမရှိစေဘဲဖြစ်သည်ကိုပင် သမနန္တရဟုဆိုသည်။
ရှေ့ရှေ့စိတ်ချုပ်၍ ဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက် နောက်နောက်စိတ်
များကို ဖြစ်ခွင့်ပေးခြင်းအားဖြင့် ကျေးဇူးပြုကြ၏။

စက္ခုဒွါရ၀ီထိ
မျက်စိနှင့်အဆင်းအာရုံတို့ဆုံမိကြသောအခါ လက်ရှိစိတ်အစဉ်၏
အလွန်လျင်မြန်မှုကြောင့် ဘ၀င်စိတ်တစ်ကြိမ်ကျော်လွန်သွား၏။
ဝတ္ထုအာရုံထိခိုက်မှုအစွမ်းကြောင့် ဘ၀င်နှစ်ကြိမ်ဖြစ်ကာ လှုပ်ရှား
ပြီးပြတ်တောက်သွား၏။
ထို့နောက်အာရုံအသစ်သို့ သီးလှည့်ပေးသော အာဝဇ္ဇန်းစိတ်၊
အဆင်းအာရုံကိုမြင်သော စက္ခုဝိညာဉ်စိတ်၊ အာရုံအသစ်ကို
လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ်၊ စုံစမ်းသော သန္တီရဏစိတ်၊ ပိုင်းခြား
မှတ်သားသော ၀ုဋ္ဌောစိတ်၊ အာရုံသဘာဝကို သိရှိခံစားသော
ဇောစိတ် ၇-ကြိမ်နှင့် ထိုဇောစိတ်၏ အာရုံကိုထပ်မံရယူသော တဒါရုံ
စိတ်နှစ်ကြိမ်ဖြစ်၏။ ဤတွင်အသစ်ဝင်လာသော အဆင်းအာရုံ၏
သက်တမ်းသည် တစ်ကြိမ်ကုန်ဆုံးသွား၏။

ဝီထိပုံစံ
“ဘ ဘ ဘ ပ စ သံ တီ ၀ု ဇ ဇ ဇ ဇ ဇ ဇ ဇ ရုံ ရုံ“
( ဘ- ဘ၀င်၊ ပ-ပဉ္စဒွါရ၀ဇ္ဖန်း၊ စ-စက္ခုဝိညာဏ်၊ သံ- သမ္ပဋိစ္ဆိုင်း၊
တီ- သန္တီရဏ၊ ၀ု-၀ုဋ္ဌော၊ ဇော- ဇော၊ ရုံ- တဒါရုံ)
ဤ၌ ပထမဘ၀င်စိတ်သည် ဒုတိယဘ၀င်စိတ်အား၊ ဒုတိယဘ၀င်
စိတ်သည် တတိယဘ၀င်စိတ်အား၊ တတိယဘ၀င်စိတ်သည် ပဉ္စဒွါရ
ဝဇ္ဇန်းအား ဤသို့စသည်ဖြင့် ရှေ့ရှေ့စိတ်များက နောက်နောက်စိတ်များ
အား သမနန္တရသတ္တိဖြင့်ကျေးဇူးပြု၏။
ရှေ့ရှေ့စိတ်သည် မိမိချုပ်ခြင်းဖြင့် နောက်နောက်စိတ်ဖြစ်ရန် လမ်းဖွင့်ပေး
သည်။ မိမိ၏အခြားမဲ့၌ နောက်စိတ်ဖြစ်လာအောင် ကျေးဇူးပြုပေးသော
ရှေ့စိတ်၏ စွမ်းဆောင်မှုသတ္တိထူးဟု ဟောတော်မှု၏။

မှတ်ချက်။     ။ သမနန္တရပစ္စည်းသည် အနန္တရပစ္စည်းနှင့်အမည်မျှသာကွဲ၍
ဓမ္မအားဖြင့် လုံးဝတူ၏။ ဝေနေယျဇ္ဈသယအားဖြင့် ၂-မျိုးခွဲထားသည်ဟု
မှတ်ရ၏။
————————————-

၆။သဟဇာ တပစ္စယောတိ-
စတ္တာရော ခန္ဓာ အရူပိနော၊အညမညံ သဟဇာတပစ္စယေနပစ္စယော။
စတ္တာရောမဟာဘူတာ ၊အညမညံ သဟဇာတ ပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စိတ္တစေတသိကာဓမ္မာ၊စိတ္တသမုဋ္ဌာနံ၊ရူပါနံ၊သဟဇာတ၊ ပစ္စယေနပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတ ပစ္စယေနပစ္စယော။
ရူပိနောဓမ္မာ၊ အရူပီနံ၊ဓမ္မာနံ ၊
ကိဉ္စိကာလေ သဟဇာတ ပစ္စယေန ပစ္စယော၊
ကိဉ္စိကာလေ န သဟဇာတ ပစ္စယေန ပစ္စယော။

ပါဠိအနက်
၆။သဟဇာတပစ္စယော
ဆီမီးအလင်း မယွင်းခဏ ပြိုင်တူကျသို့ တကွဖြစ်ပြန် ရုပ်နှင့်နာမ်တို့
ဧကန်စစ် ပြိုင်တူဖြစ်လျက် တည်ရစ်စေမှု ကျေးဇူးပြုငြား သဟဇာတ
ပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၆။ ဟသဇာတပစ္စည်း
အတူတကွဖြစ်လျက် ကျေးဇူးပြုတတ်သော အကြောင်းတရားသည်
သဟဇာတပစ္စည်းမည်၏။
ဆီမီးသည်မိမိဖြစ်လာသည်နှင့်တပြိုင်နက် အလင်းရောင်ကိုဖြစ်စေသကဲ့သို့
စိတ် စေတသိတ်နှင့်ရုပ်တရားများသည် မိမိတို့ဖြစ်လာသည်နှင့်တပြိုင်နက်
ကျေးဇူးပြုကြ၏။

ပစ္စည်းပစ္စယုပ္ပန်
ပစ္စည်း (၁) စိတ် ၈၉၊ စေတသိတ် ၅၂၊
(၂) မဟာဘုတ် ၄၊
(၃) ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ၊ ဟဒယ၀တ္ထု၊
ပစ္စယုပ္ပန် (၁) စိတ် ၈၉၊ စေတသိတ် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊
(၂) မဟာဘုတ် ၊ ဥပါဒါရုပ်၊
(၃) ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ၊ ဟဒယ၀တ္ထု၊

ကျေးဇူးပြုပုံ
စိတ်တစ်ခုဖြစ်လာသောအခါ ယှဉ်ဖက်စေတသိတ်များနှင့်အတူတကွ ဖြစ်လာ
ကြ၏။ အတူတကွ ဖြစ်ကြသော စိတ် စေတသိတ်တို့သည် အချင်းချင်းအပြန်အလှန်
ကျေးဇူးပြုကြ၏။ တဖန် ထို စိတ်စေတသိတ်များသည် အတူတကွဖြစ်ကြသော စိတ္တဇ
ရုပ် ပဋိသန္ဓေကမ္မဇရုပ်တို့အား ကျေးဇူးပြုကြ၏။
မဟာဘုတ် ၄-ပါးသည် မိမိတို့အချင်းချင်းနှင့် ဥပါဒါရုပ်များအား အတူတကွဖြစ်ကာ
ကျေးဇူးပြုကြ၏။ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာနှင့် ဟဒယ၀တ္တုရုပ်တို့သည် အတူ
တကွဖြစ်လျက်  အပြန်အလှန် ကျေးဇူးပြုကြ၏။ သို့ရာတွင်ဟဒယ၀တ္ထုရုပ်သည်
ပဋိသန္ဓေအခိုက်သာ အတူတကွဖြစ်လျက် နာမ်တရားအားကျေးဇူးပြု၍ ပ၀တ္တိအခါ၌မှု
ထိုသို့ ကျေးဇူးမပြုချေ။
ဤသို့ အတူတကွဖြစ်လျက် ကျေးဇူးပြုတတ်သောအကြောင်းတရားများ၏ သတ္တိကိုပင်
သဟဇာတပစ္စည်း၏ သတ္တိထူးဟု ဟောတော်မှု၏။
——————————————————–
၇။အညမညပစ္စယောတိ-
စတ္တာရော ခန္ဓာ၊ အရူပိနော အညမညပစ္စယေန ပစ္စယော။
စတ္တာရောမဟာ မဟာဘူတာ အညမညပစ္စယေန ပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။

ပါဠိအနက်
အညမညပစ္စယော
သစ်သားသုံးခွ ချင်းချင်းမလျက် တည်ကြသည့်ဟန် ပြန်လှန်တည်မှု
ကျေးဇူးပြုငြား အညမညပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
အပြန်အလှန်အထောက်အကူပြုလျက် ကျေးဇူးပြုတတ်သော အကြောင်း
တရားသည် အညမညပစ္စည်းမည်၏။

ပစ္စည်းပစ္စယုပ္ပန်
ပစ္စည်း      (၁)  စိတ် ၈၉၊ စေတသိတ် ၅၂၊
(၂) မဟာဘုတ် ၄၊
(၃) ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊ ဟဒယ၀တ္ထု၊
ပစ္စယုပ္ပန်    (၁)  စိတ် ၈၉၊ စေတသိတ် ၅၂၊
(၂) မဟာဘုတ် ၄၊
(၃) ဟဒယ၀တ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊

ကျေးဇူးပြုပုံ
သုံးချောင်းထောက်ခုံ၏ ခြေထောက်သုံးချောင်းသည် တကွဖြစ်လျက်
အပြန်အလှန် အထောက်အကူပြုကြ၏။ ထို့အတူ စိတ်စေတသိတ် အချင်းချင်း
မဟာဘုတ်အချင်းချင်း ပဋိသန္ဓေခဏ နာမ်ရုပ်အချင်းချင်း အတူတကွဖြစ်ကာ
အပြန်အလှန်အထောက်အကူ ပြကြ၏။
ဤသို့အတူတကွဖြစ်သော  အပြန်အလှန်အထောက်အကူပြုတတ်သော
အကြောင်းတရား၏ သတ္တိကိုပင် အညမညပစ္စည်း၏ သတ္တိဟု ဟောတော်မှု၏။
——————————————-
၈။ နိဿယပစ္စယောတိ-
စတ္တာရော ခန္ဓာ အရူပိနော အညမညံ
နိဿယ ပစ္စယေနပစ္စယော။
စတ္တာရောမဟာ မဟာဘူတာ အညမညံ
နိဿဝပစ္စယေနပစ္စယော။
သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ
နိဿယပစ္စယေန ပစ္စယော။
စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ
နိဿယ ပစ္စယေနပစ္စယော။
မဟာဘူတာ ဥပါဒါရူပါနံ
နိဿယ ပစ္စယေန ပစ္စယော။
စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။
သောတာယတနံ သောတဝိညာဏဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။
ဃာနာယတနံ ဃနဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။
ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။
ကာယာယတနံ ကာယဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။
ယံရူပံ နိဿာယ မနောဓာတုစ
မနောဝိညာဏ ဓာတုစ ဝတ္တန္တိ ၊
တံရူပံ၊ မနောဓာတုယာစ၊ မနောဝိညာဏဓာတုယာစ၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
နိဿယ ပစ္စယေန ပစ္စယော။

ပါဠိအနက်
နိဿယပစ္စယော
မြေသည်သစ်ပင် အစဉ်မကွာ တည်ရာဖြစ်မှု ကျေးဇူးပြုသို့
တစ်ခုတုံမှတ် ပုံကားချပ်လည်း သပ်ရပ်စုံစွာ ရုပ်ပုံလွှာ၏၊
တည်ရာဖြစ်မှု ကျေးဇူးပြုငြား နိဿယပစ္စည်းတရား
လည်းကောင်း။

အဓိပ္ပါယ်ရှင်းလင်းချက်
၈။ နိဿယပစ္စည်း
တည်ရာမှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော အကြောင်းတရားသည်
နိဿယပစ္စည်းမည်၏။

နိဿယပစ္စည်း (၂)မျိုး
နိဿယပစ္စည်းသည်-
(၁) သဟဇာတနိဿယ
(၂) ပုရေဇာတနိဿယ ဟူ၍ ၂-မျိုးရှိ၏။
ထိုတွင်အတူတကွဖြစ်ပြီး တည်ရာမှီရာအဖြစ်ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် သဟဇာတနိဿယမည်၏။ ရှေးဦးဖြစ်နှင့်ပြီး
မိမိတည်ရှိခိုက်မှာ တည်ရာမှီရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် ပုရေဇာတနိဿယမည်၏။

ပစ္စည်းပစ္စယုပ္ပန်
(၁) သဟဇာတနိဿယ
ပစ္စည်း (၁) စိတ် ၈၉၊ စေတသိတ် ၅၂၊
(၂) မဟာဘုတ် ၄၊
(၃) ပဉ္စဝေါကာရ ပဋိသန္ဓေ၊ နာမက္ခန္ဓာ၊ ဟဒယ၀တ္ထု၊
ပစ္စယုပ္ပန်  (၁) စိတ် ၈၉၊ စေတသိတ် ၅၂၊
(၂) မဟာဘုတ် ၊ ဥပါဒါရုပ်၊
(၃) ဟဒယ၀တ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေ၊ နာမက္ခန္ဓာ၊

(၂) ပုရေဇာတနိဿယ
ပစ္စည်း  ၀တ္ထုရုပ် ၆-ပါး
ပစ္စယုပ္ပန်   ၀တ္ထုရုပ်ကိုမှီ၍ဖြစ်သော စိတ်သေတသိတ်များ။

ကျေးဇူးပြုပုံ
စိတ်စေတသိတ်နှင့် အချို့သောရုပ်တရားတို့သည် အတူတကွ
ဖြစ်ကြပြီး မိမိတို့အချင်းချင်းအား တည်ရာမှီရာအဖြစ် ကျေးဇူး
ပြုကြ၏။ ထို့ပြင်ကြိုတင်ဖြစ်နှင့်၍ ထင်ရှားရှိနေသောဝတ္ထုရုပ်ကို
မှီတတ်သောစိတ် ၊ စေတသိတ်များအား တည်ရာမှီရာအဖြစ်ဖြင့်
ကျေးဇူးပြုကြ၏။
ဥပမာ ကမ္ဘာမြေသည် သစ်ပင်များ၏ တည်ရာမှီရာဖြစ်ကာ ကျေးဇူး
ပြုသကဲ့သို့ ပန်းကြီကားချက်သည် ရုပ်ပုံလွှာများ၏ တည်ရာမှီရာဖြစ်
ကာကျေးဇူးပြုသကဲ့သို့ ကျေးဇူးပြုကြပေသည်။
ဤသို့အတူတကွ ဖြစ်ပေါ်လာ၍လည်းကောင်း၊ ကြိုတင်ဖြစ်နှင့်၍
လည်းကောင်း တည်ရာမှီရာအဖြစ် ကျေးဇူးပြုတတ်သော အကြောင်း
တရား၏ စွမ်းဆောင်မှုသတ္တိကိုပင် နိဿယပစ္စည်း၏သတ္တိထူးဟု
ဟောတော်မှုသည်။
—————————————–
၉။ဥပနိဿယပစ္စယောတိ-
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ
ပစ္ဆိမာနံပစ္ဆိမာနံ ကုသလာနံဓမ္မာနံ
ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ
ပစ္ဆိမာနံပစ္ဆိမာနံ အကုသလာနံဓမ္မာနံ
ကေသဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ
ပစ္ဆိမာနံပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ
ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ
ပစ္ဆိမာနံပစ္ဆိမာနံ အကုသလာနံဓမ္မာနံ
ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ
ပစ္ဆိမာနံပစ္ဆိမာနံ ကုသလာနံဓမ္မာနံ
ကေသဉ္စိ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ
ပစ္ဆိမာနံပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ
ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာပုရိမာ၊အဗျာကတာံဓမ္မာ၊
ပစ္ဆိမာနံပစ္ဆိမာနံ အဗျာကတာနံဓမ္မာနံ
ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာပုရိမာ၊ အဗျာကတာ ဓမ္မာ၊
ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံဓမ္မာနံ
ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုရိမာပုရိမာ၊အဗျာကတာံဓမ္မာ၊
ပစ္ဆိမာနံပစ္ဆိမာနံ အကုသလာနံဓမ္မာနံ
ဥပနိဿယ ပစ္စယေန ပစ္စယော။
ဥတုဘောဇနမ္ပိ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော။
သေနာသနမ္ပိ ဥပနိဿယ ပစ္စယေန ပစ္စယော။

ပါဠိအနက်
ဥပနိဿယ ပစ္စယော
စိတ်စေတရား၊ ဤနှစ်ပါး၏ အင်အားကြီးစွာ မှီရာဖြစ်မှု၊
ကျေးဇူးပြုသည့် အာရမ္မဏူပနိဿယ။ ထိုမှတသီး
အားကြီးလှစွာ ခြားမဲ့မှာလျှင် မှီရာစင်စစ် နောက်စိတ်ဖြစ်မှု
ကျေးဇူးပြုသည့် အနန္တရှုပနိဿယ။ ထိုမှတဖြာ
အားကြီးစွာသည့် ပကတူပနိဿယ၊ သုံးဝပိုင်းခြား၊
ဥပနိဿယ ပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၉။ ဥပနိဿယပစ္စည်း
အင်အားကြီးမားသော မှီရာအဖြစ် ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် ဥပနိဿယပစ္စည်းမည်၏။

ဥပနိဿယပစ္စည်း
ဥပနိဿယပစ္စည်းသည် ၃-မျိုးရှိ၏။ ၃-မျိုးမှာ-
(၁) အာရမဏူပနိဿယ
(၂) အနန္တရှုပနိဿယ
(၃) ပကတူပနိဿယ တို့ဖြစ်၏။
ထိုတွင်စိတ်၏မှီရာ ပျော်မွေ့ရာဖြစ်၍ အင်အားကြီးမားသော
အကြောင်းတရားသည် အာရမဏူပနိဿယ မည်၏။
အခြားမဲ့အင်အားကြီးမားသော အကြောင်းတရားသည်
အနန္တရှုပနိဿယ မည်၏။ မိမိသန္တာန်၌ ဖြစ်ပေါ်စေပြီး
မှီဝဲရရှိပြီး အားကြီးသောအကြောင်းတရားသည်
ပကတူပနိဿယ မည်၏။

ပစ္စည်း ပစ္စယုပ္ပန်
(၁) အာရမ္မဏူပနိဿယ
ပစ္စည်း စွဲမက်ဖွယ် နှစ်သက်ဖွယ်ဖြစ်၍ လွှမ်းမိုးကြီးစိုးနိုင်သော
အာရုံတရား။
ပစ္စယုပ္ပန် အဆိုပါအာရုံတရားကို အလေးအနက် အာရုံပြုသော
စိတ်စေတသိတ်များ။

(၂) အနန္တရှုပနိဿယ
ပစ္စည်း   ရှေ့ရှေ့ဖြစ်သော စိတ် ၈၉၊ စေတသိတ် ၅၂၊
ပစ္စယုပ္ပန် နောက်နောက်ဖြစ်သော စိတ် ၈၉၊ စေတသိတ် ၅၂၊

(၃) ပကတူပနိဿယ
ပစ္စည်း အင်အားကြီးမားသော ရှေ့ရှေ့ဖြစ်သော စိတ် ၈၉၊
စေတသိတ် ၅၂၊ ပညတ်။
ပစ္စယုပ္ပန် နောက်နောက်ဖြစ်သော စိတ် ၈၉၊ စေတသိတ် ၅၂၊

ကျေးဇူးပြုပုံ
စွဲမက်ဖွယ် နှစ်သက်ဖွယ် အာရုံများသည် ထိုအာရုံများအပေါ်
အလေးအနက်ထားတတ်သော စိတ် စေတသိတ်များ၏ အင်အား
ကြီးမားသော အကြောင်းတရားဖြစ်၏။
ရှေ့ရှေ့စိတ်များသည် မျိုးတူသည်ဖြစ်စေ မျိုးကွဲသည်ဖြစ်စေ
နောက်နောက်စိတ်များ၏ အင်အားကြီးမားသော အကြောင်းတရား
ဖြစ်၏။
ရာဂစသော အုသိုလ်တရား၊ သဒ္ဓါစသော ကုသိုလ်တရား၊ မိမိတွေ့ကြုံ
ခံစားရသော ချမ်းသာဆင်းရဲ၊ မိမိတွေ့ကြုံခံစားရသော ရာသီဥတု၊
အစာအာဟာရ၊ နေထိုင်ရာ အဆောက်အအုံစသော အရာဝတ္ထု။
ပေါင်းသင်းဆက်ဆံရသော ပုဂ္ဂိုလ်တို့သည် အင်အားကြီးမားသော
အကြောင်းတရားများ ဖြစ်ကြ၏။
ဤသို့လျှင် အင်အားကြီးမားသော မှီရာအဖြစ် ကျေးဇူးပြုတတ်သော
အောကာင်းတရား၏ သတ္တိကိုပင် ဥပနိဿယပစ္စည်း၏ သတ္တိထူးဟု
ဟောတော်မူ၏။
————————————
၁၀။ပုရေဇာတပစ္စယောတိ-
စက္ခာယတနံ စက္ခုဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတ ပစ္စယေန ပစ္စယော။

ရူပါယတနံ၊သဒ္ဒါယတနံ၊ဂန္ဓာယတနံ၊
ရသာယတနံ၊ဖောဋ္ဌဗ္ဗာယတနံ၊
မနောဓာတုယာ၊ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ပုရေဇာတ ပစ္စယေန ပစ္စယော။

ယံရူပံ နိဿာယ မနောဓာတု စ
မနောဝိညာဏ ဓာတုစဝတ္တန္တိ၊
တံရူပံမနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ပုရေဇာတပစ္စယေန ပစ္စယော။
မနောဝိညာဏ ဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ကိဥ္စိကာလေပုရေဇာတပစ္စယေန ပစ္စယော။
ကိဉ္စိကာလေ န ပုရေဇာတ ပစ္စယေန ပစ္စယော။

ပါဠိအနက်
ပုရေဇာတပစ္စယော
ကြိုတင်ဖြစ်မှု၊ ၀တ္ထုအာရုံ၊ အလုံးစုံက၊ ဖြစ်တုံနောက်ပေ၊
စိတ်နှင့်စေအား၊ မသွေတည်မှု၊ ကျေးဇူးပြုငြား၊ ပုရေဇာတ
ပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၁၀။ ပုရေဇာတပစ္စည်း
ရှေးဦးကြိုတင်ဖြစ်ပြီး တည်ရှိနေစဉ် ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် ပုရေဇာတပစ္စည်းမည်၏။
ပုရေဇာတပစ္စည်းသည်-
(၁) အာရမ္မဏ ပုရေဇာတ
(၂) ၀တ္ထုပုရေဇာတ
ထိုတွင် အာရုံဖြစ်လျက် ရှေးဦးကြိုတင်ပြီး ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် အာရမ္မဏပုရေဇာတမည်၏။ မှီရာဝတ္ထု
ဖြစ်လျက် ရှေးဦးကြိုတင်ဖြစ်ပြီး ကျေးဇူးပြုတတ်သော အကြောင်း
တရားသည် ၀တ္ထုပုရေဇာတမည်၏။

ပစ္စည်း ပစ္စယုပ္ပန်
(၁) အာရမ္မဏ ပုရေဇာတ
ပစ္စည်း   နိပ္ဖန္နရုပ် ၁၈-ဟူသော အာရုံ ၆-ပါး။
ပစ္စယုပ္ပန်   ကာမစိတ် ၅၄၊ အဘိညာဉ် ၂၊(အပ္ပမညာမှတပါး) စေတသိတ် ၅၀၊

(၂) ၀တ္ထုပုရေဇာတ
ပစ္စည်း  ၀တ္ထုရုပ် ၆-ပါး၊
ပစ္စယုပ္ပန် ၀တ္ထုရုပ်ကိုမှီ၍ဖြစ်သော စိတ် စေတသိတ်များ၊

ကျေးဇူးပြုပုံ
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့စသော အာရုံများသည် ရှေးဦးဖြစ်နှင့်
ကာ တည်ရှိနေစဉ် ထိုအာရုံကို မှီတွယ်ဖြစ်ကြသည့် စိတ်၊ စေတသိတ်များအား
ကျေးဇူးပြုကြ၏။
မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်၊ ဟဒယဟူသော ၀တ္ထုရုပ်များသည် ရှေါ်ဦးဖြစ်နှင့်ပြီး
မိမိတို့တည်ရှိနေစဉ် နောက်မှဖြစ်လာသည့် စိတ်၊ စေတသိတ်များအား ကျေးဇူးပြု
ကြ၏။ဤသို့လျှင် ရှေးဦးကြိုတင်ဖြစ်၍ တည်ရှိနေစဉ် နောက်မှဖြစ်လာသည့်
စိတ်စေတသိတ်များအား ကျေးဇူးပြုတတ်သော စွမ်းဆောင်မှုသတ္တိကိုပငိ
ပုရေဇာတပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။
——————————————
၁၁။ ပစ္ဆာဇာတပစ္စယောတိ-

ပစ္ဆာဇာတာ၊စိတ္တစေတသိကာဓမ္မာ၊
ပုရေဇာတဿ က္ကုမဿ ကာယဿ
ပစ္ဆာဇာတ ပစ္စယော။

ပါဠိအနက်
၁၁။ ပစ္ဆာဇာတပစ္စယော
စားချင်အာသာ နောက်ပေါ်လာက ရှေ့မှာဖြစ်ဆို၊ လင်းတကိုယ်အား၊
မပြိုလဲစေ၊ ထောက်ပံ့လေသို့၊ စိတ်စေနှစ်ပါး၊ နောက်ဖြစ်ငြားလဲ၊
ရှေ့သွားတည်လာ၊ ရုပ်ခန္ဓာ၏၊ မကွာတည်မှု၊ စွမ်းအားစုဖြင့်၊
ကျေးဇူးပြုငြား၊ ပစ္ဆာဇာတပစ္စည်းတရား လည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်

၁၁။  ပစ္ဆာဇာတပစ္စယော
ရှေ့ဦးဖြစ်နှင့်ကာ တည်ရှိနေသောတရားကို နောက်မှဖြစ်လာပြီး
အထောက်အကူပြုသော အကြောင်းတရားသည် ပစ္ဆာဇာတပစ္စည်း
မည်၏။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း   နောက်နောက်၌ဖြစ်သော အရူပ၀ိပါက် ၄-ခုမှတပါး စိတ် ၈၅၊
စေတသိတ် ၅၂၊
ပစ္စယုပ္ပန်  ရှေ့ရှေ့စိတ်နှင့်အတူ ဖြစ်လာခဲ့သောရုပ်တရားများ။

ကျေးဇူးပြုပုံ
မျှော်လင့်ချက်အာသာသည် နောက်မှဖြစ်လာသော်လည်း ဖြစ်နှင့်ကာ
တည်ရှိပြီး ကိုယ်ကာယအား အထောက်အကူပြုနိုင်၏။ နောက်မှဖြစ်
ပေါ်လာသည့် စိတ်စေတသိတ်များသည် ရှေ့ဦးဖြစ်နှင့်ကာ တည်ရှိနေ
သော ရုပ်အပေါင်းတို့အား ကျေးဇူးပြု၏။
ဤသို့ ရှေ့ဦးဖြစ်နှင့်ကာ တည်ရှိနေသည့်တရားအား နောက်မှဖြစ်လာပြီး
အထောက်အကူကျေးဇူးပြုသော အကြောင်းတရား၏ သတ္တိကိုပင် ပစ္ဆာ
ဇာတပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။
——————————————
၁၂။အာသေဝနပစ္စယောတိ –

ပုရိမာပုရိမာ ကုသလာဓမ္မာ
ပစ္ဆမာနံပစ္ဆိမာနံ ကုသလာနံဓမ္မာနံ
အာသေဝနပစ္စယေန ပစ္စယော။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ
ပစ္ဆမာနံပစ္ဆိမာနံ အကုသလာနံဓမ္မာနံ
အာသေဝနပစ္စယေနပစ္စယော။

ပုရိမာပုရိမာ ကြိယာဗျာကတာဓမ္မာ
ပစ္ဆမာနံပစ္ဆိမာနံ ကြိယာဗျာကတာနံဓမ္မာနံ
အာသေဝနပစ္စယေနပစ္စယော။

ပါဠိအနက်
၁၂။ အာသေ၀နပစ္စယော
စာပေပျကမ်းဂန်၊ ရှေ့သင်ဥာဏ်သို့၊ နောက်ဥာဏ်
ဖြစ်မှု၊ ကျေးဇူးပြုသို့၊ နောက်စုဇောအား၊ ရှေ့ဇော
များက၊ ဖြစ်ပွားစေဟု၊ ထုံးမွမ်းမှုဖြင့်၊ ကျေးဇူးပြု
ငြား၊ အာသေ၀န ပစ္စည်းတရား လည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၁၂။ အာသေ၀နပစ္စည်း
မိမိ၏အခြားမဲ့၌ဖြစ်သော တရားများကို အဖန်ဖန်
အထပ်ထပ်ဖြစ်စေခြင်းဖြင့် ကျင့်သားရပြီး အား
ကောင်းလာစေရန် စွမ်းဆောင်တတ်သော
အကြောင်းတရားသည် အာသေ၀နပစ္စည်းမည်၏။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း  ရှေ့ရှေ့ဖြစ်သော လောကီဇောစိတ် ၄၇၊
စေတသိတ် ၅၂၊
ပစ္စယုပ္ပန် နောက်နောက်ဖြစ်သော ဖိုလ်ဇောမှတပါး
ဇောစိတ် ၅၁၊ စေတသိတ် ၅၂၊

ကျေးဇူးပြုပုံ
ရှေ့ရှေ့၌ဖြစ်သော ကုသိုလ်ဇော၊ အကုသိုလ်ဇော၊
ကြိယာဇောစိတ်များသည် မိမိ၏အခြားမဲ့၌ဖြစ်သော
နောက်နောက်မျိုးတူဇောစိတ်များအား အဖန်ဖန်
အထပ်ထပ်ဖြစ်စေခြင်းဖြင့် အင်အားကြီးထွားစေရန်
ကျေးဇူးပြု၏။ ဥပမာ၊ စာပေသင်ယူ ရာ၌ ရှေ့ရှေ့
သင်ယူမှုက နောက်နောက်သင်ယူမှုအား လွယ်ကူ
အောင်ကျေးဇူးပြုသကဲ့သို့တည်း။
ဤသို့လျှင် မိမိ၏အခြားမဲ့၌ အလားတူတရားများကို
အဖန်ဖန်အထပ်ထပ် ဖြစ်စေခြင်း ကျင့်သားရပြီး အား
ရှိအောင် စွမ်းဆောင်နိုင်သော ရှေ့ရှေ့ဇောစိတ်များ၏
သတ္တိကိုပင် အာသေ၀နပစ္စည်း၏ သတ္တိထူးဟု ဟော
တော်မူ၏။
——————————————–
၁၃။ ကမ္မပစ္စယော
ကုသလာကုသလံကမ္မံ၊ဝိပါကာနံခန္ဓာနံ၊
ကဋတ္တာစရူပါနံ ကမ္မပစ္စယေနပစ္စယော။
စေတနာ သမ္ပတ္တကာနံ ဓမ္မာနံ
တံသမုဋ္ဌာနာနဉ္စ ရူပါနံ
ကမ္မ ပစ္စယေနပစ္စယော။

ပါဠိအနက်
၁၃။ကမ္မပစ္စယောတိ-
အကြောင်းကံက ကျိုးဖလကို ခဏကွဲပြား ဖြစ်ပွား
စေဘိ နာနာက္ခဏိကာ စေတနာတည့် မကွာအစဉ်
စိတ်တိုင်းယှဉ်လာ စေတနာက တူစွာဖြစ်နေ စိတ်နှင့်
စေကို မသွေမြော်ရှု စေ့စော်မှုဖြင့် ကျေးဇူးပြုငြား
ကမ္မပစ္စည်းတရားလည်းကောင်း။

၁၃။ ကမ္မပစ္စည်းနှစ်မျိုး
ကမ္မပစ္စည်းသည်

(၁) နာနာက္ခဏိက ကမ္မ
(၂) သဟဇာတ ကမ္မ ဟူ၍နှစိမျိုးရှိ၏။ ထိုတွင်-

မိမိဖြဟ်ဆခြဏ၌ အကျိုးကိုမဖြစ်စေဘဲ မတူကွဲ
ပြားသောခဏ၌သာ အကျိုးကိုဖြစ်စေတတ်သော
အကုသိုလ်စေတနာကံကို နာနာက္ခဏိကာကမ္မဟု
ခေါ်၏။စေတနာစေတသိတ်သည် မိမိနှင့်အတူ
တကွဖြစ်ကြသော စိတ်၊စေတသိတ်၊စိတ္တဇရုပ်၊
ပဋိသန္ဓေကမ္မဇရုပ်တို့အားကျေးဇူးပြု၏။
ဤသို့တကွ ကျေးဇူးပြုတတ်သော စေတနာ
ကို သဟဇာတကမ္မဟုခေါ်၏။

ပစ္စည်းပစ္စယုပ္ပန်
(၁) နာနာက္ခဏိက ကမ္မ
ပစ္စည်း   ကုသိုလ်စေတနာ ၂၁၊
အကုသိုလ်စေတနာ ၁၂၊
ပစ္စယုပ္ပန် ၀ိပါက်စိတ် ၃၆၊ စေတသိတ် ၃၈၊ ကမ္မဇရုပ်၊

(၂) သဟဇာတ ကမ္မ
ပစ္စည်း  စေတနာ
ပစ္စယုပ္ပန်  စိတ် ၈၉၊ စေတနာမှတပါး စေတသိတ် ၅၁၊
စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊

ကျေးဇူးပြုပုံ
ကုသိုလ်စိတ်နှင့်ယှဉ်သော စေတနာ၊
အကုသိုလ်စိတ်နှင့်ယှဉ်သော စေတနာ
(ကုသိုလ်ကံ၊ အကုသိုလ်ကံ)သည်
အကျိုးဝိပါက်စိတ် စေတသိတ်များ
ကမ္မဇရုပ်များဖြစ်ပေါ်စေရန် ကျေးဇူးပြု၏။
ကုသိုလ်ကံ အကုသိုလ်ကံသည် မိမိဖြစ်ခိုက်
ခဏ၌ အကျိုးတရားများကို မဖြစ်ပေါ်စေ။
မိမိချုပ်ပြီးနောက် မိမိအခြားမဲ့ခဏ၌ဖြစ်စေ၊
အချိန်ကြာမြင့်ပြီးမှဖြစ်စေ အကျိုးတရားများ
ကို ဖြစ်ပေါ်စေသည်။ထို့ပြင် စေတနာစေတ
သိတ်သည် မိမိနှင့်အတူတကွဖြစ်သော စိတ်
စေတသိတ်များ၊ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇ
ရုပ်များအား မိမိ၏ဗျာပါရမျိုးဖြစ်ပေါ်လျက်
ကျေးဇူးပြု၏ဤသို့လျှင်အကျိုးဝိပေါက်စိတ်၊
စေတသိတ်နှင့် ကမ္မဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်
များအား စေတနာဗျာပါရမျိုးဖြစ်စေရန် ကျေး
ဇူးပြုတတ်သော စေတနာစေတသိတ်၏
လည်းကောင်း စွမ်းဆောင်မှုသတ္တိကိုပင်
ကမ္မပစ္စည်း၏သတ္တိထူးဟု ဟောတော်မူသည်။
—————————————
၁၄။ဝိပါကပစ္စယောတိ-

ဝိပါကာ စတ္တရော ခန္ဓာ၊
အရူပိနော အညမညံ
ဝိပါကပစ္စယေနပစ္စယော။

ပါဠိအနက်
၁၄။ဝိပါကပစ္စယော
အားထုတ်မှုကင်း ငြိမ်သက်ခြင်းဖြင့်
မယွင်းတူစွာ၊ ၀ိပါကာဟု၊ နှစ်ဖြာရုပ်နာမ်၊
ငြိမ်သက်ရန်ဟု၊ ထောက်ခံရှေးရှု၊ ကျေးဇူး
ပြုငြား၊ ၀ိပ်ကပစ္စည်းတရား လည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၁၄။ဝိပါကပစ္စည်း
အားထုတ်မှုကင်း ငြိမ်သက်ခြင်းမျိုး ဖြစ်စေရန်
ကျေးဇူးပြုတတ်သော အကြောင်းတရားသည်
ဝိပါကပစ္စည်းမည်၏။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း  ၀ိပါက်စိတ်  ၃၆၊ စေတသိက် ၃၈၊
ပစ္စယုပ္ပန် ၀ိပါက်စိတ် ၃၆၊ စေတသိက် ၃၈၊
စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊

ကျေးဇူးပြုပုံ
ဝိပါက်စိတ်၊ စေတသိက်တို့သည် ကံတရား၏
အကျိုးပုံရိပ်များသာဖြစ်၍ အားထုတ်မှုကင်း
သော ငြိမ်သက်ခြင်းဖြင့် ငြိမ်သက်ကြ၏။
၎င်းတို့သည် မိမိတို့အချင်းချင်းနှင့် စိတ္တဇရုပ်
ပဋိသန္ဓေကမ္မဇရုပ်များအား အားထုတ်မှုကင်း
ငြိမ်သက်ခြင်းရှိစေရန် ကျေးဇူးပြုကြ၏ ။
ဤသို့လျှင် အားထုတ်မှုကင်း ငြိမ်သက်ခြင်း
ရှိစေရန် ကျေးဇူးပြုတတ်သော ၀ိပါက်စိတ်
စေတသိက်တို့၏ စွမ်းဆောင်မှု သတ္တိကိုပင်
ဝိပါကပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။
————————————
၁၅။အာဟာရပစ္စယောတိ-

ကဗဠီကာရောအာဟာရော
က္ကုမဿ ကာယဿ
အာဟာရပစ္စယေန ပစ္စယော။

အရူပိနောအဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ
တံသမုဋ္ဌာနာနဉ္စ ရူပါနံ
အာဟာရပစ္စယေနပစ္စယော။

ပါဠိအနက်
၁၅။ အာဟာရပစ္စယော
သြဇာခေါ်ကြ၊ အာဟာရနှင့်၊ ဖဿ စေတနာ၊
မကွာတးယှဉ်၊ စိတ်ဝိညာဉ်တို့၊ အစဉ်မကွာ၊
သက်ဆိုင်ရာဟု၊ နှစ်ဖြာသင့်တန်၊ ရုပ်နှင့်နာမ်ကို၊
ကျားကန်သမှု၊ ကျေးဇူးပြုငြား၊
အာဟာရပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၁၅။ အာဟာရပစ္စည်း
သက်ဆိုင်ရာအကျိုးတရားများကို လွန်စွာစွမ်းဆောင်န်ုင်သော
အကြောင်းတရားသည်အာဟာရပစ္စည်းမည်၏။

အာဟာရပစ္စည်းနှစ်မျိုး
အာဟာရပစ္စည်းသည်-
(၁) ရုပ်အာဟာရ
(၂) နာမ်အာဟာရဟူ၍ ၂-မျိုးရှိ၏။ ထိုတွင်-
အဇ္ဈတ္တသန္တာန်၌ဖြစ်သော အကြောင်းတရား ၄-ပါးကြောင့်
ဖြစ်သောသြဇာသည် ရုပ်အာဟာရမည်၏။ ၄င်းသြဇာရုပ်သည်
အစာအာဟာရများ၌ တည်ရှိ၏။
သြဇာ၏တည်ရာ အစာအာဟာရကို အတုံးအခဲ အလုပ်အလွေ့
ပြု၍ စားမျိုအပ်သောကြောင့် ကဗဠီကာရ အာဟာရဟုခေါ်၏။
နာမ်အာဟာရသည် ဖဿ၊ စေတနာ၊ ၀ိညာဉ်ဟူ၍
၃-မျိုးရှိ၏။ ရုပ်အာဟာရ ၁-ပါး၊ နာမ်အာဟာရ ၃-ပါးရှိသဖြင့်
အာဟာရ ၄-ပါးရှိသည်ဟု မှတ်ရာ၏။

ပစ္စည်း ပစ္စယုပ္ပန်
(၁) ရုပ်အာဟာရပစ္စည်း
ပစ္စည်း သြဇာ
ပစ္စယုပ္ပန် အာဟာရကြောင့်ဖြစ်သော ရုပ်များ၊
တနည်း အကြောင်း ၄-ပါးကြောင့်
ဖြစ်သောရုပ်များ။

(၂) နာမ်အာဟာရပစ္စည်း
ပစ္စည်း ဖဿ၊ စေတနာ၊ ၀ိညာဉ်၊
ပစ္စယုပ္ပန် စိတ်၊စေတသိက်၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်။

ကျေးဇူးပြုပုံ
ကဗဠီကာရအာဟာရခေါ် သြဇာရုပ်သည် သက်ရှိ
သတ္တ၀ါများ၏ ကိုယ်ကာယရှည်ကြာစွာ တည်ရှိဖွံ့
ထွားအောင် ကျေးဇူးပြု၏။
ဖဿအာဟာရသည် ခံစားမှုဝေဒနာဖြစ်ပေါ်အောင်
စွမ်းဆောင်လျက် ကျေးဇူးပြု၏။
စေတနာသည် ပဋိသန္ဓေကို ဖြစ်ပေါ်စေရန်စွမ်းဆောင်
လျက် ကျေးဇူးပြု၏။
ဤသို့လျှင် ရုပ်ခန္ဓာ၏ တည်တံ့ဖွံ့ဖြိုးမှုကို စွမ်းဆောင်
သောသြဇာ၏ သတ္တိ။ ဝေဒနာက်ုဖြစ်ပေါ်စေသော
ဖဿ၏သတ္တိ၊ နာမ်ရုပ်များတိုးတက်ဖြစ်ပွားစေရန်
စွမ်းဆောင်တတ်သော ၀ိညာဉ်၏သတ္တိကိုပင်
အာဟာရပစ္စည်း၏ သတ္တိထူးဟုဟောတော်မှု၏။
————————————————
၁၆။ က္ကုန္ဒြိယပစ္စယောတိ-
စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ
ဓမ္မာနံ က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။
သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တ
ကာနဉ္စ ဓမ္မာနံ က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။
ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံသမ္ပယုတ္တကာ
နဉ္စ ဓမ္မာနံ က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။
ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ
ဓမ္မာနံ က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။
ကာယိန္ဒြိယံကာယဝိညာဏ ဓာတုယာ တံသမ္ပယုတ္တ
ကာနဉ္စ ဓမ္မာနံ က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။
ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ က္ကုန္ဒြိယပစ္စယေနပစ္စယော။
အရူပိနော က္ကုန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာ
နာနဉ္စ ရူပါနံ က္ကုန္ဒြိယပစ္စယေန ပစ္စယော။

၁၆။ က္ကုန္ဒြိယပစ္စယောတိ- စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။
သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ
ဓမ္မာနံ က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။ ဃာနိန္ဒြိယံ ဃာနဝိညာဏ
ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ က္ကုန္ဒြိယ ပစ္စယေန ပစ္စ
ယော။ ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ
ဓမ္မာနံ က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။ ကာယိန္ဒြိယံကာယဝိညာဏ
ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ က္ကုန္ဒြိယ ပစ္စယေန ပစ္စ
ယော။ ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ က္ကုန္ဒြိယပစ္စယေနပစ္စယော။
အရူပိနော က္ကုန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ
ရူပါနံ က္ကုန္ဒြိယပစ္စယေန ပစ္စယော။

ပါဠိအနက်
၁၆။ က္ကုန္ဒြိယပစ္စယော
စက္ခုစသည် ငါးလီက္ကုနြေ္ဒ စိတ်စေများအား စိုးပိုင်ထားလျက်
တစ်ပါးရှုပ ဇီဝိတကား ကမ္မဇရုပ် ထိန်းချုပ်ဧကန် ကျန်က္ကုနြေ္ဒ
နှစ်ထွေနာမ်ရုပ် ထိန်းချုပ်သမှု ကျေးဇူးပြုငြား က္ကုန္ဒြိယပစ္စည်း
တရားလည်းကောင်း။ အဓိပ္ပါယ်ဖွင့်ဆိုချက် ၁၆။ က္ကုန္ဒြိယပစ္စည်း
မိမိဆိုင်ရာကိစ္စ၌ အစိုးတရ ချုပ်ကိုင်အုပ်စိုးလျက် ကျေးဇူးပြု
တတ်သော အကြောင်းတရားသည် က္ကုန္ဒြိယပစ္စည်းမည်၏။

က္ကုန္ဒြိယပစ္စည်း ၃-မျိုး က္ကုန္ဒြိယပစ္စည်းသည်-
(၁) သဟဇာတ က္ကုန္ဒြိယ
(၂) ပုရေဇာတ က္ကုန္ဒြိယ
(၃) ရူပဇီဝိတ က္ကုန္ဒြိယ ဟူ၍ ၃ မျိုးရှိ၏။
ထိုတွင်- အတူတကွဖြစ်လျက် ကြီးစိုးကာ ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် သဟဇာတက္ကုန္ဒြိယမည်၏။ ရှေ့ဦးဖြစ်နှင့်
ကာ ကြီးစိုးလျက်ကျေးဇူးပြုတတ်သော အကြောင်းတရားသည်
ပုရေဇာတ က္ကုန္ဒြိယမည်၏။ ကမ္မဇရုပ်များကို ကြီးစိုးလျက် ကျေး
ဇူးပြုတတ်သော အကြောင်းတရားသည် ရူပဇီဝိတ က္ကုန္ဒြိယ မည်
၏။
(၁) သဟဇာတ က္ကုန္ဒြိယ ပစ္စည်း ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊
ဝီရီယ၊ သတိ၊ ဧက္ကဂတာ၊ ပညာ ဟူသော နာမ်က္ကုနြေ္ဒတရားကိုယ်
၈ ပါး။ ပစ္စယုပ္ပန် စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ် ပဋိသန္ဒေ
ကမ္မဇရုပ်။
(၂) ပုရေဇာတ က္ကုန္ဒြိယ ပစ္စည်း စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊
ကာယ ၀တ္ထုရုပ် ၅-ပါး။ ပစ္စယုပ္ပန် ဒွေပဉ္စ၀ိဥာဏ် ၁၀၊ သဗ္ဗစိတ္တ
သာဓာရဏ စေတသိက် ၇-ခု။ (၃) ရူပဇီဝိတ က္ကုန္ဒြိယ ပစ္စည်း
ရုပ်ဇီဝိတ ပစ္စယုပ္ပန် ရုပ်ဇီဝိတမှတပါးသော ကလာပ်တူ ကမ္မဇ
ရုပ် ၉-ခု။ ကျေးဇူးပြုပုံ နာမ်ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ၀ီရီယ၊
သတိ၊ ဧက္ကဂတာ၊ ပညာ ဟူသော နာမ်ပိုင်းဆိုင်ရာ က္ကုနြေ္ဒတရား
များသည် နာမ်ရုပ်တရားများအား ကြီး စိုးလျက် ကျေးဇူးပြု၏။
စက္ခုနြေ္ဒခေါ် မျက်စိအကြည်ရုပ်သည် မြင်သိစိတ်၊ စေတသိက်
တရားများအား မြင်မှုကိစ္စ၌ ကြီးစိုးလျက် ကျေးဇူးပြု၏။ ထင်ရှား
စေအံ့။ မျက်စိအကြည်ရုပ်အား ကောင်းလျှင် မြင်သိစိတ် အား
ကောင်း၏။ အားနည်း လျှင် အားနည်း၏။ ဤသည်မှာမြင်မှုကိစ္စ
၌ မျက်စိ အကြည်ရုပ် ( စက္ခုနြေ္ဒ ) က မြင်သိစိတ် စေတသိက်
တို့ကို စိုးပိုင်ချုပ်ကိုင်ထားပုံဖြစ်၏။ ထို့အတူ သောတိနြေ္ဒ (နား
အကြည်ရုပ်)သည် ကြား မှုကိစ္စ၌ ကြားသိစိတ်၊စေတသိက်များ
ကို ကြီးစိုးထား ၏။ ဃာနိနြေ္ဒ ( နှာခေါင်းအကြည်ရုပ်)သည် နမ်း
ရှုမှုကိစ္စ ၌ နံသိစိတ်၊ စေတသိက်များကို ကြီးစိုး၏။ ဇီဝှိနြေ္ဒ (လျှာ
အကြည်ရုပ်)သည် လျက်မှုကိစ္စ၌ လျက်သိစိတ် စေတသိက်များ
ကို ကြီးစိုး၏။ ကာယိနြေ္ဒ (ကိုယ်အကြည် ရုပ်)သည် ထိတွေ့မှု
ကိစ္စ၌ ထိသိစိတ် စေတသိက်များ ကို ကြီးစိုး၏။ရုပ်ဇီဝိတိနြေ္ဒ
သည် စောင့်ထိန်းမှုကိစ္စ၌ အစိုးတရချုပ်ကိုင်အုပ်စိုးလျက် ကျေး
ဇူးပြုတတ်သော အကြောင်းတရားများ၏ စွမ်းဆောင်မှုသတ္တိကို
ပင် က္ကုန္ဒြိယ ပစ္စည်း၏သတ္တိထူးဟု ဟောတော်မူ၏။
———————————————–
၁၆။ က္ကုန္ဒြိယပစ္စယောတိ-
စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။

သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။

ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။

ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။

ကာယိန္ဒြိယံကာယဝိညာဏ
ဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
က္ကုန္ဒြိယ ပစ္စယေန ပစ္စယော။

ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ
က္ကုန္ဒြိယပစ္စယေနပစ္စယော။

အရူပိနော က္ကုန္ဒြိယာ
သမ္ပယုတ္တကာနံ ဓမ္မာနံ
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ
က္ကုန္ဒြိယပစ္စယေန ပစ္စယော။

ပါဠိအနက်
၁၆။ က္ကုန္ဒြိယပစ္စယော
စက္ခုစသည် ငါးလီက္ကုနြေ္ဒ စိတ်စေများအား
စိုးပိုင်ထားလျက် တစ်ပါးရှုပ ဇီဝိတကား
ကမ္မဇရုပ် ထိန်းချုပ်ဧကန် ကျန်က္ကုနြေ္ဒ
နှစ်ထွေနာမ်ရုပ် ထိန်းချုပ်သမှု ကျေးဇူးပြုငြား
က္ကုန္ဒြိယပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၁၆။ က္ကုန္ဒြိယပစ္စည်း
မိမိဆိုင်ရာကိစ္စ၌ အစိုးတရ ချုပ်ကိုင်အုပ်စိုးလျက်
ကျေးဇူးပြုတတ်သော အကြောင်းတရားသည်
က္ကုန္ဒြိယပစ္စည်းမည်၏။

က္ကုန္ဒြိယပစ္စည်း ၃-မျိုး
က္ကုန္ဒြိယပစ္စည်းသည်-
(၁) သဟဇာတ က္ကုန္ဒြိယ
(၂) ပုရေဇာတ က္ကုန္ဒြိယ
(၃) ရူပဇီဝိတ က္ကုန္ဒြိယ ဟူ၍ ၃ မျိုးရှိ၏။ ထိုတွင်-
အတူတကွဖြစ်လျက် ကြီးစိုးကာ ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် သဟဇာတက္ကုန္ဒြိယမည်၏။

ရှေ့ဦးဖြစ်နှင့်ကာ ကြီးစိုးလျက်ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် ပုရေဇာတ က္ကုန္ဒြိယမည်၏။

ကမ္မဇရုပ်များကို ကြီးစိုးလျက် ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် ရူပဇီဝိတ က္ကုန္ဒြိယ မည်၏။

(၁) သဟဇာတ က္ကုန္ဒြိယ
ပစ္စည်း ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ၀ီရီယ၊
သတိ၊ ဧက္ကဂတာ၊ ပညာ ဟူသော
နာမ်က္ကုနြေ္ဒတရားကိုယ် ၈ ပါး။
ပစ္စယုပ္ပန် စိတ် ၈၉၊ စေတသိက် ၅၂၊
စိတ္တဇရုပ် ပဋိသန္ဒေကမ္မဇရုပ်။

(၂) ပုရေဇာတ က္ကုန္ဒြိယ
ပစ္စည်း စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ
ဝတ္ထုရုပ် ၅-ပါး။
ပစ္စယုပ္ပန် ဒွေပဉ္စ၀ိဥာဏ် ၁၀၊ သဗ္ဗစိတ္တသာဓာရဏ
စေတသိက် ၇-ခု။

(၃) ရူပဇီဝိတ က္ကုန္ဒြိယ
ပစ္စည်း ရုပ်ဇီဝိတ
ပစ္စယုပ္ပန် ရုပ်ဇီဝိတမှတပါးသော
ကလာပ်တူ ကမ္မဇရုပ် ၉-ခု။

ကျေးဇူးပြုပုံ

နာမ်ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ၀ီရီယ၊
သတိ၊ ဧက္ကဂတာ၊ ပညာ ဟူသော နာမ်ပိုင်းဆိုင်ရာ
က္ကုနြေ္ဒတရားများသည် နာမ်ရုပ်တရားများအား ကြီး
စိုးလျက် ကျေးဇူးပြု၏။
စက္ခုနြေ္ဒခေါ် မျက်စိအကြည်ရုပ်သည် မြင်သိစိတ်၊
စေတသိက်တရားများအား မြင်မှုကိစ္စ၌ ကြီးစိုးလျက်
ကျေးဇူးပြု၏။ ထင်ရှားစေအံ့။ မျက်စိအကြည်ရုပ်အား
ကောင်းလျှင် မြင်သိစိတ် အားကောင်း၏။ အားနည်း
လျှင် အားနည်း၏။ ဤသည်မှာမြင်မှုကိစ္စ၌ မျက်စိ
အကြည်ရုပ် ( စက္ခုနြေ္ဒ ) က မြင်သိစိတ် စေတသိက်
တို့ကို စိုးပိုင်ချုပ်ကိုင်ထားပုံဖြစ်၏။
ထို့အတူ သောတိနြေ္ဒ (နားအကြည်ရုပ်)သည် ကြား
မှုကိစ္စ၌ ကြားသိစိတ်၊စေတသိက်များကို ကြီးစိုးထား
၏။ ဃာနိနြေ္ဒ ( နှာခေါင်းအကြည်ရုပ်)သည် နမ်းရှုမှုကိစ္စ
၌ နံသိစိတ်၊ စေတသိက်များကို ကြီးစိုး၏။ ဇီဝှိနြေ္ဒ
(လျှာ အကြည်ရုပ်)သည် လျက်မှုကိစ္စ၌ လျက်သိစိတ်
စေတသိက်များကို ကြီးစိုး၏။ ကာယိနြေ္ဒ (ကိုယ်အကြည်
ရုပ်)သည် ထိတွေ့မှုကိစ္စ၌ ထိသိစိတ် စေတသိက်များ
ကို ကြီးစိုး၏။ရုပ်ဇီဝိတိနြေ္ဒသည် စောင့်ထိန်းမှုကိစ္စ၌
အစိုးတရချုပ်ကိုင်အုပ်စိုးလျက် ကျေးဇူးပြုတတ်သော
အကြောင်းတရားများ၏ စွမ်းဆောင်မှုသတ္တိကိုပင် က္ကုန္ဒြိယ
ပစ္စည်း၏သတ္တိထူးဟု ဟောတော်မူ၏။

—————————————
၁၇။ ဈာနပစ္စယောတိ-

ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ
ဈာန ပစ္စယေန ပစ္စယော။

ပါဠိအနက်
၁၇။ ဈာနပစ္စယော-
အာရုံစွဲမက် ကပ်၍ရှုပါ ဈာန်အင်္ဂါတို့ တူစွာဖြစ်ငြား၊
ရုပ်နာမ်များကို ရှုငြားစေမှု သတ္တိစုဖြင့်၊ ကျေးဇူးပြုငြား၊
ဈာနပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၁၇။ ဈာနပစ္စည်း
အာရုံကို စူးစိုက်ရှုလျက် ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် ဈာနပစ္စည်းမည်၏။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း  ၀ိတက်၊ ၀ိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာ
ဟူသောဈာန်အင်္ဂါ ၅-ပါး
ပစ္စယုပ္ပန်  ဒွိပဉ္စ၀ိညာဏ်မှတပါး စိတ် ၇၉၊
စေတသိက် ၅၂၊ စိတ္တဇရုပ်၊
ပဋိသန္ဓေကမ္မဇရုပ်

ကျေးဇူးပြုပုံ
ဝိတက်၊ ၀ိစာရ၊ ပီတိ၊ ဝေဒနာ၊ ဧကဂ္ဂတာဟူသော
ဈာန်အင်္ဂါ ၅-ပါးတို့သည် အတူတကွဖြစ်ကြသော
စိတ်စေတသိက်နှင့် စိတ္တဇရုပ် ပဋိကန္ဓေကမ္မဇရုပ်
များအား အာရုံကိုရှေးရှုပြုလျက် ကျေးဇူးပြု၏။
မှတ်ချက်။       ။ သမထကျင့်စဉ်ဖြင့် ရရှိလာသော
ဈာန်တရားကိုသာ ဈာနပစ္စယောဟု ဟောသည်မ
ဟုတ်၊ အကုသိုလ်စိတ်နှင့်ယှဉ်သော ၀ိတက်စသည်
ကိုသာ ဈာနပစ္စယောဟု ဟောတော်မူသည်မှတ်။
ဤသို့ အာရုံကို စူးစိုက်ရှုစေလျက် ကျေးဇူးပြုတတ်
သော အကြောင်းတရား၏ စွမ်းဆောင်မှုသတ္တိကိုပင်
ဈာနပစ္စည်း၏ သတ္တိထူးဟု ဟောတော်မူ၏။
————————————–
၁၈။ မဂ္ဂ ပစ္စယောတိ-

မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ
တံ သမုဋ္ဌာနာနဉ္စ ရူပါနံ
မဂ္ဂပစ္စယေန ပစ္စယော။

ပါဠိအနက်
၁၈။ မဂ္ဂပစ္စည်း
ထုတ်ဆောင်တတ်သော လမ်းကြောင်းအဖြစ်ဖြင့်
ကျေးဇူးပြုတတ်သော အကြောင်းတရားသည်
မဂ္ဂပစ္စည်းမည်၏။

အဓိပ္ပါယ်ဖွင့်ဆိုချက်
ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း ပညာ၊ ၀ိတက်၊ ၀ီရိယ ၃-ခု၊
ဝီရိယ၊ သတိ၊ ဧကဂတာ၊ ဒိဋ္ဌိ ဟုဆိုအပ်သော
မဂ္ဂင်တရားကိုယ် ၉-ပါး
သဟိတ်စိတ် ၇၁၊ စေတသိက် ၅၂၊
ပစ္စယုပ္ပန် သဟိတ်စိတ္တဇရုပ်၊
သဟိတ်ပဋိသန္ဓေကမ္မဇရုပ်

ကျေးဇူးပြုပုံ
မဂ္ဂင်တရားကိုယ် ၉-ပါးသည် အတူတကွဖြစ်သော
စိတ် စေတသိက်နှင့် စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်
များကို ထုတ်ဆောင်တတ်သော လမ်းကြောင်းအဖြစ်
ဖြင့် ကျေးဇူးပြု၏။
ဤသို့ အကျိုးတရားများကိုပါ ထုတ်ဆောင်တတ်သော
လမ်းကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော မဂ္ဂင်
တရားကိုယ် ၉-ပါး၏ စွမ်းဆောင်မှုသတ္တိကိုပင် မဂ္ဂပစ္စည်း
၏သတ္တိထူးဟု ဟောတော်မှု၏။
ကောင်းဆိုးတရား၊ မဂ္ဂင်များက၊ ဖြစ်ပွားတူပြန်၊
ရုပ်နှင့်နာမ်ကို၊ ဧကန်မြှော်ရှု၊ လမ်းကြောင်းမှုဖြင့်၊
ကျေးဇူးပြုငြား၊ မဂ္ဂင်ပစ္စည်းတရား လည်းကောင်း။
—————————————–
၁၉။ သမ္ပယုတ္တပစ္စယောတိ –

စတ္တာရောခန္ဓာ အရူပိနော အညမညံ
သမ္ပယုတ္တပစ္စယေန ပစ္စယော။

ပါဠိအနက်
၁၉။ သမ္ပယုတ္တပစ္စယောတိ-
ဝတ္ထုအာရုံ ဖြစ်တုံချုပ်ငြား၊ တူ-၄ပါးဖြင့်၊
ပေါငးထားသမှု၊ ကျေးဇူးပြုငြား၊
သမ္ပယုတ္တ ပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၁၉။ သမ္ပယုတ္တပစ္စည်း
ယှဉ်တွဲပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် သမ္ပယုတ္တပစ္စည်းမည်၏။

ပစ္စည်း ပစ္စယုပ္ပန်
ပစ္စည်း    စိတ် ၈၉၊ စေတသိက် ၅၂၊
ပစ္စယုပ္ပန်   စတ် ၈၉၊ စေတသိက် ၅၂၊

ကျေးဇူးပြုပုံ
မှီရာဝတ္ထုခြင်း၊ အာရုံပြုတူရာခြင်း၊ ဖြစ်မှုခဏတူခြင်း၊
ချုပ်မှုခဏတူခြင်းဟူ၌ ပေါင်းစပ်ယှဉ်တွဲမှု လက္ခဏာ
၎-ရပ်နှင့်ညီသော စိတ် စေတသိက်များသည် အချင်း
ချင်း အပြန်အလှန် ယှဉ်တွဲပေါင်းစပ်ခြင်း အဖြစ်ဖြင့်
ကျေးဇူးပြုကြ၏။
ဤသို့ ယှဉ်တွဲပေါင်းစပ်သောအားဖြင့် ကျေးဇူးပြု
တတ်သော စိတ်စေတသိက် တို့၏စွမ်းဆောင်မှု
သတ္တိကိုပင် သမ္ပယုတ္တပစ္စည်း၏ သတ္တိထူးဟု
ဟောတော်မှု၏။
——————————–
၂၀။ဝိပ္ပယုတ္တပစ္စယောတိ –

ရူပိနောဓမ္မာ အရူပီနံ ဓမ္မာနံ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။

အရူပိနောဓမ္မာ ရူပီနံ ဓမ္မာနံ
ဝိပ္ပယုတ္တပစ္စယေန ပစ္စယော။

ပါဠိအနက်
၂၀။ ၀ိပ္ပယုတ္တပစ္စယော

ဝတ္ထုအာရုံ ဖြစ်တုံချုပ်ပျက် မတူချက်ကြောင့်
တွဲဖက်မရ ရုပ်ကနာမ်ကို နာမ်ဆိုရုပ်အား တူ
ဖြစ်ငြားလည်း ကွဲပြားသမှု ကျေးဇူးပြုငြား
ဝိပ္ပယုတ္တပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၂၀။ ၀ိပ္ပယုတ္တပစ္စည်း

အတူတကွတည်ရှိကြသော်လည်း ပေါင်းစပ်
ရောနှောခြင်းမရှိဘဲ ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် ၀ိပ္ပယုတ္တပစ္စည်းမည်၏။

ဝိပ္ပယုတ္တပစ္စည်း (၃)မျိုး
၁။ သဟဇာတ ၀ိပ္ပယုတ္တ
၂။ ပုရေဇာတ ၀ိပ္ပယုတ္တ
၃။ ပစ္ဆာဇာတ ၀ိပ္ပယုတ္တ ဟူ၍သုံးမျိုးရှိ၏။

ထိုတွင်အတူတကွဖြစ်လျက် ပေါင်းစပ်ရောနှောခြင်း
မရှိဘဲ ကျေးဇူးပြုတတ်သော အကြောင်းတရားသည်
သဟဇာတ ၀ိပ္ပယုတ္တမည်၏။

ရှေးဦးဖြစ်နှင့်၍ ပေါင်းစပ်ရောနှောခြင်းမရှိဘဲ ကျေးဇူး
ပြုတတ်သော အကြောင်းတရားသည် ပုရေဇာတ
ဝိပ္ပယုတ္တမည်၏။
နောက်မှဖြစ်ပြီး ရောနှောပေါင်းစပ်ခြင်းမရှိဘဲ ကျေးဇူး
ပြုတတ်သော အကြောင်းတရားသည် ပစ္ဆာဇာတ၀ိပ္ပယုတ္တ
မည်၏။

ပစ္စည်း ပစ္စယုပ္ပန်
၁။ သဟဇာတ ၀ိပ္ပယုတ္တ
ပစ္စည်း  ရုပ်ကိုဖြစ်စေတတ်သောစိတ် ၇၅၊
စေတသိက် ၅၂ နှင့် ပဉ္စဝေါကာရ
ပဋိသန္ဓေ နာမက္ခန္ဓ ဟဒယ၀တ္ထု။
ပစ္စယုပ္ပန် စိတ္တဇရုပ် ပဋိသန္ဓေကမဇရုပ်နှင့်
ဟဒယ၀တ္ထု ပဉ္စဝေါကာရ ပဋိသန္ဓေ
နာမက္ခန္ဓာ။

၂။ ပုရေဇာတ၀ိပ္ပယုတ္တ
ပုရေဇာတပစ္စည်းနှင့် ပစ္စည်းပစ္စယုပ္ပန်တူ၏။

၃။ ပစ္ဆာဇာတ၀ိပ္ပယုတ္တ
ပစ္ဆာဇာတပစ္စည်းနှင့် ပစ္စည်းပစ္စယုပ္ပန်တူ၏။

ကျေးဇူးပြုပုံ
ရုပ်တရားများနှင့်နာမ်တရားများ နာမ်တရားများ
နှင့်ရုပ်တရားများတို့သည် အတူတကွတည်ရှိကြ
သော်လည်း ပေါင်းစပ်ရောနှောဖြင်းမရှိဘဲ ကျေးဇူး
ပြုကြ၏။ သို့ပေါင်းစပ်ရောနှောခြင်းမရှိဘဲ ကျေးဇူး
ပြု တတ်သော အကြောင်းတရား၏ စွမ်းဆောင်မှု
သတ္တိကိုပင် ၀ိပ္ပယုတ္တပစ္စည်း၏ သတ္တိထူးဟု ဟော
တော်မှု၏။
————————–
၂၁။အတ္ထိပစ္စယောတိ-

စတ္တာရောခန္ဒာ အရူပိနော၊
အညမညံ အတ္ထိပစ္စယေန ပစ္စယော။

စတ္တရောမဟာဘူတာ ၊
အညမညံ အတ္ထိပစ္စယေန ပစ္စယော။

သြက္ကန္တိက္ခဏေ နာမရူပံ
အညမညံ အတ္ထိပစ္စယေန ပစ္စယော။

စိတ္တစေတသိကာဓမ္မာ
စိတ္တသမုဋ္ဌာနာနံ ရူပါနံ
အတ္ထိပစ္စယေနပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ
အတ္ထိပစ္စယေနပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏ ဓာတုယာ
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

ဃာနာယတနံ ဃာနဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

ဇိဝှာယတနံ ဇိဝှာဝိညာဏဓာတုယာ၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

သဒ္ဒါယတနံသောတဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ ဃာနဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

ရသာယတနံ ဇိဝှာဝိညာဏဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ ကာယဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

ရူပါယတနံ၊ သဒ္ဒါယတနံ။ ဂန္ဓာယတနံ၊
ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ၊
မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

ယံ ရူပံ နိဿာယ မနောဓာတု စ
မနောဝိညာဏ ဓာတုစ ဝတ္တန္တိ၊

တံ ရူပံ မနောဓာတုယာ စ၊
မနောဝိညာဏဓာတုယာ စ၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အတ္ထိပစ္စယေန ပစ္စယော။

၂၁။ အတ္ထိပစ္စယော
ပစ္စုပန်မှာ ရှိခိုက်သာလျှင် မကွာတူဘိ ထင်ရှားရှိငြား
ကျိုးတရားကို ဖြစ်ပွားစေမှု ကျေးဇူးပြုငြား
အတ္တိပစ္စည်းတရား လည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၂၁။ အတ္ထိပစ္စည်း
ရှိနေခိုက်မှာသာ ကျေးဇူးပြုတတ်သော
အကြောင်းတရားသည်
အတ္ထိပစ္စည်းမည်၏။

အတ္ထိပစ္စည်း (၅)မျိုး
၁။ သဟဇာတ အတ္ထိ
၂။ ပုရေဇာတ အတ္ထိ
၃။ ပစ္ဆာဇာတ အတ္ထိ
၎။ အာဟာရ အတ္ထိ
၅။ က္ကုန္ဒြိယ အတ္ထိ ဟူ၍ ၅-မျိုးရှိ၏။
ထိုတွင် အတူတကွဖြစ်ပြီး ထင်ရှားရှိခိုက်မှာသာ
ကျေးဇူးပြုတတ်သော အကြောင်းတရားသည်
သဟဇာတ အတ္ထိမည်၏။

ရှေ့ဦးဖြစ်နှင့်ပြီး ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြု
တတ်သော အကြောင်းတရားသည် ပုရေဇာတ
အတ္ထိမည်၏။

နောက်မှဖြစ်၍ ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြု
တတ်သော အကြောင်းတရားသည် ပစ္ဆာဇာတ
အတ္ထိမည်၏။

စွမ်းဆောင်မှုလွန်ကဲ၍ ထင်ရှားရှိခိုက်မှာသာ
ကျေးဇူးပြုတတ်သော အကြောင်းတရားသည်
အာဟာရ အတ္ထိမည်၏။

ချုပ်ကိုင်အုပ်စိုးလျက်  ထင်ရှားရှိခိုက်မှာသာ
ကျေးဇူးပြုတတ်သော အကြောင်းတရားသည်
က္ကုန္ဒြိယ အတ္ထိမည်၏။

ပစ္စည်း ပစ္စယုပ္ပန်
သဟဇာတအတ္ထိသည် သဟဇာတနှင့်တူ၏။
ပုရေဇာတအတ္ထိသည် ပုရေဇာတနှင့်တူ၏။
ပစ္ဆာဇာတအတ္ထိသည် ပစ္ဆာဇာတနှင့်တူ၏။
အာဟာရအတ္ထိသည် ရုပ်အာဟာရနှင့်တူ၏။
က္ကုန္ဒြိယအတ္ထိသည် ရှုပဇီဝိတိန္ဒြိယနှင့်တူ၏။

ကျေးဇူးပြုပုံ
မိမိနှင့် ပြိုင်တူဖြစ်သည်ဖြစ်စေ၊ ကြိုတင်ဖြစ်နှင့်
သည်ဖြစ်စေ၊ နောက်မှဖြစ်သည်ဖြစ်စေ မိမိဖြစ်
ပြီးလျှင် ထင်ရှားရှိဆဲအကျိုးတရားများကို ကျေး
ဇူးပြု၏။ ဤသို့ထင်ရှားရှိခိုက်မှာသာ ကျေးဇူးပြု
တတ်သော အကြောင်းတရား၏ စွမ်းဆောင်မှု
သတ္တိကိုပင် အတ္ထိပစ္စည်း၏ သတ္တိထူးဟု ဟော
တော်မှု၏။
—————————————-
၂၂။ နတ္ထိပစ္စယောတိ-

သမနန္တရနိရုဒ္ဒါ စိတ္တစေတသိကာ ဓမ္မာ
ပဋုပ္ပန္နာနံ စိတ္တ စေတသိကာနံ ဓမ္မာနံ
နတ္ထိပစ္စယေန ပစ္စယော။

ပါဠိအနက်
၂၂။ နတ္ထိပစ္စယောတိ-
လုံးဝချုပ်ဘိ မရှိမှသာ နောက်လာတရား
စိတ်စေများသို့ ဖြစ်ပွားစေမှု ကျေးဇူးပြုငြား
နတ္ထိပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၂၂။ နတ္ထိပစ္စည်း
မိမိမရှိသည့် နောက်မှသာ ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် နတ္ထိပစ္စည်းမည်၏။
နတ္ထိပစ္စည်းသည် အနန္တရပစ္စည်းနှင့် ပစ္စည်းပစ္စယုပ္ပန်
တူ၏။

ကျေးဇူးပြုပုံ
မိမိ၏ အခြားမဲံ၌ဖြစ်လာမည့် နာမ်တရားများအား
မိမိမရှိတော့သည့်နောက်မှသာ ဖြစ်ပေါ်လာစေရန်
အခွင့်ပေးသောအားဖြင့် ကျေးဇူးပြု၏။ ရှေ့ရှေ့
အခြားမဲ့၌ ချုပ်ငြိမ်းပြီး၍ လုံးဝမရှိသော စိတ်
စေတသိက် တရားများအား နတ္ထိသတ္တိဖြင့် ကျေးဇူးပြု၏။
ဤသို့ မိမိမရှိသည့်နောက်မှသာ မရှိသောအားဖြင့်
ကျေးဇူးပြုတတ်သော အကြောင်းတရား၏ စွမ်း
ဆောင်မှုသတ္တိကိုပင် နတ္ထိသတ္တိဟု ဟောတော်မှု၏။
———————————————
၂၃။ ဝိဂတပစ္စယောတိ-

သမနန္တရဝိဂတာ စိတ္တစေတသိကာဓမ္မာ
ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ
ဝိဂတပစ္စယေနပစ္စယော။

ပါဠိအနက်
၂၃။ ၀ိဂတပစ္စယော
ချုပ်ပျောက်ကင်းကွာ ဖြစ်သောခါမှ နောင်လာ
တရား စိတ်စေများတို့ ဖြစ်ပွားစေမှု ကျေးဇူးပြုငြား
ဝိဂတပစ္စည်းတရားလည်းကောင်း။

အဓိပ္ပါယ်ဖွင့်ဆိုချက်
လုံးဝချုပ်ငြိမ်း ပြတ်စဲပြီးမှ ကျေးဇူးပြုတတ်သော
အကြောင်းတရားသည် ၀ိဂတပစ္စည်းမည်၏။
ဝိဂတပစ္စည်းသည် နတ္ထိပစ္စည်းနှင့် လုံးဝတူ၏။
——————————
၂၄။ အဝိဂတပစ္စယောတိ-

စတ္တာရောခန္ဓာ အရူပိနော အညမညံ
အဝိဂတပစ္စယေန ပစ္စယော။

စတ္တာရောမဟာဘူတာ အညမညံ
အဝိဂတပစ္စယေန ပစ္စယော။

သြက္ကန္တိက္ခဏေ နာမရူပံအညမညံ
အဝိဂတပစ္စယေန ပစ္စယော။

စိတ္တ စေတသိကာ ဓမ္မာ
စိတ္တသမုဋ္ဌာနာနံရူပါနံ
အဝိဂတပစ္စယေန ပစ္စယော။

မဟာဘူတာ ဥပါဒါရူပါနံ
အဝိဂတပစ္စယေန ပစ္စယော။

စက္ခာယတနံ စက္ခုဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အဝိဂတပစ္စယေန ပစ္စယော။

သောတာယတနံ သောတဝိညာဏ ဓာတုယာ၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အဝိဂတပစ္စယေန ပစ္စယော။

ဃာနာယတနံ၊ ဃာနဝိညာဏ ဓာတုယာ၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အဝိဂတပစ္စယေနပစ္စယော။

ဇိဝှာယတနံ ဇိဝှါဝိညာဏဓာတုယာ၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
အဝိဂတပစ္စယေန ပစ္စယော။

ကာယာယတနံ ကာယဝိညာဏ ဓာတုယာ၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အဝိဂတပစ္စယေန ပစ္စယော။

ရူပ့ယတနံ စက္ခုဝိညာဏ ဓာတုယာ၊
တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
အဝိဂတပစ္စယေန ပစ္စယော။

သဒ္ဒါယတနံ သောတဝိညာဏ ဓာတုယာ
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာန၊ံ
အဝိဂတပစ္စယေန ပစ္စယော။

ဂန္ဓာယတနံ၊ ဃာနဝိညာဏ ဓာတုယာ၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
အဝိဂတပစ္စယေန ပစ္စယော။

ရသာယတနံ၊ ဇိဝှာဝိညာဏ ဓာတုယာ၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
အဝိဂတပစ္စယေန ပစ္စယော။

ဖောဋ္ဌဗ္ဗာယတနံ၊ ကာယဝိညာဏ ဓာတုယာ၊၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာန၊ံ
အဝိဂတပစ္စယေန ပစ္စယော။

ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊
ရသာယတနံ၊ ဖောဋ္ဌဗ္ဗယတနံ၊ မနောဓာတုယာ၊၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
အဝိဂတပစ္စယေန ပစ္စယော။

တံရူပံ နိဿာယ မနောဓာတုစ၊
မနောဝိညာဏဓာတု စ၊ ဝတ္တန္တိ၊
တံ ရူပံ မနောဓာတုယာ စ၊
မနောဝိညာဏဓာတုယာ စ၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
အဝိဂတပစ္စယေန ပစ္စယော။

ပါဠိအနက်
၂၄။ အ၀ိဂတ ပစ္စယော
ထင်ရှားရှိလာ မကင်းကွာဘဲ ဖြစ်လာအဟုတ်
နာမ်နှင့်ရုပ်တို့ မချုပ်သေးခင် စွမ်းအင်ပေးမှု
ကျေးဇူးပြုငြား အ၀ိဂတပစ္စည်းတရား
လည်းကောင်း။
က္ကုတိ၊ ဤသို့။ ပစ္စယုဒ္ဒေသ။ ပစ္စည်းတရား
အကျဉ်းအားဖြင့် ဟောကြားပြသ ပစ္စယုဒ္ဒေသ၌
စတုဝီသတိပစ္စယော၊ ၂၄-ပစ္စည်းတို့ကို။
ဘဂ၀ါ၊ မြတ်စွာဘုရားသည်။
ဝုတ္တာ၊ ဟောတော်မှုအပ်ကုန်ပြီ။

အဓိပ္ပါယ်ဖွင့်ဆိုချက်
၂၄။ အ၀ိဂတပ္စည်း
ချုပ်ငြိမ်းပျက်ဆဲခြင်း မဖြစ်သေးမီ ကျေးဇူးပြုတတ်
သော အကြောင်းတရားသည် အ၀ိဂတပစ္စည်းမည်၏။
အ၀ိဂတပစ္စည်းသည် အတ္ထိပစ္စည်းနှင့် လုံးဝတူ၏။

နိဂုံး

ကြောင်းကျိုးနှစ်တန်
စစ်အမှန်ကို
ဧကန်ရှုမြင်
ဉာဏ်သက်ဝင်မှ
ကင်းစင်သံသယ
လမ်းမှန်ရလျက်
ဘ၀သံသရာ
ကျင်လည်ရာမှ
မြန်စွာထွက်မြောက်
နိဗ္ဗာန်ရောက်မည်
ထွန်းတောက်ဉာဏ်မြင်
လင်းစေသော် ။

ဒေါက်တာနန္ဒမာလာဘိဝံသ

Ref: http://dhammalectures.blogspot.sg/2014/08/blog-post_92.html

စိတ္တနုပဿသ နာ ရှုကွက်များ (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာဏ္ဍိတ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်မှ စိတ္တနုပဿ နာ ရှုကွက်များ

~~~~~~
၀၀၃။ စိတ္တနုပသ နာ
~~~~~~
တရားတော်ကို ဤနေရာတွင် နာယူနိုင်ပါသည်။

Audio link

http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/MP3Disc09/005-Dr-Nandamalabhivamsa-021009.mp3

Video Link

http://dhammadownload.com/MP4Library/Dr-Nandamalabhivamsa/DVD-12/04-Dr-Nandamalabhivamsa-DVD12.mp4

စာအုပ်ကို ဤနေရာတွင် download လုပ်ယူနိုင်ပါသည်။

http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-MahaThaHtiPathanThoatAhNyitChote.pdf

~~~~~~~~
စိတ္တနုာနုဿပသ နာ ရှုကွက်များ (အထက်ပါ တရားတော်မှ မိမိ နားလည်သလို မှတ်စုတို ထုတ်နှုတ်ချက်)

~~~~~~~~
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က လဟုပရိဝတ္တခေါ စိတ္တံ – စိတ်ဆိုတာ တကယ်ကို အလျင်အမြန်ကြီးပြောင်းလဲဖြစ်ပေါ်နေတာတဲ့၊ ဥပမာပိ န သုကရာ – ဥပမာနဲ့နှိုင်ယှဉ်ပြီးပြောဖို့တော် မလွယ်ဘူးတဲ့၊ သိပ်မြန်လွန်းအားကြီးတယ်ပေါ့၊ စိတ်ရဲ့ ပြောင်းလဲဖြစ်ပေါ်မှုဟာ အလွန်မြန်သည့်အတွက်ကြောင့် သာမန်သတိကလေးနဲ့ ဒီစိတ်ရဲ့ အခြေအနေမှန်ကို သိဖို့ဆိုတာ အလွန်ခဲယဉ်းတယ်၊ စိတ်ကို စိတ်နဲ့ ကြံတွေးပြီးတော့ သိကြရမှာ ဖြစ်သည့်အတွက်ကြောင့် ကိုယ်ကြံတွေးပြီါ်တော့ သိကြရတဲ့ စိတ်တွေ၊ ဖြစ်နေဆဲစိတ်ကို အဲဒီစိတ်နဲ့ ပြန်ပြီးတော့ သိနိုင်တာတော့ မဟုတ်ဘူး၊ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်က လိုက်ပြီးတော့ သိတဲ့ စိတ်၊ ရှေ့စိတ်ကို နောက်စိတ်က သိတယ်ဆိုတာမျိုးသာ ဖြစ်နိုင်တယ်။ ဒီစိတ်ကလေးကို ဒီစိတ်ကလေးနဲ့ ပြန်သိတယ်ဆိုတာ မဖြစ်နိုင်ဘူး။
ဒါကြောင့်မို့ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်ကလိုက်ပြီးတော့ သိအောင် စိတ္တာနုပဿနာ လုပ်ရမယ်တဲ့၊ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်စိတ်က လိုက်ပြီး မသိဘူး၊ အမှတ်တမဲ့ နေမယ်ဆိုရင် မှားယွင်းတဲ့ အတွေးတွေ ဝင်လာနိုင်တယ်၊ မှားယွင်းတဲ့ အတွေးတွေ ဝင်လာလို့ ရှိရင် တွယ်တာမှုတွေရော နောက်က ဆက်တိုက်လာမှာ၊
ဒါကြောင့်မို့ စိတ္တာနုပဿနုပဿနာကိုဟောတယ်ဆိုတာ မြဲနေတယ်ဆိုတဲ့ နိစ္စအတွေးတွေ၊ မှားယွင်းတဲ့ အယူအဆအတွေးတွေ အထင်တွေအမြင်တွေကို ဖယ်ရှားပစ်ဖို့ရာအတွက် စိတ်ကလေးရဲ့ သဘာဝကို သိဖို့ စိတ်ကို အနီးကပ်စောင့်ကြည့်တဲ့ နည်းစနစ်ကို ပေးတဲ့အနေအားဖြင့် စိတ္တာနုပဿနာကို ဟောတာ။
စိတ္တနုအဿနာဆိုတော့ စိတ်ရဲ့ သဘာဝလေးကို အရင်ကြည့်။ စာပေမှာ စိတ်လို့သုံးလိုက်လို့ရှိရင် တစ်ခါတစ်ရံ စေတသိက်တွေ ပါတယ်၊ ဒီနေရာမှာက စိတ်လို့ပြောလိုက်လို့ရှိရင် စေတသိက်တွေကို ပြောတာမဟုတ်ဘူး၊ အာရုံကို သိတဲ့ သဘာဝ တရားလေးကိုသာ ဦးတည် ပြောတာ။
စာပေကျမ်းဂန်မှာ စိတ်လို့ ဆိုလိုက်ရင် လူတွေရဲ့ အသိစိတ်ရော၊ ခံစားချက်တွေရော၊ တော်တော်များများမှာ ပါဝင်တယ်၊ တစ်ခါတစ်ရံကျတော့ စိတ်လို့ ပြောလိုက်တာဟာ သမာဓိကို ရည်ညွှန်းတာလည်းရှိတယ်၊ ဝိသုဒ္ဓိမဂ်မှာ ကိုးကားထားတဲ့ သီလေပတိဋ္ဌာယ နရော သပယော၊ စိတ္တံ ပညဉ္စ ဘာဝယံ – ဆိုတဲ့နေရာမှာ စိတ်နဲ့ ပညာကို တိုးပွားစေရမယ်လို့ ဆိုထားတဲ့ စီတ္တ ဆိုတာ စိတ်ကို ဦးတည်ပြီးတော့ သမာဓိကို ပြောတာ၊ အဲဒါကျတော့ သမာဓိလို့ ယူရမယ်။
စိတ္တေန နိယျတေ လောကေ – စသည်ဖြင့် ပြောတဲ့အခါကျတော့ စိတ်ရော စေတသိက်ရော အားလုံးနှစ်ခုလုံးဆိုင်တဲ့ အရာမျိုးတွေပေါ့၊ စိတ်ကို ပဓာနထားပြောလိုက်လို့ရှိရင် နောက်က စိတ်နဲ့ ယှဉ်တဲ့ စေတသိက်တွေလည်း ပါလာတယ်။
အခု စိတ္တနုပ၍နာကျတော့ အဲဒီသဘောမျိုးမဟုတ်ဘဲနဲ့ – အာရမ္မဏဝိနနလက္ခဏာ – မျက်စိက မြင်တဲ့အာရုံ၊ နာဒက ကြားတဲ့ အာရုံ၊ နှာခေါင်းက ရှုရှိုက်လိုက်ရတဲ့ အာရုံ၊ လျှာက လျက်လိုက်ရတဲ့ အာရုံ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အာရုံ၊ စိတ်ထဲက ကြံတွေးရတဲ့ အာရုံ၊ အဲဒီအာရုံတွေကို သိတဲ့ လက္ခဏာရှိတဲ့ သဘာဝတရားကို ပြောတာ၊

စိတ်ဆိုတာ အာရုံကို သိတဲ့သေဘောလေး၊ သိတဲ့ငဘောလို့ ဆိုတာ အာရုံကို ရယူပေးတဲ့ သဘောလေး၊ အဲဒီထဲမှာ ခံစားမှုဆိုတာ မပါဘူး၊ ကြံတွေးမှုဆိုတာ မပါဘူး၊ စေ့ဆော်မှုဆိုတာတွေ မပါဘူး၊ အာရုံကို ရယူပေးမှု သက်သက်ကလေးကို စိတ်လို့ခေါ်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒါကို စာပေကျမ်းဂန်က အာရမ္မဏ ဝိဇာနနလက္ခဏံ စိတ္တံ – တဲ့၊ စိတ်ကို သိချင်ရင် သူရဲ့ Characteristic လို့ခေါ်တဲ့ လက္ခဏာ ရှုထောင့်က ကြည့်ရတယ်၊ သဘာဝတရားတိုင်းမှာ သဘာဝလက္ခဏာဆိုတာ ရှိတယ်၊ ကိုယ်ပိုင် အမှတ်လက္ခဏာလေးတွေ ရှိတယ်။
အမှတ်အသားလက္ခဏာဆိုတာ နှစ်မျိုးရှိတယ် လို့ မှတ်ထားရမယ်၊ သဘာဝတရားတိုင်းကို ကြည့်လိုက်လို့ရှိရင် လက္ခဏာသည် နှစ်ခုရှိတယ်၊ တစ်မျိုးက သဘာဝလက္ခဏာ၊ နောက်တမျိုးက သာမည လက္ခဏာ၊
သဘာဝလက္ခဏာဆိုတာ ကိုယ်ပိုင်အမှတ်အသားလေးတွေကိုခေါ်တာ၊ အများနဲ့ မဆက်ဆံဘူး၊ ကိုယ်နဲ့သာ သက်ဆိုင်တဲ့ အမှတ်အသားလေးတွေ၊ ဒါလေးတွေကို သဘာဝလက္ခဏာ Individual Characteristic လို့ ခေါ်တယ်။
အများဆိုင် လက္ခဏာကိုတော့ Universal or General Characteristic သာမညလက္ခဏာလို့ခေါ်တယ်၊
ဆိုပါစို့ – ဖဿဆိုတဲ့ သဘာဝတရားမှာ အာရုံနဲ့ စိတ်ကို တွေ့ဆုံပေးခြင်းလက္ခဏာ ရှိတယ်၊ သညာက အာရုံကို မှတ်သားပေးခြင်းလက္ခဏာ ရှိတယ်၊ ဒါကိုယ်ပိုင် အမှတ်အသားလေးတွေ၊ အဲဒီ ဖဿ ဝေဒနာ သညာ စတဲ့ ဒီသဘာဝတရားတွေဟာ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့ သဘော၊ အစိုးမပိုင်တဲ့ အနတ္တသဘောရော မရှိဘူးလား၊ အနိစ္စ ဒုက္ခ အနတ္တလို့ဆိုတဲ့ ဒီသဘောတွေကျတော့ သာမညလက္ခဏာ လို့ခေါ်တယ်။
ဝိပဿနာ ရှုပြီဆိုလို့ရှိရင် ဘယ်ကစရတုန်း ဆိုလို့ရှိရင် သဘာဝလက္ခဏာက စရတယ်၊ Individual လက္ခဏာကို သေချာမိအောင် သတိကပ်ရတယ်၊ ကိုယ်ပိုင်လက္ခဏာလေးတွေကို မသိဘဲနဲ့ ဖြစ်တယ်ပျက်တယ် သွားလုပ်လို့ မရသေးဘူးတဲ့၊ အတွေး အဖြစ် အတွေးအပျက် ဖြစ်သွားလိမ့်မယ်၊ မမြဲသေးတဲ့သဘော သွား စဉ်းစာရင် အတွေးထဲမှာပေါ်တဲ့ မမြဲတာပဲ ဖြစ်မယ်၊ သစ္ဆိကဋ္ဌ ပရမတ္ထ လို့ခေါ်တဲ့ တကယ့်ကို ကိုယ်တိုင်သိတဲ့ ပရမတ္ထအနှစ် လက္ခဏာထိအောင် မဆိုက်ထိနိုင်ဘူး၊ အဲဒါဆို ဝိပဿနာဉာဏ် မဖြစ်သေးဘူးလို့ ဒီလိုပြောတယ်။
မှန်ကန်တဲ့အတွေးက ဝိပဿနာကို ကျေးဇူးပြုပေမယ့်လို့တကယ့် ဝိပဿနာအစစ်ဆိုလို့ရှိရင် တကယ်ဖြစ်နေတာကို တကယ်မြင်တဲ့ဟာမှ ဝိပဿနာအစစ်လို့ ပြောရမှာပေါ့၊ ဒါကိုပဲ ပရမတ်မြင်တယ်လို့ ပြောတာပေါ့နော်၊ သစ္ဆိကဋ္ဌ တဲ့ တကယ် မှန်ကန်တဲ့သဘော၊ ပရမတ္တ တဲ့ လုံးဝပြောင်းလဲမှု မရှိတဲ့ တကယ့်အစစ်အမှန်သဘော၊ အဲဒီ ငဘောကို မြင်ဖို့ရာ မြင်ရတဲ့ အနေအထားထိအောင် ရှိရမယ်၊ တွေးကြည့်တဲ့အတွေးဟာ အမှန် မဟုတ်ဘူး၊ စိတ်ထဲက ပုံဖော်ထားတာသာ ဖြစ်တယ်ပေါ့၊
ပရမတ်ဆိုတာ တကယ့်အရှိ၊ တကယ့်အသိနဲ့ သိတဲ့ဟာမျိုးမှ ပရမတ္တ၊ အဲဒီတော့ တွေးပြီးတော့ကြည့်တာမျိုးကတော့ မှန်ကန်တဲ့ အတွေးဆိုရင် အထောက်အကူပြုပါတယ်၊ မပြုဘူးပြောတာ မဟုတ်ဘူး၊ မှန်ကန်တဲ့ အတွေးနဲ့ တွေးလို့ရှိရင် အထောက်အကူဖြစ်တယ်၊ သို့သော် အဲဒီအတွေးတင် ဆိုတလို့ရှိရင် အသိဉာဏ် မဟုတ်သေးဘူးပေါ့၊
ဒါကြောင့်မို့လို့ ဝိပဿနာရှုပြီ ဆိုလို့ရှိရင် နံပါတ်တစ် ဘာက စရတုန်ဒ၊ သဘာဝတရားကို ရှုတော့မယ် ဆိုလို့ရှိရင် ရုပ်ကို မြင်အောင်ကြည့်မယ်၊ နာမ်ကို မြင်အောင်ကြည့်မယ်၊ သို့မဟုတ် ဖဿကို မြင်အောင်ကြည့်မယ်၊ ဝေဒနာကို မြင်အောင်ကြည့်မယ်၊ ဖဿ၊ ဝေဒနာဆိုတာ ဘယ်ပုံစံနဲ့ ကြည့်ရမှာတုန်းဆိုလို့ရှိရင် Individual Characteristic လို့ ဆိုတဲ့ သဘာဝလက္ခဏာရှုထောင့်က ကြည့်ရမယ်။
ဖဿကို ကြည့်လိုက်တာနဲ့ ဘာသွားတွေ့တုန်းဆို စိတ်နဲ့ အာရုံ တွေ့ပေးတဲ့သဘောပါလား၊ စိတ်အာရုံ တွေ့အောင် ဆက်သွယ်ပေးတဲ့သဘောပါလား ဆိုတာလေးကို သွားပေါ်တယ်၊ ဒါက ဘာကို သိတာတုန်းလို့ဆို ဖ သကို သိတယ်၊ ဖဿကို သိတာ ဘယ်ရှုထောင့်က သိတာတုန်းဆို ဖဿရဲ့ Characteristic လက္ခဏာ ရှုထောင့်က သိတာတဲ့၊
သဘာဝလက္ခဏာ တွေမှာလည်းပဲ ထိုကအတူပဲ သဘာဝ တရားတွေကို သိချင်ပြီဆိုလို့ရှိရင် ထို သဘာဝတရားတွေရဲ့ သွင်ပြင်လက္ခဏာကနေ မှတ်တာတဲ့၊ ဖဿကို တွေ့တယ်ဆိုရင် အာရုံနဲ့ စိတ် contact လုပ်ပေးတယ် ဆက်သွယ်ပေးတယ် ဆိုတဲ့ သဘော၊ စိတ်ဟာ အာရုံပေါ် ထိကပ်တယ်၊ ထိရောက်တယ် ဆိုတဲ့သဘော၊ ဝေဒနာကို သိရင် အာရုံ၏ အရသာကို ခံတယ် အတွေအကြုံရှိတယ် ဆိုတဲ့သဘော၊ သညာကို သိရင် အာရုံကို အမှတ်သားဖြင့် သိတယ်ဆိုတဲ့ သဘော၊ ဒါလေးတွေကို သွားတွေ့တယ်။
နာမ်ကိုတွေ့လို့ရှိရင်လည်း ခြုံငုံပြီးတော့ နာမ်ဆိုတာ အာရုံရှိတဲ့ဘက် ညွတ်ညွတ်သွားတဲ့ သဘော၊ ဘယ်တော့မဆို အာရုံဘက်ကို သူက ဦါ်လှည့်ပြီးတော့ သွားတယ်၊ အဲဒါ နာမ်ရဲ့သဘော၊ အာရုံရှိတယ်၊ ညွတ်တယ်လို့ဆိုတာ အာရုံရှိတဲ့ဘက်ကို အမြဲတမ်း မျက်နှာလှည့်တာ။
ဒါကြောင့် ကိုယ်ံစိတ်လေးကို အာရုံပြုပြီးတော့ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ စိတ်၊ စေတသိက်လေးတွေကို အကဲခတ်ကြည့်နေလို့ရှိရင် အာရုံရှိတဲ့ဘက်ကို သွားနေတာပဲ၊ အာရုံကို ရှာနေတဲ့ ပုံစံမျိုးပဲ၊ ကြည့်လေ တိတ်တိဆိတ်ဆိတ် ကိုယ့်အိမ်မှာ နေရင်း ဒေါက်ကနဲ တစ်နေရာက အသံ ကြားရရင် စိတ်ကလေးက အဲဒီရောက်သွားတယ်။ စိတ်ကလေးက ဟိုအာရုံ ဘက်ရောက်လိုက်၊ ဒီအာရုံဘက်ရောက်လိုက်၊
ဒါကြောင့်မို့ အဲဒီစိတ်ကလေးရဲ့ သဘောကို မြတ်စွာဘုရားက သုတ္တန်ပါဠိတော်တွေထဲမှာ ထင်ထင်ရှားရှား ဟောထားတာ၊ ဒုရင်္ဂမံ တဲ့၊ ဒူရဆိုတာ အဝေးကြီးကို ဂမ – သွားတာ၊ စိတ်ကလေးက အဝေးကြီးကို အင်မတန် သွားတယ်၊ အဝေးကြီးကို ရောက်တယ်၊
သို့သော် နားလည်ရမယ်ံ အဓိပ္ပါယ်က ဝေးလံတဲ့အာရုံကို ရယူတယ်လို့ ဒီလိုနားလည်ရမယ်။
နောက်တစ်ခုက ဧကစာရံ – စိတ်ကလေးဟာ နှစ်ခုတွဲ ဘယ်တော့မှ မဖြစ်ဘူးဆိုတာ မှတ်ထားပါ၊ စိတ်ကလေးဟာ တစ်ခုပြီးမှသာ တစ်ခုဖြစ်လို့ရတယ်၊ နှစ်ခုတွဲ ဘယ်တော့မှ မဖြစ်ဘူး၊
တစ်စိတ်ဆိုတာ အသက်ရှင်နေတဲ့ အချိန်ပိုင်းလေးကို ပြောတာ၊
တစ်စိတ်ပြီး တစ်စိတ် ဖြစ်နေလို့ နှစ်စိတ်လိုလို သုံးစိတ်လိုလို ဒီလိုထင်နေတာ၊ ဧကစိတ္တ သမာယုတာ – စိတ်တစ်ခုထဲနဲ့ပဲ နေကြတာ။
အသရီရံ – ပုံပန်းသဏ္ဍာန် ခန္ဓာကိုယ်ဆိုတာ မရှိဘူး၊ စိတ်ကို ရုပ်လုံးဖော်လို့ မရဘူး၊ အသရီရံ – Body မရှိဘူး၊ ဂုဟာသယံ – စိတ်ကလေးဟာ မဟာဘုတ်လေးပါး ဆိုတဲ့ (သို့မဟုတ်) ဟဒယဝတ္ထုရုပ် (သို့မဟုတ်) ဝတ္ထုရုပ်တွေလို့ ဆိုတဲ့ ကိန်းအောင်ရာနေရာလေး ရှိတယ်၊ ဒီစကားမှာလည်းပဲ အရပ်အနေနဲ့ တင်စားပြီးပြောတာ၊ ဂုဟ + အာသယံ – လှိုဏ်ထဲမှာ ကိန်းနေတယ်လို့ ဒီလိုပြောတာ၊ စိတ်ကလေးဟာ တကယ်တော့ ရှိနေတာ မဟုတ်ဘူးတဲ့၊ ဝတ္ထု အာရုံ တိုက်ဆိုင်မှ ဖြစ်ပေါ်လာတယ်၊လို့ – ဒီလို နားလည်ရမယ်၊ သို့သော် အဲဒီနေရာပ ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ရှိနေတယ်လို့ ဒီလိုပြောကြတာ၊ တကယ်ရှိနေတာ မဟုတ်ဘူး၊
ဝတ္ထုရုပ်တွေမှာ စိတ်ရှိနေတာ မဟုတ်ဘူး၊ အဲဒီ ဝတ္ထုရုပ်တွေဟာ အာရုံက လာထိခိုက်ရင် စိတ်ဖြစ်နေနိုင်တဲ့ အနေအထားရှိတယ်၊ အဲဒါကြောင့်မို့ ဂုဟာသယံ ဆိုတဲ့ စကာလုံးကို သုံးတာ၊ စိတ်ကလေးက ဖြစ်ပြီး ဒီထဲမှာ အောင်းနေတာ မဟုတ်ဘူး၊ အိမ်ထဲမှာ လူရှိနေတယ်ဆိုတာက လူတကယ်ရှိနေတာ မဟုတ်လား၊ စိတ်ကလေးက မဟာဘုတ်တည်းဟူသော လှိုဏ်ဂူထဲမှာ ရှိနေနတယ်လို့ ပြောတာကျတော့ တကယ်ရှိနေတာ မဟုတ်ဘူး၊ ဖြစ်နိုင်တဲ့ အနေ အထားရှိတာကို ပြောတာ၊ ဝတ္ထုအာရုံဆုံမှ ဖြစ်ပေါ်လာတာ၊ စိတ်ရဲ့ သဘာဝတရားတွေကို မြတ်စွာဘုရားက ဒီလို ပုံဖော်ပြီးတော့ ဟောကြားတာဖြစ်တယ်။
အဲဒီလို အနေအထားရှိတဲ့စိတ်ကလေးကို သတိကပ်ပြီးတော့ လေ့ကျင့်ပေးဖို့ မဟာသတိပဋ္ဌာန်သုတ်မှာ စိတ္တာနုပဿနာကို မြတ်စွာဘုရား ဟောထားတယ်၊ စိတ္တာနုပဿနာဆိုတာ စိတ်ရဲ့ သဘာဝ (သို့မဟုတ်) စိတ်ကို အဖန်ဖန်အထပ်ထပ် အနီးကပ်ကြည့်ရှုခြင်း (သို့မဟုတ်) စိတ်ကို သင့်လျော်တဲ့ ရှုထောင့်က ရှုမြင်ခြင်းလို့ အဓိပ္ပါယ် ရတယ်နော်၊ Contemplation of Consciousness – သတိစွမ်းအားတွေ၊ ဉာဏ်စွမ်းအားတွေနဲ့ သဘာဝအနေအထားကို ဆင်ခြင်သုံးသပ်နေတာ၊ စိတ်ကလေးရဲ့ သဘာဝကို ဆင်ခြင်သုံးသပ်ပြီးတော့ ကြည့်ရှုခြင်းပဲ။
အနုပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိက ဦးတည်ချက်ကတော့ ဉာဏ်ကို ပြောတာပါပဲ။ အဲဒီဉာဏ်က မြင်အောင် ဉာဏ်က ကြည့်လို့ရအောင် အာရုံကို ယူပေးနိုင်တာ သတိပဲ၊ သတိက စိတ်ဆိုတဲ့ အာရုံလေးကို ဆုပ်ကိုင်ပြမှ အသိဉာဏ်က သှူုရဲ့ သဘာဝကို သိနိုင်တာနော်၊ သတိနဲ့ဉာဏ် ပူးပေါင်းလုပ်တယ်၊ သို့သော် ဘာတွေပါသေးတုန်းဆို ဝီရိယလည်း ပါတာပဲ။ သမ္မာ
သင်္ကပ္ပဆိုတဲ့ ကြံတွေးမှုလည်း ပါတာပဲ၊ သမာဓိ ဆိုတာလည်း ပါတာပဲ၊ ဒါတွေမပါဘဲနဲ့ မဖြစ်ဘူး၊ ဒီစွမ်းအားတွေ အကုန်လုံးစုံမှ စိတ္တနုပဿနာဆိုတာဖြစ်တယ်ပေါ့။
ဒီစိတ်ကလေးဟာ ဘယ်သူ့စိတ်ကို ကြည့်ရမှာလဲ ကိုယ့်သန္တာန်မှာရှိတဲ့ စိတ်တွေ မြောက်များစွာပဲ၊ မသိတာက များတယ် သိတာက နည်းနည်းပဲ၊ ကိုယ့်စိတ် ကိုယ်သိတာ မဟုတ်ဘူး၊ ကိုယ်သိတာက အာရုံ့ကို သွားသိနေတာ စိတ်ကိုလေ့လာ အကဲခတ်ကြည့်တာ မဟုတ်ဘူး၊ ကိုယ်ကြည့်နေတာက အာရုံတွေပဲ၊
မျက်စိက မြင်တဲ့အာရုံကို သိတယ်၊ နားက ကြားတဲ့အသံကို သိတယ်၊ အခုဒီကနေ လူအများပြောနေကြတာ လှတယ်၊ မလှဘူးဆိုတာ ဘာကိုပြောတာတုန်း၊ မျက်စိက မြင်တာကို ပြောနေတာ၊ အသံ သာယာတယ်၊ မသာယာဘူဆိုတာ ဘာကိုပြောတာတုန်း၊ နားက ကြားတာကို ပြောနေတာ၊ ဒီအနံ့လေးက မွှေးတယ်၊ မမွှေးဘူဆိုတာ ဘာကိုပြေနောတာတုန်း၊ နှခြေါင်းကရတဲ့ အနံ့ကို ပြောနေတာ၊ အပြင်ကဟာတွေချည်းပြောနေတာပဲ၊ အာရုံတွေအကြောင်း ပြေနေတာ၊
အဲဒီလိုမဖြစ်ရအောင်မြတ်စွာဘုရားက ဦးလှည့်ပေးလိုက်တာ စိတ္တနုပဿနာတဲ့၊ စိတ်ကိုပြန်ပြီးတော့ သတိကပ်လိုက်စမ်းပါ၊ ကိုယ်စိတ်လေးကို ကိုယ်ပြန်ပြီးတော့ သတိကပ်ပါ၊ ဒီနေရာမှာ စိတ္တနုပဿနာဆိုတာ စိတ်နဲ့ စေတသိက်ရောနေတာ၊ စိတ်ကလေးချည်း ဘယ်လို ခွဲထုတ်ကြည့်ရမလဲ၊လို့ တွေးကောင်း တွေးမိမယ်၊ စိတ်ဆိုတာ အာရုံကို သိတတ်တဲ့ သဘောလေးတစ်ခုတည်းသာ ဖြစ်လို့ ဘယ်စိတ်ပဲဖြစ်ဖြစ် ပေါ်လာတဲ့အာရုံကို သိတာချည်းပဲဆိုတော့ တစ်မျိုးတည်းပဲ ဖြစ်နေတယ်။
စိတ္တနုပဿနာမှာ မြတ်စွာဘုရားက စိတ်ကို အခြေအနေနဲ့ ယှဉ်တွဲမှုတွေကိုကြည့်ပြီး ၁၆ မျိုး ခွဲပြထားတယ်၊ စိတ္တာနုပဿနာ ဆိုတဲ့ စိတ်ကို သတိကပ်ပြီးတော့ ရှုမှတ်မယ်ဆိုလို့ရှိရင် ၁၆ မျိုး ဖြစ်နိုင်တယ်၊ ဒါ လူတိုင်း ၁၆ မျိုး ဖြစ်တယ်လို့ပြောတာ မဟုတ်ဘူးနော်၊ အထွေထွေ ဖြစ်နိုင်ချေ ရှိတာတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒီ ၁၆ မျိုး ခွဲထားတာက အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ခွဲထားတာတွေနဲ့ တချို့တူသော်လည်းပဲ တချို့ မတူဘူး၊ အခြားအဘိဓမ္မာကျမ်းတွေမှာလည်းပဲ ၁၆ မျိုးခွဲတာ ရှိတယ်ပေါ့။
ဘုန်းကြီးတို့ကြည့်ရမှာက စိတ်နဲ့ စေတသိက် ရောနေတယ် ဆိုတဲ့နေရာမှာ သိသာထင်ရှားတဲ့ ယှဉ်တွဲလာတဲ့ သဘာဝလေးနဲ့ စိတ်ကို သတ်မှတ်ပြီး ပြောရမှာ၊ ဆိုပါစို့ -နွားအကြောင်းကို ပြောချင်လို့ရှိရင် နွာအနီဘယ်နှစ်ကောင်၊ နွားအနက်ဘယ်နှစ်ကောင် ခွဲခြားပြောတယ်။ နွားကတော့ နွားပဲလေ။ စိတ်ကိုလည်းပဲ အဲဒီလိုပဲ ပြောရမှာပဲ၊ စိတ်ကတော့ စိတ်ပဲ။
မြတ်စွာဘုရားက စိတ်ကို ခွဲခြားပြီးတော့ ရှုလို့ရအောင် သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ – ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ စိတ်ကလေးဟာ တွယ်တာမှု ရာဂတွေနဲ့ ယှဉ်တွဲနေတဲ့ စိတ်ကလေး ဆိုလို့ရှိရင် တွယ်တာမှုရှိတဲ့ စိတ်ကလေးလို့ သိပါတဲ့၊ တွယ်တာမှု ဆိုတာလေးနဲ့ စိတ်ကလေးကို ဖမ်းကြည့်တာ ဟုတ်ကဲ့လား၊ တွယ်တာမှုကို ရှုတာ မဟုတ်ဘူး၊ တွယ်တာမှုကို ရှုရင် ဓမ္မာနုပဿနာ ဖြစ်တယ်။
ဒါပေမယ့် ယောဂီတွေအနေနဲ့ စဉ်းစားဖို့တော့ မကြိုးစားနဲ့ပေါ့၊ မြတ်စွာဘုရားက ကာယနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ လို့ အာရုံ ၄ မျိုး ပေးထားတာမှာ ငါရှုနေတာ ကာယာနုပဿနာလား၊ ဝေဒနာနုပဿနာလား၊ စိတ္တာနုပဿနာလား၊ ဓမ္မာနုပဿနာလားလို့ တွေးမနေနဲ့၊ အဲဒီလိုတွေးနေတာနဲ့ တစ်ပြိုင်နက် ကိုယ်ရှုနေတဲ့အာရုံကနေ လမ်းချော်သွားပြီလို့သာ မှတ်လိုက်တော့၊ အဲဒီလို စဉ်းစားစရာမလိုဘူးနော်၊ မြင်တဲ့အာရုံကို ရှုမိမှာပဲ၊ တစ်ခါတစ်ရံ ဝေဒနာကို ရှုမိလိမ့်မယ်၊ တစ်ခါတရံ ရုပ်ဆိုတဲ့ ဓမ္မကို ရှုမိလိမ့်မယ်။ တစ်ခါတစ်ခါ ခံစားမှုတွေ ရှုမိရက်လည်း ရှုမိလိမ့်မယ်။
ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ လို့ဆိုတာ မြတ်စွာဘုရားက ဝိပဿနာရဲ့ အာရုံ ဖြစ်နိုင်ချေရှိတာလေးတွေကို မိမိသန္တာန်မှာရှိတဲ့ အာရုံလေးတွေကို ၄ မျိုးပိုင်းပြီး ဟောထားတာဖြစ်တယ်။ ငါ – စိတ်ချည်းပဲကြည့်မယ်၊ ဝေဒနာကို မကြည့်ဘူးလို့ ဒီလို လုပ်လို့လည်း မရဘူနော်။ ကမ္မဋ္ဌာန်းရှုနေပြီဆိုရင် စိတ်အာရုံ ပေါ်ချင်လည်း ပေါ်မယ်၊ ဝေဒနာ ပေါ်ချင်လည်း ပေါ်မယ်၊ ဘာပေါ်ပေါ် ပေါ်တာကို သိဖို့လိုတယ်၊ အဲလို ဆိုလိုတာဖြစ်တယ်။ ဆိုလိုတာက သတိပဋ္ဌာန်အာရုံ ၄ မျိုးထဲမှာ ဘယ်အာရုံပဲ ဖြစ်ဖြစ်
သို့သော် သမထကျင့်စဉ်ကို ပြောတဲ့အခါကျတော့ ထွက်လေ ဝင်လေ သပ်သပ်ရှုတာကျတော့ ကာယနုပဿနာပဲ.
အဲဒါ ကာယပဲ ရှုတာပဲ၊ ဝေဒနာတို့ စိတ်တို့ ဓမ္မတို့ကျတော့ သူတို့က ရောလာတယ်၊ ရောနေတာ၊ အဲဒီ ရောနေတာကို သွားပြီးတော့ ခွဲခြားဘို့ မကြိုးစာနဲ့ပေါ့၊ ရှုလို့ မရဘူးလားဆိုတော့ အာရုံဆိုတာ မဟာစည်ဆရာတော် ဆရာတော်ဘုရားကြီး လမ်းညွှန်သလိုပဲ ပေါ်ရာပေါ်ရာရှု ဆိုတာ ရှိတယ်လေ။ အဲဒီ ပေါ်ရာ ပေါ်ရာ ရှု ဆိုတဲ့
စကားဟာ ဝိသုဒ္ဓိမဂ်က စကားကိုခြုံပြီးတော့ ပြောတာ၊ ဝိသုဒ္ဓိမဂ်မှာ ကမ္မဋ္ဌာန်းရှုရမယ့် ရှုလို့ရတဲ့ သဘာဝတရားတွေ ရှိတယ်တဲ့ – ရုပ်တရား၊ နာမ်တရားတွေ၊ အဲဒီ ရုပ်တရား၊ နာမ်တရားတွေထဲက မိမိရဲ့ သန္တာန်မှာ ပစ္စုပ္ပန်ခဏမှာ ဖြစ်ပေါ်လာတာတွေကို သွားတွေးရှုနေလို့ရှိရင် ပတွေးပဲ ဖြစ်သွားမယ်၊ အဲဒီတော့ အတွေးထဲက ပုံရိပ်ဆိုတာ ပုံမှန်ဟုတ်ပါ့မလား၊ မဟုတ်နိုင်ဘူး၊ အတွေးထဲမှာ ပေါ်လာတာက ပုံရိပ်အမှန် မဟုတ်ဘူးတဲ့။
ဒါကြောင့်မို့လို့ ကိုယ်သန္တာန်မှာ ဖြစ်ခိုက်ကလေးတွေ ရှုနိုင်အောင် ကြိုးစားရမှာ၊ စ စချင်းတော့ ကမ္မဋ္ဌာန်းအလေ့အကျင့် မရသေူတဲ့ ပုဂ္ဂိုလ်ကတော့ ဖြစ်ခိုက်ကလေးတွေကို မိဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်၊ သို့သော် ခဲယဉ်းတာ လုပ်လို့ မရဘူးလို့ ပြောတာမဟုတ်ဘူး၊ ခဲယဉ်းတယ်လို့ ပြောတာနော်၊ အလေ့အကျင့် ကောင်းလာတဲ့အခါကျတော့ ဘယ်လောက်ပင် ခဲယဉ်းခဲယဉ်း လွယ်သွားတာပဲ။
ဝိပဿနာ အလေ့အကျင့် ရလာပြီဆိုလို့ရှိရင် ကိုယ့်စိတ်မှာ ပေါ်လာတဲ့ အာရုံမှန်ကမျှ၊ သဘာဝတရားတွေမှန်သမျှ ပေါ်တိုင်းပေါ်တိုင်း သတိစွမ်းအား ဉာဏ်စွမ်းအားတွေနဲ့ မှတ်ပြီး သိနိုင်တဲ့အနေအထားမျိုး ရောက်သွားပါတယ်တဲ့၊ အဲဒီအနေအထားမျိုးရောက်အောင် မှတ်စိတ်တွေ အင်အားကောင်းလာအောင်၊ သတိစွမ်းအားတွေ ထက်လာအောင် ဆိုရင် ပေါ်ရာပေါ်ရာတွေ အကုန်လုံး မှတ်ပြီး ရှုနိုင်သွားတာပါတဲ့နော်၊ အဲဒီလို ရှုနိုင်သည်အထိ ကြိုးစားရမှာလို့ ဒီလိုပြောတယ်။
စိတ်ကလေးကို ရှုပြီဆိုတဲ့အခါ သူနဲ့ယှဉ်တွဲလာတဲ့ မတူ – ထူးခြားတဲ့ သဘာဝတရားတွေ ရှုထောင့်ကနေ ကြည့်၊ ခုနက နွားချင်းက အတူတူပဲ။ သို့မို့ အရောင်နဲ့ကြည့်ရတယ် – ဒါက နွာနီ၊ ဒါကနွားနက် ဆိုပြီးတော့ အရောင်နဲ့ ကြည့်ခွဲ သလိုပဲ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးဟာ ပာရုံကို သိတတ်တဲ့ သဘာဝတရား တစ်မျိုးတည်းဖြစ်တော့ အဲဒီသဘာဝတရားလေးမှာ အရောင်ခြယ်ထားတာနဲ့ ကြည့်ပြီးတော့ ဒီစိတ်က ဘာစိတ်လို့ ဒီလိုပြောတာ၊ အဲဒါကို မြတ်စွာဘုရားက အခုလို ၁၆ မျိုး ခွဲ ဟောတာ။
~~~~~
သရာဂစိတ် – ဝီတဂာဂစိတ်
~~~~~
နံပါတ် (၁) သရာဂစိတ် – တဲ့၊ သရာဂစိတ်ဆိုရင် သရာဂစိတ် ဆိုတာကို သိရမယ်၊ ဆိုလိုတာက ငါ့စိတ်ကလေးမှာ အတွယ်အတာနဲ့ ဖြစ်နေပါလား၊ အတွယ်အတာကို ကြည့်တာ မဟုတ်ဘူး၊ အတွယ်အတာနဲ့ ဖြစ်နေတဲ့ စိတ်ကို ကြည့်တာ၊ ဒါကြောင့်မို့ စိတ္တာနုပဿနာလို့ ပြောတာနော်၊ စိတ်လေးကို ကြည့်တာ၊ ဒါကြောင့်မို့ သရာဂ ဝါ စိတ္တံ ၊ သရာဂံ – ရာဂ နဲ့ တွဲဖက်လို့ ဖြစ်လာတဲ့၊

စိတ္တံ – စိတ်ကို၊ သရာဂံ စိတ္တံ၊ – ရာဂနဲ့ တွဲဖက်လာတဲ့ စိတ်ကလေးလို့၊ မဇာနာတိ – မှန်မှန်ကန်ကန် သိတယ်။
ဒီလို သိဖို့က – ကြည့် . အာရုံက ဘာတုန်းလို့ဆိုရင် ရာဂနဲ့ တွဲဖက်လာတဲ့ စိတ်ဆိုတာ အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေက တွေးလိမ့်မယ်၊ ဒါ လောဘမူစိတ် ၈ ခု ပြောတာပဲလို့ တွေးလို့ရတာပဲ၊ သို့သော် တရားရှုတဲ့အချိန်မှာတော့ ခောမူစိတ် ၈ ခုသွားမတွေးနဲ့၊ ငါ့စိတ်ကလေးဟာ လိုချင်တဲ့သဘာဝလေးနဲ့ တွဲလာရင် လိုချင်တဲ့ သဘာဝလေးနဲ့ တွဲတဲ့ စိတ်လို့ ဒီလိုပဲ သိရမယ်။
သို့သော် အဋ္ဌကထာမှာ သရာဂစိတ် – ဆိုတာ ဘာလဲဆိုတာ Indentify လုပ်ပြတာလေ။ ရှုရမှာပြောတာ မဟုတ်ဘူး၊ ရှုရမှာက ငါ့စိတ်လေးဟာ တွယ်တာမှု ရှိတဲ့စိတ်ကို တွယ်တာမှု ရှိတယ်လို့ သိလိုက်လို့ရှိရင် တွယ်တာမှုဆိုတာ မကောင်းတဲ့ဟာပါလား၊ ရာဂ တရားဆိုတာ အကုသိုလ်ပဲ၊ အကုသိုလ်ကို ငါ ပယ်ဖို့ ကြိုးစားရမှာပဲဆိုတဲ့ အတွေးဝင်မလာဘူးလား၊ ဒါကြောင့်မို့ ကိုယ့်စိတ်အခြေအနေကို အမှန်အကန် သိလာတယ်၊ ငါ့စိတ်လေးဟာ ရာဂနဲ့ဖြစ်တယ်၊ ရာဂနဲ့ တွဲဖက်လာတယ်။
တစ်ဖက်က ဆန့်ကျင်ဖက် အနေနဲ့ ပြောပြန်တယ်။ ဝိတ ရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ – ငါ့စိတ်လေးဟာ တဏှာရာဂနဲ့ မတွဲဖက်ပါလား၊ ဒိပြင် ဟာတွေနဲ့ တွဲဖက်တာ၊ ငါ့စိတ်လေးဟာ အတွယ်အတာ ကင်းမဲ့နေပါလား၊
ခု စိတ္တာနုပဿနာမှာ ပြေတဲ့ စိတ်ဆိုတာတွေ အားလုံးဟာ လောကီစိတ်တွေချည်းပဲလို့ မှတ်ပါ၊ ဘာဖြစ်လို့ လောကုတ္တရာစိတ်ကို ဒီထဲမှာ ထဲ့မယူရတာလဲဆိုတော့ လောကုတ္တရာစိတ်ဆိုတာ ဝိပဿနာရှုရတဲ့စိတ် မဟုတ်ဘူး၊ ပြီးတော့ လောကုတ္တရာစိတ်ဆိုတာ Just Attainment အောင်မြင်ပေါက်ရောက်လာတဲ့ အဆင့်ကို ပြောတာ။
ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဒီစိတ်တွေဟာ ရှိနေတာမဟုတ်ဘူး၊ မရှိတာကို အရှိလုပ် ရှုလို့ရှိရင် အတွေးပဲ ဖြစ်မှာပေါ့၊ အတွေးအထင်တွေကြိပဿနာတွေရဲ့ အာရုံ မဟုတ်ဘူး။
ဒါကြောင့်မို့လို့ ဝီတရာဂစိတ် – ဆိုလို့ရှိရင် တချို့နေရာမှာ ဝိတရာဂ – ရာဂကင်းတဲ့စိတ်လို့ ပြောလို့ရှိရင် အဆင့်မြင့်တဲ့စိတ်ကို ပြောတာ၊ ဝီတရာဂစိတ်ဆိုတာ ရာဂနဲ့မတွဲဘူး၊ ကျန်တဲ့ လောကီစိတ်ကလွဲရင် ကျန်တာတွေဟာ ဝိတရာဂစိတ်လို့ ဒီလို ပြောတာပေါ့နော်၊ အဲဒီ သရုပ်တွေကို အသားထား၊ အဘိဓမ္မာ မသင်ဘူးတဲ့ လူတွေ နာရှုပ်မယ်၊ အဘိဓမ္မာသင်ဖူးတဲ့ လူကလည်း ဒါတွေ သွားတွေးနေလို့ရှိရင် ဝိပဿနာအလုပ်ထဲမှာ ရှုပ်လိမ့်မယ်။
အဲဒီတော့ အရပ်စကားလေးနဲ့ပဲ ရှင်းရှင်းလေး သဘောပေါက်အောင်ဆိုရင် ကါ့စိတ်လေးဟာ အတွယ်အတာ ရှိနေတယ်ဆိုရင် အတွယ်အတာ ရှိတဲ့ စိတ်ကလေးပါလားလို့ သိအောင် လုပ်လိုက်ပါတဲ့။ ဝီတရာဂစိတ်ဆိုတာ အတွယ်အတာ မပါတဲ့ စိတ်ကလေး၊ ငါ့သန္တာန်မှာ ငါ့စိတ်ကလေးမှာ အတွယ်အတာ မရှိပါလားလို့ သိလိုက်ပါတဲ့၊ ဒါလေးက တစ်စုံ။

~~~~~
သဒေါသစိတ် – ဝီတဒေါသစိတ်
~~~~~
နောက်တစ်ခု ဘာပြောတုန်းဆိုတော့ သဒေါသံ ဝါ စိတ တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ – သဒေါသဆိုတာ ဒေါသနဲကတွဲနေတာ၊ လူတွေ ပြောလေ့ရှိတဲ့ စိတ်ဆိုးနေရသ် ငါ့စိတ်လေးဟာ ဘာနဲ့တွဲတာတုန်း၊ ဒေါသနဲ့ တွဲနေတာ၊ ဒေါသနဲ့ တွဲနေတဲ့ စိတ်ကလေးကို ကြည့် – ဒီစိတ်ကလေးဟာ ဒေါသနဲ့တွဲနေပါလားလို့ သိလိုက်၊ ပါတဲ့၊ စိတ်ကိုသိရမှာ ဒေါသကို သိရမှာ မဟုတ်ဘူး၊ စိတ်ကို Indentity လုပ်ဖို့ ဒေါသ ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ပေးတာပေါ့။
နောက် ဝီတဒေါသ စိတ် – ဒေါသမပါတဲ့ စိတ်ကလေးကျတော့လည်း အော်..ငါ့စိတ်ကလေးဟာ ဒေါသ မပါပါလားလို့ ဒေါသကင်းတဲ့ စိတ်ကလေးပါလားလို့ စိတ်ရဲက အခြေအနေကို သိအောင်လုပ်ပါ။

~~~~~
သမောဟစိတ်-ဝီတမောဟစိတ်
~~~~~

ထို့အတူပဲ – သမောဟ – မောဟနဲ့တွဲနေတဲ့ စိတ်ကလေး၊ မောဟဆိုတာ အမှန်မသိဘူး၊ တွေဝေနေတယ်၊ တွေဝေနေတဲ့ သဘောလေးနဲ့ ယှဉ်တွဲနေတဲ့ စိတ်ကလေးဆိုရင်လည်း တွေဝေနေတဲ့သဘောနဲ့ ယှဉ်တွုနေတဲ့ စိတ်ကလေးလို့ ဒီလို သိရမယ်။ သိအောင်ကြိုးစားပါတဲ့။
ဒါတွေက သတိကပ်ထားလို့ရှိရသ် ကိုယ့်စိတ်အခြေအနေကို သိနိုင်တယ်။ သမာဓိစွမ်းအားတွေ၊ ဝီရိယ စွမ်းအားတွေနဲ့ ကြိုးစားအားထုတ်လို့ရှိရင် စိတ်ရဲ့အထြေအနေတွေကို သိလာတယ်။
ဝိတမောဟာ – မောဟကင်းတဲ့ စိတ်ကလေး၊ မောဟ မရှိဘူး၊ ဆိုရင် မောဟကင်းတဲ့ စိတ်ကလေးလို့ ကိုယ့်စိတ်အခြေအနေကို သိလိုက်တယ်။ ဒါက လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ရှုထောင့်ကနေ ကြည့်တာ၊ ရှိ မရှိ ၂ မျိုးစီကြည့်လိုက်တာ ၆-ခု ရမသွားဘူးလား၊ လောဘနဲ့ ပတ်သက်ပြီးတော့ စိတ် ၂ မျိုး လောဘ ရှိ မရှိ၊ ဒေါသနဲ့ ပတ်သက်ရင် ၂ မျိုး၊ ဒေါသရှိ မရှိ၊ မောဟနဲ့ ပတ်သက်ရင် ၂ မျိုး၊ မောဧ ရှိ မရှိ၊ ၆ မျိုး ရသွားပြီ။

~~~~~
သံခိတ္တစိတ် – ဝိက္ခိတ္တစိတ်
~~~~~

နောက် အခြေအနေတွေနဲ့ ပြောလိုက်ကြဦးစို့ – သံခိတ္တစိတ် – သံခိတ္တဆိုတာ အာရုံတွေထဲမှာ ပြန့်မထွက်ဘဲနဲ့ ကျုံ့ဝင်သွားတဲ့ စိတ်၊ ဆိုပါစို့ – လူတွေဟာ ကုသိုလ်ကောင်မှုခုပ်တဲ့အချိန်ပဲဖြစ်စေ၊ တရားထိုင်တဲ့အချိန်ပဲဖြစ်စေ စိတ်ကလေးမှာ ထိန – မိဒ္ဓ ဝင်လာသည့်အတွက်ကြောင့် ကျုံ့သွားတယ်၊ အာရုံကနေ နောက်တွန့်သွားတဲ့သဘေယလေးပဲ၊ စိတ်မပါတော့ဘူး၊ စိတ်ကလေးဟာ အာရုံပေါ်မှာ စိတ်ဝင်စားမှု နည်းသွားပြီး တွန့်ဆုတ်သွားတယ်၊ အဲဒါ ထိန-မိဒ္ဓ ဖြစ်လာတဲ့ သလောပဲ၊ အဲဒါကို သံခိတ္တစိတ်လို့ ခေါ်တယ်၊ သံခိတ္တ -ဆိုတာ နောက်ဆုတ်သွားတာ ကျုံ့ဝင်သွားတယ်။
အာရုံတွေပေါ်မှာ ပြန့်တက်မသွားဘဲနဲ့ စိတ်ကလေးဟာ နောက်ဆုတ်လာတယ်၊ အိပ်ချင်တဲ့အခါ သဘောထားကိုကြည့်ပေါ့၊ စကြည့်နေရင်းနဲ့ စိတ်ကလေး ကျုံ့ဝင်သွားတာပဲ၊ ထိတမိဒ္ဓဝင်လာလို့ရှိရင် စိတ်ငလေးဟာ ကျုံ့ဝင်သွားတာပဲ၊ ပြန့်ပြီးတော့ လန်းလန်းဆန်းဆန်း ဖြစ်လာတာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ထိန-မိဒ္ဓနဲ့ တွဲလာရင် သံခိတ္တစိတ်လို့ ခေါ်တယ်တဲ့၊ ပမ္မဋ္ဌာန်း အားထုတ်ရင် သံခိတ္တစိတ် ပေါ်လာနိုင်တယ်။

နောက်တစ်ခုက ဆန့်ကျင်ဘက်က ဝိက္ခိတ္တစိတ် – တဲ့၊ အာရုံတစ်ခုတည်းမှာထားလို့ မရဘူး၊ စိတ်က ဟိုရောက်သွားလိုက်၊ ဒီရောက်သွားလိုက်၊ ပြန့်နေတယ်၊ လွင့်ပြန့်နေတဲ့ စိတ်၊ အဲဒီလွင့်ပြန့်နေတဲ့စိတ် ဆိုတာကျတော့ ဥဒ္ဓစ္စနဲ့ ယှဥင်္တွဲလာတဲ့စိတ်၊ သံခိတ္တစိတ်ဆိုတာ ထိနမိဒ္ဓနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဝိက္ခိတ္တစိတ်ဆိုတာ ဥဒ္ဓစ္စနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဟောဒီလို အခြေအနေတစ်ခု ရှုထောင့်ကို ကြည့်လိုက်လို့ရှိရင် မိမိသန္တာန်မှာရှိတဲ့ စိတ်ရဲ့ အခြေအနေလေးကို နားလည်လာနိုင်တယ်။

~~~~~
မဟဂ္ဂတစိတ် – အမဟဂ္ဂတစိတ်
~~~~~
နောက်တစ်ခါ ရှုရမှာက တရားအားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်ဟာ သမထကျင့်စဉ်ကြီးတစ်ခုကျင့်လို့ အောင်မြင်ပေါက် ရောက်သွားပြီဆိုလို့ရှိရင် သူ့စိတ်ဟာ အလွန် အဆင့်မြက့်သွားတယ်၊ ကာမဆိုတဲ့ အနိမ့်အာရုံကနေပြီးတော့ အထက်ဖျာန်ရဲ့ အာရုံဖြစ်တဲ့ အမြင့်ကို တက်သွားတယ်၊ အမြင့်ပေါ်ရောက်သွားတာကို မဟဂ္ဂတ – လို့ခေါ်တယ်။ မြန်မာလိုတော့ ဘာသာမပြန်ဘူး၊ မဟဂ္ဂတ ကို မဟဂ္ဂုတ် – လို့ သဂြိုလ်အျမ်းမှာ အဲဒီလို သုံးတယ်၊ မဟဂ္ဂုတ် – ဆိုတာ ဘာမှန်း မသိဘူးပေါ့၊ အဲဒီ မဟဂ္ဂုတ် ဆိုတာ မြင့်မြတ်တဲ့ အဆင့်၊ သာမန် အနေအထား တစ်ခုကနေပြီးတော့ အဆင့်အတန်းမြင့်သွားတဲ့ စိတ်ကို ပြောတာ၊ ဘာလို့ မြင့်တာလဲ၊ ခါတိုင်း အနေအထား မဟုတ်ဘူးလေ။
ခါတိုင်းဆို လူရဲ့ စိတ်တွေကို ကြည့် – မျက်စိကမြင်ရတဲ့ အာရုံမှာ ကြိုက်တယ် မကြိုက်ဘူး၊ ကြိုက်ရင် လောဘ၊ မကြိုက်ရင် ဒေါသ၊ ဒါတွေနဲ့ သွားနေတာလေ၊ မျက်စိက မြင်တဲ့အာရုံ၊ နားက ကြားတဲ့အာရုံ၊ နှာခေါင်းက နံရတဲ့ အာရုံ၊ လျှာက လျက်ရတဲ့အာရုံ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့အာရုံ၊ ဒီ ကာမဂုဏ်အာရုံတွေနဲ့ နေနေတဲ့ စိတ်ကလေးဟာ အောက်တန်းကျတဲ့ စိတ်ကလေးပဲ။
အဲဒီ ကာမဂုဏ်အာရုံတွေကို စွန့်လွှတ်ပြီးတဲ့အခါ ဈာန်ရဲ့ အာရုံပေါ်မှာ ရောက်နေပြီဆိုရင် ဝိဝိစ္စေ ကာမေတိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ – နိဝရဏ တရားတွေ ဖယ်ခွာပြီးတော့ ကာမ အာရုံတွေကနေ လွတ်ထွက်သွားတယ်၊ ကာအအာရုံတွေ လုံးဝ ကင်းစင်သွားတယ်၊ အင်မတန် သန့်စင်မွန်မြတ်တဲ့ အာရုံ တစ်ခုနဲ့ စိတ်ကို တည်ငြိမ်စွာ ထားနိုင်သွားပြီဆိုရင် အဲဒီစိတ်ကို မဟဂ္ဂုတ် လို့ ခေါ်တာပဲ။

အဲဒီလို စိတ်မျိုး ရလာပြီး ဝိပဿနာ ရှုပြီ ဆိုရင် မဟဂ္ဂတံြါ စိတ္တံ မဟဂ္ဂတံ စိတ္တန္တိ အဇာနာတိ – ငါ့စိတ်လေးဟာ မဟဂ္ဂုတ် – စိတ်၊ အဆင့်မြင့်တဲ့ စိတ်ကလေး ပါလားလို့ ဒီလိုသိလာတယ်၊ အဲဒါနဲ့ ဆန့်ကျင်ဘက်၊ အဲဒီအခြေအနေ မရောက်ဘူးဆိုလို့ရှိရင်
ဒါဈာန်မရတဲ့ ပုဂ္ဂိုလ်တွေကျတော့ အမဟဂ္ဂတံ ဝါ စိတ္တံ အမဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ၊ – အဲဒီအခြေအနေမျိုး မရောက်ဘူးတဲ့၊ နိမ့်တဲ့အထဲမှာပဲ ရှိတဲ့စိတ် ဆိုလို့ရှိရင် အမဂ္ဂတစိတ်၊ ကာမာဝစရစိတ်တွေက နိမ့်တဲ့အဆင့်မှာပဲ ရှိတယ်ပေါ့၊ ဒီလို ရှုရမှာက တစ်ခု၊

~~~~~
သဥတ္တရစိတ် – အနုတ္တရစိတ်
~~~~~

နောက် တစ်ခါ ဘာလာတုန်းဆိုလို့ရှိရင် သဥတ္တရစိတ် အနုတ္တရစိတ် – သဥတ္တရ ဆိုတာ ကိုယ့်ထက်သာတာတွေ အများကြီး ရှိတယ်။ ကိုယ့်ထက်သာတဲ့ စိတ်တွေ အများကြီးရှိနေတယ်လို့ဆိုတော့ ခုနကပြောတဲ့ စိတ်တွေ ရှိမနေဘူးလား၊ လောကုတ္တရာစိတ်ကို ထဲ့တွက်လို့ မရဘူးဆိုတော့ – အာမဝစရစိတ်ရယ်၊ သဥတ္တရစိတ်ဆိုတာ သူ့ထက်သာတဲ့ စိတ်တွေ ရှိတယ်လို့ ပြောတာဟာ ကာမာဝစရစိတ်ကိုပြောတာ၊ သဥတ္တရဆိုတာ ကိုယ့်ထက်သာတာတွေ ရှိနေတဲ့ စိတ်လို့၊ သာမန် ကာမာဝစရစိတ်လေးတစ်ခုဟာ သဥတ္တရစိတ်ပေါ့။
အနုတ္တရ – သူ့ထက်သာတာ မရှိဘူး၊ ဝိပဿနာရဲ့ အာရုံထဲမှာ သူ့ထက်သာတာမရှိဘူး၊ ဒိပြင်နေရာမှာ အနုတ္တရက လောကုတ္တရာစိတ်ကိုပြောတာ၊ ဒီနေရာမှာ လောကုတ္တရာစိတ်ကို မယူရဘူးဈာဖြစ်လို့ ဝိပဿနာရဲ့ အာရုံမို့၊ ဒါလေးတွေကလည်း သူ့နေရာနဲ့သူ ရှိတယ်နော်၊ စာတွေ့တိုင်း အကုန်လုံး ဒါချည်းပဲလို့ သွားပြီးတော့လုပ်ရင် မှားမှားယွင်းယွင်းတွေ အကုန်ဖြစ်ကုန်တတ်တယ်။
ဘယ်အရာပဲဖြစ်ဖြစ် definition လို့ခေါ်တယ်၊ define လုပ်ရတယ်၊ define မလုပ်လို့ရှိရင် စာမစုံလို့ရှိရင် ဒါမျိုးတွေက မှားကုန်တတ်တယ်ပေါ့၊ Define မလုပ်တတ်ရင် မှာတယ်လေ၊
အနုတ္တရ လို့ ဒီမှာပြောလိုက်တာဟာ သူ့ထက် သာတာမရှိဘူး၊ သူအသာဆုံးလို့ ဒီလိုပြောတယ်၊ အဲဒါ မဟဂ္ဂုတ်စိတ်တွေ၊ ဈာန်ရတဲ့ပုဂ္ဂိုလ်တွေဟာ ကိုယ့်စိတ်ကိုကိုယ် အကဲခတ်ပြီးတော့ ရှုလို့ရတယ်၊ သာမန်ဈာန်မရတဲ့ပုဂ္ဂိုလ်က အဲဒီစိတ်ကို ရှုနိုင်မှာ မဟုတ်ဘူးပေါ့နော်။

~~~~~
သမာဟိတစိတ်၊ အသမာဟိတစိတ်
~~~~~

အဲလိုရှုပြီးတော့ နောက်ဘာရှုစရာ ရှိသေးတုန်း ဆိုလို့ရှိရင် သမာဟ်တ၊ အသမာဟိတ – စိတ် – သမာဟိတ ဆိုတာ တစ်ခါတစ်ရံ စိတ်ကလေးဟာ အာရုံတစ်ခုထဲမှာ စူးစိုက်ပြီး ကျသွားတယ်၊ စုပြီး ကျသွားတယ်၊ သမာဓိဆိုတာ စိတ်တွေ အားလုံးကို အာရုံတစ်ခုတည်းပေါ်မှာ စုသွားအောင် လုပ်ပေးတာ၊ Concentrate ဆိုတာ စုထားတာ၊ တစ်နေရာထဲ စုသွားအောင် လုပ်တာ၊ သမ္ပိဏ္ဍနရသ လို့ စာပေကျန်းဂန်ထဲမှာ ဆိုတယ်၊ သမ္ပိဏ္ဍန ဆိုတာ စုပြီးပေါင်းပေးလိုက်တာ၊ အဲဒါကို သမာဓိလို့ ခေါ်တာ၊ သမ္ပိဏ္ဍနရသ – သမ္ပယုတ်တရားတွေကို တစ်ခုထဲ စူးစိုက်ကျသွားအောင် စုစည်းပေးထားတာ၊ အဲဒီလို စုစည်းပြီးလို့ စုစည်းမှုရှိသွားတဲ့ အာရုံတစ်ခုတည်းပေါ်မှာ တစ်ညီတည်း သွားတဲ့စိတ်ကို သမာဟိတစိတ်တဲ့၊ အရပ်ပြော ပြောရင်တော့ သမာဓိ ရတဲ့စိတ်ပေါ့၊ သမာဓိနဲ့ ယှဉ်တွဲလာတဲ့ စိတ်ကို ဟမာဟိတစိတ်၊ သမာဓီ ကင်းမဲ့နေတဲ့ – အာရုံတစ်ခုပေါ်မှာ စုပေးလို့မရဘူး၊ ဟို ရောက်သွားလိုက်၊ ဒီရောက်သွားလိုက် လွင့်ပျံ့နေတဲ့ စိတ်မျိုး၊ အဲဒါကျတော့ အသမာဟိတ စိတ်၊ စိတ်ရဲ့ အခြေအနေတွေကို ခုလို ရှုတာ။
~~~~~
ဝိမုတ္တစိတ်၊ အဝိမုတ္တစိတ်
~~~~~

နောက်တစ်ခုကျတော့ ဝိမုတ္တစိတ်၊ အဝိမုတ္တစိတ် – ဝိမုတ္တဆိုတာက – ဒီနေရာမှာ ဝိမုတ္တက အမျိုးမျိုးရှိတယ်၊ လွတ်သွားတယ်ဆိုတဲ့ ဝိမုတ္တအမျိုးမျိုးထဲမှာ တရာဓမ္မလေ့လာတဲ့ ပုဂ္ဂိုလ်တွေကြားဖူးမယ်၊ တဒင်္ဂဝိမုတ္တိဆိုတာ ရှိတယ်။ တဒင်္ဂဝိမုတ္တိ ဆိုတာ ဒီအကြောင်းကြောင့် ဒီအခိုက်အတန့်လေးလွတ်သွားတာ၊ ဆိုပါစို့ – အနိစ္စလို့ မြင်လိုက်လို့ရှိရင် နိစ္စဆိုတဲ့ အကြံအတွေးက လွတ် မသွားဘူးလား၊ လွတ်သွားတယ်၊ အဲဒါ အနိစ္စလို့ ရှုနိုင်လို့ နိစ္စက လွတ်သွားတာ၊ ဒုက္ခလို့ ရှုလိုက်တာနဲ့ သုခဆိုတဲ့ အတွေးရှိသေးလား၊ ဒါလည်း လွတ်သွားတာပဲ၊ အနတ္တလို့ ရှုလိုက်တာနဲ့ အတ္တဆိုတဲ့အတွေး ရှိသေးလား။ ဒါလဲ လွတ်သွားတာပဲ၊ အဲဒီလို ဆိုင်ရာ အကြောင်ုကလေးတွေကြောင့် လွတ်သွာတာကို တဒင်္ဂဝိမုတ္တိ၊ တေန တေန အင်္ဂေန ဝိမုတ္တိ – ဆိုင်ရာ ဆိုင်ရာ အကြောင်းလေးကြောင့် လွတ်သွားခြင်း။

သို့သော် မြန်မာစကားထဲမှာတော့ တဒင်္ဂ ကို တစ်ခဏလို့ အဓိပ္ပါယ်ယူနေကြတယ်။ တဒင်္ဂနဲ့ တစ်ခဏနဲ့က တခြားစီနော်၊ တဒင်္ဂလေးလို့ သုံးနေကြတယ်၊ တဒင်္ဂဆိုတာ တေန တေန အင်္ဂေန – သူ့ဆိုင်ရာ ဆိုင်ရာ အကြောင်းလေးနဲ့ ဒါလုပ်လိုက်ရင် ဒီဟာလေး လွတ်သွားမယ်၊ ဟိုဟာလေးနဲ့ လုပ်လိုက်ရင် ဟိုဟာလေး လွတ်သွားမယ်ပေါ့ – ဒါပြောတာ။ ဆိုင်ရာ အကြောင်းကြောင်းလေး၊ ဥပမာ ဆိုပါစို့ – နာမရူပ ပရိစ္ဆေဒေန သက္ကာယဒိဋ္ဌိယာ ပဟာနံ၊ – တဒင်္ဂမဟာန ကိုဖွင့်တဲ့အခါမှာ နာမ်ရုပ်ကို ပိုင်းခြားသိခြင်းဖြင့် သက္ကာယဒိဋ္ဌိကို ပယ်တယ်၊ သက္ကာယဒိဋ္ဌိက လွတ်သွားတာ၊ သက္ကာယဒိဋ္ဌိကို ဖယ်ရှားနိုင်တာ။ ဆိုင်ရာဆိုင်ရာလေးတွေကနေ ဖယ်ရှားသွားတာ၊ ကြည့် – ဝိပဿနာဉာဏ်စဉ် တက်သွားတယ်ဆိုတာ ဆိုင်ရာ ဆိုင်ရာ အကြောင်းလေးတွေက ဆိုင်ရာဆိုင်ရာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဖယ်ရြှးသွားတာလို့ ဒီလိုပြောတာ၊ အဲဒါကို တဒင်္ဂဝိမုတ္တိလို့ ခေါ်တယ်။ ဒါ ဝိပဿနာနဲ့ ပတ်သက်တဲ့ တဒင်္ဂဝိမုတ္တိ – ဒီလိုနော်၊ တစ်ဆင့်ချင်း တစ်ဆင့် လွတ်သွားရတာ။
နောက်တစ်ခုကတော့ ဝိက္ခမ ၻနဝိမုတၱိ – ဝိကၡမ ၻနဝိမုတၱိ ဆိုတာ တားထားလိုက္တာ၊ ဖယ္ရွားထားလိုက္တာ၊ တွန်းဖယ်ထားလိုက်တာ၊ တွန်းပစ်လိုက်တယ် ဆိုကတည်းကိုက လက်စတုံးအောင်လုပ်တာတော့ မဟုတ်ဘူး၊ ခဏတွန်းပစ်လိုက်တာ၊ ဘေးကို တွန်းထုတ်ထားလိုက်တာ၊ အရှိန်ရှိတုန်းတော့ ကွာသွာမှာပဲ၊ ပြီးတော့ ပြန်ရောက်မလာဘူးလား၊ ပြန်လာဦးမှာပဲ၊
စာပေကျမ်းဂန်မှာ ဘာနဲ့ ဥပမာ ပေးထာတုန်းဆိုရင် ရေကန်ထဲက ရေပြင်တစ်ခုအပေါ်မှာ မှောညှင်းမှော်သေးတွေ ဖုံးနေလို့ အဲဒီမှော်တွေကို ဖယ်ရှားချင်ရင် မိမိခပ်တဲ့ ရေအိုးနဲ့ လှုပ်ခတ်ပြီးတော့ ဖယ်လိုက်လို့ရှိရင် မှော်တွေက ဘေးရောက်မသွားဘူးလား၊ ရောက်သွားတဲ့ အချန်လေးမှာတော့ မှော်လေးက ခဏဘေး ရှဲသွားတာပေါ့၊ ပြီးရင် ပြန်ရောက်မလာဘူးလား၊ ရေငြိမ်တာနဲ့ ပြန်ရောက်လာတယ်၊ အဲဒါမျိုးကို ဝိက္ခမ္ဘန ဝိမုတ္တိ လို့ခေါ်တယ်၊ တစ်ခဏ တွန်းထုတ်ထားလိုက်လို့ ဘေးကို လွတ်သွားတာလေး၊
မဂ်နဲ့ ပယ်တာကျတော့ သမုစ္ဆေဒ ဝိမုတ္တိ တဲ့၊ လုံးဝဖြတ်တောက်ပစ်လိုက်တယ်၊ မရှိတော့ဘူး၊ နောက်ထပ် မလာတော့ဘူး၊ ပဋိပဿဒ္ဓိ ဝိမုတ္တိ – မဂ်ကပယ်ထားလို့ အငွေ့လေးတွေ ကျန်နေတာကို ထပ်ရှင်လိုက်တာ၊ အဲဒါကျတော့ ပဋပဿဒ္ဓိတဲ့၊ ထပ်ပြီးတော့ ငြိမ်းအောင် လုပ်တာ၊ မီးကို ရေနဲ့ ငြှိမ်းလိုက်တဲ့အခါ မီးတော့ မရှိဘူး၊ ဘာရှိသေးတုန်း အပူငွေ့လေး ရှိနေသေးတယ်၊
အဲဒီရှိနေတဲ့ အပုလေးကို ထပ်ပြီးတော့ ရေနဲ့ငြှိမ်းတာ၊ အဲဒီသဘောလေးကို နားလည်ရမယ်၊ မင်္ဂစိတ်က ကိလေသာကို ပယ်လိုက်တယ်၊ သို့သော် ကိလေသာရဲ့ ပူငွေ့လေးတွေ နဲနဲ ကျန်နေသေးတယ်၊ ဖိုလ်ကနေ ထပ်ငြှိမ်းတယ်ပေါ့၊ အဲဒါကို ပဋိပဿဒ္ဓိ လို့ ပြောတာ၊ နိဿရဏ ဝိမုတ္တိ – ဆိုတာကတော့ အားလုံးလွတ်ထွက်သွားပြီး နိဗ္ဗာန်ကို ပြောတာ။
အဲဒီ ဝိမုတ္တိ ၅ မျိုး ရှိတဲ့ထဲက ဒီ စိတ္တာနုပဿနာမှာ လိုအပ်နေတဲ့ ဝိမုတ္တိံ ယွ စိတ္တံ ဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ – ဆိုတဲ့ နေရာမှာ တဒင်္ဂဝိမုတ္တိနဲ့ ဝိက္ခမ္ဘဝိမုတ္တိ ၂ မျိုးနဲ့ ဆိုင်တဲ့ စိတ်ပဲ ယူရမယ်၊ ကျန်တာတွေ မယူရဘူါ်. ဘာဖြစ်လို့တုန်းဆိုတော့ သမုစ္ဆေဒဆိုတာ မဂ်ကို ပြောတာ၊ ပဋိပဿဒ္ဓိဆိုတာ ဖိုလ်ကို ပြောတာ၊ နိဿရဆိုတာ နိဗ္ဗာန်ကို ပြောတာ၊ အဲဒါတွေက ဝိပဿနာကျင့်စဉ်ကြီး အောင်အောင်မြင်မြင်ကျင့်လို့ ရလာတဲ့ အကျိုးတွေသာ ဖြစ်တယ်။ ဝိပဿနာ ရှုရမယ့် တရားတွေ မဟုတ်ဘူးတဲ့။
ဒါကြောင့်မိုလို့ ဝိမုတ္တစိတ် – ငါ့စိတ်လေးဟာ ဆိုင်ရာ ဆိုင်ရာ၊ ဥပမာ – နိစ္စသညာက လွတ်သွားပြလား၊ သုခသညာက လွတ်သွားတာလား၊ အတ္တသညာက လွတ်သွားလား၊ အဲဒီလို လွတ်သွားရင် လွတ်သွားတဲ့အနေအထားလေးရှိတယ်ပေါ့၊ မလွတ်သေးရင် မလွတ်သေးတဲ့ အနေအထားလေး ရှိတယ်၊ ဒါကြောင်မြို့လို့ ဝိမုတ္တစိတ်ကို ဝိမုတ္တစိတ်လို့ သိ၊ အဝိမုတ္တ – မလွတ်သေးတဲ့ စိတ်ကို မလွတ်သေးတဲ့စိတ်လို့ သိတဲ့၊ စိတ်ရဲ့ အခြေအနေလေးတွေကို မြတ်စွာဘုရားက ၁၆ မျိုး ခွဲဟောထားတယ်၊ စိတ္တာနုပဿနာအနေနဲက ရှုညပီဆိုလို့ရှိရင် မိမိမှာ ကြုံတွေ့ရတဲ့ အနေအထားလေးတွေ ကိုယ့်သန္တာန်မှာ ဖြစ်တာလေးတွေကို ရှုပါတဲ့။
ဒီလိုလည်း သွားမအောက်မေ့နဲ့ – သရာဂစိတ် ဝီတရာဂစိတ် ရှုပြီးရင် သဒေါသစိတ်ရှုမယ်၊ သဒေါသစိတ်ရှုပြီးရင် ဒါ ဝီတဒေါသစိတ်၊ သမောဟစိတ်၊ ဝီတမောဟစိတ် တစ်ခုချင်း ဒီလို ရှုရမယ်လို့ မအောက်မေ့နဲ့၊ ကိုယ့်သန္တာန်မှာ တကယ်ဖြစ်လာတဲ့ အနေအထားလေးကို ဖမ်းဖို့ ပြောတာနော်၊ ကိုယ့်သန္တာန်မှာ တကယ်ဖြစ်နေတဲ့ အခိုက်ကလေးတွေကို ရှုမြင်သုံးသပ်တတ်ဖို့ ပြောတာတဲ့၊ ဒါတွေကို အစဉ်အတိုင်း လိုက်ရှုဖို့ ဒီလိုပြောတာ မဟုတ်ဘူး။ အမှတ် မမှားလေနဲ့ပေါ့။
မြတ်စွာဘုရားက စိတ္တာနုပဿနာ ဆိုတာကို ဝိပဿနာကမ္မဋ္ဌာန်းရှုဖို့အနေနဲ့ ဝိပဿနာစစ်စစ်အနေနဲ့ ဟောတာပေါ့နော်၊ ကာယနုပဿနာက သမထ ကျင့်စဉ်လည်းပါတယ်၊ ဝိပဿနာကျင့်စဉ်လည်း ပါတယ်ပေါ့၊ စိတ္တနုပဿနာကျတော့ ဝိပဿနာ သက်သက်၊ သုဒ္ဓဝိပဿနာယာ-နိက၊ ဝိပဿနာရှုဖို့အတွက် မြတ်စွာဘုရားက ဒီမှာ စိတ္တာနုပဿနာကို ဟောတာဖြစ်ပါတယ်။
ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဒီ စိတ္တာနုပဿနာဆိုတာကို ရှုလိုက်တဲ့အခါမှာ စိတ်ရဲ့ အခြေအနေလေးတွေကို သိမလာဘူးလား၊ သတိကပ်လို့ သိလာတဲ့ စိတ်ရဲ့ အခြေအနေလေးတွေ၊ သဘာဝရဲ့ အနေအထားတွေ၊ စိတ်ရဲ့ Characteristics တွေကို မြင်လာပြီဆိုတဲ့ အခါကျတော့ ငါ့ သန္တာန်မြှ ဖြစ်တဲ့ စိတ်လည်း ဒီအတိုင်းပဲ၊ သူ့သန္တာန် မှာ ဖြစ်ရင်လည်း ဒီအတိုင်းပဲ၊ ငါ့သန္တာန် သူ့သန္တာန် ဘယ်သူ့ သန္တာန်ဖြစ်ဖြစ် Internal၊ External ဒါတွေ အကုန်လုံး ရှုပါတဲ့၊ ကြည့်မြင်တတ်လာတယ်။
အဲဒီကြည့်မြင်တတ်လာတဲ့အခါ နောက်ဆုံး စိတ်ဆိုတဲ့ အာရုံကလေးပေါ်မှာပဲ သတိလေးဟာ ကပ်သွားတယ်၊ ဒီပြင်ကို မေ၇ာက်တော့ဘူး၊ စိတ်ဆိုတဲ့ အာရုံလေးပေါ်မှာပဲ သတိလေးဟာ ကပ်ပြီးတော့ တည်သွားတယ်၊ အဲဒီလို သတိလေးကပ်တည်တာ ဘာတုန်းဆိုရင် စိတ်ရဲ့ သဘာဝကို သိနေဖို့နဲ့ စိတ်တွေရဲ့ သဘာဝကို အမှတ်ရနေဖို့ အတွက်သာ ဖြစ်တယ်၊ အဲဒါကို စာပေမှာ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ – လို့ ဘုရားကဟောတာ၊ ဉာဏမတ္တာယ – အသိဉာဏ်ဆိုတဲ့ အတိုင်းအတာလေး တစ်ခုအတွက်သာ သတိ ပစ္စုပဋ္ဌိတာ – သတိဟာ ရပ်တည်နေတယ်တဲ့၊ စိတ်ကလေး ရှိတယ်ဆိုတဲ့အပေါ်မှာ ရပ်တည်နေတယ်၊ ပဋိဿတိမတ္တာယ – တကယ် ထင်ထင်ရှားရျား အမှတ်ထာနေတဲ့ သတိကလေးရှိဖို့ အတိုင်းအတာအတွက်သာ ရပ်တည်နေတာဖြစ်တယ်တဲ့၊ ဘယ်လောက်ထိအောင် အဆင့်မြင့်သလဲဆိုရင် စိတ်နဲ့
ပတ်သက်လာလို့ရှိရင် သမုဒယဓမ္မ – ဖြစ်တဲ့သဘောကိုလည်း မြင်လိုက်တယ်၊ ဝယဓမ္မ – ပျောက်သွားတဲ့ သဘောကိုလည်း မြင်တယ်၊ ဖြစ်မှုပျက်မှု နှစ်ခုစလုံးကိုလည်း မြင်တယ်တဲ့၊ ဝိပဿနာဉာဏ်အဆင့်ဆင့် ဖြစ်သွားပုံကို ပြောတာနော်၊
ဒီအခြေံကို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် နောက်ဆုံး အဆင့်ကို မြတ်စွာဘုရားက ပြောတယ်၊ အနိဿိတော စ ဝိရဟတိ – စိတ်ကလေးနဲ့ ပတ်သက်ပြီးတော့ တဏှာအတေါးတွေ၊ ဒိဋ္ဌီအမြင်တွေ ကင်းစင်သွားပြီ ဆိုတဲ့အခါ န စ လောကေ ကိဉ္စိ ဥပါဒိယတိ – လောကကြီးမှာ ရှိသမျှအရာတွေ (သို့မဟုတ်) ဟောဒီ စိတ္တ ဆိုတဲ့ လောကအပေါ်မှာ တယ်တာမှု အစွဲအလမ်းတွေ တစ်ခုမှ မရှိဘူး၊ လောကကြီးမှာ တွယ်တာနေလို့ရှိရင် သူက ပူပန်တယ်၊ ကြောင့်ကြတယ် ဆိုတဲ့ အကုသိုလ်တွေ ဆက်လာတယ်။ မတွယ်တာဘူးဆိုရင် ဒါတွေ မရှိတော့ဘူး၊

ဒါကြောင့်မို့ သံယုတ်ပါဠိတော်မှာ မြတ်စွာဘုရားက ဟောထားတာလေ၊ ဥပါဒါ ပရိတဿနာ – တဲ့ အတွယ်ရှိရင် အတွယ်ရှိနေသမျှ ပူပန်တောင့်တနေမှပဲ၊ အနူပါဒါ အပရိတဿနာ၊ မပူပန်ဘူး အတွယ်မရှိဘူး ဆိုလို့ရှိရင်လည်း ပူပန်မှု မရှိတော့ဘူးတဲ့၊ လောကမှာ လူတွေ စိတ်ပူတယ် စိတ်ပုတယ် ပြောနေတာ အတွယ်ရှိနေလို့ ပူနေတာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက န စ လောကေ ကိဉ္စိ ဥပါဒိယတိ – လောကကြီးမှာ ဘယ်အာရုံကိုမှ တဏှာအမြင် ဒိဋ္ဌီအမြင်တွေနဲက မကြည့်ဘူး၊ ဥပါဒါန်တွေက လုံးဝ ကင်းပြတ်သွာပါတယ်။ အတွယ် မရှိဘူဆိုရင် လွတ်မြောက်သွားပြီးပေါ့၊ အနုပါဒါဝိမောကခ၊ တွယ်တာမှု ကင်လို့ လွတ်သွာတယ်၊
လွတ်သွားတယ်ဆိုတာ တချိုကက ကြောက်ကောင်းကြောက်လိမ့်မယ်။ လွတ်သွားပြီဆိုရင် ငါ့သားသမီးတွေ ဘယ်လိုထားရပါ၊ ဖြစ်ကောင်း ဖြစ်လိမ့်မယ်၊ လွတ်သွားတယ်ဆိုတာ သာသမိးတွေ ရှိနေမှာပဲ၊ လွတ်သွားတယ်ဆိုတာ တွယ်တာမှုလွတ်သွာတာကို ပြောတာနော်။ တွယ်တာမှု လွတ်သွားရင် ဘယ်လောက် နေလို့ထိုင်လို့ ကောင်သွားမလဲ၊ နေလို့ထိုင်လို့ မကောင်းတာက တွယ်တာမှုတွေကြောင့် ဖြစ်နေတာကိုး၊ မတွယ်တာလည်း အတူနေလို့ ရတာပဲ။
ဒါကြောင်မိုလို့ တွယ်တာမှုဆိုတဲ့ အင်မတန် ပူလောင်စေတတ်တဲ့ သဘာဝတရားတွေကို ဖယ်ရှားပစ်နိုင်ဖို့ရာအတွက် စိတ္တလို့ဆိုတဲ့ မိမိရဲ့ အသိစိတ်လေးပေါ်မှာ သတိကပ်ပြီး အသိဉာဏ်နဲ့ အထပ်ထပ်ရှုမြင်သုံးသပ်လိုက်မယ်ဆိုရင် သဘာဝ တရားတွေကို သိမြင်ပြီး အတွယ်အတာတွေ အားလုံက ကင်းပြတ်သွားနိုင်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူတာ။ ဒီနည်းလမ်းအတိုင်း လေကျြင့်လိုက်မယ်ဆိုလို့ရှိရင် အောင်အောင်မြင်မြင်တဲ့ နောက်ဆုံး အတွယ်အတာ ကင်းပြတ်ပြီး လွတ်မြောက်တဲ့ နဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြမြှ ဖြစ်ပါတယ်။ါးကြောင့်မို တ၇ားချစ်ခင် သူတော်စင် ပရိတ်သတ်အပေါင်းတို့ ကိုယ်စီ ကိုယ်ငှ စိတ္တာနုပဿနာကျင့်စဉ်ဖြင့် နိဗ္ဗာန်တရားကို မျက်မှောက်ပြူနိုင်ကြပါစေ။

Ref: https://www.facebook.com/dhammadownload/media_set?set=a.10204030183462622.1073741978.1464856977&type=3

ဝေဒနာနုပဿသ နာ ရှုကွက်များ (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

ကျေးဇူးတော်ရှင် အဂ္ဂမဟာဏ္ဍိတ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်မှ ဝေဒနာနုပသ နာ ရှုကွက်များ

~~~~~~
၀၀၃။ ဝေဒနာနုပဿသ နာ
~~~~~~
တရားတော်ကို ဤနေရာတွင် နာယူနိုင်ပါသည်။

Audio link

http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/MP3Disc09/003-Dr-Nandamalabhivamsa-300909.mp3

Video Link

http://dhammadownload.com/MP4Library/Dr-Nandamalabhivamsa/DVD-12/03-Dr-Nandamalabhivamsa-DVD12.mp4

စာအုပ်ကို ဤနေရာတွင် download လုပ်ယူနိုင်ပါသည်။

http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-MahaThaHtiPathanThoatAhNyitChote.pdf

~~~~~~~~
ဝေဒနာနုပဿသ နာ ရှုကွက်များ (အထက်ပါ တရားတော်မှ မိမိ နားလည်သလို မှတ်စုတို ထုတ်နှုတ်ချက်)

~~~~~~~~

ဝေဒနာဆိုသည်မှာ အာရုံ၏ အရသာကိုတွေ့ထိခံစားခြင်း
ဝေဒနာနုပဿနာ – ဝေဒနာကို အဖန်ဖန် အထပ်ထပ်ရှုမှတ်တယ်ဆိုတာ စိတ်ရဲ့ခံစားမှုကလေးတွေကို ရှုမှတ်တာကို ပြောတာပါပဲ။
စိတ်ရှိရင် ဝေဒနာရှိတယ်။ ကမ္မဋ္ဌာန်းရိပ်သာတွေမှာ ဝေဒနာကို ကျော်နိုင်ရမယ်ဆိုတာ ဒုက္ခဝေဒနာတခုတည်းကို ရည်စူးပြီးပြောတာနော်၊
ဝေဒနာဆိုတာ ကျော်အောင်မှတ်လို့ မရနိုင်ပါ။ စိတ်တွေကုန်သွားမှ ဝေဒနာကုန်မှာ၊ စိတ်ရှိနေသမျှ ဝေနာရှိနေမယ်။ မဂ်စိတ်၊ဖိုလ်စိတ်၊ နိဗ္ဗာန်ကို အာရုံပြုနေတဲ့ စိတ်တွေမှာ ဝေဒနာရှိတာပါပဲ၊

ဝေဒယိတလက္ခဏာ – အာရုံကို ခံစားတယ်ဆိုတဲ့ အမှတ်အသားရှိတယ်။

စေတသိက်တွေဆိုတာ Function တစ်ခုစီရှိကြတယ်။ ဆောင်ရွက်တဲ့ကိစ္စခြင်းမတူသည့်အတွက်ကြောင့် ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်ကိစ္စတစ်ခုစီ ရှိတာမို့ တစ်ခုလို့ ယူဆ ရေတွက်ရတယ်။ စေတသိတ်တွေဟာ စိတ်ရဲ့လှုပ်ရှားမှုတွေ၊ စိတ်ရဲ့လုပ်ဆောင်ချက်တွေ၊ လို့ပြောလို့ရတယ်။ စိတ်လေးတစ်ခုမှာ ဆောင်ရွက်မှု (ဖြစ်ပေါ်လာတဲ့အရာ) ၅၂ မျိုး ရှိလို့ စေတသိတ် ၅၂-မျိုးလို့ ဆိုတယ်၊ အဲဒီ ၅၂ မျိုးထဲမှာ ဝေဒနာကို သီးသန့်ထုတ်ပြီါ် ကမ္မဋ္ဌာန်းရှုဖို့ဆိုပြီး မြတ်စွာဘုရားက ဝိပဿနာရဲ့ အာရုံအနေနဲ့ ဒီမှာ ဟောတာ။

ဝေဒနာနုပဿနာ – ဝေဒနာ- စိတ်ရဲ့ ခံစားချက်ကလေးကို ၊ နုပဿနာ – အဖန်ဖန်အထပ်ထပ်ကြည့် (နောက်တနည်း) သင့်လျော်အောင်ကြည့်၊ မှန်ကန်တဲ့နည်လမ်းနဲ့ကြည့်၊ သတိက ဦးဆောင်သွား၊

ခန္ဓာ ၅ ပါး
ခန္ဓာ – ရုပ်အားလုံး၊ ဝေဒနာအားလုံး၊ သညာ အားလုံး၊ သင်္ခါရ (စေတနာကို ဦးတည်ထားတဲ့ စေတသိတ်တွေ) အားလုံး၊ ဝိညာဏဆိုတဲ့စိတ် အားလုံး၊ ဒါတွေအားလုံးပေါင်းပြီး ခန္ဓာ – အစု ဆိုတာ တမျိုးဟောလိုက်တယ်၊ နောက်တမျိုးက

ဥပါဒါနက္ခန္ဓာ – တဏှာအမြင်နဲ့ ကြည့်တဲ့ ခန္ဓာ၊ ဒိဋ္ဌိအမြင်နဲ့ကြည့်တဲ့ခန္ဓာ၊ အဲဒီ ခန္ဓာဟာ တဏှာအမြင် ဒိဋ္ဌိအမြင်နဲ့ကြည့်လို့ – အတွေ့အကြုံရပြီး ရှိနေတဲ့ အဲဒီခန္ဓမျိုးကို တဏှာဒိဋ္ဌိကလွှမ်းမိုးကြီးစိုးနေသလိုမျိုးဖြစ်တဲ့ တဏှာအမြင်၊ ဒိဋ္ဌီအမြင်တွေနဲ့ မြင်နေတဲ့ ခန္ဓာဟာ ဝိပဿနာရဲ့ အာရုံဖြစ်တယ်၊

ဝိပဿနာရှုတဲ့အခါမှာ အဲဒီ တဏှာအတွေးတွေ၊ ဒိဋ္ဌိအမြင်မှားမှုတွေနဲ့ အတွေးမှား အယူမှားနေတဲ့ တွယ်တာမှုတွေနဲ့ သွားနေတဲ့ ခန္ဓာကို ဝိပဿနာဉာဏ်နဲ့ရှုရမယ်၊ ဘာဖြစ်လို့ ရှုရလဲဆိုရင် ခုနက အတွေးမှားနေတာတွေကို ပျောက်သွားအောင် လုပ်ဖို့ပါပဲ၊ ဒါကြောင့်မို့ ဥပါဒါနက္ခန္ဓာကို ဝိပဿနာရှုဖို့အတွက်ဟောတယ်လို့ စာပေတွေမှာ ဆိုတာ၊
မဂ်စိတ်ဖိုလ်စိတ်မှာယှဉ်တဲ့ဝေဒနာကို ရှုမှတ်ရမှာ မဟုတ်ဘူး၊

မြတ်စွာဘုရားက ခံစားမှုနဲ့ပတ်သက်ပြီးတော့ အဘိဓမ္မာမှာ ဝေဒနာတွေအမျိုးမျိုး ဟောထားတယ်၊ သို့သော် အဘိဓမ္မာမှာပြောတဲ့အတိုင်း သဘာဝဘေဒနှင့် ဣနြ္ဒိယဘေဒ ဝေဒနာ (၂) မျိုးကို မှတ်ကြရအောင်၊

(၁) သဘာဝဘေဒ – ဝေဒနာရဲ့ သဘာဝကို ကြည့်ပြီးတော့ ခွဲတာ
ဝေဒနာ ၃-မျိုး – သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာ (ကျေနပ်စရာလည်းမဟုတ်၊ ခံပြင်းစရာလဲမဟုတ် စပ်ကြားခံစားမှုလေး)၊ အဲဒီခံစားမှု ၃ မျိုးကို ကိုယ့်သန္တာန် တွေ့အောင်ရှာရမယ်။ သတိထားပြီး သတိနဲ့ရှာမယ်။

(၂) ဒီဝေဒနာရဲ့ သဘောလေးတွေကို ကိုယ့်စိတ်ထဲမှာ တွေ့ပြီ။
နောက် အဲဒီ ဝေဒနာလေးတွေကို ထပ်ပြီး ဣန္ဒြိယဘေဒ နဲ့ ခွဲလိုက်တော့ ၅ မျိုးကွဲတယ်။ ကာယိက၊ စေတသိက ၂ ခုခွဲတာ။ သုခကို ကာယိကသုခ၊ ဒုက္ခကို ကာယိကဒုက္ခ၊ စေတသိက ဒုက္ခ၊

ရုပ်ခန္ဓာကြီးမှာ စဖြစ်တာနဲ့ နာမ်ခန္ဓာမှာ စဖြစ်တာဆိုတဲ့ ၂ ခုစီခွဲလိုက်ပြီး အဒုက္ခ မသုခ ကျတော့ မခွဲတော့ဘူး၊ သူ့ကိုတော ဥပေက္ခာဆိုတဲ့ နာမည်ပေးလိုက်တယ်။ သုခနဲ့ ပတ်သက်ပြီး ခွဲလိုက်တဲ့အခါ သုခနဲ့ သောမနဿကို ၂ ခုရတယ်။ ဒုက္ခကို ခွဲလိုက်တဲ့အခါ ဒုက္ခနဲ့ ဒေါမနဿ၊ အဒုက္ခမသုခဝေဒနာကိုတော့ ဥပေက္ခာလို့ သုံးတယ်။ မြတ်စွာဘုရားက ဣနြေ္ဒ ၂၂ ပါး ဟောကြားတဲ့အခါမှာ အဲဒီ နာမည်လေးတွေနဲ့ ဟောလို့ ဣန္ဒြိယဘေဒ လို့ပြောတာ၊
သုခဝေဒနာနဲ့ သောမနဿဝေဒနာ – ဘာကွာသလဲ၊ ၂ ခုစလုံးဟာ စိတ်နဲ့တော့ တွဲတာချည်းပဲ၊
သုခဝေဒနာကို ကာယိကသုခ – ရုပ်ကာယပေါ်မှာ စပြီး ဖြစ်တဲ့ ဝေဒနာ၊ ရုပ်ခန္ဓာကိုယ်မှာ စတင်ပြီး စိတ်မှာ အကျိုးသက်ရောက်တာ၊

သောမနဿဝေဒနာ ကျတော့ အဲဒီလိုမဟုတ်ဘူး၊ ရုပ်ခန္ဓကိုယ်ကြီးက ဘယ်လိုပဲနေနေ သူ့အတွေးလေးနဲ့ သူ ကျေနပ်နေတာ၊

ဒါကို နားလည်လို့ရှိရင် ဒုက္ခနဲ့ ဒေါမနဿလည်း ဒီတိုင်းပဲ – ဒုက္ခဆိုတာ စတင်ဖြစ်တာက ကိုယ်ကာယမှာ စ ဖြစ်တယ်၊

ဒေါမနဿ ဆိုတာကတော့ – ခန္ဓာကိုယ်ကတော့ ကောင်းကောင်းမွန်မွန် စားပြီး ကောင်းကောင်းမွန်မွန် နေနေတဲ့ အချိန်လေးမှာ ဝမ်းနည်းစရာသတင်းတစ်ခုကြားလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ထဲမှာ ဝမ်းနည်းမှု ဖြစ်သွားတယ်။ နေ့စဉ်ဘဝမှ စိတ်ရဲ့ခံစားချက်အမျိုးမျိုးတွေနဲ့ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်နဲ့ နေထိုင်နေကြတယ်။ အကြိမ်များလာတော့ ပိုခိုင်မာလာတယ်။

ကာမရာဂါနုသယောအနုသေတိ – အာရုံနဲ့ ဆုံတာနဲ့တပြိုင်နက် စိတ်ထဲမှာ ကာမရာဂ ကိန်းသွားတယ်။ ကိန်းတယ်ဆိုတာ နောက်ထပ်အာရုံအကြောင်းတခုဆုံတာနဲ့ ဒါလေးထပ်ပေါ်ဖို့ဆိုတာ သေချာသွားပြီ။ အနုသယဆိုတာ အဲဒါကိုပြောတာ။ ဒါကြောင့်မို့လို့ စာပေထဲမှာ အနုရူပ ကာရဏလဘိတွာ ဥပ္ပဇ္ဇတိ လို့ဆိုတယ်။ အဓိပ္ပါယ် ၂ မျိုး ယူလို့ရတယ်။ အနုရူပံ ကာရဏံ လဘိတွာ – သင့်လျော်သော အကြောင်းကို ရရှိပြီုးဖြစ်လို့ ဥပ္ပဇ္ဇတိ – ဖြစ်နေတာ ဖြစ်သွားတာ။ ဒီအာရုံလေးပေါ်မှာ တဏှာဖြစ်သွားတာ။

နောက်တနည်းပြောရင် သင့်လျော်တဲ့အကြောင်းရမယ်ဆိုရင် ဖြစ်လာမှာ။ ဒါကြောင့်မို့ အနုသယကို ကနာဂတ် ကိလေသာလို့ပြောတာ။

မနှစ်သက်စရာအာရုံတွေ့လို့ ဒေါသတစ်ခါဖြစ်ရင် နောက်တစ်ခါလာရင်လည်း ဒေါသပဲ ဖြစ်မှာပဲ။ ဒါကြောင့်မို့ ဒုက္ခာယဝေဒနာ ပဋိဃာနုသယော အနုသေတိ တဲ့၊
ဒုက္ခာယဝေဒနာနဲ့စပ်ပြီး ပဋိဃာနုသယ ဆိုတဲ့ ဒေါသလေးက လာပြီ၊ အခြေအနေတွေ ပေးလာပြီ။

သုခါယာ ဝေဒနာယ ကာမရာဂါနုသယော မနုသေတိ – သုခဝေဒနာနဲ့ ကြုံလာပြီဆိုလို့ရှိရင် ကာမရာဂလာပြီ၊ တဏှာလာပြီ၊ ဒီလိုအနေအထားလေးတွေကို ရှောင်လွှဲလို့ မတတ်နိုင်လောက်အောင်ဖြစ်တယ်။ အဲဒါတွေကို သတိမထားဘူး၊ ဝေဒနာရဲ့ သဘာဝကို မစဉ်းစားနိုင်ဘူးဆိုလို့ရှိရင် ဒါတွေပဲ ထပ်တလဲလဲလာနေမှာပဲ၊ လာနေရင်လည်း တဏှာတွေကလည်း အားသန်လာလိမ့်မယ်၊ ပဋိဃဆိုတဲ့ ဒေါသတွေလည်း အားသန်သည်ထက် သန်လာလိမ့်မယ်၊ အဲဒီတော့ သံငရာက လွတ်ဖို့ဆိုတာ ဖြစ်နိုင်ပါမလား၊ မဖြစ်နိုင်ဘူး။

ပဋိစ္စသမုပ္ပါဒ်မှာ ဝေဒနာပစ္စယာ တဏှာ လို့ဟောတယ်၊ ဝေဒနာပစ္စယာ ဒေါသော လို့တော့ မဟောဘူး။ သတ္တဝါတွေမှာ ဒေါသထက် လောဘက အဖြစ်များတာကိုး။
သို့သော် ဝိသုဒ္ဓိမဂ် အဋ္ဌကထာကြီးမှာတော့ ဒုက္ခီ သုခံ ပတ္ထယတိ တဲ့၊ ဒုက္ခရောက်တဲ့ ချမ်းသာကို လိုချင်တာ၊ သုခီဘိယျောပိ ဣစ္ဆတိ – ချမ်းသာတဲ့လူက ပိုပြီးတော့ ချမ်းသာတာကို လိုချင်တာ၊ ဆိုတော့ တဏှာတွေပဲ လာနေတယ်။

အနိဋ္ဌာရုံနဲ့တွေ့ရင် ဒေါသလာမယ်၊ ဒါကို မျက်နှာလွှဲပြီး အရင်တုန်းက တွေ့ကြုံခဲ့တဲ့ ကောင်းတဲ့ အာရုံကို မျက်နှာမူ အစားထိုးချင်တာ၊ အဲဒီတော့ ဝေဒနာပစ္စယာ တဏှာ ပဲ လာမှာပေါ့၊

အဒုက္ခမသုခ ဆိုတာကျတော့ မသိဘူး၊ သိဖို့အင်မတန်ခက်တယ်။ ထူးခြားမှုမရှိတဲ့ ခံစားချက်ကလေး၊ အဲဒီခံစားချက်ကို မသိရင် အဝိဇ္ဇာ ဖြစ်တယ်၊ ဒါကြောင့်မိုလို့ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော အနုသေတိ – တဲ့၊ မသိတော့လည်း လွတ်လားဆိုတော့ မလွတ်ဘူး၊ အဝိဇ္ဇာနုသယ ဖြစ်တယ်၊ ဒါကြောင့်မို့ သိအောင်ကြိုးစားရမယ်။
ဝေဒနာ ၃ ပါး၊ ဝေဒနာ ၅ ပါး၊ အဲဒါ လူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ခံစားချက်တွေပဲ။

~~~~
ရှုကွက် – ဝေဒနာ ၉ မျိုး
~~~~~

ကမ္မဋ္ဌာန်းနည်းနဲ့ ရှုမှတ်ရမှာကတော့ မြတ်စွာဘုရားက ဒီ မဟာသတိပဋ္ဌာန သုတ်မှာ သုခံ ဝေဒနံ ဝေဒယမာ နော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ – ကိုယ် ခံစားနေတဲ့ ဝေဒနာက သုခဝေဒနာလို့ ဆိုရင် ငါ သုခဝေဒနာ ခံစားနေတယ်လို့ သိရမယ်၊ ဒါသတိကပ်လို့ သိတဲ့ အသိနော်၊

မြတ်စွာဘုရားက ဝေဒနာဘက်ကို ဦးလှည့်လိုက်ရင် သတိလေးနဲ့ လှည့်ကြည့်ပြီးတော့ သုခံ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒခုံ ဝေဒယာမီ တိ ပဇာနာတိ – တဲ့၊ အဲဒီမှာ သိတာက ပညာရဲ့ အလုပ်ပဲ၊ အဲဒီ ခံစားနေမှုဆိုတာ သတိထားတာက သတိရဲ့ အလုပ်ပဲ၊

မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ဝေဒနာကို ၉ မျိုးခွဲထားတယ်။
သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာ၊ အဲဒီ ဝေဒနာ ၃-မျိုး ပေါ်မူတည်ပြီး ၉ မျိုးခွဲလိုက်တယ်။
သုခကို သာမိသ (ကာမဂုဏ်နဲ့ ပါတ်သက်)၊ နိရာမိသ (ကာမဂုဏ်နဲ့ မပါတ်သက်)
ဒုက္ခကို သာမိသ၊ နိရာမိသ
အဒုက္ခမသုခဝေဒနာကို သာမိသ၊ နိရာမိသ
သာမိသ၊ နိရာမိသတနဲ့ မတွဲပဲထားတာက ၃ မျိုး၊ တွဲပြီးထားတာက ၆ မျိုး၊ စုစုပေါင်း ၉ မျိုး
အဲဒါ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ဝေဒနာကို ၉ မျိုးခွဲပြီးတော့ ရှုမှတ်ဖို့ ဟောထားတယ်။

သာမန်အားဖြင့် ကာမဂုဏ်အာရုံတွေနဲ့ ပတ်သက်မှုတွေကို မစဉ်းစားဘူး၊ ကိုယ့်ခန္ဓာမှာဖြစ်လာတဲ့ သုခဝေဒနာသည် ဘာနဲ့ပတ်သက်ပြီးဖြစ်တာလဲ မစဉ်းစားဘူး၊ အဒုက္ခမသုခဝေဒနာသည် ဘာနဲ့ပတ်သက်ပြီးတောဖြစ်တာလဲ မစဉ်းစားဘူး၊ ဝေဒနာ သက်သက်ကို ရှုတဲ့နည်းသ ပထမ ၃ မျိုး၊

အဲဒါကိုထပ်ပြီး စိတ်ထဲမှာ ကာမဂုဏ်အာရုံတွေနဲ့ ပတ်သက်ပြီး ပျော်တာ မရှိနိုင်ဘူးလား၊ ကာမဂုဏ်နဲ့မဟုတ်ဘဲ တရားနဲ့ ရှုမှတ်ပြီးတော့ ပျော်တာရော မရှိနိုင်ဘူးလား၊ ကိုယ့်သန္တာန် မှာ ဖြစ်တဲ့ သုခဝေဒနာလေးဟာ ကာမဂုဏ်နဲ့ ပတ်သက်တာ ဆိုလို့ရှိရင် သာမိသသုခ၊ ကာမဂုဏ်နဲ့ မပတ်သက်ဘူး၊ ကာမတွေနဲ့ ဝေဒကွာတဲ့ အကျင့်တစ်ခုနဲ့ ပတ်သက်တာဆိုရင် နိရာမိသတဲ့၊ သာမိသနဲ့ မဆိုင်ဘူး၊ ဒုက္ခဖြစ်တာလည်း ထို့အတူပဲ၊ ဒီကာမအာရုံတွေနဲ့ ပတ်သက်လာပြီးတော့ ဒုက္ခဝေဒနာခံစားမှုဆိုရင် နိရာမိသ ဒုက္ခ၊ အဒုက္ခမသုခကလည်း ထို့အတူပဲ၊ ဒီလို ခွဲတယ်ပေါ့။

ဘယ်လို အမျိုးအစားပဲဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ သုခဝေဒနာဖြစ်ရင် သုခဝေဒနာဖြစ်နေတယ်လို့ သိအောင်လုပ်ပါတဲ့။ ဒုက္ခဝေဒနာဖြစ်နေရင် ဒုက္ခဝေဒနာမှန်း သိအောင် လုပ်နေပါတဲ့။ အခု ပစ္စုပ္ပန် အခိုက်အတန့်လေးတွေကို ကြည့်ခိုင်းတာနော်၊ မနေ့ကဟာကို တွေးခိုင်းတာ မဟုတ်ဘူး၊ နောက်လာမယ့်ဟာကို တွေးခိုင်းတာ မဟုတ်ဘူး၊

အခုဖြစ်ပြီး အခုသိတာကို ဆိုလိုတာ၊ အခုဖြစ်နေတာကို နောက်စိတ်နဲ့ သိတာ၊

အဲဒီလို သိတဲ့အခါ ခံစားတာဟာ ဘယ်သူလဲဆိုတဲ့ မေးခွန်း၊ ပုဂ္ဂုလ်လား၊ သတ္တဝါလား၊ ဘယ်သူလဲ၊ ငါခံစားတာလား၊ ငါ ဆိုတာ ဝေဒနာကိုပဲရည်ညွှန်တာ၊ ဝေဒနာကခံစားတာပါ၊ ဝေဒနာကလွဲပြီး ခံစားသူ မရှိပါဘူး။

သတိကြီးကြီး၊ ဥာဏ်ကြီးကြီးနဲ့ ရှုနိုင်မှ တရားရဲ့သဘောက ထင်ရှားပေါ်လာနိုင်တယ်။ သန္ဒိဋ္ဌိကော – ဆိုတဲ့အတိုင်း လူတိုင်း သိနိုင်တဲ့ တရားတွေချည်းပဲ၊ ဘယ်သူခံစားတာလဲ – ဝေဒနာခံစားတာ၊ ပုဂ္ဂုလ်သတ္တဝါမဟုတ်ဘူး၊ ဝေဒနာသည်ပင်လျှင် ခံစားတာ၊ ဘာကြောင့် ခံစာတာလဲ – အာရုံနဲ့ ဝတ္ထုဆုံလို့ ခံစားတာပါ – အဲဒီ သဘာဝလေးကို ရှင်းရှင်းလင်းလင်းမြင်ဖို့ မြတ်စွာဘုရားက ဝေဒနာနုပဿနာကို ဟောတာတဲ့။

ဝိသုဒ္ဓိမဂ်မှာမှာ ကမ္မဿ ကာရကော နတ္ထိ – အလုပ်တစ်ခုဖြစ်ပေါ်လာတယ်ဆိုရင် အဲဒီအလုပ်ကို လုပ်တဲ့သူ ရှိလာဆိုရင် လုပ်တဲ့သူ မရှိဘူး၊ ကမ္မဿ – ခံစားခြင်းဆိုတဲ့အမှုကို ကာရကော – ပြုတတ်တဲ့သတ္တဝါဆိုတာ မရှိဘူး၊ ခံစားခြင်းကို ဘယ်သူလုပ်တာလဲလို့ မေးရင် လုပ်တဲ့ပုဂ္ဂိုလ်သတ္တဝါဆိုတာ မရှိဘူး၊

ဝိပါကဿ စ ဝေဒကော -တဲ့၊ ကံတရားကို လုပ်တဲ့သူမရှိသလို ထိုကံတရားရဲ့အကျိုးကို ခံစားရတဲ့လူကော ရှိလာလို့ဆိုရင် မရှိပါဘူးတဲ့၊ ကံကို လုပ်တဲ့သူ ကံအကျိုးကို ခံစားရတဲ့သူ ဘယ်သူလဲဆိုရင် ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးတဲ့၊ သဘာဝတရားသက်သက်တွေ ဖြစ်နေတာတဲ့၊ အကျိုးတရားပေါ်တာကိုပဲ ခံစားတယ်လို့ ပြောတာ၊ ဆိုလိုတာက – အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ ပုဂ္ဂိုလ်သတ္တဝါနဲ့ မဆက်စပ်ပဲနဲ့ သဘာဝတရားသက်သက်သာ ဖြစ်လာတာ ဖြစ်တယ်၊ ဧဝေတံ သမ္မာဒဿနံ – ဒါမှ ဗုဒ္ဓဘာသာတွေရဲ့ မှန်ကန်တဲ့ အမြင်၊ သမ္မာဒဿနာလို့ ခေါ်တယ်၊ မှန်ကန်တဲ့ အမြင် ဖြစ်စေတယ်တဲ့နော်၊

ဘယ်သူခံစားတာလဲဆိုရင် ဝေဒနာခံစားတာ၊ ဝေဒနာ ခံစားတယ်ဆိုတာ ဝေဒနာရဲ့ ဖြစ်တည်မှုပဲ၊ ဒီသဘာဝတရားလေးပေါ်လာတာ အကြောင်းမဲ့ မဟုတ်ဘူး၊ ဝတ္ထုအာရုံဆုံလို့ ပေါ်လာတာ၊ ဒီလို အမြင်လေးတွေကို မြင်ဖို့ရာအတွက် ဝေဒနာနုပဿဆိုတဲ့ ကမ္မဋ္ဌာန်းကို မြတ်စွာဘုရားက ဟောတာပါတဲ့၊

ဝေဒနာဟာ အင်မတန်အရေးကြီးတယ်၊ ဝေဒနာဟာ တဏှာကို ဆောင်သွားတယ်၊ တဏှာဘက်ရောက်သွားရင် ဒုက္ခ သမုဒယော -ဆိုတဲ့အတုင်း ဒုက္ခကို ဖြစ်စေတာ၊ ဒီ ဒုက္ခကို အဆုံးသတ်ချင်ပြီဆိုရင် ဒီတဏှာမလာမှ ဖြစ်မှာ၊ ဒါကြောင့် ဝေဒနာရဲ့ သဘာဝလေးကို သိအောင် မြတ်စွာဘုရားက ခံစားနေတဲ့အချိန်တိုင်းမှာ ဒါ သုခဝေဒနာ ခံစားတယ် ဒုက္ခဝေဒနာ ခံစားတယ်ဆိုတာ သိအောင် လုပ်ခိုင်းတာပါ။

အဒုက္ခမသုခဝေဒနာဖြစ်နေရင် အဒုက္ခမသုခဝေဒနာဖြစ်တယ်လို့ သိပါတဲ့၊

အဲဒီလို သိပြီးတဲ့အခါ တစ်ဆင့်တက်ရမှာက အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ၊ ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ – တဲ့၊ မြတ်စွာဘုရားက အဇ္ဈတ္တ၊ ဗဟိဒ္ဓနဲ့ ခွဲတယ်၊

ဝေဒနာဆိုတာ ဘယ်သူ့ဝေဒနာပဲဖြစ်ဖြစ်၊ ကိုယ့်ဝေဒနာ၊ သူများသန္တာန်မှာဖြစ်နေတဲ့ ဝေဒနာ၊ အတူတူပဲ၊ ဘယ်သူ့သန္တာန်မှာ ဖြစ်ဖြစ် ဝေဒနာပဲဆိုတဲ့ အမြင် မြင်တတ်ဖို့ မြတ်စွာဘုရားက ဟောတာ၊

ဝိပဿနာဉာဏ်စဉ်တက်လာတဲ့အခါကျတော့ သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ – ဝေဒနာဟာ သူ့ဟာသူဖြစ်တာမဟုတ်၊ ဆိုင်ရာကြောင့်ဖြစ်တာ၊

နောက် ဖြစ်နိုင်တာက သမုဒယဓမ္မ – ဝေဒနာဟာ ဖြစ်ပေါ်လာတဲ့ သဘောရှိတယ်၊ ဝေဒနာရဲ့ ဖြစ်မှုကို မြင်တယ်၊ ဝယဓမ္မာနုပဿီ ဝါ – ဝေဒနာရဲ့ ပျက်သွားတာကိုလည်းမြင်တယ်၊ ပျက်တဲ့သဘောရှိတာကိုလည်း မြင်တယ်၊ သမုဒယဝယဓမ္မာနိုပဿီ ဝါ – မဖြစ်အပျက် နှစ်မျိုးလုံးသဘောရှိတယ်ဆိုတာကိုလည်း ရှုမြင်သုံးသပ်ရမယ်လို့ ဆိုလိုတယ်။

ဒါက ဉာဏ်စဉ်တက်လာတာ၊ သမာဓီစွမ်းအားတွေကောင်းပြီး ဉာဏ်ထက်လာပြီဆိုရင် ဒါ မြင်လာမှာပဲ၊
အဲဒီလို မြင်လာပြီဆိုရင် ကိုယ့်ရဲ့ သတိတရားဟာ ဘယ်ပေါ်မှာပဲ ရပ်တည်နေတုန်းဆိုတော့ ဝေဒနာရှိတယ်ဆိုတာလေးပေါ်မှာပဲ ရပ်တည်နေတယ်။ ဝေဒနာကနေ သတိ မခွာသွားဘူး၊ အဲဒီခွာမသွားတာဟာ သူက တွယ်တာတာ မဟုတ်ဘူး၊ ဝေဒနာရဲ့ သဘောတွေကို သိရှိနေဖို့အတွက် ဉာဏ်ဖြစ်ဖို့နဲ့ မမြဲတမ်း သတိထားနေဖို့၊ ထပ်ဆင့်ပြီးတော သတိလာနေဖို့၊ သတိထားဖို့ရာအတွက် ဝေဒနာရှိတယ်ဆိုတာ မှတ်သားနေတယ်လို့ ဒီလို ပြောတာနော်၊

ဝေဒနာနဲ့ ပတ်သက်ပြီးတော့ အနိသိတော စ ဝိဟရတိ တဏှာဆိုတဲ့အတွေးလည်း မလာတော့ဘူး၊ မှာယွင်းတဲ့အမြင်တွေလည်း မလာတော့ဘူးဈ လုံးဝ တဏှာဒိဋ္ဌိက လွတ်သွားတယ်။ န စ လောကေ ကိဉ္စိ ဥပါဒိယတိ – ဝေဒနာနုပဿနာ ရှုလိုက်တဲ့အခါကျတော့ ဝေဒနာပေါ်မှာ အခုလို ရှုရင်းနဲ့ နောက်ဆုံး လောကကြီးတစ်ခုလုံးပေါ်မှာ သို့မဟုတ် ဝေဒနာဆိုတဲ့ လောက အပေါ်မှာ စွဲလမ်းတယ်ဆိုတဲ့ အရာ တစ်ခုမှ မရှိဘူး၊ ဥပါဒါန်တွေ

လုံးဝကျွတ်လွတ်သွားတယ်၊ စွဲလမ်းနေတဲ့ အတွေးတွေ၊ တွယ်တာမှုတွေ။ မှားယွင်းမှုတွေ အားလုံး ကျွတ်လွတ်သွားတာပဲ၊ ဥပါဒါန်တွေ မရှိတော့ဘူးဆိုရင် အစွဲအကင်းပြတ် အငြိမ်းဓာတ်ဆိုတာ တွေ့နိုင်တယ်။ ဥပါဒါန် မရှိတော့ဘူးဆိုရင် အနုပါဒါ ဝိမောက္ခ -လို့ ခေါ်တာပါပဲ၊ ဘာကိုမှ မစွဲတော့ဘူး၊

ဘာမှ မစွဲဘဲနဲ့ ဝိမောက္ခ – ကိုယ့်စိတ်လေးဟာ လွတ်သွားပြီတဲ့၊ တဏှာဆိုတဲ့ အတွယ်အတာတွေက လွတ်သွားတယ်၊ မှားယွင်းတဲ့ အမြင်က လွတ်သွားတယ်။

အဲဒီ လွတ်သွားတဲ့စိတ်ဟာ အင်မတန် တန်ဖိုါ်ရှိတဲ့ စိပဲ။ အဲဒီလိုလွတ်အာင် ဝေဒနာဆိုတဲ့ အာရုံပေါ်မှာ ကိုယ့်စိတ်လေးကို လေ့ကျင့်ပါလို့ ဘုရားက ပြောတာ၊ သတိပဋ္ဌာန်တရားမှာ ဝေဒနာပေါ် သတိကပ်ပြီးတော့ ဉာဏ်ရည်ဉာဏ်သွေးထက်လာအောင် လျေ့ကင့်ပေးခြင်းကို ဝေဒနာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။

ဒီဝေဒနာကမ္မဋ္ဌာန်းနဲ့ပတ်သက်ပြီး သစ္စကသုတ္တန် မှာလည်း မြတ်စွာဘုရားက ဝေဒနာဆိုတာ တစ်ခုပြီးမှ တစ်ခုဖြစ်လို့ရတယ်၊ သုခဖြစ်နေချိန်မှာ ဒုက္ခမဖြစ်ဘူး၊ ဒုက္ခဖြစ်နေချိန်မှာ သုခမဖြစ်ဘူးဈ သုခချည်း ဖြစ်နေရတာလည်း မရှိဘူး၊ ဒုက္ခချည်း ဖြစ်နေရတာလည်းမရှိဘူး၊ ဆိုင်ရာအကြောင်းတွေကြောင့် ဖြစ်ရတာ ဖြစ်သောကြောင့် သူတို့ဟာ သင်္ခတံ -တဲ့၊ သအစ္စယ – တဲ့၊ အကြောင်းတရားတွေက ဖန်တီးထားတဲ့ အရာသာ ဖြစ်တယ်၊ ဝေဒနာဆိုတာ အကြောင်း

တရားတွေက လုပ်ထားတဲ့ အရာပဲစ်ြတယ်၊ ပဋိစ္စသမုပ္ပန္တွ – ဆိုင်ရာအကြောင်းကိုမှီပြီး ဖြစ်နေတဲ့ အရာမှန်သမျှ ခယဓမ္မ – ကုန်သွားတဲ့သဘော၊ ဝယဓမ္မ – ပျက်သွားတဲ့သဘောတွေ ရှိတယ်၊ ဘယ်အရာမှ မညမဲဘူးဆိုတဲ့ သဘောကို အားလုံးမြင်ရင် ဝိပဿနာဉာဏ်စဉ်တက်ပြီးတော့ အတွယ်အတာအားလုံး ကင်းပြတ်ကာ စိတ်ကလေးဟာ လွတ်မြောက်သွားနိုင်ပါတယ်။

အဲဒါကြောင့် မြတ်စွာဘုရားရဲ့ မဟာသတိပဋ္ဌာနသုတ်မှာ ဝေဒနာကို ၉ မျိုး ခွဲခြားသော်လည်း ဝေဒနာနုပဿနာကို ဝေဒနာကမ္မဋ္ဌာန်း တစ်ခုအနေနဲ့ပဲ ယူပြီး ဟောတာ ဖြစ်ပါတယ်။

Ref: https://www.facebook.com/dhammadownload/media_set?set=a.10204019004143146.1073741976.1464856977&type=3

Previous Older Entries