ရှေ့စိတ်ကိုနောက်စိတ်ကသိတာ

2015-12-20 08_19_42-Photos.png

တရားကိုကြိုးစားအားထုတ်ဖို့ လုံ့လ၀ီရိယတွေကို
သန်သန်ထွားထွားမွေးပြီး ကိုယ်အဓိဋ္ဌာန်ထားတဲ့
တစ်နာရီအတွင်းမှာ သက်တောင့်သက်သာလေး
နဲ့ အရှုခံလေးတွေရဲ့ပရမတ်သားပေါ်မှာ ဉာဏ်
အမြင်လေးတွေနဲ့ကောင်းစွာဆန်းစစ်ရင်း ရှုတတ်
အောင် သင်ပေးမှာပါ။

ကိုယ်ရဲ့ပေါ်ရာထင်ရှားရာ
အာရုံမှာပဲရှုရှု၊ နှာသီးဝအာရုံလေးမှာပဲကြည့်ကြည့်
အရှုခံတရားလေးတွေဟာ အရှုဉာဏ်အောက်မှာ
သိစရာအာရုံရယ် သိတာရယ် အရှုခံမှန်သမျှက
သိစရာအာရုံချည်းပဲ၊ အရှုဉာဏ်က သိသွားတာ
ဒီနှစ်မျိုးပဲရှိတယ်။ သိစရာအာရုံကို သိတဲ့အလုပ်
နဲ့ ကြိုးစားနေကြတာ။

ကိုယ်ရှုနေကျအရှုခံအာရုံ
လေးကို နှာသီးဝလေးမှာ ထားတော့ ရှုသွင်းခိုက်
မှာ တိုးတာ အေးတာ၊ ရှုထုတ်ခိုက်မှာ တိုးတာ
နွေးတာ၊ ကိုယ်ပေါ်မှာ အာရုံစိုက်တော့ နာတယ်၊
ကျင်တယ်၊ ကိုယ်တယ်၊ ခဲတယ်လို့ ကိုယ်နဲ့စပ်ပြီး
သိတာ ထင်ရှားတဲ့အရှုခံရုပ်ကို အလေးပေးရှုတော့
ကာယနုပဿနာသတိပဋ္ဌာန်ဖြစ်တာပဲ။

ဒီအပေါ်မှာ
အာရုံအဖြစ်နဲ့ ခံစားပြီးတော့ ၀မ်းသာတဲ့သဘော၊
ဝမ်းနည်းတဲ့သဘော၊ ကောင်းတယ် မကောင်းဘူး
လို့ မသုံးသပ်တော့ဘဲနဲ့ အလယ်အလတ်ခံစားတဲ့
သဘော ရယ်လို့ ဝေဒနာကလည်း သုံးမျိုးပဲရှိတာ။
အဲဒီဝေဒနာကို ကြိုးစားပြီးရှုနိုင်တဲ့ပုဂ္ဂိုလ်ကလည်း
ဝေဒနာနုပဿနာသတိပဋ္ဌာန်ဖြစ်သွားတာပဲ။
ဒါတွေပေါ်မှာ လိုက်လိုက်ပြီး သိသိသွားတဲ့ သိတတ်
တဲ့ သဘောစိတ်ကို အာရုံပြုရှုတော့လည်း ရှေ့အသိ
စိတ်ကလေးကို နောက်အသိစိတ်က အစားထိုးပြီး
အကဲခတ်တိုင်းမှာ ရှေ့အသိစိတ်အာရုံလေးကပြန်
ပြီး ကြည့်တာပဲ။ ရှေ့စိတ်ကိုနောက်စိတ်နဲ့အကဲ
ခတ်နေတာပဲ။ အဲဒီလိုစိတ်ကလေးတွေပေါ်တိုင်း
ပေါ်တိုင်းရှုသွားရင် စိတ္တာနုပဿနာသတိပဋ္ဌာန်
ဖြစ်တာပဲ။

ရုပ်ဝေဒနာစိတ်လို့ကောင်းစွာသိလို့
ပေါ်ရာအရှုခံကလေးတွေမှာ ရုပ်ပေါ်လည်းရုပ်ကို
ကောင်းစွာရှုနိုင်တယ်။ ဝေဒနာပေါ်လည်းဝေဒနာ
ကို ကောင်းစွာရှုနိုင်တယ်။ စိတ်ပေါ်လည်းစိတ်ကို
ကောင်းစွာရှုနိုင်တယ်။ ပေါ်ရာအရှုခံကလေးတွေ
ကို လိုက်လိုက်ပြီး ရုပ်ပေါ်ပေါ်နာမ်ပေါ်ပေါ် ပေါ်ရာ
အရှုခံအာရုံမှာ အာရုံပြုရှုနိုင်ရင် ဓမ္မာနုပဿနာ
သတိပဋ္ဌာန်ဖြစ်တာပဲ။

ဘယ်သတိပဋ္ဌာန်ကိုပဲရှုရှု ကိုယ့်ရဲ့စရိုက်ကိုယ်ရဲ့
ကမ္မဋ္ဌာန်းညီဖို့အရေးကြီးတယ်။ ရွေးတတ်ဖို့အရေး
ကြီးတယ်။ သတိပဋ္ဌာန်လေးပါးမှာ တစ်ပါးပါးကိုရှု
နိုင်ရင် နိဗ္ဗာန်ရောက်တာချည်းပဲ။ နိဗ္ဗာန်ရောက်ဖို့
အရေးမှာ ကိုယ့်မှာ ဘာစရိုက်ရှိလည်း အဲဒီရှိတဲ့
စရိုက်နဲ့အခု အရှုခံအာရုံအဖြစ်ပြမယ့် ကမ္မဋ္ဌာန်း
လေးမျိုးထဲက တစ်မျိုးကိုရွေးရမှာ။ အဲဒီရွေးဖို့က
ကိုယ့်ရဲ့စိတ်မှာ ကိုယ်ဘာစရိုက်ရှိတယ်ဆိုတာ
အသိဆုံး၊ ကိုယ့်မှာက လိုချင်ရမ္မက်အားကြီးမယ်။
ဉာဏ်ကလည်း နုတယ်ဆိုရင် ကိုယ်နဲ့စပ်ပြီးထင်ရှား
တဲ့ ရုပ်အရှုခံကာယနုပဿနာသတိပဋ္ဌာန်ကိုရှုပါ။
လိုချင်ရမှုအားကြီးတယ်။ ငါစွဲလည်းအားကြီးတယ်။
ဉာဏ်ကလည်းနုံတယ်။ အဲဒီပုဂ္ဂိုလ်အတွက်က
စိတ္တာနုပဿနာရှုပါ။ စိတ်ကိုအလေးပေးရှုပါ။
ကိုယ့်မှာဘာစရိုက်ရှိတယ်ဆိုတာကို သိပါတယ်။
လိုချင်ရချင်မှုက များတယ်။ ဉာဏ်ကထက်တယ်။
အဲဒီပုဂ္ဂိုလ်ကျတော့ ဝေဒနာနုပဿနာသတိပဋ္ဌာန်
ရှုရမယ်။

လိုချင်ရချင်မှုလည်းနည်းတယ်။ ဉာဏ်
ကလည်းထက်တယ် အဲဒီပုဂ္ဂိုလ်ကျတော့ ဓမ္မာ
နုပဿနာကိုရှုရပါတယ်။

ကိုယ့်ရဲ့စရိုက်နဲ့ရွေး
ချယ်ရမယ့် ကမ္မဋ္ဌာန်းရှင်းသွားပါပြီ။ အဲဒီလိုရှင်း
သွားတော့ ကိုယ်ရှုရမယ့်အရှုခံကမ္မဋ္ဌာန်းအပေါ်
မှာ အမြင်အသိကို စင်ကြယ်သထက်စင်ကြယ်
အောင်ရှုရတော့မယ်။ ရုပ်ကိုပဲအလေးပေးလို့ရှု
ရှု၊ ဝေဒနာစိတ်ကိုပဲ အလေးပေးလို့ရှုရှု၊ ရှုရတဲ့
အခါမှာ မြင်ရတဲ့အမြင်က ရေပြင်ရေပွက်ဆိုတဲ့
ဥပမာကိုပြန်ပြီးတော့မြင်ပါ။ နှာခေါင်းနှာသီးဆိုတဲ့
ရေပြင်၊ ခေါင်း၊ ခါး၊ ခြေ၊ လက်ဆိုတဲ့ ရေပြင်ပေါ်
မှာ ရှုသွင်းခိုက်တို့သဘော၊ ရှုထုတ်ခိုက်တို့သဘော၊
ရှုသွင်းခိုက်အေးသဘော၊ ရှုထုတ်ခိုက်နွေးသဘော
ဆိုတဲ့ ရေပွက်လေးပွက်တိုင်း ပွက်တိုင်းမြင်အောင်
ကြည့်ပါ။ အဲဒီလိုမြင်အောင်ကြည့်နိုင်ရင် ဉာဏ်နုံ
ပြီး လောဘစရိုက်အားကြီးတဲ့ ပုဂ္ဂိုလ်အတွက်
ရုပ်ကမ္မဋ္ဌာန်းထင်ရှားစွာသိပါပြီ။ ခေါင်း၊ ခါး၊ ခြေ၊
လက်ဆိုတဲ့ ရေပြင်ကို ခွာလှန်ပြီး နာသဘော။
ကျင်သဘော၊ ကိုက်သဘော၊ စူးသဘော၊ တုန်
သဘော၊ ခုန်သဘော အဲဒီကိုယ်နဲ့စပ်ပြီး ပွက်
လာတဲ့ ရေပွက်ကလေးတွေကို မြင်အောင်ကြည့်
ပါ။

ပွက်တိုင်းပွက်တိုင်း ကိုယ်နဲ့စပ်ပြီးရှုနိုင်ရင် လောဘ
စရိုက်အားကြီးပြီး ဉာဏ်နုံတဲ့ပုဂ္ဂိုလ်များအတွက်
ကာယနုပဿနာရုပ်တရားကို ကောင်းစွာရှုတတ်
သွားပြီ။

ရှုပုံရှုနည်း သင်ပေးနေတာ ဝေဒနာကိုရှု
တဲ့ ဉာဏ်သွက်ပြီး လိုချင်ရချင်မှုအားကြီးတဲ့ပုဂ္ဂိုလ်
ကျတော့ ဟာဒယ၀တ္ထုနှလုံးသားမှာ အာရုံစိုက်၊
ဝေဒနာဆိုတာက နာမ်တရားကိုယ်နဲ့စပ်ပြီးပေါ်တဲ့
ဒုက္ခဝေဒနာ၊ သုခဝေဒနာဆိုတာက ယောဂီသူ
တော်စင်များ အတွက်ကို သတိပဋ္ဌာန်အတွက်
သင်ပေးနေတာ၊ ၀ိပဿနာဉာဏ်အရာမှာကျ
တော့ စိတ်နဲ့စပ်ပြီးပေါ်တဲ့ နာမ်တရားလေး
ဝေဒနာကို ကောင်းစွာကြိုးစားရှုရမှာ ဒါကြောင့်
မို့လို့ ဝေဒနာကိုရှုတဲ့ပုဂ္ဂိုလ်ကျတော့ အရှုခံရုပ်
တရားလေး ဘယ်နားမှာပေါ်ပေါ် ပရမတ်သား
ကို ရောက်အောင်သိလိုက်လို့ကြည့်လိုက်ရင်
အရှုခံဟာ အရှုဉာဏ်အောက်မှာ ကောင်းစွာ
မြင်ရတယ်။ သာယာတဲ့ဘက်လည်း မသွား၊
မသာယာတဲ့ဘက်လည်း မသွားဘဲ ဥပေက္ခာ
ဝေဒနာလေးနဲ့တစ်တန်းထဲထားပြီးရှုနိုင်တယ်။
တစ်နည်းပြောရရင် မိုးကုတ်ဆရာတော်ဘုရား
ကြီးမှာတဲ့အတိုင်း အရှုခံအာရုံအပေါ်မှာတစိမ်း
အမြင်နဲ့ရှု။ ကိုယ်နဲ့မဆိုင်တဲ့အမြင်မျိုးရောက်
အောင်ကြည့် အဲဒါသည် ဥပေက္ခာဝေဒနာပါ။
အရှုခံတရားအပေါ်မှာ ကိုယ်နဲ့မဆိုင်တဲ့အမြင်
မျိုး တစိမ်းဆန်တဲ့အမြင်မျိုးအဲဒီအမြင်မျိုးကို
ကြည့်ရင် သာယာတဲ့ဘက်လည်း မသွားဘူး။
မကျေနပ်တဲ့ဘက်ကိုလည်း မသွားဘူး။
မကျေနပ်တဲ့ဘက်ကိုလည်းမစောင်းတော့ဘူး။
ဖောက်ပြန်ကာမှမတ်တပ် အရှုခံရုပ်ပေါ်မှာ
ရုပ်မှန်းသိတယ်။ ခံစားတဲ့အပေါ်မှာခံစားတဲ့
အမှန်အတိုင်းသိ၊ အဲဒီလိုအမှန်အတိုင်းသိရင်
ဥပေက္ခာဝေဒနာဖြစ်ပြီ။

ဒါကြောင့်မို့လို့ ဝေဒနာ
ဝေဒနာနဲ့ပြောတော့ ပြောကြတယ်။ ဝေဒနာ
ရဲ့အစစ်အမှန်ပေါ်ရာနေရာကို ကောင်းစွာ
အာရုံမညွှတ်တတ်ဘူး။ နာတာကြီးကိုပေကြည့်
ပြီး ဝေဒနာလုပ်တယ်။ အဲဒါတွေသက်သာသွား
လို့ ဖြစ်ပေါ်လာတဲ့သုခဝေဒနာကျတော့ မရှုကြ
ဘူး။ ဒုက္ခဝေဒနာကျမှ သူတို့က အာရုံပြုပြီးရှု
ကြတာ အဲဒီဒုက္ခကလည်း ကိုယ်ပေါ်မှာပေါ်တဲ့
ရုပ်ကိုသွားကြည့်ရင် ရုပ်ရှုတာ။ စိတ်မှာဖြစ်တဲ့
ခံစားမှုကို ကြည့်မှဝေဒနာရှုတာ၊ ဒါကြောင့်မို့လို့
ကိုယ်ကြိုးစားရှုတဲ့ အရှုခံတွေပေါ်မှာ လည်း
ကွဲကွဲပြားပြားနဲ့ ရုပ်နဲ့ဝေဒနာကိုလည်းပိုင်းခြား
သိကြပါ။ ဝေဒနာဆိုတာ စိတ်နဲ့စပ်ပြီးပေါ်လာ
တယ်။

ကောင်းတယ်လို့လှိုက်ခနဲဖြစ်သွားတော့
သောမနဿဝေဒနာလေးပေါ်လာတယ်။
မကောင်းဘူးလို့စိတ်ထဲမှာညစ်လာတဲ့သဘော
လေးကိန်းလာရင်လည်း အဲဒါသည် ဒေါမနဿ
ဝေဒနာလေးဖြစ်လာပြီ။

ဒါလည်းပဲအရှုခံဝေဒနာ
ဝေဒနာကို အာရုံပြုပါ။ ဉာဏ်ကကောင်းစွာမြင်
လာပါလိမ့်မယ်။ အဲဒီလိုစိတ်နဲ့စပ်ပြီးပေါ်လာတဲ့
ဝေဒနာကိုရှုတတ်ရင်တော့ ဝေဒနာနုပဿနာ
သတိပဋ္ဌာန်ကို ကောင်းစွာထင်တဲ့ ပုဂ္ဂိုလ်ပါ။
ဟဒယ၀တ္ထုရေပြင်ကြီးပေါ်မှာ စိတ်ကို တွယ်ပြီး
တော့ ကောင်းတယ်လို့ခံစားတဲ့ ဝေဒနာရေပွက်
လေးလာပွက်တာ။ အဲဒီပွက်တဲ့ရေပွက်ကလေး
ကို မြင်အောင်ကြည့်ရင် ဟဒယ၀တ္ထုနှလုံးသား
တို့ ရင်ချိုင့်တို့ဆိုတာ မရှိတော့ဘူး။

ပညတ်အ
ထည် ကိုယ်ကြီးပျောက်သွားပြီးတော့ ပရမတ်
ကို မြင်အောင် ကြည့်တတ်သွားရင် ဝေဒနာကို
ကောင်းစွာရှုတတ်သွားပြီ။

ငါစွဲအားကြီးပြီးဉာဏ်နုံတဲ့ပုဂ္ဂိုလ်ကျတော့လည်း
အဲဒီဟာဒယ၀တ္ထုဆိုတဲ့ရေပြင်ကြီးပေါ်မှာဖျတ်ကနဲ
လောဘစိတ်ကလေးပေါ်လာတယ်။ ဒေါသစိတ်က
လေးပေါ်လာတယ်။ လိုချင်ရချင်တဲ့ စိတ်လေးတွေ
ကိုယ်ရဲ့သန္တာန်မှာ ကိန်းလာတယ်။ ကြံစည်တဲ့စိတ်
ကလေးတွေ တွေးတောတဲ့စိတ်လေးတွေ ကိုယ်ရဲ့
သန္တာန်မှာ ကိန်းလာတယ်။ ကြံစည်တဲ့စိတ်ကလေး
တွေ တွေးတောတဲ့စိတ်ကလေးတွေ အလိုမကျတဲ့
စိတ်ကလေးတွေတစ်ခုပြီးတစ်ခုပြနေတော့အဲဒီပြ
နေတဲ့သဘောတရားလေး လောဘစိတ်ပေါ်လည်း
ဟဒယ၀တ္ထုရေပြင်ပေါ်မှာ စိတ်ရေပွက်လေးလာ
ပွက်တာ။ ဒေါသစိတ်လေးပေါ်လာရင်လည်း ဟာ
ဒယ၀တ္ထုရေပြင်ပေါ်မှာ စိတ်ရေပွက်ကလေးလာ
ပွက်တာ။ အဲဒီလိုပွက်တိုင်းပွက်တိုင်းကိုမြင်အောင်
ကြည့်လိုက်ပါ။ မြင်အောင်ကြည့်နိုင်ပြီဆိုရင် သတိ
ပဋ္ဌာန်လေးပါးထဲက ကိုယ့်စရိုက်နဲ့ညီတဲ့စိတ်ကို
ကိုယ်ရှုတတ်လာပြီ။ အဲဒီလိုရှုရာကနေပြီး နေပြင်
ရေပွက်ကို ကောင်းစွာခွဲခြားတတ်သွားတော့သတိ
ပဋ္ဌာန်လေးပါးကို ဘယ်နေရာကနေ အာရုံပြုပြု
ပြုတတ်သွားပြီ။ အဲဒီပြုရာကနေပြီးတော့မှအမြင်
ဉာဏ်အောက်မှာ ဖြစ်ပျက်မြင်ရအုံးမယ်။ ဖြစ်ပျက်
ကိုရှုတဲ့အခါကျတော့ နှာခေါင်း၊ နှာသီးဆိုတဲ့နေရာ
ရေပြင်ပေါ်မှာပွက်လာတဲ့ တိုးသဘော၊ အေးသဘော၊
နွေးသဘောဆိုတဲ့ ရေပွက်ကလေး ပွက်တိုင်းပွက်
တိုင်းမှာ နှာခေါင်းနှာသီးဆိုတဲ့ ရေပြင်မပါစေနဲ့၊
အတင်းဇွတ်ဖျောက်ခိုင်းတာမဟုတ်ပါ။ ပွက်တဲ့
ရေပွက်ကလေးကိုသာ အာရုံစိုက်ရင် အေးကနဲ
ပွက်လာတဲ့ရေပွက်ကလေး ဉာဏ်လေးနဲ့ကြည့်
တော့ အေးကနဲဆိုတဲ့ ဖောက်ပြန်တဲ့ ရုပ်အရှုခံလေး
ဟာ တကယ်ရှိပါတယ်။ တကယ်ရှိတဲ့ ရုပ်အရှုခံရေ
ပွက်ကလေးကို တကယ့်ဉာဏ်ကလည်း အာရုံပြု
ကြည့်လိုက်တော့ မရှိတာကိုမြင်လိုက်တာပါ။

ရှိရာက မရှိရာကိုမြင်တာ ၀ိပဿနာတဲ့။ သြော်
ဝိပဿနာဆိုတာ အခက်ကြီးမဟုတ်ပါလား။
ရေပွက်ကလေးရဲ့သဘော ပွက်တာကိုလည်းသိ
လိုက်တယ်၊ ပွက်တာကလေးကို ဉာဏ်နဲ့ကြည့်လိုက်
တော့ ပျက်သွားတာကိုမြင်လိုက်တာပါလား။

ရေပွက်
ကလေးသည် တကယ်ရှိတဲ့ ရုပ်အရှုခံ၊ ရေပွက်ကလေး
သည် တကယ်ရှိတဲ့ ဝေဒနာအရှုခံ၊ စိတ်မှာလာပြတယ်။
ရေပွက်ကလေးသည် တကယ်ရှိတဲ့ အရှုခံဟဒယ၀တ္တု
ရေပြင်ပေါ်မှာ စိတ်တည်းဟူသော ရေပွက်လေး
တကယ်ရှိတယ်။

အဲဒီအရှုခံလေးတွေကိုတကယ့်
ဉာဏ်လေးနဲ့ကြည့်တော့ ရုပ်အရှုခံကြည့်လည်းမရှိ
တာမြင်ရတယ်။ ဝေဒနာအရှုခံကြည့်လည်း မရှိတာ
မြင်ရတယ်။ စိတ်အရှုခံကြည့်လည်း မရှိတာဘဲမြင်ရ
တယ်။ တစ်ဆင့်ပြီးတစ်ဆင့်နားလည်အောင်ရှုတတ်
အောင် သင်ပေးနေတယ်။

အရှုခံတရားတွေနဲ့ကိုယ့်
စရိုက်နဲ့ညီတာကို ရွေးချယ်ပြီး သတိပဋ္ဌာန်လေးတွေ
ဖြစ်အောင် ရုပ်ဝေဒနာစိတ်ရဲ့ပေါ်ပုံလေးတွေနဲ့တကွ
သိအောင် ရှေးဦးစွာသင်ပေးတယ်။ အဲဒီအသိလေး
တွေကနေပြီး ဖြစ်ပျက်မြင်ဖို့အရေးကို တစ်ဆင့်တက်
ပြီးတော့ သင်ပေးတာပါ။

အဲဒီလိုရှုတိုင်း ရှုတိုင်းမှာ ရှေးဦးစွာသိခဲ့တုန်းက သတိ
ပဋ္ဌာန်နယ်တုန်းက ရုပ်ကိုရုပ်မှန်းသိတယ်။ ဝေဒနာကို
ဝေဒနာမှန်းသိတယ်။ စိတ်ကိုစိတ်မှန်းသိတယ်။ တကယ့်
ဉာဏ်နဲ့ရှုလိုက်တဲ့အခါကျတော့ ရုပ်မတွေ့ရတော့ဘူး။
မရှိတာလေးတွေ့ရတယ်။ ဝေဒနာလေးမတွေ့ရတော့
ဘူး။ မရှိတာလေးမြင်ရတယ်။ စိတ်ကိုမတွေ့ရတော့
ဘူး။ စိတ်မရှိတာလေး မြင်ရတယ်။ အဲဒီလိုမရှိတဲ့
သဘောကိုမြင်မှ ၀ိပဿနာဖြစ်တာ။ ဒါကြောင့်ရှိရာက
မရှိတာကိုမြင်တာ ၀ိပဿနာ၊ ရုပ်အရှုခံဖောက်ပြန်မှု
က တကယ်ရှိတဲ့ရုပ်တရား။ စိတ်တကယ်ရှိတဲ့ တရား
တကယ်ရှိတဲ့တရားလေး တကယ့်ဉာဏ်နဲ့ကြည့်လိုက်
တော့ မရှိတာလေးကိုမြင်လိုက်တာ ၀ိပဿနာပဲ။
တစ်နည်းပြောရင် ရှေ့အသေကို နောက်မရှင်နဲ့ရှု
တာ ၀ိပဿနာ၊ အေးသဘော၊ နွေးသဘောဆိုတဲ့
အရှုခံရုပ်သဘောလေးဟာ ပေါ်ကာစက အရှင်လေး
ပေါ့။ အဲဒီအရှင်လေးဟာ နောက်ဉာဏ်အရှင်လေး
လည်း အာရုံပြုလိုက်တော့ သေသွားပြီး။ ရှေ့က
အရှုခံအသေလေးကို နောက်အရှုဉာဏ်အရှင်လေး
က အာရုံပြုရှုလိုက်တာ။ ဒါကြောင့် ရှေ့အသေကို
နောက်အရှင်နဲ့မြင်အောင်ကြည့်တာ ၀ိပဿနာ။

သြော် ၀ိပဿနာဆိုတာ အခက်ကြီးမဟုတ်ပါလား။
သိစရာအာရုံလေးတွေကို နောက်ဉာဏ်လေးက
အကဲခတ်နေတာပဲ၊ သေသွားတာကိုမြင်တယ်။
ပျက်သွားတာကိုမြင်တယ်။ အဲဒီလိုမြင်အောင်ကြည့်
နိုင်ရင် ကိုယ့်ရဲ့သန္တာန်မှာ ၀ိပဿနာဉာဏ်ပေါ်ပါပြီ။
အာရုံတစ်ပါးစိတ်မသွားပါစေနဲ့။ ဖြစ်ပျက်ဖြစ်ပျက်လို့
မဖြစ်အနေသင်ပေးတဲ့အခါကျတော့ ကိုယ်တကယ်
ရှိတဲ့ တရားပေါ်မှာ တကယ့်ဉာဏ်နဲ့မြင်ရမယ့်အမြင်
ကို ကြားဖူးနားဝ ဗဟုသုတတွေက မှန်းပြီးတော့ရွတ်
ဆိုခြင်းနဲ့ ဖြစ်ပျက်ရှုနေကြတယ်။ အတိတ်ကိုမျှော်ပြီး
တော့လည်း ဖြစ်ပျက်ရှုကြတယ်။ အနာဂတ်ကိုလည်း
မဟုတ် ပစ္စုပ္ပန်တည့်တည့်အရှုခံကို ဉာဏ်ကအာရုံပြု
သိရုံပါပဲ။ သြော် ဉာဏ်ဆိုတဲ့အရာဟာ မပျက်တော့
ဘူးလားဆိုတော့ ပျက်သွားတာပဲ။

အရှုခံဉာဏ်လေး
ပျက်သွားတယ်။ အရှုခံလေးဖျက်ကနဲအစားထိုးလာ
တယ်။ အဲဒီအရှုခံလေးအပျက်ကို နောက်ဉာဏ်က
အာရုံပြုမရှိတာလေးကို မြင်ရပြန်တယ်။ အဲဒီအရှု
ဉာဏ်လေးလည်းပဲ ပျက်သွားပြန်တယ်။ ပျက်သွား
တဲ့အခါမှာ အရှုခံတရားက ပြန်ပေါ်တယ်။ ရုပ်ထင်
ရှားရင် ရုပ်ပေါ်မယ်။ ဝေဒနာထင်ရှားရင် ဝေဒနာ
ပေါ်မယ်။ ဘယ်အရှုခံပဲပေါ်ပေါ် အရှုဉာဏ်လေး
ချုပ်သွားတော့မှ အရှုခံပြန်ပြတယ်။

အဲဒီအရှုခံကို အရှုဉာဏ်က ပြန်အာရုံပြုတော့အပျက်
မြင်ရပြန်တယ်။ အရှုဉာဏ်လည်း ဖြစ်ပျက်တာပဲ။
အရှုခံလည်း ဖြစ်ပြီးပျက်တာပဲ။ အဲဒီဖြစ်ပျက်တာ
သည် သင်္ခတနယ်ပါ။ အဲဒီသင်္ခတနယ်မှာဖြစ်ပျက်
တွေရှိနေပြီး ကိုယ့်ဉာဏ်က ကိုယ်ရှုနေတဲ့ ကိုယ်အာရုံ
စိုက်ပြီးသိသာထင်ရှားတဲ့ ကိုယ့်စရိုက်နဲ့ညီတဲ့ကမ္မဋ္ဌာန်း
တစ်မျိုးမျိုးကို ဖြစ်ပျက်တွေမြင်အောင်ကြိုးစားရှုရင်း
အပျက်တွေလည်းဆုံးသွားရော မဖြစ်မပျက်တော့တဲ့
နေရာကို ကောင်းစွာအာရုံပြုပါတယ်။ ဒါကြောင့်သူ
တော်စင်များအတွက် ကြိုးစားပြီးရှုတဲ့နေရာမှာ ၀ိပဿနာ
ဉာဏ်ပေါ်တဲ့ပုဂ္ဂိုလ်သည် (၂)မျိုးကို အလုပ်လုပ်ပါတယ်။
ရှေ့ပိုင်းက ဖြစ်ပျက်ကိုမြင်တဲ့အတွက် အရှုခံခန္ဓာကလေး
တွေရဲ့ အသေ အသေလေးတွေကိုမြင်လို့ ရှေ့ပိုင်းက
ခန္ဓာစွန့်ပါသည်။ နောက်ပိုင်းကလည်းပဲ ဉာဏ်ကအာရုံ
ပြုပြီးတော့ ဖြစ်ပျက်ကိုမြင်တဲ့အတွက် တဏှာဆိုတဲ့
သံသရာကို ရှည်စေတဲ့တရားကိုပယ်သတ်ထားပါတယ်။
ဒါကြောင့် ၀ိပဿနာဉာဏ်ကိန်းတဲ့ပုဂ္ဂိုလ်သည် ရှေ့က
ခန္ဓာဖြစ်ပျက်ကိုမြင်လို့ ခန္ဓာကိုစွန့်သည်။ အဲဒီနှစ်မျိုးကို
ကောင်းစွာလုပ်တာ ၀ိပဿနာဉာဏ်ပါ။ ရှေ့အသေကို
နောက်အရှင်က မြင်အောင်ကြည့်နိုင်ရင်ရှေ့ခန္ဓာလေး
တွေ ပေါ်တိုင်းပေါ်တိုင်းကို နောင်အရှုဉာဏ်က အာရုံ
ပြုနိုင်ရင် အဲဒါဝိပဿနာဉာဏ်၊ ခန္ဓာရဲ့အပျက်ကိုမြင်
လို့ ခန္ဓာကိုရှေ့ပိုင်းကစွန့်သည်။ နောက်ပိုင်းက တဏှာ
ကိုစွန့်တယ်ဆိုတော့ အဲဒီအရှုဉာဏ်သည် နိဗ္ဗာန်တံခါး
ကို ကောင်းစွာဖွင့်နေတာပါ။

အရှင်ပုညာနန္ဒ
နိဗ္ဗူတာသို့ခြေလှမ်းများ – ၃ မှ

Ref: http://dhammalectures.blogspot.sg/2014/10/blog-post_80.html

ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ အကြောင်း (ကိုယ်ကျင့်အဘိဓမ္မာ – ၃၆)

1011589_1551277291774555_5211939909172715972_n.jpg

ဧကဂ္ဂတာအကြောင်း

တည်ငြိမ်ခြင်း ငြိမ်သက်ခြင်း သဘောသည် ဧကဂ္ဂတာတည်း။ ထို့ကြောင့် “ဧကဂ္ဂတာ၊ တည်ငြိမ်စွာသား”ဟု ဆိုခဲ့သည်။ ဤ ဧကဂ္ဂတာကို “သမာဓိ” ဟုလည်း ခေါ်ကြသည်။

ဧကဂ္ဂတာခေါ်သော သမာဓိ၏ အစွမ်းကြောင့် စိတ်သည် အာရုံကို ယူသောအခါ အာရုံတစ်ခု၌ အတော်ကြာအောင် ထပ်ကာထပ်ကာ ယူနိုင်၏။ ထို့ကြောင့် ဤသမာဓိကို လေငြိမ်ရာ၌ ထွန်းထားသော မီးတောက်၏ ငြိမ်သက်နေပုံကဲ့သို့ အာရုံတစ်ခု၌ တည်တံ့သော (တည်ကြည်သော) ငြိမ်သက်သော တရားဟု ဆိုရပေသည်။

ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုကို ယူနေရာ၌ ထိုအာရုံတစ်ခုအပေါ်မှာ ကြာရှည်စွာ ထပ်၍ထပ်၍ အာရုံပြုနိုင်လျှင် “သမာဓိရပြီး၊ သမာဓိဓာတ်ခံအားကောင်းလာပြီ”ဟု ပြောစမှတ်ပြုကြ၏။

ထိုသမာဓိ ဓာတ်ခံအားကောင်းသူသည် အနေအထိုင် တည်ကြည်၏။ အပြောအဆိုလည်း တည်ကြည်၏။ သွားလာရာ၌လည်း ဣနြေ္ဒရ၏။ ပေါင်းသင်းဆက်ဆံရာ၌လည်း တည့်မတ်၏။ သို့ရာတွင် စွဲမိစွဲရာ အာရုံကိုကား စွဲလမ်းတတ်လေသည်။

ဇီဝိတိနြေ္ဒအကြောင်း

စိတ် စေတသိက် ၂-ပါးကို နာမ်တရားဟု ခေါ်၏။ ထိုနာမ်တရားတို့၏ အသက်သည် ဇီဝိတိနြေ္ဒတည်း။ ဖြစ်သမျှ စိတ်စေတသိက်များသည် အသေမဟုတ်၊ အရှင်များတည်း။ ထိုသို့ အရှင်ဖြစ်သောကြောင့် အာရုံကို သိနိုင်၏။ အကယ်၍ အသက်မပါဘဲ စိတ်စေတသိက်တွေ အသေချည်း ဖြစ်နေပါမူ မည်သည့်ကိစ္စကိုမျှ ရွက်ဆောင်နိုင်ကြလိမ့်မည်မဟုတ်။
အချုပ်မှာ ဤဇီဝိတိနြေ္ဒဟု ခေါ်သော အသက်ပါနေသောကြောင့်သာ စိတ်စေတသိက်တို့ တစ်ခုပြီးတစ်ခု ဆက်၍ မပျက်စီးဘဲ (ကံ အရှိန်ရှိနေသမျှ) တည်နေကြရလေသည်။ ထို့ကြောင့် “မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက်မပြုန်း”ဟု ဆိုခဲ့ပေသည်။ နာမ်တရားတို့၌ နာမ်သက်ပါသကဲ့သို့ ရုပ်တရားတို့၌လည်း ရုပ်သက်ပါ၏။

ဤနာမ်သက်နှင့် ရုပ်သက်ဖြစ်သော ဇီဝိတ ၂-ပါးကိုပင် သတ္တ၀ါတို့၏ အသက်ဟု ခေါ်ရပေသည်။ ထိုရုပ်ဇီဝိတ နာမ် ဇီဝိတ ၂-မျိုးအပြင် သတ္တ၀ါတို့ ကိုယ်အတွင်း၌ အသက်ကောင်၊ ၀ိညာဉ်ကောင်း၊ လိပ်ပြာကောင်၊ အတ္တကောင်းဟူ၍ မရှိတော့ပြီ။

မနသိကာရအကြောင်း

နှလုံးသွင်ခြင်းသဘောသည် မနသိကာရ မည်၏။ ထို့ကြောင့် “နှလုံးသွင်းကို၊ မနသိဆို၏”ဟု ဆိုခဲ့သည်။ “နှလုံးသွင်း”ဟူရာ၌ စိတ်ကို “နှလုံး”ဟုခေါ်၏။ ဤစိတ်နှလုံးအတွင်းသို့ အာရုံတစ်ခုခု ပေါ်ထင်အောင် (သွင်းပေးသကဲ့သို့) ပြုပေးခြင်းကို “နှလုံးသွင်းဟု ခေါ်သည်။

အမှန်အားဖြင့် မနသိကာရသည် စိတ်ထဲတွင် အာရုံဝင်=လာအောင် ဆွဲဆောင်သွင်းနိုင်သည်မဟုတ်။ သို့ရာတွင် မနသိကာရ၏ အစွမ်းကြောင့် အာရုံတစ်ခုခု အမြဲရလျက်ရှိရကား ဤ မနသိကာရသည်ပင် အာရုံကိုရအောင် ဆောင်ယူ သွင်းပေးသကဲ့သို့ တင်စား၍ ပြောဆိုရပေသည်။

စေတသိက် ၇-ပါး စိတ်ဖြစ်တိုင်းပါပုံ
စိတ်တစ်ခုဖြစ်ရာ၌ အာရုံကို ထိမူ “ဖဿ”နှင့် “မနသိကာရ” တိုင်အောင် စေတသိက် ၇-ပါးတို့ အမြဲပါကြရသည်။ လောဘ၊ ဒေါသ၊ သဒ္ဓါ၊ သတိ စသည်တို့ကား သူတို့ဆိုင်ရာ အာရုံကိုယူသော အခါ၌သာ အပိုပါဝင်လာကြသည်။ ထို ၇-ပါးတွင် တစ်စုံတစ်ခုကို ခံစားနေသောအခါ ဝေဒနာသည် သတ္တိထင်ရှား၍ တစ်စုံတစ်ခုကို မှတ်နေသောအခါ သညာသည် သတ္တိထင်ရှား၏။

ကံတစ်ခုခုကို ပြုနေသောအခါ စေတနာသည် သတ္တိထင်ရှား၍ အာရုံတစ်ခုခုကို စူးစိုက်သောအခါ ဧကဂ္ဂတာခေါ်သော သမာဓိက သတ္တိထင်ရှား၏။ ကြွင်းသော ဖဿ၊ ဇီဝိတနြေ္ဒ၊ မနသိကာရ ၃-ပါးတို့ကား ဘယ်အခါမျှ သူတို့သတ္တိ မထင်ရှားလှချေ။

မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ

မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။

credit-ရနံ့စံအိမ်

Ref: http://dhammalectures.blogspot.sg/2014/10/blog-post_68.html

စေတသိက်အကြောင်း

538px-Dharma_wheel_

စေတသိက်ဟူသည် စိတ်ကိုမှီတွယ်၍ စိတ်ကိုခြယ်လှယ်သော သဘောဖြစ်သည်။ စိတ်သည် တစ်စုံတစ်ခုကို သိခြင်းမျှသာဖြစ်၍ စိတ်ချည်းသက်သက်ဖြင့် အကောင်းအဆိုး အမျိုးမျိုး မကွဲပြားသေးချေ။ စေတသိက်အမျိုးမျိုးနှင့် ပေါင်းစပ်ခြယ်လှယ်ခြင်းခံရမှသာ စိတ်သည် အကောင်းအဆိုး အမျိုးမျိုး ကွဲပြားလာရခြင်းဖြစ်သည်။ ရေတွင် ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ အရောင်များ ပေါင်းစပ်ခြယ်လှယ်လိုက်လျှင် မူလအရောင် ပျောက်၍ ရေနီ၊ ရေ၀ါ၊ ရေပြာ ပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။

စေတသိက် (၅၂)ပါး
(က) သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)ပါး
၁။    ဖဿ = တွေ့ထိခြင်း။
၂။    ဝေဒနာ = ခံစားခြင်း။
၃။    သညာ = မှတ်သားခြင်း။
၎။    စေတနာ = နိုးဆော်တိုက်တွန်းခြင်း။
၅။    ဧကဂ္ဂ = တည်ကြည်ခြင်း။
၆။    ဇီဝိတိနြေ္ဒ = စောင့်ရှောက်ခြင်း၊ အစိုးရခြင်း။
၇။    မနသိကာရ = နှလုံးသွင်းခြင်း။
စိတ်ဖြင့်တိုင်းပါဝင်သောကြောင့် သဗ္ဗစိတ္တသာဓာရဏစေတသိက်ဟု ခေါ်သည်။

(ခ) ပကိဏ်းစေတသိက် (၆)ပါး
၁။    ၀ိတက္က = ကြံစည်ခြင်း။
၂။    ၀ိစာရ = အထပ်ထပ်သုံးသပ်ခြင်း။
၃။    အဓိမောက္ခ = ဆုံးဖြတ်ခြင်း။
၎။    ၀ီရိယ = အားထုတ်ခြင်း။
၅။    ပီတိ = နှစ်သက်သဘောကျခြင်း။
၆။    ဆန္ဒ = ပြုလိုခြင်း၊ ရလိုခြင်း။
ကောင်းသော စိတ်အချို့၊ မကောင်းသောစိတ်အချို့ နှစ်မျိုးလုံး၌ ပါဝင်သောကြောင့် ပကိဏ်းစေတသိက်ဟု ခေါ်သည်။
သဗ္ဗစိတ္တသာဓာရဏ စေတသိက်(၇)ပါး၊ ပကိဏ်းစေတသိက်(၆)ပါး၊ ပေါင်း ၁၃-ပါးသော စေတသိက်တို့ကို ကောင်းမှု၊ မကောင်းမှု ပြုရာ၌ ပါဝင်သောကြောင့် အညသမာန်း စေတသိက်ဟုခေါ်သည်။

(ဂ) မကောင်းပြုရာ၌ ပါဝင်သော အကုသိုလ်စေတသိက် ၁၄-ပါး
၁။    မောဟ  = မသိတတ်ခြင်း။
၂။    အဟိရိက =မရှက်ခြင်း။
၃။    အနောတ္တပ္ပ = မကြောက်လန့်ခြင်း
၎။    ဥဒ္ဒစ္စ = စိတ်ပျံ့လွင့်ခြင်း။
၅။    လောဘ = လိုချင်တပ်မက်ခြင်း။
၆။    ဒိဋ္ဌိ = မှားမှားယွင်းယွင်းသိမြင်ခြင်း။
၇။    မာန = ထောင်လွှားခြင်း။
၈။    ဒေါသ = ကြမ်းတမ်းခြင်း။
၉။    ဣဿာ = ငြူစူခြင်း၊ မနာလိုခြင်း။
၁၀။    မစ္ဆရိယ = သူတစ်ပါးအား မရစေလို ၀န်တိုခြင်း။
၁၁။    ကုက္ကုစ္စ = နောင်တတစ်ဖန် ပူပန်ခြင်း။
၁၂။    ထိန = ထုံထိုင်းခြင်း။
၁၃။    မိဒ္ဓ = မှုံမှိုင်းခြင်း။
၁၄။    ၀ိစိကိစ္ဆာ = ယုံမှားခြင်း

(ဃ) ကောင်းမှုပြုရာ၌ ပါဝင်သော သောဘဏစေတသိက် ၂၅-ပါး

(a) ကောင်းမှုပြုတိုင်းပါဝင်သော သောဘဏသာဓာရဏစေတသိက် ၁၉-ပါး
၁။    သဒ္ဒါ = ယုံကြည်ခြင်း။
၂။    သတိ = အောက်မေ့အမှတ်ရခြင်း။
၃။    ဟိရီ = ရှက်ခြင်း။
၎။    သြတ္တပ္ပ = ကြောက်လန့်ခြင်း။
၅။    အလောဘ = မလိုချင်ခြင်း။
၆။    အဒေါသ = အကြမ်းတမ်းခြင်း။
၇။    တတြမဇ္ဈတ္တတာ = စေတသိက်တို့ကို အညီအမျှထားခြင်း။
၈။    ကာယပဿဒ္ဓိ = စေတသိက်ငြိမ်းချမ်းခြင်း။
၉။    စိတ္တပဿဒ္ဓိ = စိတ်ငြိမ်းချမ်း။
၁၀။    ကာယလဟုတာ = စေတသိက်ပေါ့ပါးခြင်း။
၁၁။    စိတ္တလဟုတာ = စိတ်ပေါ့ပါးခြင်း။
၁၂။    ကာယမုဒုတာ = စေတသိက်နူးညံ့ခြင်း။
၁၃။    စိတ္တမုဒုတာ = စိတ်နူးညံ့ခြင်း။
၁၄။    ကာယကမ္မညတာ = စေတသိက်၏ခံ့ညားခြင်း။
၁၅။    စိတ္တကမ္မညတာ = စိတ်၏ခံ့ညားခြင်း။
၁၆။    ကာယပါဂုညတာ = စေတသိက်တို့ကျန်းမာခြင်း။
၁၇။    စိတ္တပါဂုညတာ = စိတ်ကျန်းမာခြင်း။
၁၈။    ကာယုဇုတာ = စေတသိက်ဖြောင့်မတ်ခြင်း။
၁၉။    စိတ္တုဇုကာ = စိတ်ဖြောင့်မတ်ခြင်း။
ဤစေတသိက် ၁၉-ပါးလုံးကို ကောင်းမှုပြုတိုင်း ပါဝင်သောကြောင့် သောဘဏဓာရဏစေတသိက် ဟုခေါ်သည်။

(b) ၀ိရတီစေတသိက် ၃-ပါး
၁။    သမ္မာဝါစာ = အသက်မွေးမှုမပါဘဲ ၀စီဒုစရိုက် ၄-ပါးမှ ရှောင်ကြဉ်ခြင်း။
၂။    သမ္မာကမ္မန္တ = အသက်မွေးမှုမပါပဲ ကာယဒုစရိုက် ၃-ပါးမှ ရှေင်ကြဉ်ခြင်း။
၃။    သမ္မာအာဇီဝ = အသက်မွေးမှုအတွက် ၀စီဒုစရိုက် (၄)ပါး၊ ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်း။
ဤစေတသိက် (၃)ပါးလုံးကို မကောင်းမှုမှ ရှောင်ကြဉ်သောကြောင့် ၀ိရတီစေတသိက် ဟုခေါ်သည်။

(c) အပ္ပမညာစေတသိက် ၂-ပါး
၁။    ကရုဏာ = ဆင်းရဲဒုက္ခရောက်သူများကို ကယ်တင် ကူညီလိုခြင်း။
၂။    မုဒိတာ = ချမ်းသာသူများကို မြင်ရ ကြားရသောအခါ ၀မ်းမြောက်ခြင်း။
ဤစေတသိက် (၂)ပါးလုံးကို အတိုင်းအတာမရှိသော သတ္တ၀ါများကို အာရုံပြု၍ ဖြစ်သောကြောင့် အပ္ပမညာစေတသိက် ဟု ခေါ်သည်။

(d) ပညာစေတသိက် ၁-ပါး
ပညိနြေ္ဒ = ကောင်းမှု၊ မကောင်းမှုကို အမှန်အတိုင်း ခွဲခြား သိမြင်ခြင်းဖြစ်သည်။

ထင်ရှားသော စေတသိက်များ

စေတနာ
ကောင်းမှု မကောင်းမှုတို့ကို လုပ်ဖြစ်အောင် တိုက်တွန်းခြင်းသဘောသည် စေတနာမည်၏။ စေတနာအားကောင်းလျှင် စိတ်ထက်သန်သည်။ စေတနာအားနည်းလျှင် စိတ်ပျော့ညံ့သည်။ ကောင်းမှု၊ မကောင်းမှု ပြုလုပ်ရာ၌ ပဓာန အကြောင်းတရားဖြစ်၍ စေတနာကို “ကံ”ဟုလည်း ခေါ်သည်။

ဝီရိယ
အားထုတ်ခြင်းသဘောသည် ၀ီရိယ မည်၏။ အလုပ်ကိစ္စဟူသမျှတို့ကို အောင်မြင်အောင် ဆောင်ရွက်ရာ၌ လုံ့လရှိခြင်း၊ မတွန့်မဆုတ်ခြင်းတို့သည် ၀ီရိယပင် ဖြစ်သည်။ ဤစေတသိက်သတ္တိမပါပဲ ကြီးကျယ်သော လုပ်ငန်းဆောင်တာများကို ပြီးဆုံးပြီးမြောက်အောင် မဆောင်ရွက်နိုင်။

ဆန္ဒ
ကောင်း၊ မကောင်း တစ်စုံတစ်ခု ပြလုပ်လိုမှုသည် ဆန္ဒမည်၏။ ဤစေတသိက် သတ္တိမပါပဲနှင့် ကြီးကျယ်သော လုပ်ငန်းကြီးများကို စတင်၍ မဆောင်ရွက်နိုင်။

မောဟ
အမှန်အတိုင်း မသိခြင်း၊ အမှန်ကို အမှား၊ အမှားကို အမှန်ဟု သိခြင်းသဘောသည် မောဟမည်၏။ ကုသိုလ်၊ အကုသိုလ်တို့ကို ခွဲခြား မသိခြင်း၊ ရုပ်, နာမ်တရား၊ သစ္စာတရား စသည်တို့၏ သဘောမှန်ကို မသိခြင်း စသည်သည် မောဟ ဖြစ်သည်။

အဟိရိက
မကောင်းမှု ပြုလုပ်ရန် မရှက်ခြင်းသဘောသည် အဟိရိက မည်၏။ အဟိရိက သဘောထားရှိသူတို့ကား မကောင်းမှု ပြုရဲသည်ကိုပင် ဂုဏ်ယူဖွယ် မှတ်ထင်တတ်ကြလေသည်။

အနောတ္တပ္ပ
မကောင်းမှုပြုလုပ်ရန် မကြောက်လန့်ခြင်းသဘောသည် အနောတ္တပ္ပ မည်၏။ ဆိုးကျိုးများကို ကြောက်ဖွယ်ဟု မမြင်၍ ရဲရဲတင်းတင်း ပြုလုပ်ဝံ့ခြင်းသည် အနောတ္တပ္ပသဘောပင်ဖြစ်သည်။

လောဘ
မိမိအတွက် ကာမဂုဏ်အာရုံတို့ကို လိုချင်တပ်မက်မှုသဘောသည် လောဘမည်၏။ လောဘသည် ရလေ လိုလေ အိုတစ္ဆေ သဘောဖြစ်ပြီး မည်သည့်အခါမျှ ရောင့်ရဲတင်းတိမ်မှုမရှိချေ။ နိဗ္ဗာန်ကို လိုချင်မှု၊ တရားကို လိုချင်မှု၊ စာပေတတ်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလိုမှု စသည်တို့ကား လောဘမဟုတ်၊ ဆန္ဒသာဖြစ်သည်။

မာယာ
မိမိမှာရှိသော အပြစ်များကို ဖုံးကွယ်လှည့်စားခြင်းသည် မာယာမည်၏။ မာယာသည် လောဘတစ်မျိုးပင် ဖြစ်သည်။

သာေ႒ယ်
မိမိမှာ မရှိသောဂုဏ်ကို ရှိဟန်ဆောင်တတ်သော သဘောသည် သာဋ္ဌေယျမည်၏။ သာဋ္ဌေယျသည်လည်း လောဘတစ်မျိုးပင် ဖြစ်သည်။

ဒိဋ္ဌိ (မိစ္ဆာဒိဋ္ဌိ)
“ကောင်းမှုလုပ်လည်း ကောင်းမှုမဖြစ်၊ မကောင်းမှုလုပ်လည်း မကောင်းမှုမဖြစ်”ဟု ကံ, ကံ၏ အကျိုးကို မယုံကြည်ခြင်းသည် ဒိဋ္ဌိမည်၏။

ဒေါသ
ခက်ထန်ကြမ်းတမ်းခြင်းသဘောသည် ဒေါသမည်၏။ စိတ်ညစ်နွမ်းမှု၊ စိတ်ပျက်မှု၊ စိတ်မချမ်းသာမှု၊ ကြောက်ရွံ့မှု၊ စိတ်ဆိုးမှု၊ စိတ်ကောက်မှု စသည်တို့သည်လည်း ဒေါသ၏ သဘောဖြစ်သည်။

ဣဿာ
ငြူစူခြင်း၊ မနာလိုခြင်းသဘောသည် ဣဿာ မည်၏။ သူတစ်ပါးလှကြောင်း၊ ဥစ္စာပေါကြောင်း စသော ဂုဏ်သတင်းစကား ပြောကြားလာလျှင် နားမထောင်လိုခြင်း၊ ကဲ့ရဲ့ခြင်း၊ မကျေနပ်ခြင်းသည် ဣဿာသဘောများပင် ဖြစ်သည်။

မစ္ဆရိယ
ဝန်တိုခြင်းသဘောသည် မစ္ဆရိယ မည်၏။ မိမိပစ္စည်းကို ဖြစ်စေ၊ သူတစ်ပါးပစ္စည်းကို ဖြစ်စေ၊ မိမိ ရာထူးစည်းစိမ် အာဏာများကို ဖြစ်စေ  အခြားသူတို့အား မရစေလိုသော သဘောသည် မစ္ဆရိယသဘောဖြစ်သည်။

သဒ္ဓါ
ဘုရား၊ တရား၊ သံဃာနှင့် ကံ, ကံ၏ အကျိုးတို့ကို ယုံကြည်ခြင်း သဘောသည် သဒ္ဓါမည်၏။

သတိ
ကုသိုလ်ကောင်းမှုဆိုင်ရာများကို အောက်မေ့ခြင်း၊ အမှတ်ရနေခြင်း သဘောသည် သတိမည်၏။

ဟီရီ၊ သြတ္တပ္ပ
မကောင်းမှုပြုလုပ်ရန် ရှက်ခြင်းသည် ဟိရီမည်၏။ မကောင်းမှုပြုလုပ်ရန် ကြောက်လန့်ခြင်းသည် သြတ္တပ္ပမည်၏။ ဤတရားနှစ်ပါးကို ကမ္ဘာစောင့်တရား (လောကစောင့်တရား)ဟု ခေါ်လေသည်။ ဤကမ္ဘာစောင့်တရား နှစ်မျိုးရှိထားမှ ကိုယ်ကျင့်သီလ တည်နိုင်သည်။

အလောဘ
မလိုချင်၊ မတပ်မက်ခြင်း သဘောသည် အလောဘ မည်၏။ မိမိပစ္စည်း ဥစ္စာကို စွန့်လွှတ်၍ လှူဒါန်း ပေးကမ်းခြင်း သဘောသည် အလောဘသဘောဖြစ်သည်။

အဒေါသ
မကြမ်းတမ်းခြင်း၊ စိတ်မဆိုးခြင်း၊ ခွင့်လွင့်ခြင်း သဘောသည် အဒေါသမည်၏။ သတ္တ၀ါတို့အား ကြီးပွားချမ်းသာစေလိုသော မေတ္တာဟူသည် ဤအဒေါသပင်ဖြစ်သည်။

အမောဟ(သမ္မာဒိဋ္ဌိ)
အမှန်ကို အမှန်အတိုင်း၊ အမှားကို အမှားအတိုင်း ထိုးထွင်းသိမြင်ခြင်းသဘောသည် အမောဟမည်၏။
ပညိနြေ္ဒ(ပညာ) စေတသိက် ဟူသည် ဤအမောဟပင် ဖြစ်သည်။

ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်မှ

Ref: http://mintunn.blogspot.sg/2012/05/blog-post_3649.html

ဝိပဿနာကမ္မဋ္ဌာန်းပိုင်း – ဒေါက်တာအရှင်သီလာနန္ဒဘိဝံသ

12346418_424834597708574_4651509535473714205_n

ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။

သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။

စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။

ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။
ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။

ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်၏။
အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ‘ပစ္စယပရိဂ္ဂဟဉာဏ်’ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။

ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်၏။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း = ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏။
ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊ အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့် စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ရ၏။

ဤအဆင့်မှ ဆက်ပြီး အားထုတ်သော် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ် = သမ္မသနဉာဏ် ဖြစ်ပေါ်၏။
သင်္ဂြိုဟ်၌ ဝိပဿနာဉာဏ်များကို ဤသမ္မသနဉာဏ်မှ စ၍ ပြဆို၏။

ဆက်ပြီး အားထုတ်သော် ဝိပဿနာဉာဏ် ၁၀-ပါး အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်၏။

ဝိပဿနာဉာဏ် ၁၀-ပါး

၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါးကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။

၎။ ဘယဉာဏ် = ပျက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသောဉာဏ်။

၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။

၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏ ပြည့်စုံစေခြင်းငှာ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်းခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းမှ ကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်။

၁၀။ အနုလောမဉာဏ် = အနိစ္စ အစရှိသော လက္ခဏာကို ရှုသည်၏ အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါးတို့အားလည်းကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့် လျော်သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်။

+++

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဝိပဿနာ၏ ဘေးရန် ‘ဝိပဿနုပတ္တိလေသ’ ၁၀-ပါး ဖြစ်ပေါ်လာတတ်၏။

ဝိပဿနုပတ္တိလေသ ၁၀-ပါး

၁။ သြဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာ စိတ်ကြည်လင်ရကား ကိုယ်မှ အရောင်အလင်းတို့သည် ထွက်ဖြာကုန်၏။

၂။ ပီတိ = သြဘာသ,သာမကသေး ခုဒ္ဒကာပီတိစသော ၅-ပါးသော ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။

၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်၏။

၎။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်၏။

၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး ချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်၏။

၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်များကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်၏။

၇။ ဉာဏ = သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်၏။

၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာ တည်တံ့သော သတိလည်း ဖြစ်၏။

၉။ ဥပေက္ခာ = အဖြစ်အပျက်ကို ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်ပျက်မှုကို ဆင်ခြင်လိုသည့်အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း ဖြစ်၏။

၁၀။ နိကန္တိ = သြဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်နေတတ်သော တဏှာလည်း ဖြစ်၏။

ထို ဆိုခဲ့ပြီးသော သြဘာသ၊ ပီတိ စသည်တို့ ဖြစ်ပေါ်လာသောအခါ ထိုအရောင်အဝါ စသည်တို့ကို သာယာသော တဏှာနိကန္တိအတွက် ငါမဂ်ရပြီဟု အထင်မှားနေတတ်၏။
ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟူ၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဝိပဿနုပတ္တိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို အစဉ်အတိုင်း တဖန် ထူထောင်၍ လက္ခဏာယာဉ် ၃-ပါးကို ပွားများ အားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ် မြင်တတ်သောကြောင့် ဉာဏဒဿန မည်၏။

ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်မြတ်ဖြစ်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။

(၇) ဉာဏဒဿနဝိသုဒ္ဓိ

ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ဆိုသည်မှာ ဝိပဿနာ၏ အထွတ်အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့်တကွ သင်္ခါရုပေက္ခာဉာဏ်ကို အပါယ်စသည်မှလည်းကောင်း, သင်္ခါရနိမိတ်မှလည်းကောင်း ထွက်မြောက်၍ မဂ်သို့ရောက်ကြောင်း ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်၏။

သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ထက်သန်လာသောအခါ သစ္ဆိကရဏကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင် ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်လာသည်။ ထိုမဂ်ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

မဂ္ဂဝီထိ ပုံစံ

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဘဝင်

မဂ်ရခါနီးအခါ ဝိပဿနာဉာဏ်သည် သွက်သွက်လက်လက် ဖြစ်လာ၏။ သင်္ခါရတရားက ထတော့မည့်အချိန်ဖြစ်၍ အားကောင်းလာ၏။ သင်္ခါရုပေက္ခာဉာဏ်အပါအဝင် ဤအခိုက်အတန့်ကို ‘ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်’ဟု ခေါ်၏။

မဂ္ဂဝီထိတွင်ပါသော ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူတို့မှာ ဉာဏသမ္ပယုတ်ကာမာဝစရကုသိုလ်ဇောတစ်ကြိမ်စီ ဖြစ်၏။

ပရိကံ၊ ဥပစာ၊ အနုလုံ ဤသုံးခုကို အနုလောမဉာဏ်ဟု ခေါ်၏။ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီး မဂ်ရခါနီး ပေါ်သောဉာဏ် ဖြစ်၏။

ဂေါတြဘူမှာ ဝိပဿနာလမ်းကြောင်းတွင် ကျရောက်နေသော်လည်း မည်သည့် ဝိသုဒ္ဓိထဲမှာမှ မပါဝင်။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါ၊ ဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါဝင်။
အမှန်မှာ ဂေါတြဘူသည် ဝိပဿနာလမ်းကြောင်းထဲ ကျနေသဖြင့် ဝိပဿနာဟု ခေါ်ရသော်လည်း တကယ့် ဝိပဿနာအစစ် မဟုတ်ပေ။
ဝိပဿနာသည် သင်္ခါရတရား ရုပ်နာမ်တရားကို အာရုံပြု၏။
ဂေါတြဘူက နိဗ္ဗာန်ကို အာရုံပြု၏။ ကာမာဝစရစိတ်ထဲ၌ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုသည်မှာ ဤတစ်ခု (ဂေါတြဘူ)သာ ရှိ၏။

အနုလောမဉာဏ် ဖြစ်ပြီးနောက် ဂေါတြဘူဉာဏ် (ပုထုဇဉ်အနွယ်ကို ဖြတ်တောက်၍ အရိယာအနွယ်သို့ ရောက်စေသောဉာဏ်) ပေါ်၏။

ဂေါတြဘူနောက် ဆက်ပြီး မဂ်စိတ်ပေါ်၏။ မဂ်ဉာဏ်ဖြစ်၏။ မဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏။
ဤမဂ်စိတ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်၏။

မဂ်စိတ်နောက် ဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။ ဖိုလ်က မည်သည့်ဝိသုဒ္ဓိထဲမှ မပါ။

မဂ်ဖိုလ်ဖြစ်ပြီးနောက် ဘဝင်ကျသွားကာ ပစ္စဝေက္ခဏာဉာဏ် ပေါ်၏။ ပစ္စဝေက္ခဏာဉာဏ်မှာ မဂ်ကို ဆင်ခြင်သောဉာဏ်၊ ဖိုလ်ကို ဆင်ခြင်သောဉာဏ်၊ နိဗ္ဗာန်ကို ဆင်ခြင်သောဉာဏ် ဖြစ်၏။

မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ကျန်သေးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ – ပစ္စဝေက္ခဏာ ၅-မျိုး ထိုက်သင့်သလို ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်

မဂ်ဖြစ်သောအခါ မဂ်ကိစ္စ ၄-ချက်ကို တပြိုင်နက် ပြုပြီး ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်မှာ ဆီမီးနှင့် တူ၏။
ဆီမီးသည် “မီးစာကိုလောင်၊ အမှောင်ပယ်ရှင်း၊ အလင်းရောင်စွမ်း၊ ဆီခန်းစေမှု” ကိစ္စ ၄-ခုကို တပြိုင်တည်း ပြုသကဲ့သို့၊
မဂ်သည် (၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိခြင်း၊ (၂) သမုဒယသစ္စာကို ပယ်ခြင်း၊ (၃) နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း၊ (၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ကိစ္စ ၄-ခုကို မဂ်အခိုက်အတန့်မှာ တပြိုင်နက် ပြီးစေ၏။

မဂ်စိတ်ဖြစ်သောအခါ မဂ်ဉာဏ်က ကိလေသာများကို နောက်ထပ် ပြန်မပေါ်အောင် ပယ်၏။

ဖိုလ်စိတ်ဖြစ်သောအခါ ဖိုလ်က တဖန်ငြိမ်းစေသောအားဖြင့် ကိလေသာကို ပယ်သတ်၏။

ဤနည်းဖြင့် ပထမမဂ်, ဒုတိယမဂ်, တတိယမဂ်, စတုတ္ထမဂ် အဆင့်ဆင့်၊ ဆိုင်ရာကိလေသာတို့ကို နောင်ဘယ်တော့မှ မပေါ်အောင် အပြီးတိုင် ပယ်သတ်လေတော့၏။

ဒေါက်တာအရှင်သီလာနန္ဒဘိဝံသ

Ref: https://www.facebook.com/permalink.php?story_fbid=1531503617173863&id=1514787362178822

တရားအားထုတ်တော့မယ်ဆိုရင် – ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ဘုရားကြီး

12346513_1661479827425153_2317600782371356765_n

တရားအားထုတ်စဉ် အရေးကြီးသောအချက်များ..

၁ ။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့..
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊ လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ..

၂ ။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ..

၃ ။ ဖြစ်အောင်လုပ်ရင် လောဘ ၊ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ..

၎ ။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ,သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ..

၅ ။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ပြန်စစ်ဆေးကြည့်ရမယ် ..

၆ ။ ကောင်းတာလည်း ရှုရမှာပဲ ၊ဆိုးတာလည်း ရှုရမှာပဲ ..

၇ ။ ကောင်းတာမှ လိုချင်တယ်မကောင်းတာဆို နည်းနည်းမှမလိုချင်ဘူးဆိုရင် တရားပါ့မလား ..

၈ ။ မျှော်လင့်ချက် မပါစေနဲ့လိုချင်တာ မပါစေနဲ့ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင်တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ..

၉ ။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ..

၁၀ ။ စိတ်က ပင်ပန်း ဆင်းရဲနေရင်တရားအားထုတ်တာ တခုခုလိုနေပြီ ..

၁၁ ။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ..

၁၂ ။ စိတ်နဲ့ကိုယ်ပင်ပန်းဆင်းရဲလာရင်တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ..

၁၃ ။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ
စဉ်းစားနေတာ, ဆင်ခြင်နေတာ,ဝေဖန်နေတာ မဟုတ်ဖူး ..

၁၄ ။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် ..
၁၅ ။ တရားအားထုတ်တဲ့စိတ်ကအေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ..

၁၆ ။ စိတ်ရော ကိုယ်ရောသက်တောင့်သက်သာရှိရမယ်..

၁၇ ။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှတရားအားထုတ်လို့ ရတယ် ..

၁၈ ။ တရားအားထုတ်တယ်ဆိုတာကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ..

၁၉ ။ စိတ်က ဘာလုပ်နေလဲတွေးနေသလား, သိနေသလား ..

၂၀ ။ စိတ်က ဘယ်ရောက်နေလဲအတွင်းမှာလား, အပြင်မှာလား ..

၂၁ ။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်ကသေချာသိလား, အပေါ်ယံသိလား ..

၂၂ ။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ..

၂၃ ။ အတွေးကို ပြဿနာ မရှာနဲ့မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ..

၂၄ ။ အာရုံကို ပယ်ရမှာ မဟုတ် ၊အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကိုသိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ..

၂၅ ။ သဒ္ဓါရှိမှ ၀ီရိယ ရှိမယ်၊၀ီရိယ ရှိမှ သတိမြဲမယ်၊သတိမြဲမှ သမာဓိ တည်မယ်၊
သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ..

၂၆ ။ ပစ္စုပ္ပန်တည့်တည့်ကိုသာသတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊အနာဂတ်ကိုလည်း မကြံနဲ့ ..

၂၇ ။ အာရုံက အရေးမကြီးဘူး ၊အနောက်က အလုပ်လုပ်နေတဲ့
စိတ်က ပိုအရေးကြီးတယ် ၊ရှုမှတ်စိတ်သာ သဘောထားမှန်ရင်
အာရုံအမှန်ရမှာပဲ …

ကျေးဇူးတော်ရှင် ရွှေဥမင် ဆရာတော်ဘုရားကြီး

Ref: https://www.facebook.com/buddhadhammashare/photos/a.1456808591225612.1073741828.1456454961260975/1661479827425153/?type=3&theater

စိတ္တနုပဿသ နာ ရှုကွက်များ (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာဏ္ဍိတ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်မှ စိတ္တနုပဿ နာ ရှုကွက်များ

~~~~~~
၀၀၃။ စိတ္တနုပသ နာ
~~~~~~
တရားတော်ကို ဤနေရာတွင် နာယူနိုင်ပါသည်။

Audio link

http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/MP3Disc09/005-Dr-Nandamalabhivamsa-021009.mp3

Video Link

http://dhammadownload.com/MP4Library/Dr-Nandamalabhivamsa/DVD-12/04-Dr-Nandamalabhivamsa-DVD12.mp4

စာအုပ်ကို ဤနေရာတွင် download လုပ်ယူနိုင်ပါသည်။

http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-MahaThaHtiPathanThoatAhNyitChote.pdf

~~~~~~~~
စိတ္တနုာနုဿပသ နာ ရှုကွက်များ (အထက်ပါ တရားတော်မှ မိမိ နားလည်သလို မှတ်စုတို ထုတ်နှုတ်ချက်)

~~~~~~~~
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က လဟုပရိဝတ္တခေါ စိတ္တံ – စိတ်ဆိုတာ တကယ်ကို အလျင်အမြန်ကြီးပြောင်းလဲဖြစ်ပေါ်နေတာတဲ့၊ ဥပမာပိ န သုကရာ – ဥပမာနဲ့နှိုင်ယှဉ်ပြီးပြောဖို့တော် မလွယ်ဘူးတဲ့၊ သိပ်မြန်လွန်းအားကြီးတယ်ပေါ့၊ စိတ်ရဲ့ ပြောင်းလဲဖြစ်ပေါ်မှုဟာ အလွန်မြန်သည့်အတွက်ကြောင့် သာမန်သတိကလေးနဲ့ ဒီစိတ်ရဲ့ အခြေအနေမှန်ကို သိဖို့ဆိုတာ အလွန်ခဲယဉ်းတယ်၊ စိတ်ကို စိတ်နဲ့ ကြံတွေးပြီးတော့ သိကြရမှာ ဖြစ်သည့်အတွက်ကြောင့် ကိုယ်ကြံတွေးပြီါ်တော့ သိကြရတဲ့ စိတ်တွေ၊ ဖြစ်နေဆဲစိတ်ကို အဲဒီစိတ်နဲ့ ပြန်ပြီးတော့ သိနိုင်တာတော့ မဟုတ်ဘူး၊ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်က လိုက်ပြီးတော့ သိတဲ့ စိတ်၊ ရှေ့စိတ်ကို နောက်စိတ်က သိတယ်ဆိုတာမျိုးသာ ဖြစ်နိုင်တယ်။ ဒီစိတ်ကလေးကို ဒီစိတ်ကလေးနဲ့ ပြန်သိတယ်ဆိုတာ မဖြစ်နိုင်ဘူး။
ဒါကြောင့်မို့ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်ကလိုက်ပြီးတော့ သိအောင် စိတ္တာနုပဿနာ လုပ်ရမယ်တဲ့၊ ရှေ့ကဖြစ်သွားတဲ့စိတ်ကို နောက်စိတ်က လိုက်ပြီး မသိဘူး၊ အမှတ်တမဲ့ နေမယ်ဆိုရင် မှားယွင်းတဲ့ အတွေးတွေ ဝင်လာနိုင်တယ်၊ မှားယွင်းတဲ့ အတွေးတွေ ဝင်လာလို့ ရှိရင် တွယ်တာမှုတွေရော နောက်က ဆက်တိုက်လာမှာ၊
ဒါကြောင့်မို့ စိတ္တာနုပဿနုပဿနာကိုဟောတယ်ဆိုတာ မြဲနေတယ်ဆိုတဲ့ နိစ္စအတွေးတွေ၊ မှားယွင်းတဲ့ အယူအဆအတွေးတွေ အထင်တွေအမြင်တွေကို ဖယ်ရှားပစ်ဖို့ရာအတွက် စိတ်ကလေးရဲ့ သဘာဝကို သိဖို့ စိတ်ကို အနီးကပ်စောင့်ကြည့်တဲ့ နည်းစနစ်ကို ပေးတဲ့အနေအားဖြင့် စိတ္တာနုပဿနာကို ဟောတာ။
စိတ္တနုအဿနာဆိုတော့ စိတ်ရဲ့ သဘာဝလေးကို အရင်ကြည့်။ စာပေမှာ စိတ်လို့သုံးလိုက်လို့ရှိရင် တစ်ခါတစ်ရံ စေတသိက်တွေ ပါတယ်၊ ဒီနေရာမှာက စိတ်လို့ပြောလိုက်လို့ရှိရင် စေတသိက်တွေကို ပြောတာမဟုတ်ဘူး၊ အာရုံကို သိတဲ့ သဘာဝ တရားလေးကိုသာ ဦးတည် ပြောတာ။
စာပေကျမ်းဂန်မှာ စိတ်လို့ ဆိုလိုက်ရင် လူတွေရဲ့ အသိစိတ်ရော၊ ခံစားချက်တွေရော၊ တော်တော်များများမှာ ပါဝင်တယ်၊ တစ်ခါတစ်ရံကျတော့ စိတ်လို့ ပြောလိုက်တာဟာ သမာဓိကို ရည်ညွှန်းတာလည်းရှိတယ်၊ ဝိသုဒ္ဓိမဂ်မှာ ကိုးကားထားတဲ့ သီလေပတိဋ္ဌာယ နရော သပယော၊ စိတ္တံ ပညဉ္စ ဘာဝယံ – ဆိုတဲ့နေရာမှာ စိတ်နဲ့ ပညာကို တိုးပွားစေရမယ်လို့ ဆိုထားတဲ့ စီတ္တ ဆိုတာ စိတ်ကို ဦးတည်ပြီးတော့ သမာဓိကို ပြောတာ၊ အဲဒါကျတော့ သမာဓိလို့ ယူရမယ်။
စိတ္တေန နိယျတေ လောကေ – စသည်ဖြင့် ပြောတဲ့အခါကျတော့ စိတ်ရော စေတသိက်ရော အားလုံးနှစ်ခုလုံးဆိုင်တဲ့ အရာမျိုးတွေပေါ့၊ စိတ်ကို ပဓာနထားပြောလိုက်လို့ရှိရင် နောက်က စိတ်နဲ့ ယှဉ်တဲ့ စေတသိက်တွေလည်း ပါလာတယ်။
အခု စိတ္တနုပ၍နာကျတော့ အဲဒီသဘောမျိုးမဟုတ်ဘဲနဲ့ – အာရမ္မဏဝိနနလက္ခဏာ – မျက်စိက မြင်တဲ့အာရုံ၊ နာဒက ကြားတဲ့ အာရုံ၊ နှာခေါင်းက ရှုရှိုက်လိုက်ရတဲ့ အာရုံ၊ လျှာက လျက်လိုက်ရတဲ့ အာရုံ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့ အာရုံ၊ စိတ်ထဲက ကြံတွေးရတဲ့ အာရုံ၊ အဲဒီအာရုံတွေကို သိတဲ့ လက္ခဏာရှိတဲ့ သဘာဝတရားကို ပြောတာ၊

စိတ်ဆိုတာ အာရုံကို သိတဲ့သေဘောလေး၊ သိတဲ့ငဘောလို့ ဆိုတာ အာရုံကို ရယူပေးတဲ့ သဘောလေး၊ အဲဒီထဲမှာ ခံစားမှုဆိုတာ မပါဘူး၊ ကြံတွေးမှုဆိုတာ မပါဘူး၊ စေ့ဆော်မှုဆိုတာတွေ မပါဘူး၊ အာရုံကို ရယူပေးမှု သက်သက်ကလေးကို စိတ်လို့ခေါ်တယ်လို့ ဒီလိုမှတ်ရမယ်၊ အဲဒါကို စာပေကျမ်းဂန်က အာရမ္မဏ ဝိဇာနနလက္ခဏံ စိတ္တံ – တဲ့၊ စိတ်ကို သိချင်ရင် သူရဲ့ Characteristic လို့ခေါ်တဲ့ လက္ခဏာ ရှုထောင့်က ကြည့်ရတယ်၊ သဘာဝတရားတိုင်းမှာ သဘာဝလက္ခဏာဆိုတာ ရှိတယ်၊ ကိုယ်ပိုင် အမှတ်လက္ခဏာလေးတွေ ရှိတယ်။
အမှတ်အသားလက္ခဏာဆိုတာ နှစ်မျိုးရှိတယ် လို့ မှတ်ထားရမယ်၊ သဘာဝတရားတိုင်းကို ကြည့်လိုက်လို့ရှိရင် လက္ခဏာသည် နှစ်ခုရှိတယ်၊ တစ်မျိုးက သဘာဝလက္ခဏာ၊ နောက်တမျိုးက သာမည လက္ခဏာ၊
သဘာဝလက္ခဏာဆိုတာ ကိုယ်ပိုင်အမှတ်အသားလေးတွေကိုခေါ်တာ၊ အများနဲ့ မဆက်ဆံဘူး၊ ကိုယ်နဲ့သာ သက်ဆိုင်တဲ့ အမှတ်အသားလေးတွေ၊ ဒါလေးတွေကို သဘာဝလက္ခဏာ Individual Characteristic လို့ ခေါ်တယ်။
အများဆိုင် လက္ခဏာကိုတော့ Universal or General Characteristic သာမညလက္ခဏာလို့ခေါ်တယ်၊
ဆိုပါစို့ – ဖဿဆိုတဲ့ သဘာဝတရားမှာ အာရုံနဲ့ စိတ်ကို တွေ့ဆုံပေးခြင်းလက္ခဏာ ရှိတယ်၊ သညာက အာရုံကို မှတ်သားပေးခြင်းလက္ခဏာ ရှိတယ်၊ ဒါကိုယ်ပိုင် အမှတ်အသားလေးတွေ၊ အဲဒီ ဖဿ ဝေဒနာ သညာ စတဲ့ ဒီသဘာဝတရားတွေဟာ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့ သဘော၊ အစိုးမပိုင်တဲ့ အနတ္တသဘောရော မရှိဘူးလား၊ အနိစ္စ ဒုက္ခ အနတ္တလို့ဆိုတဲ့ ဒီသဘောတွေကျတော့ သာမညလက္ခဏာ လို့ခေါ်တယ်။
ဝိပဿနာ ရှုပြီဆိုလို့ရှိရင် ဘယ်ကစရတုန်း ဆိုလို့ရှိရင် သဘာဝလက္ခဏာက စရတယ်၊ Individual လက္ခဏာကို သေချာမိအောင် သတိကပ်ရတယ်၊ ကိုယ်ပိုင်လက္ခဏာလေးတွေကို မသိဘဲနဲ့ ဖြစ်တယ်ပျက်တယ် သွားလုပ်လို့ မရသေးဘူးတဲ့၊ အတွေး အဖြစ် အတွေးအပျက် ဖြစ်သွားလိမ့်မယ်၊ မမြဲသေးတဲ့သဘော သွား စဉ်းစာရင် အတွေးထဲမှာပေါ်တဲ့ မမြဲတာပဲ ဖြစ်မယ်၊ သစ္ဆိကဋ္ဌ ပရမတ္ထ လို့ခေါ်တဲ့ တကယ့်ကို ကိုယ်တိုင်သိတဲ့ ပရမတ္ထအနှစ် လက္ခဏာထိအောင် မဆိုက်ထိနိုင်ဘူး၊ အဲဒါဆို ဝိပဿနာဉာဏ် မဖြစ်သေးဘူးလို့ ဒီလိုပြောတယ်။
မှန်ကန်တဲ့အတွေးက ဝိပဿနာကို ကျေးဇူးပြုပေမယ့်လို့တကယ့် ဝိပဿနာအစစ်ဆိုလို့ရှိရင် တကယ်ဖြစ်နေတာကို တကယ်မြင်တဲ့ဟာမှ ဝိပဿနာအစစ်လို့ ပြောရမှာပေါ့၊ ဒါကိုပဲ ပရမတ်မြင်တယ်လို့ ပြောတာပေါ့နော်၊ သစ္ဆိကဋ္ဌ တဲ့ တကယ် မှန်ကန်တဲ့သဘော၊ ပရမတ္တ တဲ့ လုံးဝပြောင်းလဲမှု မရှိတဲ့ တကယ့်အစစ်အမှန်သဘော၊ အဲဒီ ငဘောကို မြင်ဖို့ရာ မြင်ရတဲ့ အနေအထားထိအောင် ရှိရမယ်၊ တွေးကြည့်တဲ့အတွေးဟာ အမှန် မဟုတ်ဘူး၊ စိတ်ထဲက ပုံဖော်ထားတာသာ ဖြစ်တယ်ပေါ့၊
ပရမတ်ဆိုတာ တကယ့်အရှိ၊ တကယ့်အသိနဲ့ သိတဲ့ဟာမျိုးမှ ပရမတ္တ၊ အဲဒီတော့ တွေးပြီးတော့ကြည့်တာမျိုးကတော့ မှန်ကန်တဲ့ အတွေးဆိုရင် အထောက်အကူပြုပါတယ်၊ မပြုဘူးပြောတာ မဟုတ်ဘူး၊ မှန်ကန်တဲ့ အတွေးနဲ့ တွေးလို့ရှိရင် အထောက်အကူဖြစ်တယ်၊ သို့သော် အဲဒီအတွေးတင် ဆိုတလို့ရှိရင် အသိဉာဏ် မဟုတ်သေးဘူးပေါ့၊
ဒါကြောင့်မို့လို့ ဝိပဿနာရှုပြီ ဆိုလို့ရှိရင် နံပါတ်တစ် ဘာက စရတုန်ဒ၊ သဘာဝတရားကို ရှုတော့မယ် ဆိုလို့ရှိရင် ရုပ်ကို မြင်အောင်ကြည့်မယ်၊ နာမ်ကို မြင်အောင်ကြည့်မယ်၊ သို့မဟုတ် ဖဿကို မြင်အောင်ကြည့်မယ်၊ ဝေဒနာကို မြင်အောင်ကြည့်မယ်၊ ဖဿ၊ ဝေဒနာဆိုတာ ဘယ်ပုံစံနဲ့ ကြည့်ရမှာတုန်းဆိုလို့ရှိရင် Individual Characteristic လို့ ဆိုတဲ့ သဘာဝလက္ခဏာရှုထောင့်က ကြည့်ရမယ်။
ဖဿကို ကြည့်လိုက်တာနဲ့ ဘာသွားတွေ့တုန်းဆို စိတ်နဲ့ အာရုံ တွေ့ပေးတဲ့သဘောပါလား၊ စိတ်အာရုံ တွေ့အောင် ဆက်သွယ်ပေးတဲ့သဘောပါလား ဆိုတာလေးကို သွားပေါ်တယ်၊ ဒါက ဘာကို သိတာတုန်းလို့ဆို ဖ သကို သိတယ်၊ ဖဿကို သိတာ ဘယ်ရှုထောင့်က သိတာတုန်းဆို ဖဿရဲ့ Characteristic လက္ခဏာ ရှုထောင့်က သိတာတဲ့၊
သဘာဝလက္ခဏာ တွေမှာလည်းပဲ ထိုကအတူပဲ သဘာဝ တရားတွေကို သိချင်ပြီဆိုလို့ရှိရင် ထို သဘာဝတရားတွေရဲ့ သွင်ပြင်လက္ခဏာကနေ မှတ်တာတဲ့၊ ဖဿကို တွေ့တယ်ဆိုရင် အာရုံနဲ့ စိတ် contact လုပ်ပေးတယ် ဆက်သွယ်ပေးတယ် ဆိုတဲ့ သဘော၊ စိတ်ဟာ အာရုံပေါ် ထိကပ်တယ်၊ ထိရောက်တယ် ဆိုတဲ့သဘော၊ ဝေဒနာကို သိရင် အာရုံ၏ အရသာကို ခံတယ် အတွေအကြုံရှိတယ် ဆိုတဲ့သဘော၊ သညာကို သိရင် အာရုံကို အမှတ်သားဖြင့် သိတယ်ဆိုတဲ့ သဘော၊ ဒါလေးတွေကို သွားတွေ့တယ်။
နာမ်ကိုတွေ့လို့ရှိရင်လည်း ခြုံငုံပြီးတော့ နာမ်ဆိုတာ အာရုံရှိတဲ့ဘက် ညွတ်ညွတ်သွားတဲ့ သဘော၊ ဘယ်တော့မဆို အာရုံဘက်ကို သူက ဦါ်လှည့်ပြီးတော့ သွားတယ်၊ အဲဒါ နာမ်ရဲ့သဘော၊ အာရုံရှိတယ်၊ ညွတ်တယ်လို့ဆိုတာ အာရုံရှိတဲ့ဘက်ကို အမြဲတမ်း မျက်နှာလှည့်တာ။
ဒါကြောင့် ကိုယ်ံစိတ်လေးကို အာရုံပြုပြီးတော့ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ စိတ်၊ စေတသိက်လေးတွေကို အကဲခတ်ကြည့်နေလို့ရှိရင် အာရုံရှိတဲ့ဘက်ကို သွားနေတာပဲ၊ အာရုံကို ရှာနေတဲ့ ပုံစံမျိုးပဲ၊ ကြည့်လေ တိတ်တိဆိတ်ဆိတ် ကိုယ့်အိမ်မှာ နေရင်း ဒေါက်ကနဲ တစ်နေရာက အသံ ကြားရရင် စိတ်ကလေးက အဲဒီရောက်သွားတယ်။ စိတ်ကလေးက ဟိုအာရုံ ဘက်ရောက်လိုက်၊ ဒီအာရုံဘက်ရောက်လိုက်၊
ဒါကြောင့်မို့ အဲဒီစိတ်ကလေးရဲ့ သဘောကို မြတ်စွာဘုရားက သုတ္တန်ပါဠိတော်တွေထဲမှာ ထင်ထင်ရှားရှား ဟောထားတာ၊ ဒုရင်္ဂမံ တဲ့၊ ဒူရဆိုတာ အဝေးကြီးကို ဂမ – သွားတာ၊ စိတ်ကလေးက အဝေးကြီးကို အင်မတန် သွားတယ်၊ အဝေးကြီးကို ရောက်တယ်၊
သို့သော် နားလည်ရမယ်ံ အဓိပ္ပါယ်က ဝေးလံတဲ့အာရုံကို ရယူတယ်လို့ ဒီလိုနားလည်ရမယ်။
နောက်တစ်ခုက ဧကစာရံ – စိတ်ကလေးဟာ နှစ်ခုတွဲ ဘယ်တော့မှ မဖြစ်ဘူးဆိုတာ မှတ်ထားပါ၊ စိတ်ကလေးဟာ တစ်ခုပြီးမှသာ တစ်ခုဖြစ်လို့ရတယ်၊ နှစ်ခုတွဲ ဘယ်တော့မှ မဖြစ်ဘူး၊
တစ်စိတ်ဆိုတာ အသက်ရှင်နေတဲ့ အချိန်ပိုင်းလေးကို ပြောတာ၊
တစ်စိတ်ပြီး တစ်စိတ် ဖြစ်နေလို့ နှစ်စိတ်လိုလို သုံးစိတ်လိုလို ဒီလိုထင်နေတာ၊ ဧကစိတ္တ သမာယုတာ – စိတ်တစ်ခုထဲနဲ့ပဲ နေကြတာ။
အသရီရံ – ပုံပန်းသဏ္ဍာန် ခန္ဓာကိုယ်ဆိုတာ မရှိဘူး၊ စိတ်ကို ရုပ်လုံးဖော်လို့ မရဘူး၊ အသရီရံ – Body မရှိဘူး၊ ဂုဟာသယံ – စိတ်ကလေးဟာ မဟာဘုတ်လေးပါး ဆိုတဲ့ (သို့မဟုတ်) ဟဒယဝတ္ထုရုပ် (သို့မဟုတ်) ဝတ္ထုရုပ်တွေလို့ ဆိုတဲ့ ကိန်းအောင်ရာနေရာလေး ရှိတယ်၊ ဒီစကားမှာလည်းပဲ အရပ်အနေနဲ့ တင်စားပြီးပြောတာ၊ ဂုဟ + အာသယံ – လှိုဏ်ထဲမှာ ကိန်းနေတယ်လို့ ဒီလိုပြောတာ၊ စိတ်ကလေးဟာ တကယ်တော့ ရှိနေတာ မဟုတ်ဘူးတဲ့၊ ဝတ္ထု အာရုံ တိုက်ဆိုင်မှ ဖြစ်ပေါ်လာတယ်၊လို့ – ဒီလို နားလည်ရမယ်၊ သို့သော် အဲဒီနေရာပ ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ရှိနေတယ်လို့ ဒီလိုပြောကြတာ၊ တကယ်ရှိနေတာ မဟုတ်ဘူး၊
ဝတ္ထုရုပ်တွေမှာ စိတ်ရှိနေတာ မဟုတ်ဘူး၊ အဲဒီ ဝတ္ထုရုပ်တွေဟာ အာရုံက လာထိခိုက်ရင် စိတ်ဖြစ်နေနိုင်တဲ့ အနေအထားရှိတယ်၊ အဲဒါကြောင့်မို့ ဂုဟာသယံ ဆိုတဲ့ စကာလုံးကို သုံးတာ၊ စိတ်ကလေးက ဖြစ်ပြီး ဒီထဲမှာ အောင်းနေတာ မဟုတ်ဘူး၊ အိမ်ထဲမှာ လူရှိနေတယ်ဆိုတာက လူတကယ်ရှိနေတာ မဟုတ်လား၊ စိတ်ကလေးက မဟာဘုတ်တည်းဟူသော လှိုဏ်ဂူထဲမှာ ရှိနေနတယ်လို့ ပြောတာကျတော့ တကယ်ရှိနေတာ မဟုတ်ဘူး၊ ဖြစ်နိုင်တဲ့ အနေ အထားရှိတာကို ပြောတာ၊ ဝတ္ထုအာရုံဆုံမှ ဖြစ်ပေါ်လာတာ၊ စိတ်ရဲ့ သဘာဝတရားတွေကို မြတ်စွာဘုရားက ဒီလို ပုံဖော်ပြီးတော့ ဟောကြားတာဖြစ်တယ်။
အဲဒီလို အနေအထားရှိတဲ့စိတ်ကလေးကို သတိကပ်ပြီးတော့ လေ့ကျင့်ပေးဖို့ မဟာသတိပဋ္ဌာန်သုတ်မှာ စိတ္တာနုပဿနာကို မြတ်စွာဘုရား ဟောထားတယ်၊ စိတ္တာနုပဿနာဆိုတာ စိတ်ရဲ့ သဘာဝ (သို့မဟုတ်) စိတ်ကို အဖန်ဖန်အထပ်ထပ် အနီးကပ်ကြည့်ရှုခြင်း (သို့မဟုတ်) စိတ်ကို သင့်လျော်တဲ့ ရှုထောင့်က ရှုမြင်ခြင်းလို့ အဓိပ္ပါယ် ရတယ်နော်၊ Contemplation of Consciousness – သတိစွမ်းအားတွေ၊ ဉာဏ်စွမ်းအားတွေနဲ့ သဘာဝအနေအထားကို ဆင်ခြင်သုံးသပ်နေတာ၊ စိတ်ကလေးရဲ့ သဘာဝကို ဆင်ခြင်သုံးသပ်ပြီးတော့ ကြည့်ရှုခြင်းပဲ။
အနုပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိက ဦးတည်ချက်ကတော့ ဉာဏ်ကို ပြောတာပါပဲ။ အဲဒီဉာဏ်က မြင်အောင် ဉာဏ်က ကြည့်လို့ရအောင် အာရုံကို ယူပေးနိုင်တာ သတိပဲ၊ သတိက စိတ်ဆိုတဲ့ အာရုံလေးကို ဆုပ်ကိုင်ပြမှ အသိဉာဏ်က သှူုရဲ့ သဘာဝကို သိနိုင်တာနော်၊ သတိနဲ့ဉာဏ် ပူးပေါင်းလုပ်တယ်၊ သို့သော် ဘာတွေပါသေးတုန်းဆို ဝီရိယလည်း ပါတာပဲ။ သမ္မာ
သင်္ကပ္ပဆိုတဲ့ ကြံတွေးမှုလည်း ပါတာပဲ၊ သမာဓိ ဆိုတာလည်း ပါတာပဲ၊ ဒါတွေမပါဘဲနဲ့ မဖြစ်ဘူး၊ ဒီစွမ်းအားတွေ အကုန်လုံးစုံမှ စိတ္တနုပဿနာဆိုတာဖြစ်တယ်ပေါ့။
ဒီစိတ်ကလေးဟာ ဘယ်သူ့စိတ်ကို ကြည့်ရမှာလဲ ကိုယ့်သန္တာန်မှာရှိတဲ့ စိတ်တွေ မြောက်များစွာပဲ၊ မသိတာက များတယ် သိတာက နည်းနည်းပဲ၊ ကိုယ့်စိတ် ကိုယ်သိတာ မဟုတ်ဘူး၊ ကိုယ်သိတာက အာရုံ့ကို သွားသိနေတာ စိတ်ကိုလေ့လာ အကဲခတ်ကြည့်တာ မဟုတ်ဘူး၊ ကိုယ်ကြည့်နေတာက အာရုံတွေပဲ၊
မျက်စိက မြင်တဲ့အာရုံကို သိတယ်၊ နားက ကြားတဲ့အသံကို သိတယ်၊ အခုဒီကနေ လူအများပြောနေကြတာ လှတယ်၊ မလှဘူးဆိုတာ ဘာကိုပြောတာတုန်း၊ မျက်စိက မြင်တာကို ပြောနေတာ၊ အသံ သာယာတယ်၊ မသာယာဘူဆိုတာ ဘာကိုပြောတာတုန်း၊ နားက ကြားတာကို ပြောနေတာ၊ ဒီအနံ့လေးက မွှေးတယ်၊ မမွှေးဘူဆိုတာ ဘာကိုပြေနောတာတုန်း၊ နှခြေါင်းကရတဲ့ အနံ့ကို ပြောနေတာ၊ အပြင်ကဟာတွေချည်းပြောနေတာပဲ၊ အာရုံတွေအကြောင်း ပြေနေတာ၊
အဲဒီလိုမဖြစ်ရအောင်မြတ်စွာဘုရားက ဦးလှည့်ပေးလိုက်တာ စိတ္တနုပဿနာတဲ့၊ စိတ်ကိုပြန်ပြီးတော့ သတိကပ်လိုက်စမ်းပါ၊ ကိုယ်စိတ်လေးကို ကိုယ်ပြန်ပြီးတော့ သတိကပ်ပါ၊ ဒီနေရာမှာ စိတ္တနုပဿနာဆိုတာ စိတ်နဲ့ စေတသိက်ရောနေတာ၊ စိတ်ကလေးချည်း ဘယ်လို ခွဲထုတ်ကြည့်ရမလဲ၊လို့ တွေးကောင်း တွေးမိမယ်၊ စိတ်ဆိုတာ အာရုံကို သိတတ်တဲ့ သဘောလေးတစ်ခုတည်းသာ ဖြစ်လို့ ဘယ်စိတ်ပဲဖြစ်ဖြစ် ပေါ်လာတဲ့အာရုံကို သိတာချည်းပဲဆိုတော့ တစ်မျိုးတည်းပဲ ဖြစ်နေတယ်။
စိတ္တနုပဿနာမှာ မြတ်စွာဘုရားက စိတ်ကို အခြေအနေနဲ့ ယှဉ်တွဲမှုတွေကိုကြည့်ပြီး ၁၆ မျိုး ခွဲပြထားတယ်၊ စိတ္တာနုပဿနာ ဆိုတဲ့ စိတ်ကို သတိကပ်ပြီးတော့ ရှုမှတ်မယ်ဆိုလို့ရှိရင် ၁၆ မျိုး ဖြစ်နိုင်တယ်၊ ဒါ လူတိုင်း ၁၆ မျိုး ဖြစ်တယ်လို့ပြောတာ မဟုတ်ဘူးနော်၊ အထွေထွေ ဖြစ်နိုင်ချေ ရှိတာတွေကို မြတ်စွာဘုရားက ဟောတာ၊ ဒီ ၁၆ မျိုး ခွဲထားတာက အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ခွဲထားတာတွေနဲ့ တချို့တူသော်လည်းပဲ တချို့ မတူဘူး၊ အခြားအဘိဓမ္မာကျမ်းတွေမှာလည်းပဲ ၁၆ မျိုးခွဲတာ ရှိတယ်ပေါ့။
ဘုန်းကြီးတို့ကြည့်ရမှာက စိတ်နဲ့ စေတသိက် ရောနေတယ် ဆိုတဲ့နေရာမှာ သိသာထင်ရှားတဲ့ ယှဉ်တွဲလာတဲ့ သဘာဝလေးနဲ့ စိတ်ကို သတ်မှတ်ပြီး ပြောရမှာ၊ ဆိုပါစို့ -နွားအကြောင်းကို ပြောချင်လို့ရှိရင် နွာအနီဘယ်နှစ်ကောင်၊ နွားအနက်ဘယ်နှစ်ကောင် ခွဲခြားပြောတယ်။ နွားကတော့ နွားပဲလေ။ စိတ်ကိုလည်းပဲ အဲဒီလိုပဲ ပြောရမှာပဲ၊ စိတ်ကတော့ စိတ်ပဲ။
မြတ်စွာဘုရားက စိတ်ကို ခွဲခြားပြီးတော့ ရှုလို့ရအောင် သရာဂံ ဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ – ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ စိတ်ကလေးဟာ တွယ်တာမှု ရာဂတွေနဲ့ ယှဉ်တွဲနေတဲ့ စိတ်ကလေး ဆိုလို့ရှိရင် တွယ်တာမှုရှိတဲ့ စိတ်ကလေးလို့ သိပါတဲ့၊ တွယ်တာမှု ဆိုတာလေးနဲ့ စိတ်ကလေးကို ဖမ်းကြည့်တာ ဟုတ်ကဲ့လား၊ တွယ်တာမှုကို ရှုတာ မဟုတ်ဘူး၊ တွယ်တာမှုကို ရှုရင် ဓမ္မာနုပဿနာ ဖြစ်တယ်။
ဒါပေမယ့် ယောဂီတွေအနေနဲ့ စဉ်းစားဖို့တော့ မကြိုးစားနဲ့ပေါ့၊ မြတ်စွာဘုရားက ကာယနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ လို့ အာရုံ ၄ မျိုး ပေးထားတာမှာ ငါရှုနေတာ ကာယာနုပဿနာလား၊ ဝေဒနာနုပဿနာလား၊ စိတ္တာနုပဿနာလား၊ ဓမ္မာနုပဿနာလားလို့ တွေးမနေနဲ့၊ အဲဒီလိုတွေးနေတာနဲ့ တစ်ပြိုင်နက် ကိုယ်ရှုနေတဲ့အာရုံကနေ လမ်းချော်သွားပြီလို့သာ မှတ်လိုက်တော့၊ အဲဒီလို စဉ်းစားစရာမလိုဘူးနော်၊ မြင်တဲ့အာရုံကို ရှုမိမှာပဲ၊ တစ်ခါတစ်ရံ ဝေဒနာကို ရှုမိလိမ့်မယ်၊ တစ်ခါတရံ ရုပ်ဆိုတဲ့ ဓမ္မကို ရှုမိလိမ့်မယ်။ တစ်ခါတစ်ခါ ခံစားမှုတွေ ရှုမိရက်လည်း ရှုမိလိမ့်မယ်။
ကာယ၊ စိတ္တ၊ ဝေဒနာ၊ ဓမ္မ လို့ဆိုတာ မြတ်စွာဘုရားက ဝိပဿနာရဲ့ အာရုံ ဖြစ်နိုင်ချေရှိတာလေးတွေကို မိမိသန္တာန်မှာရှိတဲ့ အာရုံလေးတွေကို ၄ မျိုးပိုင်းပြီး ဟောထားတာဖြစ်တယ်။ ငါ – စိတ်ချည်းပဲကြည့်မယ်၊ ဝေဒနာကို မကြည့်ဘူးလို့ ဒီလို လုပ်လို့လည်း မရဘူနော်။ ကမ္မဋ္ဌာန်းရှုနေပြီဆိုရင် စိတ်အာရုံ ပေါ်ချင်လည်း ပေါ်မယ်၊ ဝေဒနာ ပေါ်ချင်လည်း ပေါ်မယ်၊ ဘာပေါ်ပေါ် ပေါ်တာကို သိဖို့လိုတယ်၊ အဲလို ဆိုလိုတာဖြစ်တယ်။ ဆိုလိုတာက သတိပဋ္ဌာန်အာရုံ ၄ မျိုးထဲမှာ ဘယ်အာရုံပဲ ဖြစ်ဖြစ်
သို့သော် သမထကျင့်စဉ်ကို ပြောတဲ့အခါကျတော့ ထွက်လေ ဝင်လေ သပ်သပ်ရှုတာကျတော့ ကာယနုပဿနာပဲ.
အဲဒါ ကာယပဲ ရှုတာပဲ၊ ဝေဒနာတို့ စိတ်တို့ ဓမ္မတို့ကျတော့ သူတို့က ရောလာတယ်၊ ရောနေတာ၊ အဲဒီ ရောနေတာကို သွားပြီးတော့ ခွဲခြားဘို့ မကြိုးစာနဲ့ပေါ့၊ ရှုလို့ မရဘူးလားဆိုတော့ အာရုံဆိုတာ မဟာစည်ဆရာတော် ဆရာတော်ဘုရားကြီး လမ်းညွှန်သလိုပဲ ပေါ်ရာပေါ်ရာရှု ဆိုတာ ရှိတယ်လေ။ အဲဒီ ပေါ်ရာ ပေါ်ရာ ရှု ဆိုတဲ့
စကားဟာ ဝိသုဒ္ဓိမဂ်က စကားကိုခြုံပြီးတော့ ပြောတာ၊ ဝိသုဒ္ဓိမဂ်မှာ ကမ္မဋ္ဌာန်းရှုရမယ့် ရှုလို့ရတဲ့ သဘာဝတရားတွေ ရှိတယ်တဲ့ – ရုပ်တရား၊ နာမ်တရားတွေ၊ အဲဒီ ရုပ်တရား၊ နာမ်တရားတွေထဲက မိမိရဲ့ သန္တာန်မှာ ပစ္စုပ္ပန်ခဏမှာ ဖြစ်ပေါ်လာတာတွေကို သွားတွေးရှုနေလို့ရှိရင် ပတွေးပဲ ဖြစ်သွားမယ်၊ အဲဒီတော့ အတွေးထဲက ပုံရိပ်ဆိုတာ ပုံမှန်ဟုတ်ပါ့မလား၊ မဟုတ်နိုင်ဘူး၊ အတွေးထဲမှာ ပေါ်လာတာက ပုံရိပ်အမှန် မဟုတ်ဘူးတဲ့။
ဒါကြောင့်မို့လို့ ကိုယ်သန္တာန်မှာ ဖြစ်ခိုက်ကလေးတွေ ရှုနိုင်အောင် ကြိုးစားရမှာ၊ စ စချင်းတော့ ကမ္မဋ္ဌာန်းအလေ့အကျင့် မရသေူတဲ့ ပုဂ္ဂိုလ်ကတော့ ဖြစ်ခိုက်ကလေးတွေကို မိဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်၊ သို့သော် ခဲယဉ်းတာ လုပ်လို့ မရဘူးလို့ ပြောတာမဟုတ်ဘူး၊ ခဲယဉ်းတယ်လို့ ပြောတာနော်၊ အလေ့အကျင့် ကောင်းလာတဲ့အခါကျတော့ ဘယ်လောက်ပင် ခဲယဉ်းခဲယဉ်း လွယ်သွားတာပဲ။
ဝိပဿနာ အလေ့အကျင့် ရလာပြီဆိုလို့ရှိရင် ကိုယ့်စိတ်မှာ ပေါ်လာတဲ့ အာရုံမှန်ကမျှ၊ သဘာဝတရားတွေမှန်သမျှ ပေါ်တိုင်းပေါ်တိုင်း သတိစွမ်းအား ဉာဏ်စွမ်းအားတွေနဲ့ မှတ်ပြီး သိနိုင်တဲ့အနေအထားမျိုး ရောက်သွားပါတယ်တဲ့၊ အဲဒီအနေအထားမျိုးရောက်အောင် မှတ်စိတ်တွေ အင်အားကောင်းလာအောင်၊ သတိစွမ်းအားတွေ ထက်လာအောင် ဆိုရင် ပေါ်ရာပေါ်ရာတွေ အကုန်လုံး မှတ်ပြီး ရှုနိုင်သွားတာပါတဲ့နော်၊ အဲဒီလို ရှုနိုင်သည်အထိ ကြိုးစားရမှာလို့ ဒီလိုပြောတယ်။
စိတ်ကလေးကို ရှုပြီဆိုတဲ့အခါ သူနဲ့ယှဉ်တွဲလာတဲ့ မတူ – ထူးခြားတဲ့ သဘာဝတရားတွေ ရှုထောင့်ကနေ ကြည့်၊ ခုနက နွားချင်းက အတူတူပဲ။ သို့မို့ အရောင်နဲ့ကြည့်ရတယ် – ဒါက နွာနီ၊ ဒါကနွားနက် ဆိုပြီးတော့ အရောင်နဲ့ ကြည့်ခွဲ သလိုပဲ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးဟာ ပာရုံကို သိတတ်တဲ့ သဘာဝတရား တစ်မျိုးတည်းဖြစ်တော့ အဲဒီသဘာဝတရားလေးမှာ အရောင်ခြယ်ထားတာနဲ့ ကြည့်ပြီးတော့ ဒီစိတ်က ဘာစိတ်လို့ ဒီလိုပြောတာ၊ အဲဒါကို မြတ်စွာဘုရားက အခုလို ၁၆ မျိုး ခွဲ ဟောတာ။
~~~~~
သရာဂစိတ် – ဝီတဂာဂစိတ်
~~~~~
နံပါတ် (၁) သရာဂစိတ် – တဲ့၊ သရာဂစိတ်ဆိုရင် သရာဂစိတ် ဆိုတာကို သိရမယ်၊ ဆိုလိုတာက ငါ့စိတ်ကလေးမှာ အတွယ်အတာနဲ့ ဖြစ်နေပါလား၊ အတွယ်အတာကို ကြည့်တာ မဟုတ်ဘူး၊ အတွယ်အတာနဲ့ ဖြစ်နေတဲ့ စိတ်ကို ကြည့်တာ၊ ဒါကြောင့်မို့ စိတ္တာနုပဿနာလို့ ပြောတာနော်၊ စိတ်လေးကို ကြည့်တာ၊ ဒါကြောင့်မို့ သရာဂ ဝါ စိတ္တံ ၊ သရာဂံ – ရာဂ နဲ့ တွဲဖက်လို့ ဖြစ်လာတဲ့၊

စိတ္တံ – စိတ်ကို၊ သရာဂံ စိတ္တံ၊ – ရာဂနဲ့ တွဲဖက်လာတဲ့ စိတ်ကလေးလို့၊ မဇာနာတိ – မှန်မှန်ကန်ကန် သိတယ်။
ဒီလို သိဖို့က – ကြည့် . အာရုံက ဘာတုန်းလို့ဆိုရင် ရာဂနဲ့ တွဲဖက်လာတဲ့ စိတ်ဆိုတာ အဘိဓမ္မာသင်ထားတဲ့ ပုဂ္ဂိုလ်တွေက တွေးလိမ့်မယ်၊ ဒါ လောဘမူစိတ် ၈ ခု ပြောတာပဲလို့ တွေးလို့ရတာပဲ၊ သို့သော် တရားရှုတဲ့အချိန်မှာတော့ ခောမူစိတ် ၈ ခုသွားမတွေးနဲ့၊ ငါ့စိတ်ကလေးဟာ လိုချင်တဲ့သဘာဝလေးနဲ့ တွဲလာရင် လိုချင်တဲ့ သဘာဝလေးနဲ့ တွဲတဲ့ စိတ်လို့ ဒီလိုပဲ သိရမယ်။
သို့သော် အဋ္ဌကထာမှာ သရာဂစိတ် – ဆိုတာ ဘာလဲဆိုတာ Indentify လုပ်ပြတာလေ။ ရှုရမှာပြောတာ မဟုတ်ဘူး၊ ရှုရမှာက ငါ့စိတ်လေးဟာ တွယ်တာမှု ရှိတဲ့စိတ်ကို တွယ်တာမှု ရှိတယ်လို့ သိလိုက်လို့ရှိရင် တွယ်တာမှုဆိုတာ မကောင်းတဲ့ဟာပါလား၊ ရာဂ တရားဆိုတာ အကုသိုလ်ပဲ၊ အကုသိုလ်ကို ငါ ပယ်ဖို့ ကြိုးစားရမှာပဲဆိုတဲ့ အတွေးဝင်မလာဘူးလား၊ ဒါကြောင့်မို့ ကိုယ့်စိတ်အခြေအနေကို အမှန်အကန် သိလာတယ်၊ ငါ့စိတ်လေးဟာ ရာဂနဲ့ဖြစ်တယ်၊ ရာဂနဲ့ တွဲဖက်လာတယ်။
တစ်ဖက်က ဆန့်ကျင်ဖက် အနေနဲ့ ပြောပြန်တယ်။ ဝိတ ရာဂံ ဝါ စိတ္တံ ဝီတရာဂံ စိတ္တန္တိ ပဇာနာတိ – ငါ့စိတ်လေးဟာ တဏှာရာဂနဲ့ မတွဲဖက်ပါလား၊ ဒိပြင် ဟာတွေနဲ့ တွဲဖက်တာ၊ ငါ့စိတ်လေးဟာ အတွယ်အတာ ကင်းမဲ့နေပါလား၊
ခု စိတ္တာနုပဿနာမှာ ပြေတဲ့ စိတ်ဆိုတာတွေ အားလုံးဟာ လောကီစိတ်တွေချည်းပဲလို့ မှတ်ပါ၊ ဘာဖြစ်လို့ လောကုတ္တရာစိတ်ကို ဒီထဲမှာ ထဲ့မယူရတာလဲဆိုတော့ လောကုတ္တရာစိတ်ဆိုတာ ဝိပဿနာရှုရတဲ့စိတ် မဟုတ်ဘူး၊ ပြီးတော့ လောကုတ္တရာစိတ်ဆိုတာ Just Attainment အောင်မြင်ပေါက်ရောက်လာတဲ့ အဆင့်ကို ပြောတာ။
ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဒီစိတ်တွေဟာ ရှိနေတာမဟုတ်ဘူး၊ မရှိတာကို အရှိလုပ် ရှုလို့ရှိရင် အတွေးပဲ ဖြစ်မှာပေါ့၊ အတွေးအထင်တွေကြိပဿနာတွေရဲ့ အာရုံ မဟုတ်ဘူး။
ဒါကြောင့်မို့လို့ ဝီတရာဂစိတ် – ဆိုလို့ရှိရင် တချို့နေရာမှာ ဝိတရာဂ – ရာဂကင်းတဲ့စိတ်လို့ ပြောလို့ရှိရင် အဆင့်မြင့်တဲ့စိတ်ကို ပြောတာ၊ ဝီတရာဂစိတ်ဆိုတာ ရာဂနဲ့မတွဲဘူး၊ ကျန်တဲ့ လောကီစိတ်ကလွဲရင် ကျန်တာတွေဟာ ဝိတရာဂစိတ်လို့ ဒီလို ပြောတာပေါ့နော်၊ အဲဒီ သရုပ်တွေကို အသားထား၊ အဘိဓမ္မာ မသင်ဘူးတဲ့ လူတွေ နာရှုပ်မယ်၊ အဘိဓမ္မာသင်ဖူးတဲ့ လူကလည်း ဒါတွေ သွားတွေးနေလို့ရှိရင် ဝိပဿနာအလုပ်ထဲမှာ ရှုပ်လိမ့်မယ်။
အဲဒီတော့ အရပ်စကားလေးနဲ့ပဲ ရှင်းရှင်းလေး သဘောပေါက်အောင်ဆိုရင် ကါ့စိတ်လေးဟာ အတွယ်အတာ ရှိနေတယ်ဆိုရင် အတွယ်အတာ ရှိတဲ့ စိတ်ကလေးပါလားလို့ သိအောင် လုပ်လိုက်ပါတဲ့။ ဝီတရာဂစိတ်ဆိုတာ အတွယ်အတာ မပါတဲ့ စိတ်ကလေး၊ ငါ့သန္တာန်မှာ ငါ့စိတ်ကလေးမှာ အတွယ်အတာ မရှိပါလားလို့ သိလိုက်ပါတဲ့၊ ဒါလေးက တစ်စုံ။

~~~~~
သဒေါသစိတ် – ဝီတဒေါသစိတ်
~~~~~
နောက်တစ်ခု ဘာပြောတုန်းဆိုတော့ သဒေါသံ ဝါ စိတ တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ – သဒေါသဆိုတာ ဒေါသနဲကတွဲနေတာ၊ လူတွေ ပြောလေ့ရှိတဲ့ စိတ်ဆိုးနေရသ် ငါ့စိတ်လေးဟာ ဘာနဲ့တွဲတာတုန်း၊ ဒေါသနဲ့ တွဲနေတာ၊ ဒေါသနဲ့ တွဲနေတဲ့ စိတ်ကလေးကို ကြည့် – ဒီစိတ်ကလေးဟာ ဒေါသနဲ့တွဲနေပါလားလို့ သိလိုက်၊ ပါတဲ့၊ စိတ်ကိုသိရမှာ ဒေါသကို သိရမှာ မဟုတ်ဘူး၊ စိတ်ကို Indentity လုပ်ဖို့ ဒေါသ ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ပေးတာပေါ့။
နောက် ဝီတဒေါသ စိတ် – ဒေါသမပါတဲ့ စိတ်ကလေးကျတော့လည်း အော်..ငါ့စိတ်ကလေးဟာ ဒေါသ မပါပါလားလို့ ဒေါသကင်းတဲ့ စိတ်ကလေးပါလားလို့ စိတ်ရဲက အခြေအနေကို သိအောင်လုပ်ပါ။

~~~~~
သမောဟစိတ်-ဝီတမောဟစိတ်
~~~~~

ထို့အတူပဲ – သမောဟ – မောဟနဲ့တွဲနေတဲ့ စိတ်ကလေး၊ မောဟဆိုတာ အမှန်မသိဘူး၊ တွေဝေနေတယ်၊ တွေဝေနေတဲ့ သဘောလေးနဲ့ ယှဉ်တွဲနေတဲ့ စိတ်ကလေးဆိုရင်လည်း တွေဝေနေတဲ့သဘောနဲ့ ယှဉ်တွုနေတဲ့ စိတ်ကလေးလို့ ဒီလို သိရမယ်။ သိအောင်ကြိုးစားပါတဲ့။
ဒါတွေက သတိကပ်ထားလို့ရှိရသ် ကိုယ့်စိတ်အခြေအနေကို သိနိုင်တယ်။ သမာဓိစွမ်းအားတွေ၊ ဝီရိယ စွမ်းအားတွေနဲ့ ကြိုးစားအားထုတ်လို့ရှိရင် စိတ်ရဲ့အထြေအနေတွေကို သိလာတယ်။
ဝိတမောဟာ – မောဟကင်းတဲ့ စိတ်ကလေး၊ မောဟ မရှိဘူး၊ ဆိုရင် မောဟကင်းတဲ့ စိတ်ကလေးလို့ ကိုယ့်စိတ်အခြေအနေကို သိလိုက်တယ်။ ဒါက လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ရှုထောင့်ကနေ ကြည့်တာ၊ ရှိ မရှိ ၂ မျိုးစီကြည့်လိုက်တာ ၆-ခု ရမသွားဘူးလား၊ လောဘနဲ့ ပတ်သက်ပြီးတော့ စိတ် ၂ မျိုး လောဘ ရှိ မရှိ၊ ဒေါသနဲ့ ပတ်သက်ရင် ၂ မျိုး၊ ဒေါသရှိ မရှိ၊ မောဟနဲ့ ပတ်သက်ရင် ၂ မျိုး၊ မောဧ ရှိ မရှိ၊ ၆ မျိုး ရသွားပြီ။

~~~~~
သံခိတ္တစိတ် – ဝိက္ခိတ္တစိတ်
~~~~~

နောက် အခြေအနေတွေနဲ့ ပြောလိုက်ကြဦးစို့ – သံခိတ္တစိတ် – သံခိတ္တဆိုတာ အာရုံတွေထဲမှာ ပြန့်မထွက်ဘဲနဲ့ ကျုံ့ဝင်သွားတဲ့ စိတ်၊ ဆိုပါစို့ – လူတွေဟာ ကုသိုလ်ကောင်မှုခုပ်တဲ့အချိန်ပဲဖြစ်စေ၊ တရားထိုင်တဲ့အချိန်ပဲဖြစ်စေ စိတ်ကလေးမှာ ထိန – မိဒ္ဓ ဝင်လာသည့်အတွက်ကြောင့် ကျုံ့သွားတယ်၊ အာရုံကနေ နောက်တွန့်သွားတဲ့သဘေယလေးပဲ၊ စိတ်မပါတော့ဘူး၊ စိတ်ကလေးဟာ အာရုံပေါ်မှာ စိတ်ဝင်စားမှု နည်းသွားပြီး တွန့်ဆုတ်သွားတယ်၊ အဲဒါ ထိန-မိဒ္ဓ ဖြစ်လာတဲ့ သလောပဲ၊ အဲဒါကို သံခိတ္တစိတ်လို့ ခေါ်တယ်၊ သံခိတ္တ -ဆိုတာ နောက်ဆုတ်သွားတာ ကျုံ့ဝင်သွားတယ်။
အာရုံတွေပေါ်မှာ ပြန့်တက်မသွားဘဲနဲ့ စိတ်ကလေးဟာ နောက်ဆုတ်လာတယ်၊ အိပ်ချင်တဲ့အခါ သဘောထားကိုကြည့်ပေါ့၊ စကြည့်နေရင်းနဲ့ စိတ်ကလေး ကျုံ့ဝင်သွားတာပဲ၊ ထိတမိဒ္ဓဝင်လာလို့ရှိရင် စိတ်ငလေးဟာ ကျုံ့ဝင်သွားတာပဲ၊ ပြန့်ပြီးတော့ လန်းလန်းဆန်းဆန်း ဖြစ်လာတာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ထိန-မိဒ္ဓနဲ့ တွဲလာရင် သံခိတ္တစိတ်လို့ ခေါ်တယ်တဲ့၊ ပမ္မဋ္ဌာန်း အားထုတ်ရင် သံခိတ္တစိတ် ပေါ်လာနိုင်တယ်။

နောက်တစ်ခုက ဆန့်ကျင်ဘက်က ဝိက္ခိတ္တစိတ် – တဲ့၊ အာရုံတစ်ခုတည်းမှာထားလို့ မရဘူး၊ စိတ်က ဟိုရောက်သွားလိုက်၊ ဒီရောက်သွားလိုက်၊ ပြန့်နေတယ်၊ လွင့်ပြန့်နေတဲ့ စိတ်၊ အဲဒီလွင့်ပြန့်နေတဲ့စိတ် ဆိုတာကျတော့ ဥဒ္ဓစ္စနဲ့ ယှဥင်္တွဲလာတဲ့စိတ်၊ သံခိတ္တစိတ်ဆိုတာ ထိနမိဒ္ဓနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဝိက္ခိတ္တစိတ်ဆိုတာ ဥဒ္ဓစ္စနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဟောဒီလို အခြေအနေတစ်ခု ရှုထောင့်ကို ကြည့်လိုက်လို့ရှိရင် မိမိသန္တာန်မှာရှိတဲ့ စိတ်ရဲ့ အခြေအနေလေးကို နားလည်လာနိုင်တယ်။

~~~~~
မဟဂ္ဂတစိတ် – အမဟဂ္ဂတစိတ်
~~~~~
နောက်တစ်ခါ ရှုရမှာက တရားအားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်ဟာ သမထကျင့်စဉ်ကြီးတစ်ခုကျင့်လို့ အောင်မြင်ပေါက် ရောက်သွားပြီဆိုလို့ရှိရင် သူ့စိတ်ဟာ အလွန် အဆင့်မြက့်သွားတယ်၊ ကာမဆိုတဲ့ အနိမ့်အာရုံကနေပြီးတော့ အထက်ဖျာန်ရဲ့ အာရုံဖြစ်တဲ့ အမြင့်ကို တက်သွားတယ်၊ အမြင့်ပေါ်ရောက်သွားတာကို မဟဂ္ဂတ – လို့ခေါ်တယ်။ မြန်မာလိုတော့ ဘာသာမပြန်ဘူး၊ မဟဂ္ဂတ ကို မဟဂ္ဂုတ် – လို့ သဂြိုလ်အျမ်းမှာ အဲဒီလို သုံးတယ်၊ မဟဂ္ဂုတ် – ဆိုတာ ဘာမှန်း မသိဘူးပေါ့၊ အဲဒီ မဟဂ္ဂုတ် ဆိုတာ မြင့်မြတ်တဲ့ အဆင့်၊ သာမန် အနေအထား တစ်ခုကနေပြီးတော့ အဆင့်အတန်းမြင့်သွားတဲ့ စိတ်ကို ပြောတာ၊ ဘာလို့ မြင့်တာလဲ၊ ခါတိုင်း အနေအထား မဟုတ်ဘူးလေ။
ခါတိုင်းဆို လူရဲ့ စိတ်တွေကို ကြည့် – မျက်စိကမြင်ရတဲ့ အာရုံမှာ ကြိုက်တယ် မကြိုက်ဘူး၊ ကြိုက်ရင် လောဘ၊ မကြိုက်ရင် ဒေါသ၊ ဒါတွေနဲ့ သွားနေတာလေ၊ မျက်စိက မြင်တဲ့အာရုံ၊ နားက ကြားတဲ့အာရုံ၊ နှာခေါင်းက နံရတဲ့ အာရုံ၊ လျှာက လျက်ရတဲ့အာရုံ၊ ခန္ဓာကိုယ်က ထိတွေ့ရတဲ့အာရုံ၊ ဒီ ကာမဂုဏ်အာရုံတွေနဲ့ နေနေတဲ့ စိတ်ကလေးဟာ အောက်တန်းကျတဲ့ စိတ်ကလေးပဲ။
အဲဒီ ကာမဂုဏ်အာရုံတွေကို စွန့်လွှတ်ပြီးတဲ့အခါ ဈာန်ရဲ့ အာရုံပေါ်မှာ ရောက်နေပြီဆိုရင် ဝိဝိစ္စေ ကာမေတိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ – နိဝရဏ တရားတွေ ဖယ်ခွာပြီးတော့ ကာမ အာရုံတွေကနေ လွတ်ထွက်သွားတယ်၊ ကာအအာရုံတွေ လုံးဝ ကင်းစင်သွားတယ်၊ အင်မတန် သန့်စင်မွန်မြတ်တဲ့ အာရုံ တစ်ခုနဲ့ စိတ်ကို တည်ငြိမ်စွာ ထားနိုင်သွားပြီဆိုရင် အဲဒီစိတ်ကို မဟဂ္ဂုတ် လို့ ခေါ်တာပဲ။

အဲဒီလို စိတ်မျိုး ရလာပြီး ဝိပဿနာ ရှုပြီ ဆိုရင် မဟဂ္ဂတံြါ စိတ္တံ မဟဂ္ဂတံ စိတ္တန္တိ အဇာနာတိ – ငါ့စိတ်လေးဟာ မဟဂ္ဂုတ် – စိတ်၊ အဆင့်မြင့်တဲ့ စိတ်ကလေး ပါလားလို့ ဒီလိုသိလာတယ်၊ အဲဒါနဲ့ ဆန့်ကျင်ဘက်၊ အဲဒီအခြေအနေ မရောက်ဘူးဆိုလို့ရှိရင်
ဒါဈာန်မရတဲ့ ပုဂ္ဂိုလ်တွေကျတော့ အမဟဂ္ဂတံ ဝါ စိတ္တံ အမဟဂ္ဂတံ စိတ္တန္တိ ပဇာနာတိ၊ – အဲဒီအခြေအနေမျိုး မရောက်ဘူးတဲ့၊ နိမ့်တဲ့အထဲမှာပဲ ရှိတဲ့စိတ် ဆိုလို့ရှိရင် အမဂ္ဂတစိတ်၊ ကာမာဝစရစိတ်တွေက နိမ့်တဲ့အဆင့်မှာပဲ ရှိတယ်ပေါ့၊ ဒီလို ရှုရမှာက တစ်ခု၊

~~~~~
သဥတ္တရစိတ် – အနုတ္တရစိတ်
~~~~~

နောက် တစ်ခါ ဘာလာတုန်းဆိုလို့ရှိရင် သဥတ္တရစိတ် အနုတ္တရစိတ် – သဥတ္တရ ဆိုတာ ကိုယ့်ထက်သာတာတွေ အများကြီး ရှိတယ်။ ကိုယ့်ထက်သာတဲ့ စိတ်တွေ အများကြီးရှိနေတယ်လို့ဆိုတော့ ခုနကပြောတဲ့ စိတ်တွေ ရှိမနေဘူးလား၊ လောကုတ္တရာစိတ်ကို ထဲ့တွက်လို့ မရဘူးဆိုတော့ – အာမဝစရစိတ်ရယ်၊ သဥတ္တရစိတ်ဆိုတာ သူ့ထက်သာတဲ့ စိတ်တွေ ရှိတယ်လို့ ပြောတာဟာ ကာမာဝစရစိတ်ကိုပြောတာ၊ သဥတ္တရဆိုတာ ကိုယ့်ထက်သာတာတွေ ရှိနေတဲ့ စိတ်လို့၊ သာမန် ကာမာဝစရစိတ်လေးတစ်ခုဟာ သဥတ္တရစိတ်ပေါ့။
အနုတ္တရ – သူ့ထက်သာတာ မရှိဘူး၊ ဝိပဿနာရဲ့ အာရုံထဲမှာ သူ့ထက်သာတာမရှိဘူး၊ ဒိပြင်နေရာမှာ အနုတ္တရက လောကုတ္တရာစိတ်ကိုပြောတာ၊ ဒီနေရာမှာ လောကုတ္တရာစိတ်ကို မယူရဘူးဈာဖြစ်လို့ ဝိပဿနာရဲ့ အာရုံမို့၊ ဒါလေးတွေကလည်း သူ့နေရာနဲ့သူ ရှိတယ်နော်၊ စာတွေ့တိုင်း အကုန်လုံး ဒါချည်းပဲလို့ သွားပြီးတော့လုပ်ရင် မှားမှားယွင်းယွင်းတွေ အကုန်ဖြစ်ကုန်တတ်တယ်။
ဘယ်အရာပဲဖြစ်ဖြစ် definition လို့ခေါ်တယ်၊ define လုပ်ရတယ်၊ define မလုပ်လို့ရှိရင် စာမစုံလို့ရှိရင် ဒါမျိုးတွေက မှားကုန်တတ်တယ်ပေါ့၊ Define မလုပ်တတ်ရင် မှာတယ်လေ၊
အနုတ္တရ လို့ ဒီမှာပြောလိုက်တာဟာ သူ့ထက် သာတာမရှိဘူး၊ သူအသာဆုံးလို့ ဒီလိုပြောတယ်၊ အဲဒါ မဟဂ္ဂုတ်စိတ်တွေ၊ ဈာန်ရတဲ့ပုဂ္ဂိုလ်တွေဟာ ကိုယ့်စိတ်ကိုကိုယ် အကဲခတ်ပြီးတော့ ရှုလို့ရတယ်၊ သာမန်ဈာန်မရတဲ့ပုဂ္ဂိုလ်က အဲဒီစိတ်ကို ရှုနိုင်မှာ မဟုတ်ဘူးပေါ့နော်။

~~~~~
သမာဟိတစိတ်၊ အသမာဟိတစိတ်
~~~~~

အဲလိုရှုပြီးတော့ နောက်ဘာရှုစရာ ရှိသေးတုန်း ဆိုလို့ရှိရင် သမာဟ်တ၊ အသမာဟိတ – စိတ် – သမာဟိတ ဆိုတာ တစ်ခါတစ်ရံ စိတ်ကလေးဟာ အာရုံတစ်ခုထဲမှာ စူးစိုက်ပြီး ကျသွားတယ်၊ စုပြီး ကျသွားတယ်၊ သမာဓိဆိုတာ စိတ်တွေ အားလုံးကို အာရုံတစ်ခုတည်းပေါ်မှာ စုသွားအောင် လုပ်ပေးတာ၊ Concentrate ဆိုတာ စုထားတာ၊ တစ်နေရာထဲ စုသွားအောင် လုပ်တာ၊ သမ္ပိဏ္ဍနရသ လို့ စာပေကျန်းဂန်ထဲမှာ ဆိုတယ်၊ သမ္ပိဏ္ဍန ဆိုတာ စုပြီးပေါင်းပေးလိုက်တာ၊ အဲဒါကို သမာဓိလို့ ခေါ်တာ၊ သမ္ပိဏ္ဍနရသ – သမ္ပယုတ်တရားတွေကို တစ်ခုထဲ စူးစိုက်ကျသွားအောင် စုစည်းပေးထားတာ၊ အဲဒီလို စုစည်းပြီးလို့ စုစည်းမှုရှိသွားတဲ့ အာရုံတစ်ခုတည်းပေါ်မှာ တစ်ညီတည်း သွားတဲ့စိတ်ကို သမာဟိတစိတ်တဲ့၊ အရပ်ပြော ပြောရင်တော့ သမာဓိ ရတဲ့စိတ်ပေါ့၊ သမာဓိနဲ့ ယှဉ်တွဲလာတဲ့ စိတ်ကို ဟမာဟိတစိတ်၊ သမာဓီ ကင်းမဲ့နေတဲ့ – အာရုံတစ်ခုပေါ်မှာ စုပေးလို့မရဘူး၊ ဟို ရောက်သွားလိုက်၊ ဒီရောက်သွားလိုက် လွင့်ပျံ့နေတဲ့ စိတ်မျိုး၊ အဲဒါကျတော့ အသမာဟိတ စိတ်၊ စိတ်ရဲ့ အခြေအနေတွေကို ခုလို ရှုတာ။
~~~~~
ဝိမုတ္တစိတ်၊ အဝိမုတ္တစိတ်
~~~~~

နောက်တစ်ခုကျတော့ ဝိမုတ္တစိတ်၊ အဝိမုတ္တစိတ် – ဝိမုတ္တဆိုတာက – ဒီနေရာမှာ ဝိမုတ္တက အမျိုးမျိုးရှိတယ်၊ လွတ်သွားတယ်ဆိုတဲ့ ဝိမုတ္တအမျိုးမျိုးထဲမှာ တရာဓမ္မလေ့လာတဲ့ ပုဂ္ဂိုလ်တွေကြားဖူးမယ်၊ တဒင်္ဂဝိမုတ္တိဆိုတာ ရှိတယ်။ တဒင်္ဂဝိမုတ္တိ ဆိုတာ ဒီအကြောင်းကြောင့် ဒီအခိုက်အတန့်လေးလွတ်သွားတာ၊ ဆိုပါစို့ – အနိစ္စလို့ မြင်လိုက်လို့ရှိရင် နိစ္စဆိုတဲ့ အကြံအတွေးက လွတ် မသွားဘူးလား၊ လွတ်သွားတယ်၊ အဲဒါ အနိစ္စလို့ ရှုနိုင်လို့ နိစ္စက လွတ်သွားတာ၊ ဒုက္ခလို့ ရှုလိုက်တာနဲ့ သုခဆိုတဲ့ အတွေးရှိသေးလား၊ ဒါလည်း လွတ်သွားတာပဲ၊ အနတ္တလို့ ရှုလိုက်တာနဲ့ အတ္တဆိုတဲ့အတွေး ရှိသေးလား။ ဒါလဲ လွတ်သွားတာပဲ၊ အဲဒီလို ဆိုင်ရာ အကြောင်ုကလေးတွေကြောင့် လွတ်သွာတာကို တဒင်္ဂဝိမုတ္တိ၊ တေန တေန အင်္ဂေန ဝိမုတ္တိ – ဆိုင်ရာ ဆိုင်ရာ အကြောင်းလေးကြောင့် လွတ်သွားခြင်း။

သို့သော် မြန်မာစကားထဲမှာတော့ တဒင်္ဂ ကို တစ်ခဏလို့ အဓိပ္ပါယ်ယူနေကြတယ်။ တဒင်္ဂနဲ့ တစ်ခဏနဲ့က တခြားစီနော်၊ တဒင်္ဂလေးလို့ သုံးနေကြတယ်၊ တဒင်္ဂဆိုတာ တေန တေန အင်္ဂေန – သူ့ဆိုင်ရာ ဆိုင်ရာ အကြောင်းလေးနဲ့ ဒါလုပ်လိုက်ရင် ဒီဟာလေး လွတ်သွားမယ်၊ ဟိုဟာလေးနဲ့ လုပ်လိုက်ရင် ဟိုဟာလေး လွတ်သွားမယ်ပေါ့ – ဒါပြောတာ။ ဆိုင်ရာ အကြောင်းကြောင်းလေး၊ ဥပမာ ဆိုပါစို့ – နာမရူပ ပရိစ္ဆေဒေန သက္ကာယဒိဋ္ဌိယာ ပဟာနံ၊ – တဒင်္ဂမဟာန ကိုဖွင့်တဲ့အခါမှာ နာမ်ရုပ်ကို ပိုင်းခြားသိခြင်းဖြင့် သက္ကာယဒိဋ္ဌိကို ပယ်တယ်၊ သက္ကာယဒိဋ္ဌိက လွတ်သွားတာ၊ သက္ကာယဒိဋ္ဌိကို ဖယ်ရှားနိုင်တာ။ ဆိုင်ရာဆိုင်ရာလေးတွေကနေ ဖယ်ရှားသွားတာ၊ ကြည့် – ဝိပဿနာဉာဏ်စဉ် တက်သွားတယ်ဆိုတာ ဆိုင်ရာ ဆိုင်ရာ အကြောင်းလေးတွေက ဆိုင်ရာဆိုင်ရာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဖယ်ရြှးသွားတာလို့ ဒီလိုပြောတာ၊ အဲဒါကို တဒင်္ဂဝိမုတ္တိလို့ ခေါ်တယ်။ ဒါ ဝိပဿနာနဲ့ ပတ်သက်တဲ့ တဒင်္ဂဝိမုတ္တိ – ဒီလိုနော်၊ တစ်ဆင့်ချင်း တစ်ဆင့် လွတ်သွားရတာ။
နောက်တစ်ခုကတော့ ဝိက္ခမ ၻနဝိမုတၱိ – ဝိကၡမ ၻနဝိမုတၱိ ဆိုတာ တားထားလိုက္တာ၊ ဖယ္ရွားထားလိုက္တာ၊ တွန်းဖယ်ထားလိုက်တာ၊ တွန်းပစ်လိုက်တယ် ဆိုကတည်းကိုက လက်စတုံးအောင်လုပ်တာတော့ မဟုတ်ဘူး၊ ခဏတွန်းပစ်လိုက်တာ၊ ဘေးကို တွန်းထုတ်ထားလိုက်တာ၊ အရှိန်ရှိတုန်းတော့ ကွာသွာမှာပဲ၊ ပြီးတော့ ပြန်ရောက်မလာဘူးလား၊ ပြန်လာဦးမှာပဲ၊
စာပေကျမ်းဂန်မှာ ဘာနဲ့ ဥပမာ ပေးထာတုန်းဆိုရင် ရေကန်ထဲက ရေပြင်တစ်ခုအပေါ်မှာ မှောညှင်းမှော်သေးတွေ ဖုံးနေလို့ အဲဒီမှော်တွေကို ဖယ်ရှားချင်ရင် မိမိခပ်တဲ့ ရေအိုးနဲ့ လှုပ်ခတ်ပြီးတော့ ဖယ်လိုက်လို့ရှိရင် မှော်တွေက ဘေးရောက်မသွားဘူးလား၊ ရောက်သွားတဲ့ အချန်လေးမှာတော့ မှော်လေးက ခဏဘေး ရှဲသွားတာပေါ့၊ ပြီးရင် ပြန်ရောက်မလာဘူးလား၊ ရေငြိမ်တာနဲ့ ပြန်ရောက်လာတယ်၊ အဲဒါမျိုးကို ဝိက္ခမ္ဘန ဝိမုတ္တိ လို့ခေါ်တယ်၊ တစ်ခဏ တွန်းထုတ်ထားလိုက်လို့ ဘေးကို လွတ်သွားတာလေး၊
မဂ်နဲ့ ပယ်တာကျတော့ သမုစ္ဆေဒ ဝိမုတ္တိ တဲ့၊ လုံးဝဖြတ်တောက်ပစ်လိုက်တယ်၊ မရှိတော့ဘူး၊ နောက်ထပ် မလာတော့ဘူး၊ ပဋိပဿဒ္ဓိ ဝိမုတ္တိ – မဂ်ကပယ်ထားလို့ အငွေ့လေးတွေ ကျန်နေတာကို ထပ်ရှင်လိုက်တာ၊ အဲဒါကျတော့ ပဋပဿဒ္ဓိတဲ့၊ ထပ်ပြီးတော့ ငြိမ်းအောင် လုပ်တာ၊ မီးကို ရေနဲ့ ငြှိမ်းလိုက်တဲ့အခါ မီးတော့ မရှိဘူး၊ ဘာရှိသေးတုန်း အပူငွေ့လေး ရှိနေသေးတယ်၊
အဲဒီရှိနေတဲ့ အပုလေးကို ထပ်ပြီးတော့ ရေနဲ့ငြှိမ်းတာ၊ အဲဒီသဘောလေးကို နားလည်ရမယ်၊ မင်္ဂစိတ်က ကိလေသာကို ပယ်လိုက်တယ်၊ သို့သော် ကိလေသာရဲ့ ပူငွေ့လေးတွေ နဲနဲ ကျန်နေသေးတယ်၊ ဖိုလ်ကနေ ထပ်ငြှိမ်းတယ်ပေါ့၊ အဲဒါကို ပဋိပဿဒ္ဓိ လို့ ပြောတာ၊ နိဿရဏ ဝိမုတ္တိ – ဆိုတာကတော့ အားလုံးလွတ်ထွက်သွားပြီး နိဗ္ဗာန်ကို ပြောတာ။
အဲဒီ ဝိမုတ္တိ ၅ မျိုး ရှိတဲ့ထဲက ဒီ စိတ္တာနုပဿနာမှာ လိုအပ်နေတဲ့ ဝိမုတ္တိံ ယွ စိတ္တံ ဝိမုတ္တံ စိတ္တန္တိ ပဇာနာတိ – ဆိုတဲ့ နေရာမှာ တဒင်္ဂဝိမုတ္တိနဲ့ ဝိက္ခမ္ဘဝိမုတ္တိ ၂ မျိုးနဲ့ ဆိုင်တဲ့ စိတ်ပဲ ယူရမယ်၊ ကျန်တာတွေ မယူရဘူါ်. ဘာဖြစ်လို့တုန်းဆိုတော့ သမုစ္ဆေဒဆိုတာ မဂ်ကို ပြောတာ၊ ပဋိပဿဒ္ဓိဆိုတာ ဖိုလ်ကို ပြောတာ၊ နိဿရဆိုတာ နိဗ္ဗာန်ကို ပြောတာ၊ အဲဒါတွေက ဝိပဿနာကျင့်စဉ်ကြီး အောင်အောင်မြင်မြင်ကျင့်လို့ ရလာတဲ့ အကျိုးတွေသာ ဖြစ်တယ်။ ဝိပဿနာ ရှုရမယ့် တရားတွေ မဟုတ်ဘူးတဲ့။
ဒါကြောင့်မိုလို့ ဝိမုတ္တစိတ် – ငါ့စိတ်လေးဟာ ဆိုင်ရာ ဆိုင်ရာ၊ ဥပမာ – နိစ္စသညာက လွတ်သွားပြလား၊ သုခသညာက လွတ်သွားတာလား၊ အတ္တသညာက လွတ်သွားလား၊ အဲဒီလို လွတ်သွားရင် လွတ်သွားတဲ့အနေအထားလေးရှိတယ်ပေါ့၊ မလွတ်သေးရင် မလွတ်သေးတဲ့ အနေအထားလေး ရှိတယ်၊ ဒါကြောင်မြို့လို့ ဝိမုတ္တစိတ်ကို ဝိမုတ္တစိတ်လို့ သိ၊ အဝိမုတ္တ – မလွတ်သေးတဲ့ စိတ်ကို မလွတ်သေးတဲ့စိတ်လို့ သိတဲ့၊ စိတ်ရဲ့ အခြေအနေလေးတွေကို မြတ်စွာဘုရားက ၁၆ မျိုး ခွဲဟောထားတယ်၊ စိတ္တာနုပဿနာအနေနဲက ရှုညပီဆိုလို့ရှိရင် မိမိမှာ ကြုံတွေ့ရတဲ့ အနေအထားလေးတွေ ကိုယ့်သန္တာန်မှာ ဖြစ်တာလေးတွေကို ရှုပါတဲ့။
ဒီလိုလည်း သွားမအောက်မေ့နဲ့ – သရာဂစိတ် ဝီတရာဂစိတ် ရှုပြီးရင် သဒေါသစိတ်ရှုမယ်၊ သဒေါသစိတ်ရှုပြီးရင် ဒါ ဝီတဒေါသစိတ်၊ သမောဟစိတ်၊ ဝီတမောဟစိတ် တစ်ခုချင်း ဒီလို ရှုရမယ်လို့ မအောက်မေ့နဲ့၊ ကိုယ့်သန္တာန်မှာ တကယ်ဖြစ်လာတဲ့ အနေအထားလေးကို ဖမ်းဖို့ ပြောတာနော်၊ ကိုယ့်သန္တာန်မှာ တကယ်ဖြစ်နေတဲ့ အခိုက်ကလေးတွေကို ရှုမြင်သုံးသပ်တတ်ဖို့ ပြောတာတဲ့၊ ဒါတွေကို အစဉ်အတိုင်း လိုက်ရှုဖို့ ဒီလိုပြောတာ မဟုတ်ဘူး။ အမှတ် မမှားလေနဲ့ပေါ့။
မြတ်စွာဘုရားက စိတ္တာနုပဿနာ ဆိုတာကို ဝိပဿနာကမ္မဋ္ဌာန်းရှုဖို့အနေနဲ့ ဝိပဿနာစစ်စစ်အနေနဲ့ ဟောတာပေါ့နော်၊ ကာယနုပဿနာက သမထ ကျင့်စဉ်လည်းပါတယ်၊ ဝိပဿနာကျင့်စဉ်လည်း ပါတယ်ပေါ့၊ စိတ္တနုပဿနာကျတော့ ဝိပဿနာ သက်သက်၊ သုဒ္ဓဝိပဿနာယာ-နိက၊ ဝိပဿနာရှုဖို့အတွက် မြတ်စွာဘုရားက ဒီမှာ စိတ္တာနုပဿနာကို ဟောတာဖြစ်ပါတယ်။
ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဒီ စိတ္တာနုပဿနာဆိုတာကို ရှုလိုက်တဲ့အခါမှာ စိတ်ရဲ့ အခြေအနေလေးတွေကို သိမလာဘူးလား၊ သတိကပ်လို့ သိလာတဲ့ စိတ်ရဲ့ အခြေအနေလေးတွေ၊ သဘာဝရဲ့ အနေအထားတွေ၊ စိတ်ရဲ့ Characteristics တွေကို မြင်လာပြီဆိုတဲ့ အခါကျတော့ ငါ့ သန္တာန်မြှ ဖြစ်တဲ့ စိတ်လည်း ဒီအတိုင်းပဲ၊ သူ့သန္တာန် မှာ ဖြစ်ရင်လည်း ဒီအတိုင်းပဲ၊ ငါ့သန္တာန် သူ့သန္တာန် ဘယ်သူ့ သန္တာန်ဖြစ်ဖြစ် Internal၊ External ဒါတွေ အကုန်လုံး ရှုပါတဲ့၊ ကြည့်မြင်တတ်လာတယ်။
အဲဒီကြည့်မြင်တတ်လာတဲ့အခါ နောက်ဆုံး စိတ်ဆိုတဲ့ အာရုံကလေးပေါ်မှာပဲ သတိလေးဟာ ကပ်သွားတယ်၊ ဒီပြင်ကို မေ၇ာက်တော့ဘူး၊ စိတ်ဆိုတဲ့ အာရုံလေးပေါ်မှာပဲ သတိလေးဟာ ကပ်ပြီးတော့ တည်သွားတယ်၊ အဲဒီလို သတိလေးကပ်တည်တာ ဘာတုန်းဆိုရင် စိတ်ရဲ့ သဘာဝကို သိနေဖို့နဲ့ စိတ်တွေရဲ့ သဘာဝကို အမှတ်ရနေဖို့ အတွက်သာ ဖြစ်တယ်၊ အဲဒါကို စာပေမှာ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ – လို့ ဘုရားကဟောတာ၊ ဉာဏမတ္တာယ – အသိဉာဏ်ဆိုတဲ့ အတိုင်းအတာလေး တစ်ခုအတွက်သာ သတိ ပစ္စုပဋ္ဌိတာ – သတိဟာ ရပ်တည်နေတယ်တဲ့၊ စိတ်ကလေး ရှိတယ်ဆိုတဲ့အပေါ်မှာ ရပ်တည်နေတယ်၊ ပဋိဿတိမတ္တာယ – တကယ် ထင်ထင်ရှားရျား အမှတ်ထာနေတဲ့ သတိကလေးရှိဖို့ အတိုင်းအတာအတွက်သာ ရပ်တည်နေတာဖြစ်တယ်တဲ့၊ ဘယ်လောက်ထိအောင် အဆင့်မြင့်သလဲဆိုရင် စိတ်နဲ့
ပတ်သက်လာလို့ရှိရင် သမုဒယဓမ္မ – ဖြစ်တဲ့သဘောကိုလည်း မြင်လိုက်တယ်၊ ဝယဓမ္မ – ပျောက်သွားတဲ့ သဘောကိုလည်း မြင်တယ်၊ ဖြစ်မှုပျက်မှု နှစ်ခုစလုံးကိုလည်း မြင်တယ်တဲ့၊ ဝိပဿနာဉာဏ်အဆင့်ဆင့် ဖြစ်သွားပုံကို ပြောတာနော်၊
ဒီအခြေံကို ပြောလိုက်တာနဲ့ တစ်ပြိုင်နက် နောက်ဆုံး အဆင့်ကို မြတ်စွာဘုရားက ပြောတယ်၊ အနိဿိတော စ ဝိရဟတိ – စိတ်ကလေးနဲ့ ပတ်သက်ပြီးတော့ တဏှာအတေါးတွေ၊ ဒိဋ္ဌီအမြင်တွေ ကင်းစင်သွားပြီ ဆိုတဲ့အခါ န စ လောကေ ကိဉ္စိ ဥပါဒိယတိ – လောကကြီးမှာ ရှိသမျှအရာတွေ (သို့မဟုတ်) ဟောဒီ စိတ္တ ဆိုတဲ့ လောကအပေါ်မှာ တယ်တာမှု အစွဲအလမ်းတွေ တစ်ခုမှ မရှိဘူး၊ လောကကြီးမှာ တွယ်တာနေလို့ရှိရင် သူက ပူပန်တယ်၊ ကြောင့်ကြတယ် ဆိုတဲ့ အကုသိုလ်တွေ ဆက်လာတယ်။ မတွယ်တာဘူးဆိုရင် ဒါတွေ မရှိတော့ဘူး၊

ဒါကြောင့်မို့ သံယုတ်ပါဠိတော်မှာ မြတ်စွာဘုရားက ဟောထားတာလေ၊ ဥပါဒါ ပရိတဿနာ – တဲ့ အတွယ်ရှိရင် အတွယ်ရှိနေသမျှ ပူပန်တောင့်တနေမှပဲ၊ အနူပါဒါ အပရိတဿနာ၊ မပူပန်ဘူး အတွယ်မရှိဘူး ဆိုလို့ရှိရင်လည်း ပူပန်မှု မရှိတော့ဘူးတဲ့၊ လောကမှာ လူတွေ စိတ်ပူတယ် စိတ်ပုတယ် ပြောနေတာ အတွယ်ရှိနေလို့ ပူနေတာ။ ဒါကြောင့်မို့ မြတ်စွာဘုရားက န စ လောကေ ကိဉ္စိ ဥပါဒိယတိ – လောကကြီးမှာ ဘယ်အာရုံကိုမှ တဏှာအမြင် ဒိဋ္ဌီအမြင်တွေနဲက မကြည့်ဘူး၊ ဥပါဒါန်တွေက လုံးဝ ကင်းပြတ်သွာပါတယ်။ အတွယ် မရှိဘူဆိုရင် လွတ်မြောက်သွားပြီးပေါ့၊ အနုပါဒါဝိမောကခ၊ တွယ်တာမှု ကင်လို့ လွတ်သွာတယ်၊
လွတ်သွားတယ်ဆိုတာ တချိုကက ကြောက်ကောင်းကြောက်လိမ့်မယ်။ လွတ်သွားပြီဆိုရင် ငါ့သားသမီးတွေ ဘယ်လိုထားရပါ၊ ဖြစ်ကောင်း ဖြစ်လိမ့်မယ်၊ လွတ်သွားတယ်ဆိုတာ သာသမိးတွေ ရှိနေမှာပဲ၊ လွတ်သွားတယ်ဆိုတာ တွယ်တာမှုလွတ်သွာတာကို ပြောတာနော်။ တွယ်တာမှု လွတ်သွားရင် ဘယ်လောက် နေလို့ထိုင်လို့ ကောင်သွားမလဲ၊ နေလို့ထိုင်လို့ မကောင်းတာက တွယ်တာမှုတွေကြောင့် ဖြစ်နေတာကိုး၊ မတွယ်တာလည်း အတူနေလို့ ရတာပဲ။
ဒါကြောင်မိုလို့ တွယ်တာမှုဆိုတဲ့ အင်မတန် ပူလောင်စေတတ်တဲ့ သဘာဝတရားတွေကို ဖယ်ရှားပစ်နိုင်ဖို့ရာအတွက် စိတ္တလို့ဆိုတဲ့ မိမိရဲ့ အသိစိတ်လေးပေါ်မှာ သတိကပ်ပြီး အသိဉာဏ်နဲ့ အထပ်ထပ်ရှုမြင်သုံးသပ်လိုက်မယ်ဆိုရင် သဘာဝ တရားတွေကို သိမြင်ပြီး အတွယ်အတာတွေ အားလုံက ကင်းပြတ်သွားနိုင်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူတာ။ ဒီနည်းလမ်းအတိုင်း လေကျြင့်လိုက်မယ်ဆိုလို့ရှိရင် အောင်အောင်မြင်မြင်တဲ့ နောက်ဆုံး အတွယ်အတာ ကင်းပြတ်ပြီး လွတ်မြောက်တဲ့ နဗ္ဗာန်ချမ်းသာကို ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြမြှ ဖြစ်ပါတယ်။ါးကြောင့်မို တ၇ားချစ်ခင် သူတော်စင် ပရိတ်သတ်အပေါင်းတို့ ကိုယ်စီ ကိုယ်ငှ စိတ္တာနုပဿနာကျင့်စဉ်ဖြင့် နိဗ္ဗာန်တရားကို မျက်မှောက်ပြူနိုင်ကြပါစေ။

Ref: https://www.facebook.com/dhammadownload/media_set?set=a.10204030183462622.1073741978.1464856977&type=3

ဝေဒနာနုပဿသ နာ ရှုကွက်များ (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

ကျေးဇူးတော်ရှင် အဂ္ဂမဟာဏ္ဍိတ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်မှ ဝေဒနာနုပသ နာ ရှုကွက်များ

~~~~~~
၀၀၃။ ဝေဒနာနုပဿသ နာ
~~~~~~
တရားတော်ကို ဤနေရာတွင် နာယူနိုင်ပါသည်။

Audio link

http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/MP3Disc09/003-Dr-Nandamalabhivamsa-300909.mp3

Video Link

http://dhammadownload.com/MP4Library/Dr-Nandamalabhivamsa/DVD-12/03-Dr-Nandamalabhivamsa-DVD12.mp4

စာအုပ်ကို ဤနေရာတွင် download လုပ်ယူနိုင်ပါသည်။

http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-MahaThaHtiPathanThoatAhNyitChote.pdf

~~~~~~~~
ဝေဒနာနုပဿသ နာ ရှုကွက်များ (အထက်ပါ တရားတော်မှ မိမိ နားလည်သလို မှတ်စုတို ထုတ်နှုတ်ချက်)

~~~~~~~~

ဝေဒနာဆိုသည်မှာ အာရုံ၏ အရသာကိုတွေ့ထိခံစားခြင်း
ဝေဒနာနုပဿနာ – ဝေဒနာကို အဖန်ဖန် အထပ်ထပ်ရှုမှတ်တယ်ဆိုတာ စိတ်ရဲ့ခံစားမှုကလေးတွေကို ရှုမှတ်တာကို ပြောတာပါပဲ။
စိတ်ရှိရင် ဝေဒနာရှိတယ်။ ကမ္မဋ္ဌာန်းရိပ်သာတွေမှာ ဝေဒနာကို ကျော်နိုင်ရမယ်ဆိုတာ ဒုက္ခဝေဒနာတခုတည်းကို ရည်စူးပြီးပြောတာနော်၊
ဝေဒနာဆိုတာ ကျော်အောင်မှတ်လို့ မရနိုင်ပါ။ စိတ်တွေကုန်သွားမှ ဝေဒနာကုန်မှာ၊ စိတ်ရှိနေသမျှ ဝေနာရှိနေမယ်။ မဂ်စိတ်၊ဖိုလ်စိတ်၊ နိဗ္ဗာန်ကို အာရုံပြုနေတဲ့ စိတ်တွေမှာ ဝေဒနာရှိတာပါပဲ၊

ဝေဒယိတလက္ခဏာ – အာရုံကို ခံစားတယ်ဆိုတဲ့ အမှတ်အသားရှိတယ်။

စေတသိက်တွေဆိုတာ Function တစ်ခုစီရှိကြတယ်။ ဆောင်ရွက်တဲ့ကိစ္စခြင်းမတူသည့်အတွက်ကြောင့် ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်ကိစ္စတစ်ခုစီ ရှိတာမို့ တစ်ခုလို့ ယူဆ ရေတွက်ရတယ်။ စေတသိတ်တွေဟာ စိတ်ရဲ့လှုပ်ရှားမှုတွေ၊ စိတ်ရဲ့လုပ်ဆောင်ချက်တွေ၊ လို့ပြောလို့ရတယ်။ စိတ်လေးတစ်ခုမှာ ဆောင်ရွက်မှု (ဖြစ်ပေါ်လာတဲ့အရာ) ၅၂ မျိုး ရှိလို့ စေတသိတ် ၅၂-မျိုးလို့ ဆိုတယ်၊ အဲဒီ ၅၂ မျိုးထဲမှာ ဝေဒနာကို သီးသန့်ထုတ်ပြီါ် ကမ္မဋ္ဌာန်းရှုဖို့ဆိုပြီး မြတ်စွာဘုရားက ဝိပဿနာရဲ့ အာရုံအနေနဲ့ ဒီမှာ ဟောတာ။

ဝေဒနာနုပဿနာ – ဝေဒနာ- စိတ်ရဲ့ ခံစားချက်ကလေးကို ၊ နုပဿနာ – အဖန်ဖန်အထပ်ထပ်ကြည့် (နောက်တနည်း) သင့်လျော်အောင်ကြည့်၊ မှန်ကန်တဲ့နည်လမ်းနဲ့ကြည့်၊ သတိက ဦးဆောင်သွား၊

ခန္ဓာ ၅ ပါး
ခန္ဓာ – ရုပ်အားလုံး၊ ဝေဒနာအားလုံး၊ သညာ အားလုံး၊ သင်္ခါရ (စေတနာကို ဦးတည်ထားတဲ့ စေတသိတ်တွေ) အားလုံး၊ ဝိညာဏဆိုတဲ့စိတ် အားလုံး၊ ဒါတွေအားလုံးပေါင်းပြီး ခန္ဓာ – အစု ဆိုတာ တမျိုးဟောလိုက်တယ်၊ နောက်တမျိုးက

ဥပါဒါနက္ခန္ဓာ – တဏှာအမြင်နဲ့ ကြည့်တဲ့ ခန္ဓာ၊ ဒိဋ္ဌိအမြင်နဲ့ကြည့်တဲ့ခန္ဓာ၊ အဲဒီ ခန္ဓာဟာ တဏှာအမြင် ဒိဋ္ဌိအမြင်နဲ့ကြည့်လို့ – အတွေ့အကြုံရပြီး ရှိနေတဲ့ အဲဒီခန္ဓမျိုးကို တဏှာဒိဋ္ဌိကလွှမ်းမိုးကြီးစိုးနေသလိုမျိုးဖြစ်တဲ့ တဏှာအမြင်၊ ဒိဋ္ဌီအမြင်တွေနဲ့ မြင်နေတဲ့ ခန္ဓာဟာ ဝိပဿနာရဲ့ အာရုံဖြစ်တယ်၊

ဝိပဿနာရှုတဲ့အခါမှာ အဲဒီ တဏှာအတွေးတွေ၊ ဒိဋ္ဌိအမြင်မှားမှုတွေနဲ့ အတွေးမှား အယူမှားနေတဲ့ တွယ်တာမှုတွေနဲ့ သွားနေတဲ့ ခန္ဓာကို ဝိပဿနာဉာဏ်နဲ့ရှုရမယ်၊ ဘာဖြစ်လို့ ရှုရလဲဆိုရင် ခုနက အတွေးမှားနေတာတွေကို ပျောက်သွားအောင် လုပ်ဖို့ပါပဲ၊ ဒါကြောင့်မို့ ဥပါဒါနက္ခန္ဓာကို ဝိပဿနာရှုဖို့အတွက်ဟောတယ်လို့ စာပေတွေမှာ ဆိုတာ၊
မဂ်စိတ်ဖိုလ်စိတ်မှာယှဉ်တဲ့ဝေဒနာကို ရှုမှတ်ရမှာ မဟုတ်ဘူး၊

မြတ်စွာဘုရားက ခံစားမှုနဲ့ပတ်သက်ပြီးတော့ အဘိဓမ္မာမှာ ဝေဒနာတွေအမျိုးမျိုး ဟောထားတယ်၊ သို့သော် အဘိဓမ္မာမှာပြောတဲ့အတိုင်း သဘာဝဘေဒနှင့် ဣနြ္ဒိယဘေဒ ဝေဒနာ (၂) မျိုးကို မှတ်ကြရအောင်၊

(၁) သဘာဝဘေဒ – ဝေဒနာရဲ့ သဘာဝကို ကြည့်ပြီးတော့ ခွဲတာ
ဝေဒနာ ၃-မျိုး – သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာ (ကျေနပ်စရာလည်းမဟုတ်၊ ခံပြင်းစရာလဲမဟုတ် စပ်ကြားခံစားမှုလေး)၊ အဲဒီခံစားမှု ၃ မျိုးကို ကိုယ့်သန္တာန် တွေ့အောင်ရှာရမယ်။ သတိထားပြီး သတိနဲ့ရှာမယ်။

(၂) ဒီဝေဒနာရဲ့ သဘောလေးတွေကို ကိုယ့်စိတ်ထဲမှာ တွေ့ပြီ။
နောက် အဲဒီ ဝေဒနာလေးတွေကို ထပ်ပြီး ဣန္ဒြိယဘေဒ နဲ့ ခွဲလိုက်တော့ ၅ မျိုးကွဲတယ်။ ကာယိက၊ စေတသိက ၂ ခုခွဲတာ။ သုခကို ကာယိကသုခ၊ ဒုက္ခကို ကာယိကဒုက္ခ၊ စေတသိက ဒုက္ခ၊

ရုပ်ခန္ဓာကြီးမှာ စဖြစ်တာနဲ့ နာမ်ခန္ဓာမှာ စဖြစ်တာဆိုတဲ့ ၂ ခုစီခွဲလိုက်ပြီး အဒုက္ခ မသုခ ကျတော့ မခွဲတော့ဘူး၊ သူ့ကိုတော ဥပေက္ခာဆိုတဲ့ နာမည်ပေးလိုက်တယ်။ သုခနဲ့ ပတ်သက်ပြီး ခွဲလိုက်တဲ့အခါ သုခနဲ့ သောမနဿကို ၂ ခုရတယ်။ ဒုက္ခကို ခွဲလိုက်တဲ့အခါ ဒုက္ခနဲ့ ဒေါမနဿ၊ အဒုက္ခမသုခဝေဒနာကိုတော့ ဥပေက္ခာလို့ သုံးတယ်။ မြတ်စွာဘုရားက ဣနြေ္ဒ ၂၂ ပါး ဟောကြားတဲ့အခါမှာ အဲဒီ နာမည်လေးတွေနဲ့ ဟောလို့ ဣန္ဒြိယဘေဒ လို့ပြောတာ၊
သုခဝေဒနာနဲ့ သောမနဿဝေဒနာ – ဘာကွာသလဲ၊ ၂ ခုစလုံးဟာ စိတ်နဲ့တော့ တွဲတာချည်းပဲ၊
သုခဝေဒနာကို ကာယိကသုခ – ရုပ်ကာယပေါ်မှာ စပြီး ဖြစ်တဲ့ ဝေဒနာ၊ ရုပ်ခန္ဓာကိုယ်မှာ စတင်ပြီး စိတ်မှာ အကျိုးသက်ရောက်တာ၊

သောမနဿဝေဒနာ ကျတော့ အဲဒီလိုမဟုတ်ဘူး၊ ရုပ်ခန္ဓကိုယ်ကြီးက ဘယ်လိုပဲနေနေ သူ့အတွေးလေးနဲ့ သူ ကျေနပ်နေတာ၊

ဒါကို နားလည်လို့ရှိရင် ဒုက္ခနဲ့ ဒေါမနဿလည်း ဒီတိုင်းပဲ – ဒုက္ခဆိုတာ စတင်ဖြစ်တာက ကိုယ်ကာယမှာ စ ဖြစ်တယ်၊

ဒေါမနဿ ဆိုတာကတော့ – ခန္ဓာကိုယ်ကတော့ ကောင်းကောင်းမွန်မွန် စားပြီး ကောင်းကောင်းမွန်မွန် နေနေတဲ့ အချိန်လေးမှာ ဝမ်းနည်းစရာသတင်းတစ်ခုကြားလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ထဲမှာ ဝမ်းနည်းမှု ဖြစ်သွားတယ်။ နေ့စဉ်ဘဝမှ စိတ်ရဲ့ခံစားချက်အမျိုးမျိုးတွေနဲ့ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်နဲ့ နေထိုင်နေကြတယ်။ အကြိမ်များလာတော့ ပိုခိုင်မာလာတယ်။

ကာမရာဂါနုသယောအနုသေတိ – အာရုံနဲ့ ဆုံတာနဲ့တပြိုင်နက် စိတ်ထဲမှာ ကာမရာဂ ကိန်းသွားတယ်။ ကိန်းတယ်ဆိုတာ နောက်ထပ်အာရုံအကြောင်းတခုဆုံတာနဲ့ ဒါလေးထပ်ပေါ်ဖို့ဆိုတာ သေချာသွားပြီ။ အနုသယဆိုတာ အဲဒါကိုပြောတာ။ ဒါကြောင့်မို့လို့ စာပေထဲမှာ အနုရူပ ကာရဏလဘိတွာ ဥပ္ပဇ္ဇတိ လို့ဆိုတယ်။ အဓိပ္ပါယ် ၂ မျိုး ယူလို့ရတယ်။ အနုရူပံ ကာရဏံ လဘိတွာ – သင့်လျော်သော အကြောင်းကို ရရှိပြီုးဖြစ်လို့ ဥပ္ပဇ္ဇတိ – ဖြစ်နေတာ ဖြစ်သွားတာ။ ဒီအာရုံလေးပေါ်မှာ တဏှာဖြစ်သွားတာ။

နောက်တနည်းပြောရင် သင့်လျော်တဲ့အကြောင်းရမယ်ဆိုရင် ဖြစ်လာမှာ။ ဒါကြောင့်မို့ အနုသယကို ကနာဂတ် ကိလေသာလို့ပြောတာ။

မနှစ်သက်စရာအာရုံတွေ့လို့ ဒေါသတစ်ခါဖြစ်ရင် နောက်တစ်ခါလာရင်လည်း ဒေါသပဲ ဖြစ်မှာပဲ။ ဒါကြောင့်မို့ ဒုက္ခာယဝေဒနာ ပဋိဃာနုသယော အနုသေတိ တဲ့၊
ဒုက္ခာယဝေဒနာနဲ့စပ်ပြီး ပဋိဃာနုသယ ဆိုတဲ့ ဒေါသလေးက လာပြီ၊ အခြေအနေတွေ ပေးလာပြီ။

သုခါယာ ဝေဒနာယ ကာမရာဂါနုသယော မနုသေတိ – သုခဝေဒနာနဲ့ ကြုံလာပြီဆိုလို့ရှိရင် ကာမရာဂလာပြီ၊ တဏှာလာပြီ၊ ဒီလိုအနေအထားလေးတွေကို ရှောင်လွှဲလို့ မတတ်နိုင်လောက်အောင်ဖြစ်တယ်။ အဲဒါတွေကို သတိမထားဘူး၊ ဝေဒနာရဲ့ သဘာဝကို မစဉ်းစားနိုင်ဘူးဆိုလို့ရှိရင် ဒါတွေပဲ ထပ်တလဲလဲလာနေမှာပဲ၊ လာနေရင်လည်း တဏှာတွေကလည်း အားသန်လာလိမ့်မယ်၊ ပဋိဃဆိုတဲ့ ဒေါသတွေလည်း အားသန်သည်ထက် သန်လာလိမ့်မယ်၊ အဲဒီတော့ သံငရာက လွတ်ဖို့ဆိုတာ ဖြစ်နိုင်ပါမလား၊ မဖြစ်နိုင်ဘူး။

ပဋိစ္စသမုပ္ပါဒ်မှာ ဝေဒနာပစ္စယာ တဏှာ လို့ဟောတယ်၊ ဝေဒနာပစ္စယာ ဒေါသော လို့တော့ မဟောဘူး။ သတ္တဝါတွေမှာ ဒေါသထက် လောဘက အဖြစ်များတာကိုး။
သို့သော် ဝိသုဒ္ဓိမဂ် အဋ္ဌကထာကြီးမှာတော့ ဒုက္ခီ သုခံ ပတ္ထယတိ တဲ့၊ ဒုက္ခရောက်တဲ့ ချမ်းသာကို လိုချင်တာ၊ သုခီဘိယျောပိ ဣစ္ဆတိ – ချမ်းသာတဲ့လူက ပိုပြီးတော့ ချမ်းသာတာကို လိုချင်တာ၊ ဆိုတော့ တဏှာတွေပဲ လာနေတယ်။

အနိဋ္ဌာရုံနဲ့တွေ့ရင် ဒေါသလာမယ်၊ ဒါကို မျက်နှာလွှဲပြီး အရင်တုန်းက တွေ့ကြုံခဲ့တဲ့ ကောင်းတဲ့ အာရုံကို မျက်နှာမူ အစားထိုးချင်တာ၊ အဲဒီတော့ ဝေဒနာပစ္စယာ တဏှာ ပဲ လာမှာပေါ့၊

အဒုက္ခမသုခ ဆိုတာကျတော့ မသိဘူး၊ သိဖို့အင်မတန်ခက်တယ်။ ထူးခြားမှုမရှိတဲ့ ခံစားချက်ကလေး၊ အဲဒီခံစားချက်ကို မသိရင် အဝိဇ္ဇာ ဖြစ်တယ်၊ ဒါကြောင့်မိုလို့ အဒုက္ခမသုခါယ ဝေဒနာယ အဝိဇ္ဇာနုသယော အနုသေတိ – တဲ့၊ မသိတော့လည်း လွတ်လားဆိုတော့ မလွတ်ဘူး၊ အဝိဇ္ဇာနုသယ ဖြစ်တယ်၊ ဒါကြောင့်မို့ သိအောင်ကြိုးစားရမယ်။
ဝေဒနာ ၃ ပါး၊ ဝေဒနာ ၅ ပါး၊ အဲဒါ လူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ခံစားချက်တွေပဲ။

~~~~
ရှုကွက် – ဝေဒနာ ၉ မျိုး
~~~~~

ကမ္မဋ္ဌာန်းနည်းနဲ့ ရှုမှတ်ရမှာကတော့ မြတ်စွာဘုရားက ဒီ မဟာသတိပဋ္ဌာန သုတ်မှာ သုခံ ဝေဒနံ ဝေဒယမာ နော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ – ကိုယ် ခံစားနေတဲ့ ဝေဒနာက သုခဝေဒနာလို့ ဆိုရင် ငါ သုခဝေဒနာ ခံစားနေတယ်လို့ သိရမယ်၊ ဒါသတိကပ်လို့ သိတဲ့ အသိနော်၊

မြတ်စွာဘုရားက ဝေဒနာဘက်ကို ဦးလှည့်လိုက်ရင် သတိလေးနဲ့ လှည့်ကြည့်ပြီးတော့ သုခံ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒခုံ ဝေဒယာမီ တိ ပဇာနာတိ – တဲ့၊ အဲဒီမှာ သိတာက ပညာရဲ့ အလုပ်ပဲ၊ အဲဒီ ခံစားနေမှုဆိုတာ သတိထားတာက သတိရဲ့ အလုပ်ပဲ၊

မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ဝေဒနာကို ၉ မျိုးခွဲထားတယ်။
သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ အဒုက္ခမသုခဝေဒနာ၊ အဲဒီ ဝေဒနာ ၃-မျိုး ပေါ်မူတည်ပြီး ၉ မျိုးခွဲလိုက်တယ်။
သုခကို သာမိသ (ကာမဂုဏ်နဲ့ ပါတ်သက်)၊ နိရာမိသ (ကာမဂုဏ်နဲ့ မပါတ်သက်)
ဒုက္ခကို သာမိသ၊ နိရာမိသ
အဒုက္ခမသုခဝေဒနာကို သာမိသ၊ နိရာမိသ
သာမိသ၊ နိရာမိသတနဲ့ မတွဲပဲထားတာက ၃ မျိုး၊ တွဲပြီးထားတာက ၆ မျိုး၊ စုစုပေါင်း ၉ မျိုး
အဲဒါ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ဝေဒနာကို ၉ မျိုးခွဲပြီးတော့ ရှုမှတ်ဖို့ ဟောထားတယ်။

သာမန်အားဖြင့် ကာမဂုဏ်အာရုံတွေနဲ့ ပတ်သက်မှုတွေကို မစဉ်းစားဘူး၊ ကိုယ့်ခန္ဓာမှာဖြစ်လာတဲ့ သုခဝေဒနာသည် ဘာနဲ့ပတ်သက်ပြီးဖြစ်တာလဲ မစဉ်းစားဘူး၊ အဒုက္ခမသုခဝေဒနာသည် ဘာနဲ့ပတ်သက်ပြီးတောဖြစ်တာလဲ မစဉ်းစားဘူး၊ ဝေဒနာ သက်သက်ကို ရှုတဲ့နည်းသ ပထမ ၃ မျိုး၊

အဲဒါကိုထပ်ပြီး စိတ်ထဲမှာ ကာမဂုဏ်အာရုံတွေနဲ့ ပတ်သက်ပြီး ပျော်တာ မရှိနိုင်ဘူးလား၊ ကာမဂုဏ်နဲ့မဟုတ်ဘဲ တရားနဲ့ ရှုမှတ်ပြီးတော့ ပျော်တာရော မရှိနိုင်ဘူးလား၊ ကိုယ့်သန္တာန် မှာ ဖြစ်တဲ့ သုခဝေဒနာလေးဟာ ကာမဂုဏ်နဲ့ ပတ်သက်တာ ဆိုလို့ရှိရင် သာမိသသုခ၊ ကာမဂုဏ်နဲ့ မပတ်သက်ဘူး၊ ကာမတွေနဲ့ ဝေဒကွာတဲ့ အကျင့်တစ်ခုနဲ့ ပတ်သက်တာဆိုရင် နိရာမိသတဲ့၊ သာမိသနဲ့ မဆိုင်ဘူး၊ ဒုက္ခဖြစ်တာလည်း ထို့အတူပဲ၊ ဒီကာမအာရုံတွေနဲ့ ပတ်သက်လာပြီးတော့ ဒုက္ခဝေဒနာခံစားမှုဆိုရင် နိရာမိသ ဒုက္ခ၊ အဒုက္ခမသုခကလည်း ထို့အတူပဲ၊ ဒီလို ခွဲတယ်ပေါ့။

ဘယ်လို အမျိုးအစားပဲဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ သုခဝေဒနာဖြစ်ရင် သုခဝေဒနာဖြစ်နေတယ်လို့ သိအောင်လုပ်ပါတဲ့။ ဒုက္ခဝေဒနာဖြစ်နေရင် ဒုက္ခဝေဒနာမှန်း သိအောင် လုပ်နေပါတဲ့။ အခု ပစ္စုပ္ပန် အခိုက်အတန့်လေးတွေကို ကြည့်ခိုင်းတာနော်၊ မနေ့ကဟာကို တွေးခိုင်းတာ မဟုတ်ဘူး၊ နောက်လာမယ့်ဟာကို တွေးခိုင်းတာ မဟုတ်ဘူး၊

အခုဖြစ်ပြီး အခုသိတာကို ဆိုလိုတာ၊ အခုဖြစ်နေတာကို နောက်စိတ်နဲ့ သိတာ၊

အဲဒီလို သိတဲ့အခါ ခံစားတာဟာ ဘယ်သူလဲဆိုတဲ့ မေးခွန်း၊ ပုဂ္ဂုလ်လား၊ သတ္တဝါလား၊ ဘယ်သူလဲ၊ ငါခံစားတာလား၊ ငါ ဆိုတာ ဝေဒနာကိုပဲရည်ညွှန်တာ၊ ဝေဒနာကခံစားတာပါ၊ ဝေဒနာကလွဲပြီး ခံစားသူ မရှိပါဘူး။

သတိကြီးကြီး၊ ဥာဏ်ကြီးကြီးနဲ့ ရှုနိုင်မှ တရားရဲ့သဘောက ထင်ရှားပေါ်လာနိုင်တယ်။ သန္ဒိဋ္ဌိကော – ဆိုတဲ့အတိုင်း လူတိုင်း သိနိုင်တဲ့ တရားတွေချည်းပဲ၊ ဘယ်သူခံစားတာလဲ – ဝေဒနာခံစားတာ၊ ပုဂ္ဂုလ်သတ္တဝါမဟုတ်ဘူး၊ ဝေဒနာသည်ပင်လျှင် ခံစားတာ၊ ဘာကြောင့် ခံစာတာလဲ – အာရုံနဲ့ ဝတ္ထုဆုံလို့ ခံစားတာပါ – အဲဒီ သဘာဝလေးကို ရှင်းရှင်းလင်းလင်းမြင်ဖို့ မြတ်စွာဘုရားက ဝေဒနာနုပဿနာကို ဟောတာတဲ့။

ဝိသုဒ္ဓိမဂ်မှာမှာ ကမ္မဿ ကာရကော နတ္ထိ – အလုပ်တစ်ခုဖြစ်ပေါ်လာတယ်ဆိုရင် အဲဒီအလုပ်ကို လုပ်တဲ့သူ ရှိလာဆိုရင် လုပ်တဲ့သူ မရှိဘူး၊ ကမ္မဿ – ခံစားခြင်းဆိုတဲ့အမှုကို ကာရကော – ပြုတတ်တဲ့သတ္တဝါဆိုတာ မရှိဘူး၊ ခံစားခြင်းကို ဘယ်သူလုပ်တာလဲလို့ မေးရင် လုပ်တဲ့ပုဂ္ဂိုလ်သတ္တဝါဆိုတာ မရှိဘူး၊

ဝိပါကဿ စ ဝေဒကော -တဲ့၊ ကံတရားကို လုပ်တဲ့သူမရှိသလို ထိုကံတရားရဲ့အကျိုးကို ခံစားရတဲ့လူကော ရှိလာလို့ဆိုရင် မရှိပါဘူးတဲ့၊ ကံကို လုပ်တဲ့သူ ကံအကျိုးကို ခံစားရတဲ့သူ ဘယ်သူလဲဆိုရင် ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးတဲ့၊ သဘာဝတရားသက်သက်တွေ ဖြစ်နေတာတဲ့၊ အကျိုးတရားပေါ်တာကိုပဲ ခံစားတယ်လို့ ပြောတာ၊ ဆိုလိုတာက – အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ ပုဂ္ဂိုလ်သတ္တဝါနဲ့ မဆက်စပ်ပဲနဲ့ သဘာဝတရားသက်သက်သာ ဖြစ်လာတာ ဖြစ်တယ်၊ ဧဝေတံ သမ္မာဒဿနံ – ဒါမှ ဗုဒ္ဓဘာသာတွေရဲ့ မှန်ကန်တဲ့ အမြင်၊ သမ္မာဒဿနာလို့ ခေါ်တယ်၊ မှန်ကန်တဲ့ အမြင် ဖြစ်စေတယ်တဲ့နော်၊

ဘယ်သူခံစားတာလဲဆိုရင် ဝေဒနာခံစားတာ၊ ဝေဒနာ ခံစားတယ်ဆိုတာ ဝေဒနာရဲ့ ဖြစ်တည်မှုပဲ၊ ဒီသဘာဝတရားလေးပေါ်လာတာ အကြောင်းမဲ့ မဟုတ်ဘူး၊ ဝတ္ထုအာရုံဆုံလို့ ပေါ်လာတာ၊ ဒီလို အမြင်လေးတွေကို မြင်ဖို့ရာအတွက် ဝေဒနာနုပဿဆိုတဲ့ ကမ္မဋ္ဌာန်းကို မြတ်စွာဘုရားက ဟောတာပါတဲ့၊

ဝေဒနာဟာ အင်မတန်အရေးကြီးတယ်၊ ဝေဒနာဟာ တဏှာကို ဆောင်သွားတယ်၊ တဏှာဘက်ရောက်သွားရင် ဒုက္ခ သမုဒယော -ဆိုတဲ့အတုင်း ဒုက္ခကို ဖြစ်စေတာ၊ ဒီ ဒုက္ခကို အဆုံးသတ်ချင်ပြီဆိုရင် ဒီတဏှာမလာမှ ဖြစ်မှာ၊ ဒါကြောင့် ဝေဒနာရဲ့ သဘာဝလေးကို သိအောင် မြတ်စွာဘုရားက ခံစားနေတဲ့အချိန်တိုင်းမှာ ဒါ သုခဝေဒနာ ခံစားတယ် ဒုက္ခဝေဒနာ ခံစားတယ်ဆိုတာ သိအောင် လုပ်ခိုင်းတာပါ။

အဒုက္ခမသုခဝေဒနာဖြစ်နေရင် အဒုက္ခမသုခဝေဒနာဖြစ်တယ်လို့ သိပါတဲ့၊

အဲဒီလို သိပြီးတဲ့အခါ တစ်ဆင့်တက်ရမှာက အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ၊ ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ – တဲ့၊ မြတ်စွာဘုရားက အဇ္ဈတ္တ၊ ဗဟိဒ္ဓနဲ့ ခွဲတယ်၊

ဝေဒနာဆိုတာ ဘယ်သူ့ဝေဒနာပဲဖြစ်ဖြစ်၊ ကိုယ့်ဝေဒနာ၊ သူများသန္တာန်မှာဖြစ်နေတဲ့ ဝေဒနာ၊ အတူတူပဲ၊ ဘယ်သူ့သန္တာန်မှာ ဖြစ်ဖြစ် ဝေဒနာပဲဆိုတဲ့ အမြင် မြင်တတ်ဖို့ မြတ်စွာဘုရားက ဟောတာ၊

ဝိပဿနာဉာဏ်စဉ်တက်လာတဲ့အခါကျတော့ သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ – ဝေဒနာဟာ သူ့ဟာသူဖြစ်တာမဟုတ်၊ ဆိုင်ရာကြောင့်ဖြစ်တာ၊

နောက် ဖြစ်နိုင်တာက သမုဒယဓမ္မ – ဝေဒနာဟာ ဖြစ်ပေါ်လာတဲ့ သဘောရှိတယ်၊ ဝေဒနာရဲ့ ဖြစ်မှုကို မြင်တယ်၊ ဝယဓမ္မာနုပဿီ ဝါ – ဝေဒနာရဲ့ ပျက်သွားတာကိုလည်းမြင်တယ်၊ ပျက်တဲ့သဘောရှိတာကိုလည်း မြင်တယ်၊ သမုဒယဝယဓမ္မာနိုပဿီ ဝါ – မဖြစ်အပျက် နှစ်မျိုးလုံးသဘောရှိတယ်ဆိုတာကိုလည်း ရှုမြင်သုံးသပ်ရမယ်လို့ ဆိုလိုတယ်။

ဒါက ဉာဏ်စဉ်တက်လာတာ၊ သမာဓီစွမ်းအားတွေကောင်းပြီး ဉာဏ်ထက်လာပြီဆိုရင် ဒါ မြင်လာမှာပဲ၊
အဲဒီလို မြင်လာပြီဆိုရင် ကိုယ့်ရဲ့ သတိတရားဟာ ဘယ်ပေါ်မှာပဲ ရပ်တည်နေတုန်းဆိုတော့ ဝေဒနာရှိတယ်ဆိုတာလေးပေါ်မှာပဲ ရပ်တည်နေတယ်။ ဝေဒနာကနေ သတိ မခွာသွားဘူး၊ အဲဒီခွာမသွားတာဟာ သူက တွယ်တာတာ မဟုတ်ဘူး၊ ဝေဒနာရဲ့ သဘောတွေကို သိရှိနေဖို့အတွက် ဉာဏ်ဖြစ်ဖို့နဲ့ မမြဲတမ်း သတိထားနေဖို့၊ ထပ်ဆင့်ပြီးတော သတိလာနေဖို့၊ သတိထားဖို့ရာအတွက် ဝေဒနာရှိတယ်ဆိုတာ မှတ်သားနေတယ်လို့ ဒီလို ပြောတာနော်၊

ဝေဒနာနဲ့ ပတ်သက်ပြီးတော့ အနိသိတော စ ဝိဟရတိ တဏှာဆိုတဲ့အတွေးလည်း မလာတော့ဘူး၊ မှာယွင်းတဲ့အမြင်တွေလည်း မလာတော့ဘူးဈ လုံးဝ တဏှာဒိဋ္ဌိက လွတ်သွားတယ်။ န စ လောကေ ကိဉ္စိ ဥပါဒိယတိ – ဝေဒနာနုပဿနာ ရှုလိုက်တဲ့အခါကျတော့ ဝေဒနာပေါ်မှာ အခုလို ရှုရင်းနဲ့ နောက်ဆုံး လောကကြီးတစ်ခုလုံးပေါ်မှာ သို့မဟုတ် ဝေဒနာဆိုတဲ့ လောက အပေါ်မှာ စွဲလမ်းတယ်ဆိုတဲ့ အရာ တစ်ခုမှ မရှိဘူး၊ ဥပါဒါန်တွေ

လုံးဝကျွတ်လွတ်သွားတယ်၊ စွဲလမ်းနေတဲ့ အတွေးတွေ၊ တွယ်တာမှုတွေ။ မှားယွင်းမှုတွေ အားလုံး ကျွတ်လွတ်သွားတာပဲ၊ ဥပါဒါန်တွေ မရှိတော့ဘူးဆိုရင် အစွဲအကင်းပြတ် အငြိမ်းဓာတ်ဆိုတာ တွေ့နိုင်တယ်။ ဥပါဒါန် မရှိတော့ဘူးဆိုရင် အနုပါဒါ ဝိမောက္ခ -လို့ ခေါ်တာပါပဲ၊ ဘာကိုမှ မစွဲတော့ဘူး၊

ဘာမှ မစွဲဘဲနဲ့ ဝိမောက္ခ – ကိုယ့်စိတ်လေးဟာ လွတ်သွားပြီတဲ့၊ တဏှာဆိုတဲ့ အတွယ်အတာတွေက လွတ်သွားတယ်၊ မှားယွင်းတဲ့ အမြင်က လွတ်သွားတယ်။

အဲဒီ လွတ်သွားတဲ့စိတ်ဟာ အင်မတန် တန်ဖိုါ်ရှိတဲ့ စိပဲ။ အဲဒီလိုလွတ်အာင် ဝေဒနာဆိုတဲ့ အာရုံပေါ်မှာ ကိုယ့်စိတ်လေးကို လေ့ကျင့်ပါလို့ ဘုရားက ပြောတာ၊ သတိပဋ္ဌာန်တရားမှာ ဝေဒနာပေါ် သတိကပ်ပြီးတော့ ဉာဏ်ရည်ဉာဏ်သွေးထက်လာအောင် လျေ့ကင့်ပေးခြင်းကို ဝေဒနာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။

ဒီဝေဒနာကမ္မဋ္ဌာန်းနဲ့ပတ်သက်ပြီး သစ္စကသုတ္တန် မှာလည်း မြတ်စွာဘုရားက ဝေဒနာဆိုတာ တစ်ခုပြီးမှ တစ်ခုဖြစ်လို့ရတယ်၊ သုခဖြစ်နေချိန်မှာ ဒုက္ခမဖြစ်ဘူး၊ ဒုက္ခဖြစ်နေချိန်မှာ သုခမဖြစ်ဘူးဈ သုခချည်း ဖြစ်နေရတာလည်း မရှိဘူး၊ ဒုက္ခချည်း ဖြစ်နေရတာလည်းမရှိဘူး၊ ဆိုင်ရာအကြောင်းတွေကြောင့် ဖြစ်ရတာ ဖြစ်သောကြောင့် သူတို့ဟာ သင်္ခတံ -တဲ့၊ သအစ္စယ – တဲ့၊ အကြောင်းတရားတွေက ဖန်တီးထားတဲ့ အရာသာ ဖြစ်တယ်၊ ဝေဒနာဆိုတာ အကြောင်း

တရားတွေက လုပ်ထားတဲ့ အရာပဲစ်ြတယ်၊ ပဋိစ္စသမုပ္ပန္တွ – ဆိုင်ရာအကြောင်းကိုမှီပြီး ဖြစ်နေတဲ့ အရာမှန်သမျှ ခယဓမ္မ – ကုန်သွားတဲ့သဘော၊ ဝယဓမ္မ – ပျက်သွားတဲ့သဘောတွေ ရှိတယ်၊ ဘယ်အရာမှ မညမဲဘူးဆိုတဲ့ သဘောကို အားလုံးမြင်ရင် ဝိပဿနာဉာဏ်စဉ်တက်ပြီးတော့ အတွယ်အတာအားလုံး ကင်းပြတ်ကာ စိတ်ကလေးဟာ လွတ်မြောက်သွားနိုင်ပါတယ်။

အဲဒါကြောင့် မြတ်စွာဘုရားရဲ့ မဟာသတိပဋ္ဌာနသုတ်မှာ ဝေဒနာကို ၉ မျိုး ခွဲခြားသော်လည်း ဝေဒနာနုပဿနာကို ဝေဒနာကမ္မဋ္ဌာန်း တစ်ခုအနေနဲ့ပဲ ယူပြီး ဟောတာ ဖြစ်ပါတယ်။

Ref: https://www.facebook.com/dhammadownload/media_set?set=a.10204019004143146.1073741976.1464856977&type=3

ကာယနုပဿသ နာ ရှုကွက်များ (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာဏ္ဍိတ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော မဟာသတိပဋ္ဌာနသုတ် အနှစ်ချုပ်မှ ကာယနုပဿသ နာ ရှုကွက်များ

~~~~~~
၀၀၂။ ကာယနုပဿသ နာ
~~~~~~
တရားတော်ကို ဤနေရာတွင် နာယူနိုင်ပါသည်။

Audio link

http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/MP3Disc09/002-Dr-Nandamalabhivamsa-290909.mp3

Video Link

http://dhammadownload.com/MP4Library/Dr-Nandamalabhivamsa/DVD-12/02-Dr-Nandamalabhivamsa-DVD12.mp4

စာအုပ်ကို ဤနေရာတွင် download လုပ်ယူနိုင်ပါသည်။

http://dhammadownload.com/File-Library/Dr-Nandamalabhivamsa/Dr-Nandamalabhivamsa-MahaThaHtiPathanThoatAhNyitChote.pdf

~~~~~~~~
ကာယနုပဿသ နာ ရှုကွက်များ (အထက်ပါ တရားတော်မှ မိမိ နားလည်သလို မှတ်စုတို ထုတ်နှုတ်ချက်)

~~~~~~~~

မဟာသတိပဋ္ဌာနသုတ်မှာ ကမ္မဋ္ဌာန်းအာရုံ ၂၁ မျိး ပေး ထားတဲ့အနက် ကာယနုပဿနာနဲ့ စပ်ဆိုင်တဲ့ ကမ္မဋ္ဌာန်းအာရုံ ၁၄ မျိုးရှိတယ်။

အဲဒီ ၁၄ မျိုးအနက်မှ ရုပ်အလောင်း ၉ မျိုးရှုပွားမှုကို အပိုင်း တစ်ခု အနေနဲ့ စုပေါင်းလိုက်ရင်၊ အကျဉ်းအားဖြင့် ကာယနုပဿနာ ရှုနည်း အပိုင်း ၆ ပိုင်း ရရှိပါသည်။

~~~~~~~~
ကာယနုပဿနာ ရှုနည်း အပိုင်း ၆ ပိုင်း
~~~~~~~~

(၁) အာနာပါန ပဗ္ဗ – ထွက်လေ ဝင်လေနှင့် (သတိစွမ်းအား၊ ဥာဏ်စွမ်းအားတွေကို ထက်လာအောင်) လေ့ကျင့် ခြင်း

(၂) ဣရိယာပထအဗ္ဗ – လျှောင်း၊ ထိုင်၊ ရပ်၊ သွား- စတဲ့ သွားလာလှုပ်ရှား ဣရိယာပုထ် လေးပါး နှင့် (သတိစွမ်းအား၊ ဥာဏ်စွမ်းအားတွေကို ထက်လာအောင်) လေ့ကျင့်ခြင်း

(၃) သမ္ပဇညပဗ္ဗ – လျှောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ အကြီးစားတွေထဲကမှ ခန္ဓာကိုယ်ရဲ့ ဣရိယာပုထ်
အသေးစားလေးတွေကို သတိထားပြိး ဆင်ခြင်တုံတရားနှင့် ဆင်ခြင်ပြီးတော့ ဥာဏ်ရည်ဥာဏ်သွေးတက်အောင် လေ့ကျင့်ခြင်း

(၄) ပဋိကူလ မနသိကာရပဗ္ဗ – ခန္ဓာကိုယ်ကြီးထဲက ၃၂-ကောဋ္ဌာသ ဖြစ်သော (၁) ကိုယ်မြင်လို့ရတဲ့ ၅မျိုး – ဆံပင်၊ မွေးညှင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊ (၂) ကိုယ်မြင်လို့မရသော ၂၇ မျိုး – အသား၊ အကြော၊ အရိုး၊ ခြင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်- စသော ၃၂-မျိုးသော ခန္ဓာကိုယ်မှာ ရှိနေတဲ့ အရာတွေကလည်း body တွေပဲ။ အဲဒါကိုတော့ ပဋိကူလ မနသိကာရပဗ္ဗ – ရွံစရာတွေနဲ့ ပတ်သက်တဲ့ ကာယာနုပဿနာအခန်း၊ ကာယမှာ မသတီစရာ၊ ရွံစရာတွေကိုလည်း ဆင်ခြင်စဉ်းစားပြီး သတိကပ်ဖို့ လေ့ကျင့်ဖို့ကိုလည်း အပိုင်းတစ်ပိုင်းအနေနဲ့ ဟောထားတယ်။

(၅) ဓာတု မနသိကာရအဗ္ဗ – ခန္ဓာကိုယ်ထဲမှာ ဓါတ်ကြီးလေးပါးဆိုတဲ့ ထင်ရှားသိသာတဲ့ အရာရှိတယ် – ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အဲဒီဓါတ်ကြီးလေးပါးကို ခန္ဓာကိုယ်ကြီးထဲမှာ ရှိနေတဲ့ အနေအထားအတိုင်း တစ်ခုစီ တစ်ခုစီ ဆင်ခြင်သုံးသပ်ပြီးတော့လည်း သတိကပ်ဖို့၊ ကာယနဲ့ပတ်သက်ပြီး ဥာဏ်တွေထက်လာအောင် နည်းစနစ်တွေ၊

အားလုံး ကာယနုပဿနာ အပိုင်း ၅ ခု၊

(၆) နဝသိဝထိကပဗ္ဗ – သချိုင်းမှာတွေ့ရမယ့် ရုပ်အလောင်း ၉ မျိုး ခွဲပြီး ရှုပွားရသော ကာယနုပသနာကမ္မဋ္ဌာန်း

စုစုပေါင်း ၁၄ မျိုး

~~~~~~~~
ကာယနုပသနာကမ္မဋ္ဌာန်း အားထုတ်သူတို့၏ ကျင့်ဝတ်

~~~~~~~~

အာတာပီ-သမ္ပဇာနော-သတိမာ (သို့မဟုတ်) ကာရက မဂ္ဂင် ၅ ပါး

အာတာပီ-သမ္ပဇာနော-သတိမာ
အာတာပီ – ကြိုးစားမှု၊ ကာယိကဝိရိယ၊ စေတသိကဝီရိယ (စိတ်ဓါတ်ပြင်းထန်) နှစ်မျိုး
သမ္ပဇာနော – ကိုယ်လုပ်တဲ့ လုပ်ငန်း ကိုယ် နားလည်ရမယ်၊ စိတ်ရဲ့ အခြေအနေကို အမြဲတမ်း လေ့လာအကဲခတ်နေရမယ်၊ စိတ်အားကျသွားရင်မြှင့်ပေးရမယ်၊ တက်လာရင်လျှော့ပေးရမယ်၊
သတိမာ – သတိဆိုတာ သမာသတိပဲ၊ ဝီရိယတို့၊ သတိတို့၊ ပညာတို့ဆိုတာ တရားအာထုတ်ရင် မရှိမဖြစ်တဲ့ အရည်အသွေးတွေပါပဲ။ ဒါတွေကို တစ်ခုနဲ့တခု ထိန်းညှိပေးရတယ်၊ သဘာဝတရားတွေက လုပ်တယ်ဆိုတာ သူအလုပ်ပဲသူလုပ်တာ၊ ဆိုင်ရာဆိုင်ရာ အလုပ်ကိုပဲ လုပ်ကြတာ၊ ဘောင်ကျော်ပြီး မလုပ်ဘူးတဲ့၊

ကာရက မဂ္ဂင် ၅ ပါး
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓီ – မဂ္ဂင် ၅ပါး၊ – တရားအားထုတ်ရင် သူတို့က အလုပ် လုပ်တာ။
သမ္မာဝ်စာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ က တရားအားထုတ်တဲ့ function ထဲမှာ မပါဘူး၊ အထောက်အကူပြုတဲ့ အနေနဲ့ဘဲ ပါတယ်၊

~~~~~~~~
ကာယနုပဿနာ ရှုနည်း အပိုင်း ၆ ပိုင်း – ရှင်းတမ်း
~~~~~~~~

(၁) အာနာပါနဿတိ ကမ္မဋ္ဌာန်း
~~~~~~~~

(ပထမ) နေရာရွေးချယ်ခြင်း၊
– အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ၊
(က) အရညဂတော – လူသံတိတ်ဆိပ်တဲ့ လူသူမနီး ဆိတ်ငြိမ်တဲ့တော မှာ ဖြစ်စေ
(ခ) ရုက္ခမူလဂတော – သစ်ပင်အနီး၊ သစ်ပင်အောက် မှာ ဖြစ်စေ
(ဂ) သုညာဂါရဂတော – ဘယ်သူမှ မရှိတဲ့ ကိုယ်တစ်ယောက်တည်းနေတဲ့ တိုက်ခန်းမှာ ဖြစ်စေ

(ဒုတိယ) ထိုင်ပုံထိုင်နည်းစနစ်
နိသီဒတိ – ထိုင်ပြီး အားထုတ်ပါ၊
ပလ္လင်္ကံ အာဘုဇိတွာ – အမျိုးသားတွေ အတွက် တင်ပလ္လင်ခွေထိုင်
အဒ္ဓပလ္လင်္က – အမျိုးသမီးတွေအတွက် ဒူးတစ်ဖက်တုပ်ထိုင်နည်းစနစ်နဲ့ ထိုင်၊
ဥဇုံ ကာယံ ပဏိဓာယ – ခါးကနေ ခေါင်းအထိ ခန္ဓာကိုယ်လေးကို ဖြောင့်ဖြောင့် ထားပါတဲ့၊
ပရိမုခံ သတိံ ဥပဋ္ဌပေတွာ – သတိလေးကို ကမ္မဋ္ဌာန်းအာရုံ ရှေ့ကို ပို့လွှတ်ပါတဲ့၊ ကမ္မဋ္ဌာန်းအာရုံရှိတဲ့အပေါ်မှာ သတိလေးက အဲဒီအာရုံကို ရယူလိုက်ပါလို့ ဆိုလိုတယ်။

(တတိယ) ရှုကွက် –

(လေ့ကျင့်စဉ် ပထမ အဆင့်)
ဖုဋ္ဌ ဌာနေ – လေကလေး ထိသွားတဲ့နေရာကို စိုက်ကြည့်ပါ၊ မြတ်စွာဘုရားက လေကလေးထိတဲ့နေရာလို့တော့ မဟောဘူး၊ သတိကို အဲဒီကို ပို့လွှတ်လိုက်၊ ထွက်လေ ဝင်ထွက် ထိသွားတဲ့နေရာကို ပို့ပြီးရင် နံပါတ်တစ် စ လေ့ကျင့်ရမှာက
သတောဝ အဿတိ၊ သတောဝ ပဿတိ – သတိလေးထားပြီး ရှူသွင်းလိုက်ပါ၊ သတိလေးထားပြီး ရှိုက်ထုတ်လိုက်ပါ၊ ရှူသွင်းတဲ့လေကလေးကိုလည် သတိရှိပါ၊ လေကလေး ရှိုက်ထုတ်တဲ့အချိန်မှာလည်း သတိရှိပါ၊ ဒါကို စဉ်ဆက်မမြတ် လေ့ကျင့်ရမယ်။

(လေ့ကျင့်စဉ် ဒုတိယ အဆင့်)

အဲဒီလို လေ့ကျင့်လိုက်တဲ့ အခါကျတော့ တိုးတက်မှု ရှိလာတယ်။ ကိုယ်ရှူသွင်းလိုက်တဲ့ လေ ကလေးဟာ အချိန်ပိုင်းအားဖြင့် ရှည်ကြာမှုရှိသလား၊ အချိန်အားဖြင့် တိုသလား၊ အရှည် အတိုလေးပါ သတိထားမိလာတယ်။ အဲဒီနှစ်ခု သဲသဲကွဲကွဲ ဖြစ်လာတဲ့ အသိဥာဏ်တစ်ခု တက်လာတယ်။

(လေ့ကျင့်စဉ် တတိယ အဆင့် )

အဲဒီလို တစ်ဆင့်တက်လာပြီးတော့ နောက်မှာ ဘာသိဖို့ ကြိုးစားရမလဲ၊ ကိုယ့်ရဲ့ကြိုးစားမှုနဲ့ အသိကလေးမြှင့်တင်ပေးရမယ်။ ဘာမြှင့်တင်ပေးရမလဲဆိုရင်
သဗ္ဗကာယပဋိသံဝေဒီ အဿ သိဿာမီတ သိက္ခတိ – အဲဒီစကားလေးသုံးထားတယ်။

သဗ္ဗကာယပဋိသံဝေဒီ – သတိထားပြီးတော့ ကာယအားလုံးကို သိရှိလျှက်၊ ဒီနေရာမှာ အဋ္ဌကထာဆရာရဲ့ ရှင်းလင်းချက်၊ ပဋိသမ္ဘိဒါမဂ် ရဲ့ ရှင်းလင်းချက်ကို မသိဘူးဆိုရင် သဗ္ဗကာယ -အရ တစ်ကိုယ်လုံးလို့ မှတ်ယူစရာ ရှိတယ်။ ခန္ဓာကိုယ် တစ်ကိုယ်လုံး ကြည့်နေရင် အာနာပါနမဟုတ်တော့ဘူး၊ အာနာပါနဆိုတာ ထွက်လေ ဝင်လေ ပဲ၊ ကိုယ်လုပ်တာက အာနာပါန၊ ကြည့်တာက တစ်ကိုယ်လုံးဆိုရင် အာရုံတွေ လွဲမသွားပေဘူးလား၊ အဲဒါကို မမှန်ဘူးလို့ သိရမယ်ပေါ့။

သဗ္ဗကာယ- သဗ္ဗ ဆိုတာ အလုံးစုံ၊ ကာယ ဆိုတာ အစု၊ ဟောဒီ ဝင်လေ ထွက်လေ လေးဟာ ကာယအစုကလေးပဲ၊ အဲဒီအစုလေးကို အကုန်သိအောင်လုပ်တဲ့၊ အကုန်ဆိုတာ ဟောဒီ လေ လေး စတင်လာပုံ၊ လေလေး အဆုံးသတ်သွားပုံ၊ စတင်မှုနဲ့ အဆုံးသတ်မှုရဲ့ကြားမှာ ဖြစ်ပေါ်ပုံ၊ ဆိုလိုတာက စ လယ် ဆုံး သုံးမျိုးစလုံး စဉ်ဆက်မပြတ် သိတာကို သဗ္ဗကာယပဋိသံဝေဒီ လို့ပြောတာ။ ဝင်လေ ထွက်လေ အားလုံး အစုအဝေးကို သိအောင် စ လယ် ဆုံး သုံးမျိုးလုံးကို သိအောင် ရှူမယ်ဆိုပြီး ကြိုးစားအားထုတ်ပါတဲ့။ သိက္ခတိ – ကြိုးစားအားထုတ်ပေးတဲ့။

သဗ္ဗကာယပဋိသံဝေဒီ အဿ သိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿ သိဿာမီတိ သိက္ခတိ၊ – အာနာပါနရဲ့ ကာယ body အစုအားလုံးကို စ လယ် ဆုံး အားလုံးသိအောင် ရှူသွင်းမယ်လို့ ကြိုးစားပါ၊ ရှိုက်ထုတ်မယ်လို့ ကြိုးစားပါ၊ ဒါဟာ အားလုံးကို သိဖို့အတွက် ကြိုးစားခိုင်းတာ။

နံပါတ် (၁) သတောဝ အဿတိ၊ သတောဝ ပဿတိ သတောဝ – သတိထားပြီး ရှူ၊ သတိထားပြီး ရှိုက်တဲ့၊ ရှူသွင်း၊ ရှိုက်ထုတ် သတိထားပြီးလုပ်၊
နံပါတ် (၂) အရှည် အတို သိ
နံပါတ် (၃) အာနာပါန အစ အလယ် အဆုံး သုံးပါစလုံး သိအောင်ကြိုးစားတဲ့၊

လူတစ်ဦးနဲ့တဦး သတိစွမ်းအားတို့၊ ဥာဏ်အရည်အသွေးတို့ မတူတဲ့အတွက်ကြောင့် ဒီအဆင့်ရောက်အောင် တစ်မိနစ်အတွင်း၊ တစ်ထိုင်အတွင်း၊ ဥာဏ်ရည်မထက်သူအတွက် လနဲ့ချီ ကြာရင်လည်းကြာမယ်။ ပုဂ္ဂိုလ်နဲ့ ဆိုင်တယ်လို့ မှတ်ယူရမယ်။

(လေ့ကျင့်စဉ် စတုတ္ထ အဆင့်)

နောက်တဆင့်တက်ပြီး စဉ်းစားရမှာက ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခ – ကြိုးစားရမယ်၊ ပဿမ္ဘယံ – ငြိမ်သွားအောင်၊ ငြိမ်းသွားအောင်၊ ကာယသင်္ခါရ – ကာယကို ပြုပြင်ပေးနေတဲ့အရာလေးဟာ ငြိမ်သွားအောင်၊ ငြိမ်းသွားအောင် ရှူသွင်းမယ်လို့ ကြိုးစားပါတဲ့။

ကာယသင်္ခါရ – ဆိုတာ ဘာလဲလို့ မေးရင် ကာယသင်္ခါရဆိုတာ ထွက်လေ ဝင်လေကိုပဲ ပြောတယ်၊ တခြားဟာကို ပြောတာ မဟုတ်ဘူး။ ဒီနေရာမှာလည်း ကာယသင်္ခါရကို အဓိပ္ပါယ်ကောက်တွေလွဲပြီး ဖွင့်ဆိုနေတဲ့ တချို့စာအုပ်တွေရှိတယ်။ အထူးသဖြင့်နိုင်ငံခြားမှာ အင်္ဂလိပ်လိုပြန်တဲ့စာအုပ်တွေမှာ မှားမှားယွင်းယွင်းတွေ အများကြီးရှိတယ်။

စူဠဝေဒလ္လသုတ်မှာ ပါတတ် – အဿာပပဿာသာ ကာယာသင်္ခါရော – ဆိုတဲ့စကား ရှိတယ်၊ ထွက်လေ ဝင်လေကို ကာယသင်္ခါရလို့ခေါ်တာ။
သာမန်အာဖြင့်ပြောရင် သင်္ခါရဆိုတဲ့ အသံလေးကြားလိုက်တာနဲ့ အများက ဘာထင်တုန်းဆိုရင် မမြဲတဲ့သဘောကို သွားတွေးတယ်။ အဲဒါတွေ မဟုတ်ဘူးတဲ့။ ကာယသင်္ခါရ ဆိုတာ ဒီနေရာမှာ ကိုယ်လုပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံက ဘာလဲ၊ အာရုံကနေတခြားမထွက်သွားဖို့ အရေးကြီးဆုံးပဲ၊ ကိုယ်လုပ်နေတာက အာနာပါန၊ အားလုံးဟာ အာနာပါနနဲ့ သက်ဆိုင်တာချည်းပဲ မှတ်ရမယ်၊ အဲဒီ ရှိုက်သွင်းနေတဲ့ လေကလေးဟာလည်း ကာယသင်္ခါရ၊ အဲဒီ ကာယသင်္ခါရ – လေကလေး သိမ်မွေ့ပြီးတော့ သွားအောင် ရှူမယ်-ရှိုက်မယ်လို့ ကြိုးစားပါတဲ့။
တရားအာထုတ်ပါ များလို့ရှိရင် ရှူမှရှူရဲ့လားလို့ထင်ရလောက်အောင် ငြင်သာသွားတယ်၊ ထွက်လေ ဝင်လေလေး သိပ်ငြိမ်သက်သွားသည် အထိ သိအောင်ကြိုးစားပါတဲ့၊ ဟောဒီအဆင့် လေးဆင့်ကို မဟာသတ်ပဋ္ဌာနသုတ်မှာ ဟောတာ။

တခြားသုတ္တန်တွေမှာကျတော့ ၁၆ ဆင့်ထိ ဟောတာရှိတယ်။ အဋ္ဌကထာမှာ ရေးထားတာက ကမ္မဋ္ဌာန်းစပြီး အားထုတ်တဲ့ beginner တွေအတွက် ဒီ ၄ ခုက အဓိကကျတယ်၊ ကျန်တာတွေကတော့ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာတွေနဲ့ ပတ်သက်ပြီး ဈာန်ရတဲ့ပုဂ္ဂိုလ်တွေအတွက် အခြားအာရုံတွေနဲ့ ဆက်စပ်ပြီးတော့ ဟောတာပါတဲ့၊ အာနာပါန စ-အားထုတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဒီ ၄ ချက် လုပ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

ဒီထက်ပြည့်ပြည့်စုံစုံကတော့ ဝိသုဒ္ဓိမဂ်မှာ လာတဲ့အတိုင်း အာနာပါနဿတိကို မှတ်ကြရမှာဖြစ်ပါတယ်။ ဒါက ဒီသုတ္တန်မှာဟောပုံအတိုင်း ဒါလေ့ကျင့်တာ၊ စတုတ္ထအဆင့်အထိအောင် သိမ်မွေ့လှတဲ့ ကာယသင်္ခါရ ထွက်လေ ဝင်လေလေး ဖြစ်လာပြီဆိုရင် သမာဓိစွမ်းအားတွေလည်း တက်လာပြီ၊ ဥာဏ်စွမ်းအားတွေလည်း တက်လာပြီ၊ သတိတွေလည်း ကောင်းလာပြီ။ ကောင်းလာတဲ့အခါ ဒီအာရုံလေးကို
အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ – မြတ်စွာဘုရားက ဆက်ဟောတယ်၊ အဇ္ဓတ္တကာယကိုလည်း ဆက်ပြီးရှူလိုက်ပါဦးတဲ့၊
ဗဟိဒ္ဓါ ဝါ ကာယေ ကာယနုပဿီ ဝိဟရတိ -တဲ့၊ ဗဟိဒ္ဓကာယဆိုတဲ့ နေရာမှာ အဋ္ဌကထာဆရာရဲ့ ဖွင့်ပုံက (အဇ္ဈတ္တကာယ) က မိမိရဲ့ထွက်လေဝင်လေကို ရှူတာ ၊ (ဗဟိဒ္ဓကာယ) သူတပါးရဲ့ ထွက်လေဝင်လေကို ရှူတာ၊ ဒါက စွမ်းရည်ထက်လာရင် သူတစ်ပါးရဲ့ ထွက်လေ ဝင်လေကို ရှူနိုင်တဲ့သဘောကို ပြောတာ ဖြစ်မယ်။
ဒီလိုလည်း ဖြစ်နိုင်တယ်၊ ထွက်လေဝင်လေက ဗဟိဒ္ဓ၊ျွှတ်နေတဲ့စိတ်က အဇ္ဈတ္တ၊ အဲဒါကိုလည်း ရှူလို့ရတယ်၊ ထွက်လေဝင်လေတင် သိတာမဟုတ်ဘူး၊ အဆင့်မြင့်လာလို့ရှိရင် သိတဲ့စိတ်ကိုလည်း နောက်စိတ်လို့ သိတယ်၊ ထွက်လေဝင်လေကို ရှူနေတဲ့စိတ်ကိုလည်း နောက်စိတ်တစ်ခုက ထပ်ပြီးတော့ ရှူပေးတယ်။ ပထမတော့ ရှူတဲ့ အာရုံလေးတစ်ခုကိုပဲ သိတယ်။ နောင်လေ့ကျင့်လာတဲ့ အခါကျတော့ အရှူခံနေတဲ့ အာရုံလေးကိုလည်း သိတယ်၊ ရှူတဲ့ စိတ်ကလေးကိုလည်း သိလာတယ် ဆိုတော့ နှစ်ခု ဖြစ်သွားတယ်၊
ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ – ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ – တဲ့၊ ဉာတ ဆိုတာ သိစရာအာရုံလေးကို ရှူတယ်၊ ဉာဏဆိုတာ သိတဲ့ဉာဏ်ကလေးကိုလည်း ရှူတယ်တဲ့၊ နှစ်ခုရှူတယ်၊ ထွက်လေဝင်လေကို ရှူနေတယ်ဆိုရင် ထွက်လေဝင်လေကိုလည်း ရှူနိုင်တယ်၊ ထွက်လေဝင်လေကို သိနေတဲ့ အသိဉာဏ်ကိုလည်း ရှူလို့ မရနိုင်ဘူးလား၊ ရတယ်။

အဲဒီတော့ ထွက်လေဝင်လေရှူတာကို သိလိုက်တဲ့အခါကျတော့ အဇ္ဈတ္တ၊ ထွက်လေဝင်လေဆိုတဲ့အာရုံကို ရှူတာကျတော့ ဗဟိဒ္ဓ၊ အဲဒီနှစ်ခုကို တစ်လှည့်စီတစ်လှည့်စီ ရှူတဲ့အခါကျတော့ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ တဲ့၊ တစ်လှည့်စီ အဇ္ဈတ္တကို ရှူလိုက်၊ ဗဟိဒ္ဓကို ရှူလိုက်ဆိုတော့ အာရုံချင်းက ကပ်ခါသီခါလေးတင် ပြောင်းတာ၊ ထွက်လေဝင်လေကနေခွါ မသွားဘူး၊ ထွက်လေဝင်လေဆိုတဲ့ အာရုံကိုလည်း ရှူတယ်၊ အဲဒီအာရုံကို သိတဲ့ စိတ်ကလေးကလည်း တစ်ဖက်က ရှူလိုက်တယ်ဆိုတော့ အဲဒီလိုများ အဓိပ္ပါယ်ယူရင် ပိုပြီးတော့ကောင်းမယ်ထင်တယ်၊ ဒါက ဘုန်းဘုန်းရဲ့ ကိုယ်ပိုင်ထင်မြင်ချက်နော်၊ စာထဲမှာ ဒီလိုတော့ မပါဘူး။ အဲဒီလိုအဓိပ္ပါယ် မှတ်ယူမယ်ဆိုရင် အဇ္ဈတ္တဗဟိဒ္ဓ အာယတန ယူပုံလေးနဲ့ ကိုက်တယ်ပေါ့၊ ပြီးတော့ သူများရဲ့ ထွက်လေ ဝင်လေ သွားရှူရာလည်း မလိုဘူး။ အဲဒီနေရာ ဋီကာဖွင့်ဆိုမှုကို ကြည့်တဲ့အခါ အဇ္ဈတ္တ ဗဟိဒ္စဆိုတာ ဖြစ်နိုင်ချေလေးတွေကို ထည့်ပြောတာပါတဲ့၊ သူများရဲ့ထွက်လေ ဝင်လေကို သွားရှူလို့ သမထဆိုတာတောင် မဖြစ်နိုင်ပါဘူးလို့ ရေးထားတယ်။ သမထမဖြစ်နိုင်ဘူးဆိုတာ၊ သမာဓိမရနိုင်ဘူးလို့ပြောတာ၊ အဲဒီတော့ ခုနအဓပ္ပါယ်ကိုယူရင် အင်မတန်မှ ဆီလျော်စရာရှိတယ်ပေါ့၊ တချို့ စာကို အဓိကထားရင် စာထဲမပါရင် အငြင်းပွားစရာဖြစ်တယ်၊ တရားကတော့ မမှားဘူးပေါ့၊ နှစ်ခုလုံး ရှူတာချည်းပဲ၊ သို့သော် စာအဓိပ္ပါယ်က ဒီလိုဆိုလိုတာလား၊ ဆိုလိုတာ မဟုတ်ဘူးလား၊ ဒီလောက်ဘဲ ပြောစရာ ရှိတယ်ပေါ့။

ဝိပဿနာဘက် ကူးပုံ

ဒီအာနာပါန – ထွက်လေဝင်လေနဲ့ ပက်သက်လာရင် အဇ္ဈတ္တ ထွက်လေဝင်လေပဲ ဖြစ်စေ၊ ဗဟိဒ္ဓ ထွက်လေဝင်လေပဲဖြစ်စေ အဲဒီ ကာယလေးတွေကို ရှူမှတ်ပြီး နေလိုက်တဲ့အခါ ဘာတွေတိုးမြှင့်ပြီးတော့ သိလာသလဲ၊ ဝိပဿနာဘက် ဘာတွေကူးသွားသလဲဆိုတော့ ထွက်လေဝင်လေ ရှူရင်းကနေ – သမုဒယဓမ္မာနုပဿီဝါ – ဖြစ်စေတတ်တဲ့ အကြောင်းတရားလေးကိုလည်း သိလာတယ်၊ ဝယဓမ္မာနုပဿီ ဝါ – ပျက်သွားတဲ့ အကြောင်းတရားလေးကိုလည်း သိလာတယ်၊ ဒါ အဋ္ဌကထာအဆို၊ သမုဒယဓမ္မာနုပဿီ ဆိုတာ ဖြစ်ကြောင်းတရားကိုလည်း သိတယ်၊ ဝယဓမ္မာနုပဿီ ဆိုတာ ပျက်ကြောင်းတရားကိုလည်း သိတယ်။ ဒီနေရာမှာ မဟာစည်ဆရာတော်ဘုရားကြီးက – သမုဒယဓမ္မာနုပဿီ ဝါ ဝယဓမ္မာနုပဿီ ဝါ -ကို အာနာပါနနဲ့ ပတ်သက်ပြီး ဖြစ်လာတာလည်းတွေ့တယ်၊ ပျက်တာလည်း တွေ့တယ်၊ ဖြစ် ပျက်မြင်တာကို ပြောတာတော်၊ ဆရာတော်ကြီး စကားဟာလည်း စာထဲ မပါပေမယ့်လို့ သင်လျော်တဲ့ စကားတစ်ခုပဲ။ ဒီလိုလည်း ဖြစ်နိုင်ပါတယ်လို့ မဟာစည်ဆရာတော်ကြီးက သူ့စာအုပ်မှာ ရေးထားတာ ရှိတယ်။
သမုဒယဓမ္မာနုပဿီ ဝါ – ဖြစ်မှုသဘောကိုလည်း သိလာတယ်၊ ဝယဓမ္မာနုပဿီ ဝါ – ပျက်မှုသဘောကိုလည်း သိတယ်၊ ဝိပဿနာဉာဏ်ဝင်လာတာကို ပြောတာ၊ ဒီ အာနာပါနလေးဟာလည်း ဝါယောကာယဖြစ်သည့်အတွက်ကြောင့် ဖြစ်ပြီးရင် ပျင်တဲ့သဘောရှိတယ်၊ အဲဒါကို သိတယ်၊ အသိဉာဏ်တွေဟာ ရင့်လာတယ်၊ တက်တက်လာတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပြောတာ။
အဲဒီလို စိတ်ကို ထွက်လေဝင်လေနဲ့ လေ့ကျင့်လိုက်တဲ့ အခါ အသိဉာဏ် စွမ်းအားတွေ တက်လာပြီးတော့ နောက်ဆုံကျတော့ သူ့မှာ ကာယဆိုတဲ့ အသိဘဲ ကျန်တော့တယ်၊ ငါ အနေနဲ့ ရှိနေတာ မဟုတ်ဘူး၊ ငါ ဥစ္စာဆိုပြီး ရှိနေတာ မဟုတ်ဘူး၊ ကာယ အနေနဲ့ ရှိနေတယ်ဆိုတာလေးကို အဲဒီ ကာယလေးပေါ်မှာ သတိစွမ်းအားတွေ ဖြစ်နေတယ်၊ ဉာဏ်စွမ်းအားတွေဖြစ်နေတယ်၊ သတိဉာဏ် ဖြစ်မှုထက် ပိုပြီးတော မထင်မှတ်တော့ဘူးတဲ့၊ ဒီ ကာယလေး ရှိနေတယ် ဆိုတဲ့အပေါ်မှာ သူက သတိလေးဖြစ်နေတယ်။ ဉာဏ်လေးဖြစ်နေတယ်။ အဲဒီ သတိဉာဏ်ဖြစ်နေတဲ့အပေါ်မှာ ကာယနဲ့ပတ်သက်ပြီး တဏှာဆိုတဲ့အတွေးတွေလည်း မလာဘူး၊ မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိ အတွေးတွေလည်း မလာဘူး၊ တဏှာအတွေးက ဘာတုန်းဆိုရင် ငါ့ရဲ့ထွက်လေလေး၊ အို အသက်ရှူလို့ ကောင်းလိုက်တာ၊ ရှိုက်လို့ ကောင်းလိုက်တာ၊ ဆိုတဲ့ အတွေးတွေ၊ ဒါမျိုးတွေ မလာတော့ဘူး၊ ငါ့ဟာဆိုတဲ့ အတွေးတွေ မလာတော့ဘူး။

နစ ကေကေ ကိဉ္စိ ဥပါဒိယတိ

နောက်ပြီးတော့ ဒီထက်လေဝင်လေလေးကို အတ္တဆိုတဲ့ အရာလေးက လုပ်ဆောင်နေပါလားဆိုတဲ့ အတွေးလည်း မလာတော့ဘူး၊ မိစ္ဆာဒိဋ္ဌိအတွေးရော၊ တဏှာအတွေးရော ဒီနှစ်ခုလုံးဟာ လုံးဝ မလာနိုင်တော့ဘူးတဲ့၊ န စ လောကေ ကိဉ္စိ ဥပါဒိယတိ တဲ့၊ ထွက်လေဝင်လေကို သိနေတာနဲ့ သတိကပ်နေတာကလွဲပြီး ဘယ်အရာကိုမှ တဏှာနဲ့ဖြစ်စေ မိစ္ဆာဒိဋ္ဌိနဲ့ဖြစ်စေ စွဲမှတ်ထားတာ မကျန်တော့ဘူးတဲ့၊ ဆိုလိုတာက အစွဲတွေ ပြုတ်သွားတယ်၊ ဒီလိုလေ့ကျင့်လိုက်ရင် တဏှာဒိဋ္ဌိတွေ ဖယ်ရှားပြိးတော့ အစွဲတွေပြုတ်သွားမယ်တဲ့၊ အဲဒီလို အစွဲပြုတ်သွားရင် အာနာပါနကျင့်စဉ် တစ်ခု အောင်မြင်သွားပြီလို့ ပြောတာ။

~~~~~~~~
(၂) ဣရိယာပထ
~~~~~~~~

အဲဒီအတိုင်းပဲ အခြားအာရုံတွေနဲ့လည်း လေ့ကျင့်ရမယ်တဲ့၊ ဣရိယာပထအဗ္ဗ . လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါး ဣရိယာပုတ်တွေကို အာရုံစိုက်ပြီး သတိကပ်နေ၊ ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်နေ၊ ခုနလိုပဲ ကျင့်စဉ်တွေ အတူတူပဲ၊ သတိကပ်ပြီး လေ့ကျင့်နေတဲ့အခါမှာ အဇ္ဈတ္တကာယနဲ့ လေ့ကျင့်မယ်၊ ဗဟိဒ္ဓကာယနဲ့ လေ့ကျင့်မယ်၊ အဇ္ဈတ္တဗဟိဒ္ဓကာယနဲ့ လေ့ကျင့်မယ်၊လေ့ကျင့်ပါများလာတဲ့အခါကျတော့ မမြဲတဲ့သဘောတွေ တွေ့လာမယ်၊ ပျက်တဲ့ သဘောတွေ တွေ့လာမယ်၊ ဖြစ်တဲ့ သဘောတွေ တွေ့လာမယ်၊ ဖြစ်တာ ပျက်တာ တွေ့မြင်လာမယ်၊ မြင်လာရင် သဘာဝတရား တစ်ခုအနေနဲ့သာ ရှိတယ်ဆိုတာ သတိရော ဉာဏ်ရော ဖြစ်နေတယ်၊ တဏှာအတွေး ဒိဋ္ဌိအတွေးတွေ မလာတော့ဘူး၊ လွတ်သွားပြီတဲ့၊ လောကကြီးအပေါ်မှာ အာလုံးဟာတွယ်တာမှုတွေ လွတ်သွားပြီ၊ ဒါက ဣရိယာပထပဗ္ဗ။

~~~~~~~~
(၃) သမ္ပဇညပဗ္ဗ
~~~~~~~~

အသေးစားလှုပ်ရှားမှုတွေကျတော့ အသမ္မောဟ သမ္ပဇညဖြင့် သိရမယ်၊ အသမ္မောဟ သမ္ပဇည ဆိုတာ မတွေဝေဘူးတဲ့၊

~~~~~~~~
(၄) ပဋိကူလ မနသိကာရပဗ္ဗ
~~~~~~~~

နောက်တစ်ခုကျင့်ပုံက ပဋိကူလ မနသိကာရ ဆိုတာပဲ၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရွံစရာတွေကို တွေးမယ်၊ ခန္ဓကိုယ်ကြီါ်မှာ ရှိတဲ့ ၃၂ ကောဋ္ဌာသတွေကို တစ်ခုချင်း တစ်ခုချင်း စဉ်းစားပြီး စိတ်ကလေးဟာ အဲဒီကာယလို့ဆိုတဲ့ ၃၂ မျိုးပေါ်မှာပဲ လှည့်လည်ပြီးတော့ သတိစွမ်းအားတွေ ဉာဏ်စွမ်းအားတွေ တက်လာပြီဆိုရင် ခုနပြောတဲ့ ကာယပေါ်မှာ သတိနဲ့ ဉာဏ်တွေထက်လာတယ်၊ ဒီဋ္ဌိအတွေးတွေ တဏှာ အတွေးတွေ ဝင်မလာဘူး၊ လောကကြီး တစ်ခုလုံးအပေါ်မှာ ဘယ်အပေါ်မှာမှ မစွဲလန်းတော့၊ စိတ်ကလေး လွတ်မြောက်သွားတယ်၊

~~~~~~~~
(၅) ဓာတု မနသိကာရအဗ္ဗ –
~~~~~~~~

နောက်တစ်ခုက ဓာတု မနသိကာရ – ဓာတ်ကြီးလေးပါးကိုနှလုံးသွင်း ဆင်ခြင်ခြင်း၊ ခန္ဓာကိုယ်ကြီးကို အရှိအတိုင်း ဓာတ်ကြီး ၄ ပါး ခွဲကြည့်လိုက်၊ ကိုယ့်ကိုယ်ကို ကြည့်လိုက်ပေါ့၊ ခန္ဓာကိုယ်ကြီး ဘာတွေနဲ့ တည်ဆောက်ထားတယ်၊ အရိုးပေါ်မှာ အသားတွေ တင်ပြီး ပရေတွေ ကြွက်သားတွေနဲ့ ထိန်းထားတာ မဟုတ်လား၊ ခန္ဓာကိုယ်ဆိုတာ အရိုးအိမ်ကြီးပဲ၊ အဲဒီအရိုးအိမ်ကြီးမှာ အသားတွေထည့်၊ ထည့်ပြီးတဲ့အခါ အပေါ်က အရေလေးနဲ့ ပတ်ချုပ်ထားတာ၊ တစ်ခုနဲ့ တစ်ခု အကြောတွေနဲ့ ဆိုင်းထားတာ၊ ကြိုးလေးတွေ ချည်ထားတာနဲ့ အတူတူပဲ။ အဲဒီ အရိုးအိမ်ကြီးဟာ ပကတိအိမ်ကြီး တည်ဆောက်ထားတာနဲ့ အင်မတန်တူတယ်၊ ခန္ဓာအိမ်ကြီးမှာ အမာခံတည်ဆောက်ထားတာ အရိုးတွေနဲ့ တည်ဆောက်ပြီးတော့ အသားတွေ အကြောတွေနဲ့ ထိန်းညှိပြီးထားတဲ့ ခန္ဓာကိုယ်ကြီးတဲ့၊ အဲဒီထဲမှာ ဘာတွေ ထည့်ထားတုံးဆိုရင် အပူငွေ့တွေကော ထည့်မထားဘူလား၊ Heating System ဆိုတာ အဲဒီအထဲမှာ ရှိပြီးသားတဲ့၊ ခန္ဓာကိုယ်ကြီးရဲ့ အပူတွေ၊ တရားနာတဲ့နေရာမှာ ထိုင်နေတဲ့ သူတွေ ထသွားရင် အဲဒီနေရာမှာ အပူငွေ့ မကျန်ထဲ့ဘူးလား၊ ကျန်ရစ်တယ်။ Heating System ခန္ဓာကိုယ်ထဲမှာ ရှိပြီးသား၊ အဲဒါတွေက တေဇောတွေ၊
ဝါယောတဲ့ – အသက်ရှူသွင်းနေတာတို့၊ သွေးတွေလည်ပတ်နေတာတို့၊ လေစွမ်းအားတွေနဲ့ လှုပ်ရှားနေတာတို့တွေ့ရမယ်။ ခန္ဓာကိုယ်ကြီး အနေအထားကို တစ်ခုစီ တစ်ခုစီ စဉ်းစားလိုက်ရင် ပထဝီလည်းတွေ့ရတယ်၊ အာပေါလည်း တွေ့ရတယ်၊ ဝါယောလည်း တွေ့ရတယ်၊ တေဇော ဝါယောကလွဲပြီး တခြား အရာ မတွေ့ရတော့အောင် ခန္ဓာကိုယ်ကြီး ပျောက်သွားအောင် ရှုမှတ်ရမယ်တဲ့။

အဲဒီလိုပဲ ခန္ဓာကိုယ်ကို ပထဝိ အာပေါ တေဇော ဝါယောဆိုတတဲ့ ဓာတ်ကြီး ၄ ပါးနဲ့ ဖျက်ချလိုက်ရင် ဒါက ပထဝီ၊ ဒါက ဝါယော၊ ဒါက တေဇော၊ ဒီလောက်ပဲမြင်တော့ လူသဏ္ဍန်ပျောက်သွားပြီဆိုရင် ခုနကလို သတိစွမ်းအားတွေ ဉာဏ်စွမ်းအားတွေ ထက်လာလို့ တဏှာအတွေး ဒိဋ္ဌိအတွေးတွေ လုံးဝ မရှိတော့ဘူတဲ့၊ အဲဒီလို လုံးဝမရှိတော့ရင် လောကကြီးတစ်ခုလုံးမှာ စွဲလမ်းမှုတွေကင်းလွတ်သွားနိုင်ပါတယ်။

~~~~~~~~
(၆) နဝသိဝထိကပဗ္ဗ
~~~~~~~~

သင်္ချိုင်းနဲ့ ပတ်သက်ပြီး ဟောတာက အလောင်းကောင်တွေနဲ့ ပတ်သက်သွားတယ်။
(၁) လူတွေ အနိစ္စရောက်သွားတဲ့အခါ ၂ ရက် ၃ ရက် ကြာတဲ့အခါ ရောင်ဖောလာပြီး ပြည်တွေနဲ့ ပုပ်ပွနေတဲ့ အလောင်းကောင်ကြီးတွေကိုကြည့်ပြီး – အော် ငါ့ခန္ဓာကိုယ်ကြီးဟာလည်း ဒါမျိုးဖြစ်မှာပဲ၊ ဒီသဘောရှိတယ်၊ ငါလည်း ဒီသဘောကို မကျော်လွှားနိုင်ဘူး – လို့ ဒီလိုစဉ်းစားပါတဲ့၊ ဒါ ကမ္မဋ္ဌာန်း အားထုတ်တာပဲနော်၊

(၂) သိဝထိက – ဆိုတာ သင်္ချိုင်း၊ သင်္ချိုင်းမှာ ရောက်နေတဲ့ အလောင်းကောင်နဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပြီး ကြည့်တာ၊ – အယံ ပိ ကာယော ဋ္ဌဝံဘာဝီ -တဲ့၊ ငါ့ခန္ဓာကြီးလည်း ဒီလိုသဘောရှိတယ်၊ ဧဝံဓမ္မော -ဒီသဘောရှိနေတယ်၊ ဧဝံဘာဝီ – ဒါမျိုးဖြစ်ဦးမှာပဲ၊ ဧဝံ အနတိက္ကမော – ဒီအခြေအနေမျိုးကို မလွန်ဆန်နိုင်ဘူးဆိုတာ၊ ဒီလို ဆင်ခြင်စဉ်းစားပါတဲ့၊ အဲဒီလို တွေးလိုက်ရင် ခုနလိုပဲ တဏှာအတွေးလည်း မလာဘူး၊ ဒိဋ္ဌိအတွေးတွေလည်း မလာဘူး၊ အသိဉာဏ်တွေ သတိတွေထက်ပြီး လောကမှာ တွယ်တာစရာတွေ မရှိတော့ဘူး၊ ဒါက ပုံမပျက်သေးတဲ့ ခန္ဓာကိုယ်ရုပ်အလောင်း

(၃) အရိုး၊ ပုံပျက်သွားတဲ့ လူ့သဏ္ဍန် Skeleton နဲ့ ပတ်သက်တာ ၇ ခု၊ အရိုးဘဝရောက်သွားတဲ့အခါ အဲဒီ အရိုးပေါ်မှာ အသားလေးတွေ အသွေးလေးတွေ အကြောလေးတွေ ဆိုင်းထားပြီး ပုံမပျက်သေးတဲ့ အရိုးစုက တစ်ခု၊

(၄) နောက်တစ်ခါ အသားမရှိတော့ဘူး၊ သွေးလေးတွေ လူးပြီးတဲ့နေတဲ့ အရိုးစု တစ်ခု။
(၅) နောက်တစ်ခါ အရိုးစုမှာ အသားတွေ အသွေးတွေ လုံးဝမရှိတော့ဘူး၊ အကြောလေးနဲ့ပဲ ဆိုင်းထားတဲ့ အရိုးစုက တစ်ခု။
(၆) လက်တခြား၊ ခြေတခြား၊ ခေါင်းတခြား တခြားစီဖြစ်ပြီးတော့ ဗလနှံ့ကျဲနေတဲ့ အရိုးစုက တစ်ခု၊
(၇) အဲဒီလို အနှံ့အပြားဖြစ်နေရုံတင်မကဘူး နှစ်ကြာလာတဲ့အခါ အရိုးက အရောက်ပြောင်းသွားတယ်၊ နေပူလိုက် မိုးရွာလိုက်ဆိုတော့ အရိုးစုတွေဟာ ဖွေးဆွတ်ပြီးတော နေတယ်၊ အရောင်ပြောင်သွားတဲ့ အရိုးစုက တစ်ခု၊
(၈) နောက် နှစ်ကြာပြီး ၃ နှစ် ၃ မိုး ကြာလာတဲ့အခါ အရိုးတွေက ဆွေးသွားတယ်၊ အဲဒီလို ဆွေးနေတဲ့ အရိုးစုက တစ်ခု၊

ဆိုပြီးတော့ ပေါင်းလိုက်တဲ့အခါ အဲဒီအရိုးစု ၇ ခုတဲ့၊ ခုနကက ပုံပျက် အလောင်းကောင်က ၂ ခု၊ အဲဒါတွေ ပေါင်းလိုက်တဲ့အခါ ၉ ခု၊

အဲဒီ ၉ ခု ရှုနည်းက ဒီအတိုင်းပါပဲ၊ ငါ့ခန္ဓာကိုယ်ကြီးဟာလည်း ဒါမျိုးဖြစ်ဦးမှာပဲ၊ ဒီအခြေအနေမျိုးက မလွန်မြောက်သေးဘူး၊ ဒါမျိုးဆင်ခြင်စဉ်းလို့ သတိစွမ်းအား၊ ဉာဏ်စွမ်းအားတွေ ထက်လာရင် တဏှာအတွေးတွေ မလာတော့ဘူး။ ဒိဋ္ဌိအတွေးတွေလည်း မလာတော့ဘူး၊

အနိဿိတော စ ဝိဟရတိ – တဏှာအတွေးနဲ့ မတွဲတော့ဘူး၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ – လောကကြီးမှာ စွဲလန်းမှုဆိုတာ မရှိတော့ တဏှာနဲ့လည်း မတွယ်တော့ဘူး၊ ဒိဋ္ဌိအမြင်နဲ့လည်း မစဲံလန်းတော့ဘူါ်၊ ဥပါဒါန်တရားတွေ လုံးဝကျွတ်လွတ်သွားပြီါ် လွတ်မြောက်တဲ့ စိတ် အခြေအနေကို ရောက်သွားပါတယ်။

အာလုံးပေါင်းလိုက်တဲ့အခါ ၁၄ ခု၊ ကာယနုပဿနာနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ ကမ္မဋ္ဌာန်း ၁၄ ခု ပေးထားပါတယ်။ ဘယ်ကမ္မဋ္ဌာန်းလမ်းကြောင်းကပဲသွားသွား နောက်ဆုံးမှာ အတွယ်အတာတွေ ကင်းပြတ်ပြီး နဗ္ဗာန်ဆိုတဲ့ အငြိမ်းဓါတ်ကို ရစေတာချည်းပဲတဲ့၊ ဒါကြောင့်မို့ နည်းမှန်လမ်းမှန်ကျင့်ကြံကြိုးကုတ်အာထုတ်မယ်ဆိုရင် မှန်ကန်သည့်ကျင့်စဉ်ဖြစ်သည့်အတွက်ကြောင့် လိုအပ်တဲ့အကျိုးကျေးဇူးတွေ ရကြမှာဖြစ်တယ်။

Ref: https://www.facebook.com/dhammadownload/media_set?set=a.10203950488910308.1073741975.1464856977&type=3

ဝိပဿနာကမ္မဋ္ဌာန်းပိုင်း – ဒေါက်တာအရှင်သီလာနန္ဒဘိဝံသ

12346418_424834597708574_4651509535473714205_n

ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။

သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။

စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။

ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။
ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။

ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်၏။
အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ‘ပစ္စယပရိဂ္ဂဟဉာဏ်’ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။

ဤကဲ့သို့ အကြောင်းအကျိုး သိမြင်၍ နောက်က ရှိခဲ့သော ယုံမှား သံသယတို့သည် အခိုက်အတန့်အားဖြင့် ပျောက်၏။
ယုံမှား သံသယတို့ကို ပယ်သော စိတ်၏ စင်ကြယ်ခြင်း = ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏။
ဝိပဿနာတရား အားထုတ်သူအတွက် ဤအဆင့်၌ နာမ်ရုပ်ကွဲ၊ အကြောင်းကို သိမ်းဆည်း ဆင်ခြင်၊ ခဏိကသမာဓိရသဖြင့် စူဠသောတာပန်=သောတာပန်အငယ်စားဟု ခေါ်ရ၏။

ဤအဆင့်မှ ဆက်ပြီး အားထုတ်သော် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သော အစွမ်းဖြင့် ဖြစ်စေသောဉာဏ် = သမ္မသနဉာဏ် ဖြစ်ပေါ်၏။
သင်္ဂြိုဟ်၌ ဝိပဿနာဉာဏ်များကို ဤသမ္မသနဉာဏ်မှ စ၍ ပြဆို၏။

ဆက်ပြီး အားထုတ်သော် ဝိပဿနာဉာဏ် ၁၀-ပါး အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်၏။

ဝိပဿနာဉာဏ် ၁၀-ပါး

၁။ သမ္မသနဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် သုံးသပ်သောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၂။ ဥဒယဗ္ဗယဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ဖြစ်ခြင်းပျက်ခြင်း ၂-ပါးကို အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်စေသောဉာဏ်။

၃။ ဘင်္ဂဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၏ ပျက်ခြင်းတစ်ပါးကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။

၎။ ဘယဉာဏ် = ပျက်ခြင်း၏ အစွမ်းဖြင့်ဖြစ်သော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အလွန်ကြောက်လန့်ဖွယ် ဘေးကြီးဟု အဖန်တလဲလဲ ရှုသောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၅။ အာဒီနဝဉာဏ် = ဘေးကြီးဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုသောဉာဏ်။

၆။ နိဗ္ဗိဒါဉာဏ် = အပြစ်ဟု မြင်အပ်ပြီး ထင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ငြီးငွေ့သောအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၇။ မုဉ္စိတုကမျတာဉာဏ် = ငြီးငွေ့၍ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။

၈။ ပဋိသင်္ခါဉာဏ် = သင်္ခါရတို့မှ လွတ်မြောက်ခြင်း၏ အကြောင်း၏ ပြည့်စုံစေခြင်းငှာ တဖန် ခန္ဓာငါးပါး သင်္ခါရတရားတို့ကို သိမ်းဆည်းခြင်းအစွမ်းဖြင့် ဖြစ်သောဉာဏ်။

၉။ သင်္ခါရုပေက္ခာဉာဏ် = ခန္ဓာငါးပါး သင်္ခါရတရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းမှ ကင်းသည်၏အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သောဉာဏ်။

၁၀။ အနုလောမဉာဏ် = အနိစ္စ အစရှိသော လက္ခဏာကို ရှုသည်၏ အဖြစ်ဖြင့် အောက်၌ဖြစ်သော ဝိပဿနာဉာဏ် ၉-ပါးတို့အားလည်းကောင်း၊ အထက်၌ ၃၇-ပါးသော ဗောဓိပက္ခိယတရားတို့နှင့် လျော်သော (ဝါ) မဂ်ဖြစ်ခြင်းငှာ လျော်သောဉာဏ်။

+++

သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သည့်အခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာ၏။
ဥဒယဗ္ဗယဉာဏ် ရင့်သန်သောအခါ ဝိပဿနာ၏ ဘေးရန် ‘ဝိပဿနုပတ္တိလေသ’ ၁၀-ပါး ဖြစ်ပေါ်လာတတ်၏။

ဝိပဿနုပတ္တိလေသ ၁၀-ပါး

၁။ သြဘာသ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာ စိတ်ကြည်လင်ရကား ကိုယ်မှ အရောင်အလင်းတို့သည် ထွက်ဖြာကုန်၏။

၂။ ပီတိ = သြဘာသ,သာမကသေး ခုဒ္ဒကာပီတိစသော ၅-ပါးသော ပီတိမျိုးလည်း ဖြစ်ပေါ်၍ နှစ်သက်၏။

၃။ ပဿဒ္ဓိ = ကိုယ်စိတ်နှစ်ပါးလုံး အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်၏။

၎။ အဓိမောက္ခ = ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်၏။

၅။ ပဂ္ဂဟ = ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး ချီးမြှောက်ထောက်ပံ့တတ်သော ဝီရိယလည်း ဖြစ်ပေါ်၏။

၆။ သုခ = တစ်ကိုယ်လုံး၌ စိတ္တဇရုပ်များကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်၏။

၇။ ဉာဏ = သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာဉာဏ်လည်း ဖြစ်ပေါ်၏။

၈။ ဥပဋ္ဌာန = မြင့်မိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာ တည်တံ့သော သတိလည်း ဖြစ်၏။

၉။ ဥပေက္ခာ = အဖြစ်အပျက်ကို ရှုရန် ဗျာပါရ မပြုရတော့ဘဲ အသင့်အားဖြင့် ရှုနိုင်သော ဝိပဿနာဉာဏ်နှင့် ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာမည်သော ဝိပဿနုပေက္ခာ၊ ထိုဖြစ်ပျက်မှုကို ဆင်ခြင်လိုသည့်အခါ ဆင်ခြင်နိုင်သော အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာ ၂-မျိုးလည်း ဖြစ်၏။

၁၀။ နိကန္တိ = သြဘာသစသည်တို့ဖြင့်ဖြစ်သော ဝိပဿနာကို သာယာ နှစ်သက်နေတတ်သော တဏှာလည်း ဖြစ်၏။

ထို ဆိုခဲ့ပြီးသော သြဘာသ၊ ပီတိ စသည်တို့ ဖြစ်ပေါ်လာသောအခါ ထိုအရောင်အဝါ စသည်တို့ကို သာယာသော တဏှာနိကန္တိအတွက် ငါမဂ်ရပြီဟု အထင်မှားနေတတ်၏။
ထိုသို့ အထင်မှားခြင်းကို ဤကား မဂ်မဟုတ်သေးဟူ၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော သဘောသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ဝိပဿနုပတ္တိလေသတို့မှ လွတ်ပြီးသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင်အောင် ဝိပဿနာဉာဏ် ၉-ပါးကို အစဉ်အတိုင်း တဖန် ထူထောင်၍ လက္ခဏာယာဉ် ၃-ပါးကို ပွားများ အားထုတ်ပြန်ရာ ထိုဉာဏ် ၉-ပါးကို ပိုင်သော ယောဂီပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ် ၉-ပါးသည် သိတတ် မြင်တတ်သောကြောင့် ဉာဏဒဿန မည်၏။

ထိုဉာဏဒဿနမည်သော ဝိပဿနာဉာဏ် ၉-ပါးသည်ပင် နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်မြတ်ဖြစ်သောကြောင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏။

(၇) ဉာဏဒဿနဝိသုဒ္ဓိ

ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်ဆိုသည်မှာ ဝိပဿနာ၏ အထွတ်အထိပ်သို့ ရောက်သော အနုလောမဉာဏ်နှင့်တကွ သင်္ခါရုပေက္ခာဉာဏ်ကို အပါယ်စသည်မှလည်းကောင်း, သင်္ခါရနိမိတ်မှလည်းကောင်း ထွက်မြောက်၍ မဂ်သို့ရောက်ကြောင်း ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်၏။

သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်ဟု ဆိုအပ်သော ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် ထက်သန်လာသောအခါ သစ္ဆိကရဏကိစ္စဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင် ပေါက်ရောက်၍ မဂ်ဉာဏ်ဖြစ်ပေါ်လာသည်။ ထိုမဂ်ဉာဏ်သည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။

+++++

မဂ္ဂဝီထိ ပုံစံ

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ မဂ်၊ ဖိုလ်၊ ဖိုလ်၊ ဘဝင်

မဂ်ရခါနီးအခါ ဝိပဿနာဉာဏ်သည် သွက်သွက်လက်လက် ဖြစ်လာ၏။ သင်္ခါရတရားက ထတော့မည့်အချိန်ဖြစ်၍ အားကောင်းလာ၏။ သင်္ခါရုပေက္ခာဉာဏ်အပါအဝင် ဤအခိုက်အတန့်ကို ‘ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်’ဟု ခေါ်၏။

မဂ္ဂဝီထိတွင်ပါသော ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူတို့မှာ ဉာဏသမ္ပယုတ်ကာမာဝစရကုသိုလ်ဇောတစ်ကြိမ်စီ ဖြစ်၏။

ပရိကံ၊ ဥပစာ၊ အနုလုံ ဤသုံးခုကို အနုလောမဉာဏ်ဟု ခေါ်၏။ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်ပြီး မဂ်ရခါနီး ပေါ်သောဉာဏ် ဖြစ်၏။

ဂေါတြဘူမှာ ဝိပဿနာလမ်းကြောင်းတွင် ကျရောက်နေသော်လည်း မည်သည့် ဝိသုဒ္ဓိထဲမှာမှ မပါဝင်။
ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါ၊ ဉာဏဒဿနဝိသုဒ္ဓိထဲလည်း မပါဝင်။
အမှန်မှာ ဂေါတြဘူသည် ဝိပဿနာလမ်းကြောင်းထဲ ကျနေသဖြင့် ဝိပဿနာဟု ခေါ်ရသော်လည်း တကယ့် ဝိပဿနာအစစ် မဟုတ်ပေ။
ဝိပဿနာသည် သင်္ခါရတရား ရုပ်နာမ်တရားကို အာရုံပြု၏။
ဂေါတြဘူက နိဗ္ဗာန်ကို အာရုံပြု၏။ ကာမာဝစရစိတ်ထဲ၌ နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုသည်မှာ ဤတစ်ခု (ဂေါတြဘူ)သာ ရှိ၏။

အနုလောမဉာဏ် ဖြစ်ပြီးနောက် ဂေါတြဘူဉာဏ် (ပုထုဇဉ်အနွယ်ကို ဖြတ်တောက်၍ အရိယာအနွယ်သို့ ရောက်စေသောဉာဏ်) ပေါ်၏။

ဂေါတြဘူနောက် ဆက်ပြီး မဂ်စိတ်ပေါ်၏။ မဂ်ဉာဏ်ဖြစ်၏။ မဂ်စိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏။
ဤမဂ်စိတ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်၏။

မဂ်စိတ်နောက် ဖိုလ် ၂-ကြိမ် ၃-ကြိမ် ဖြစ်၏။ ဖိုလ်က မည်သည့်ဝိသုဒ္ဓိထဲမှ မပါ။

မဂ်ဖိုလ်ဖြစ်ပြီးနောက် ဘဝင်ကျသွားကာ ပစ္စဝေက္ခဏာဉာဏ် ပေါ်၏။ ပစ္စဝေက္ခဏာဉာဏ်မှာ မဂ်ကို ဆင်ခြင်သောဉာဏ်၊ ဖိုလ်ကို ဆင်ခြင်သောဉာဏ်၊ နိဗ္ဗာန်ကို ဆင်ခြင်သောဉာဏ် ဖြစ်၏။

မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ဖိုလ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ၊ ကျန်သေးသော ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ – ပစ္စဝေက္ခဏာ ၅-မျိုး ထိုက်သင့်သလို ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်

မဂ်ဖြစ်သောအခါ မဂ်ကိစ္စ ၄-ချက်ကို တပြိုင်နက် ပြုပြီး ဖြစ်၏။

မဂ်ကိစ္စ ၄-ချက်မှာ ဆီမီးနှင့် တူ၏။
ဆီမီးသည် “မီးစာကိုလောင်၊ အမှောင်ပယ်ရှင်း၊ အလင်းရောင်စွမ်း၊ ဆီခန်းစေမှု” ကိစ္စ ၄-ခုကို တပြိုင်တည်း ပြုသကဲ့သို့၊
မဂ်သည် (၁) ဒုက္ခသစ္စာကို ပိုင်းပိုင်းခြားခြား သိခြင်း၊ (၂) သမုဒယသစ္စာကို ပယ်ခြင်း၊ (၃) နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း၊ (၄) မဂ္ဂသစ္စာကို ဖြစ်ပေါ်စေခြင်း ကိစ္စ ၄-ခုကို မဂ်အခိုက်အတန့်မှာ တပြိုင်နက် ပြီးစေ၏။

မဂ်စိတ်ဖြစ်သောအခါ မဂ်ဉာဏ်က ကိလေသာများကို နောက်ထပ် ပြန်မပေါ်အောင် ပယ်၏။

ဖိုလ်စိတ်ဖြစ်သောအခါ ဖိုလ်က တဖန်ငြိမ်းစေသောအားဖြင့် ကိလေသာကို ပယ်သတ်၏။

ဤနည်းဖြင့် ပထမမဂ်, ဒုတိယမဂ်, တတိယမဂ်, စတုတ္ထမဂ် အဆင့်ဆင့်၊ ဆိုင်ရာကိလေသာတို့ကို နောင်ဘယ်တော့မှ မပေါ်အောင် အပြီးတိုင် ပယ်သတ်လေတော့၏။

Ref: https://www.facebook.com/permalink.php?story_fbid=192702167739436&id=100009989626063

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ (၁)

ဆရာတော် – ဒကာတော်တို့ ဘယ်က လာခဲ့တာလဲ။

ထိုင်း – ဇင်းမယ်ကပါဘုရား။ ဆရာတော့်သတင်းကြား
လို့ ကြည်ညိုလို့လာဖူးတာပါ ဘုရား။

ဆရာတော် – ဘုန်းကြီးတွေအများကြီး ထိုင်းမှာလဲ
ရှိတာမဟုတ်လား။

ထိုင်း – ဘုန်းကြီးချင်းမတူပါဘူးဘုရား။ ထိုင်းမှာ
တောရဆောက်တည်တဲ့ ပုဂ္ဂိုလ်သိပ်မရှိတော့ပါ
ဘူး။

ဆရာတော် – တို့က သတ္တိမရှိလို့ တောထဲနေတာပါဗျာ။
မြို့ထဲနေတဲ့ ဘုန်းကြီးတွေက တောထဲနေတာထက်ပိုပြီး
ထက်လို့ ပိုပြီးသတ္တိရှိနေတာဗျ။ တို့က သူတို့လောက်
သတ္တိမရှိလို့ တောမှီနေတာဗျ။ တောထဲနေတာဗျ။
ဘုန်းကြီးအားလုံး အတူတူပါဗျာ။ ထိုင်း၊ ကမ္ဘောဒီးယား၊
လာအို၊ မြန်မာရယ်က ထေရ၀ါဒလို့ခေါ်တယ်။ အရှင်
မဟာကဿပ၊ အရှင်သာရိပုတ္တရာတို့အဆက်ဆက်
က တစ်ဆင့်သြ၀ါဒတွေကို လုံးဝမပြင်ဘဲကျင့်တာဗျာ။
အကျင့်တူပါပဲဗျာ။

ထိုင်း – မြန်မာနိုင်ငံက ဆရာတော်တွေက သာသနာ
တော်ကို ပိုပြီးတော့ ကြည်ညိုပြီး ၀ိနည်းတော်တွေကို
လေးစားလိုက်နာကြပါတယ် ဘုရား။

ဆရာတော် – တို့ဆီရောက်တုန်းမို့ ပြောတာလားဗျာ။

ထိုင်း – တကယ်ပြောတာပါဘုရား။ တပည့်တော်တို့
ဝိပဿနာတရားတော့ အားထုတ်ချင်ပါတယ်ဘုရား။
နည်းလမ်းတော့မသိပါဘုရား။

ဆရာတော် – နည်းလမ်းတွေ ဘာလို့မသိရမှာလဲ။
ထိုင်းမှာလည်းရှိတာပဲ။ ဒီကသွားတာတွေရှိတာပါပဲ။
နည်းလမ်းတွေ ဘယ်လောက်များများ တို့ဗုဒ္ဓက
သတိတစ်လုံးပဲဗျာ။ ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို
သတိနဲ့တွဲလုပ်။ အဲဒါဝိပဿနာဖြစ်သွားတာပဲ။
သတိနဲ့လုပ်တော့ ကိုယ့်စိတ်ကိုယ့်ဆီမှာရှိတယ်။
ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။ အဲဒါ
ဝိပဿနာဗျ။

ထိုင်း – တပည့်တော် တရားထိုင်တဲ့အခါ စိတ်က
မငြိမ်ပါဘူးဘုရား။ စိတ်ကလေးကိုတစ်နေရာတည်း
မှာ ငြိမ်ငြိမ်ကလေးနေဖို့အတွက် အကောင်းဆုံး
နည်းလမ်းပေးပါ ဘုရား။

ဆရာတော် – ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်။
တို့ ဘုရားတိုင်း ဘုရားတိုင်းမှတ်တာ နှာခေါင်းပဲ။
နှာခေါင်းမှာ ၀င်လေလေးဝင်တာထွက်တာကို
စာလို ၀င်သက်ထွက်သက်ခေါ်တယ်ဗျာ။ အဲဒါ
အသက်ပဲဗျာ။ လူတစ်ယောက်လုံးရဲ့အသက်ဟာ
နှာခေါင်းမှာရှိတယ်။ ၀င်လေထွက်လေကိုပြော
တာ။ ဒီနှာခေါင်းကနေထိုင်ပြီးမှတ်ရင် တစ်ကိုယ်
လုံးအကုန်သိတယ်ဗျာ။ စာလို ပင်တိုင်ကမ္မဋ္ဌာန်း
လို့ ခေါ်တယ်။ ကျန်တဲ့အလုပ်တွေလုပ်ရင်းလည်း
နှာခေါင်းဝကိုမှတ်ဗျာ။ ဝေဘူဆရာတော်ကြီးက
ဒီအတိုင်းမှတ်သွားတာဗျ။ မှတ်နိုင်ပါ့မလားဗျာ။

ထိုင်း – မလွယ်ပါဘုရား။ သိပ်မရပါဘုရား။

ဆရာတော် – အဲဒါကျတော့ဗျာ။ မျက်စိကမြင်တဲ့
အခါ ကြည့်စရာရှိရင် မျက်စိမှာ သတိချထားဗျာ။
နားကကြားတဲ့အခါမှာ နားထိပ်မှာ ချထားဗျာ။
သတိနဲ့သွားဗျာ။ တသက်လုံးလုပ်သွားဗျ။
ဘယ်တော့မှ မလွှတ်နဲ့ သိရုံသိသွားဗျာ။

ထိုင်း – မလွယ်ဘူးထင်တယ်ဘုရား။ တရားထိုင်
ချိန်မှာ စိတ်ကိုထိန်းမရပါဘုရား။ စိတ်မငြိမ်ပါ
ဘုရား။ သမာဓိမရပါဘုရား။ အတွေးလည်း
များမိပါတယ်ဘုရား။

ဆရာတော် – တွေးတဲ့စိတ်ကတော့ တွေးမှာပဲ။
ဝိပဿနာဉာဏ်တွေဘယ်လောက်တက်တက်
တွေးမှာပဲ။ စိတ်ကိုမနိုင်ရကောင်းလားဆိုပြီး
ရန်မလုပ်ရဘူး။ လျှော့လည်းမလျှော့ရဘူး။
မှတ်စရာရှိတာသာမှတ်။ အမှတ်များရင်အတွေးက
သူ့ဟာသူလျော့သွားလိမ့်မယ်။

ထိုင်း – ဆရာတော်ကြီးပြောတာ နားလည်ပါပြီ
ဘုရား။

ဆရာတော် – လုပ်နိုင်ပါ့မလား။

ထိုင်း- ကြိုးစားပါ့မယ်ဘုရား။

ဆရာတော် – လူတိုင်းလူတိုင်းဟာမွေးကတည်းက
အတွေးနဲ့မွေးလာတာ။ တစ်သက်လုံးလည်းအတွေး
နဲ့နေတာ။ လုပ်စရာရှိလည်း အတွေးနဲ့လုပ်နေတာ။
အဲဒါ ထိုင်မှတ်တာ ခဏလေးရှိသေးတယ်။ ချက်ချင်း
တောမရနိုင်သေးဘူး။ မှတ်အားကောင်းရင်သူ့ဟာ
သူတက်သွားမှာပဲ။ ဘုရားဟောတဲ့အထဲမှာ သတိ
ပဋ္ဌာန်ဆိုတာရှိတယ်။ အဲဒါ သတိပဋ္ဌာန်ခေါ်တယ်။
နှာခေါင်းမှတ်မှု ပင်တိုင်ထားပြီး တွေးတာနဲ့နှာခေါင်း
နဲ့ ဘယ်ကို စိတ်ရောက်များလဲ။ တွေးတဲ့စိတ်ကို
အရောက်များရင် နှာခေါင်းမှတ်တာ ခဏလွှတ်
လိုက် တွေးပြီးတာနဲ့ နှာခေါင်းပြန်မှတ်။ တစ်ခါ
နှာခေါင်းမှတ်ရင်း ခန္ဓာကိုယ်က နာလာမယ်ဆို
ရင် နာတဲ့ဘက်စိတ်အရောက်များရင် နှာခေါင်း
မှတ်တာကိုလွှတ်ပစ်ပြီး နာတာကိုမှတ်။ ပြီးမှ
နှာခေါင်းကိုပြန်မှတ်။ အသံကိုကြားလို့ ကြားတာ
ဘက်စိတ်ရောက်တာများသွားလို့ရှိရင် နှာခေါင်း
အမှတ်ကိုလွှတ်ပြီး ကြားတဲ့ဘက်ကို မှတ်။
ပြီးမှ နှာခေါင်းကိုပြန်မှတ်။ ရှင်းရဲ့လား။

ထိုင်း – နားလည်ပါတယ် ဘုရား။ တပည့်တော်
မိသားစုထဲက တစ်ယောက်အကြောင်းကိုလျှောက်
ချင်ပါတယ်ဘုရား။

ဆရာတော် – အဲဒါကျ တို့မလုပ်ဘူး။ အဲဒါလောကီ
ကိစ္စတွေ၊ တစ်ဦးလုပ်ပေးလိုက်ရင် တစ်ဦးလုပ်ပေး
ရင် တစ်ပြည်လုံးလာမှာ၊ တို့ နားရတော့မှာမဟုတ်
ဘူး။ တို့တရားအလုပ် လုပ်ရတော့မှာ မဟုတ်ဘူး။

ထိုင်း – ဆရာတော်ကြီးကို အနှောက်အယှက်ပေး
သလိုဖြစ်သွားတယ်ဘုရား။ ခွင့်လွှတ်ပါဘုရား။

ဆရာတော် – တို့ ရန်ကုန်ကတည်းက ဒီမေးတာ
တွေ အိမ်တွင်းရေးတွေက အစ မေးလျှောက်တာ
တွေ အဲဒါတွေ ဒိုင်ခံပြောလာတာ တစ်ယောက်ကစ
တစ်ရာဆိုသလို ဖြစ်လာတယ်။ အဲဒီကတည်းက
ကြောက်လာတာ။ တစ်ဦးပြောလိုက်ရင် တစ်တိုင်း
ပြည်လုံးကလာမှာ။ ဒီလောကီကိစ္စတွေကလျှောက်
ရမှာမဟုတ်ဘူး။ တို့ဒီတောထဲကနေအာရုံပြုပေး
နေတာပဲ။ တို့ရှုမှတ်နေတာဟာ ဒေါသကင်းနေ
တဲ့အတွက် မေတ္တာပဲ။ ဘုရားတို့ ရဟန္တာတို့ဆိုတာ
က ဘယ်သူဘယ်ဝါ ကျန်းမာပါစေလို့တိုက်ရိုက်
ပေးတာမဟုတ်ဘူး။ ရှုမှတ်နေတာဟာ ဓမ္မဓါတ်
လှိုင်းပေးနေတာပဲ။ လ ဟာတစ်ကမ္ဘာလုံးသာနေ
တာပဲ။ မော့ကြည့်သူ ထွက်ကြည့်သူအေးတာပေါ့။
ကိုယ့်ဘက်က ယုံယုံကြည်ကြည်နဲ့ လထွက်ကြည့်
သလိုထွက်ကြည့်နေရင် အကုန်ပြီးတယ်။ ထပ်ပြီး
အဆစ်ပေးလိုက်ဦးမယ်။ သမာဓိ(၃)မျိုးရှိတယ်။
တစ်ခါမှတ်တစ်ခါတည်ရင် ပထမ သမာဓိပဲ။
(၅)မိနစ် (၁၀)မိနစ်ကလေးတည်နေရင် အဲဒါ
ဒုတိယ သမာဓိပဲ။ ၀ိပဿနာအထက်ပိုင်းရောက်
ရင် စိတ်ကဘယ်မှမထွက်တော့ဘူး။ အဲဒါတတိယ
သမာဓိပဲ။

ထိုင်း – မှတ်မိပါတယ်ဘုရား။

ဆရာတော် – လုပ်နိုင်ပါ့မလား။

ုထိုင်း – ရအောင် ကြိုးစားပါ့မယ်ဘုရား။

ဆရာတော် – ဟိုမှာ ဘယ်လိုအားထုတ်လဲ
အဓိဋ္ဌာန်နဲ့လား။

ထိုင်း – ရိပ်သာလည်း သွားပါတယ်ဘုရား။
အိမ်မှာလည်း လုပ်ပါတယ်ဘုရား။ တစ်ရက်
လည်း သွားဖူးတယ်။ သုံးရက်လည်း သွားဖူး
တယ်။ (၁၀)ရက်လည်း သွားဖူးတယ်ဘုရား။

ဆရာတော် – မရဘူး။ အနည်းဆုံး နှစ်လဆက်တိုက်
အားထုတ်ရမယ်။ အင်္ဂုလိမာလ လက်ညှိုးဖြတ်သလို
ဖြစ်နေမယ်။ တစ်ချောင်းဖြတ်လိုက် ဟိုနားထားလိုက်၊
တစ်ချောင်းဖြတ်လိုက် ဒီနားထားလိုက်ဆိုတော့
တစ်ထောင်ရသလား။

ထိုင်း – မရပါဘုရား။

ဆရာတော် – တစ်ထောင်ပြည့်ချင်ရင် ကြိုးနဲ့သီမှ
ရမယ်မဟုတ်လား။

ုထိုင်း – ဥပမာ တအားကောင်းပါတယ်ဘုရား။

ဆရာတော် – တို့တုန်းက မဟာစည်မှာ အားထုတ်ခဲ့
တော့ နှစ်လလောက် အပင်ပန်းခံပြီးအားထုတ်ခဲ့ရ
တယ်။ တစ်ရက်လောက်က အသေအလဲအားထုတ်
ခဲ့ရတာ။ တစ်သက်လုံးက အတွေးနဲ့ အမှတ်နဲ့က
အားပြိုင်နေတာပဲ။ သည်ခံမှစိတ်ရှည်မှရမယ်။
ဇွဲရှိမှ ရတယ်။ စိတ်ရှည်ပါများလာရင် ဒီဘက်က
အမှတ်များသလောက် ဟိုဘက်ကအတွေးနည်း
သွားတယ်။ အတွေးနည်းသွားရင် ကိုယ်မှတ်တဲ့
နေရာ စိတ်ဒက်ခနဲ တစ်ချက်လောက်ကျသွား
တာနဲ့ ဖြစ်လိုက်တာနဲ့ သူ့ဟာနဲ့သူသဘောပေါက်
သွားမယ်။ လမ်းဆုံးအောင်နှစ်လလောက်လုပ်
လိုက်မှဗျ။ လမ်းဆုံးအောင်။ တစ်သက်လုံးသား
တွေမယားတွေအတွက် သထာပြီး၊ ကိုယ့်အတွက်
နှစ်လလောက်မှ မသထာဘူးလား။ ထိုင်းမှာဘာ
အလုပ်လုပ်လဲ။

ထိုင်း – အင်ဂျင်နီယာပါဘုရား။

ဆရာတော် – အင်ဂျင်နီယာနှစ်လလုပ်ရင်ဘယ်
လောက်စားရလဲ။

ထိုင်း – ဘယ်လောက်မှ မများပါဘူးဘုရား။

ဆရာတော် – ဒါက နှစ်လလုပ်လိုက်ရင် ဒီတစ်သက်
မကဘူး။ ဟိုက တစ်သက်ပါ တာဝန်ယူတယ်။

ထိုင်း – ဒီလပိုင်းတော့ မအားပါဘုရား။ နောက်တော့မှ
လုပ်ပါ့မယ် ဘုရား။

ဆရာတော်- သေမင်းက ဘယ်တော့ခေါ်မယ်မှန်းမှ
မသိတာ။ ဒီတော့ ဒီလိုလုပ်။ အိမ်မှာ အဓိဋ္ဌာန်နဲ့
ဘယ်နှရက်၊ ဘယ်အချိန်၊ ဘယ်နှနာရီဆိုပြီး
အားထုတ်ပါ။

ထိုင်း – အဲဒီလိုတော့ လုပ်လို့ရပါတယ်ဘုရား။

ဆရာတော် – တို့တုန်းကတော့ မဟာစည်မှာ
ညယောဂီရှိတယ်။ ညနေ(၆)နာရီက မနက်(၆)
နာရီအတွင်း ည(၂)ကြိမ်၊ မနက်(၂)ကြိမ်ရတယ်။
အဲဒါမဟာစည်မှာ ညယောဂီပဲ။

ထိုင်း – နည်းနည်းတော့ ခက်မယ်ထင်ပါတယ်ဘုရား။
စင်္ကြံနဲ့ထိုင်တာ တွဲမှတ်ရင် ရပါသလားဘုရား။

ဆရာတော် – မဟာစည်မှာ ထိုင်တစ်နာရီ၊
စင်္ကြံတစ်နာရီရှုမှတ်ရတာပဲ။ ရပါတယ်။

ထိုင်း- ဘုန်းကြီးဝတ်ပြီးမှ ရိပ်သာဝင်ရင်ကောင်းပါ
သလားဘုရား။

ဆရာတော်- သင်္ကန်းဝတ်ကြီးထမ်းရတာလေးတယ်။
ရိပ်သာဝင်ရင် ငါသေလည်းထားခဲ့ရမှာ ဆိုတဲ့စိတ်
မွေးနိုင်မှရတယ်။

ထိုင်း – ဆရာသမားလိုတာပေါ့နော်။

ဆရာတော်- သတိရှိရင် ဆရာမလို။ သတိဟာဆရာပဲ။
ထိုင်လို့ သတိမြဲနေပြီဆိုပါစို့။ သတိမြဲကြောင်းကိုနှာခေါင်း
ရှုရင် နှာခေါင်းမှာ လေနိမိတ်ပေါ်ရတယ်။ တို့တုန်းက
ဖောင်းပိန်မှတ်တော့ ဖောင်းနိမိတ် ပိန်နိမိတ် ပေါ်တာ
ပေါ့။ စိတ်တည်ကြောင်းပြတဲ့နိမိတ်ခေါ်တယ်။ စက်များ
ဆိုရင် ဘယ်နှမိုင်ရောက်ရင် ဘယ်နှမိုင်ရောက်ကြောင်း
အချက်ပြသလို တို့ဒီမှာလည်း နှာခေါင်းမှတ်ရင်နှာခေါင်း
အချက်ပြရှိတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တို့သံသရာ
အဆက်ဆက်က ပါလာတဲ့ဉာဉ်နဲ့ ဒီကသတိနဲ့သွားတဲ့
ဉာဏ်နဲ့ အဲဒီနေရာမှာ အတိုက်အခံ သွားလုပ်တော့
ဉာဉ်ဘက်က အာရုံဆန်းတွေပေါ်တတ်တယ်။ တခြား
က လာပြီးပြတာမဟုတ်ဘူး။ စရိုက်လိုက်ပြီး ပေါ်တတ်
တယ်။ ဒေါသကြီးသူ ဒေါသကြီးတဲ့အလျောက်ပြမှာ။
ရာဂကြီးတဲ့သူ ရာဂအလိုက်ပြမှာ။ အဲဒါကိုသတိနဲ့
မကြောက်မရွံ့သွားနိုင်ရင် ဆရာမလိုဘူး။ လာချင်
တာ လာမှတ်မှာပဲ။ အဲဒါကြောင့် ဆရာမလိုဘူးပြော
တာ။

ထိုင်း – အဲဒီလို တစ်ယောက်တည်း သွားလုပ်လို့
သိပ်အဆင်မပြေဘူးထင်ပါတယ်ဘုရား။

ဆရာတော် – အများဆုံးတွေ့ရတာက သမာဓိ
တည်ကြည်ခါစ ၀ိပဿနာဉာဏ်တက်တော့ စာလို
အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာမြင်ရတာကိုတို့က
အတ္တစွဲတာကိုး။ ဟိုက အနတ္တပြမှာ တို့က နိစ္စစွဲတာ။
ဟိုက အနိစ္စပြမှာ တို့က သုခလို့ထင်တာကို။ အဲဒီ
အချိန်မှာပေါ်တာပဲ။ သဒ္ဓါထက်သူကျတော့ ဘုရား
ရဟန္တာတို့ပေါ်တယ်။ နတ်တို့ပေါ်တယ်။ ပေါ်ရုံတင်
မက လာကိုပြောတာရှိတယ်။ မြင်ရုံမြင်တာပဲရှိတယ်။
အဲဒါကို ဘယ်ကိုမှမလိုက်ဘဲ ကိုယ့်ရှုကွက်ကို လက်
မလွှတ်နဲ့။ အဲဒါဆိုရင် မှားစရာမရှိဘူး။ ကိုယ့်ရှု့ကွက်
ကို လက်လွှတ်ပြီး အဲဒီနောက်သွားရင် လမ်းမှားပြီ။

ထိုင်း – တပည့်တော် အားထုတ်လာတာ တစ်ခါမှ
နိမိတ်မပေါ်သေးပါဘူးဘုရား။

ဆရာတော်- တစ်ရက် နှစ်ရက်လောက်နဲ့တော့
မတွေ့နိုင်ဘူး။ သတိအားကောင်းမှ အတွေးမ၀င်မှ
ပေါ်တာ။ တို့ကိုယ်ခန္ဓာမှာ သွေးကလည်ပတ်
နေတာ။ အတွေးနဲ့လည်တယ်။ သောကနဲ့လည်
တယ်။ မာနနဲ့လည်တယ်။ အဲဒီအချိန်မှာတို့သွေး
က မည်းနေတာ။ သွေးကမကြည်ဘူး။ နောက်နေ
တာ။ အဲဒီတော့ မှတ်ဟဲ့။ မှတ်ပါများတော့ အဲဒီ
စိတ်တွေမပါဘူး။ အတွေးမပါတော့ သွေးကြည်
တာပေါ့လေ။ သွေးကြည်ပါများတော့ မှန်ကြည့်
တော့ အရိပ်ပေါ်သလိုပေါ့လေ။ အဲဒီတော့မှ
နိမိတ်ပေါ်တာ။

ထိုင်း – တရားထိုင်တဲ့အခါ အရှင်ဘုရားကို စိတ်နဲ့
တည်ပြီး တပည့်တော်၏ဆရာသမားဖြစ်တော်မူ
ပါလို့ တောင်းလို့ရပါသလားဘုရား။

ဆရာတော် – စိတ်ကအဓိဋ္ဌာန်တာတော့ ရတယ်။
လာ မလာတော့ မသိဘူး။ တို့က အိပ်ပျော်နေတဲ့
အခါ ရှိတယ်။ အဲဒီအခါကျတော့ မလာဘူးပေါ့ဗျာ။
တို့က နိမိတ်ပြောတော့ ဒီနိမိတ်ပေါ်အောင်အမျှော်
နဲ့ လုပ်ရင် ဘယ်တော့မှ မပေါ်ဘူး။ မှန်နဲ့မျက်ခွက်
တည့်မှ အရိပ်ပေါ်သလို ရှု့ကွက်နဲ့မှတ်စိတ်တည့်
လို့ စိတ်အကြည်ဓါတ်လာရင် ဒီနိမိတ်ပေါ်လာတာ
ပဲ။ တရားက အဲဒီလိုပဲ။ တရားရအောင်လုပ်မယ်လို့
စိတ်ဘယ်တော့မှ မထားနဲ့။ ကြိုးစားချင်တဲ့စိတ်သာ
ရှိရမယ်။ ရချင်တဲ့စိတ်မရှိရဘူး။ သူပြတဲ့နေရာကို
ကြည့်နေရင် တရားက သူ့ဟာသူ ဇာတ်ကောင်
တွေက ပြလာမှာ။

ထိုင်း – စောစောက ဒေါက်တာကြီး( ကပ္ပိယ
ဒေါက်တာ သန်းထွန်းအောင်ကိုဆိုလိုပါသည်။)
နဲ့ တရားစကား နည်းနည်းဆွေးနွေးတော့
ဒေါက်တာကြီးက ပွဲကြည့်ရသလို ကြည့်ရတာ
လို့ ဆရာတော်ကြီးဆုံးမဖူးတယ်လို့ ပြောပါတယ်။
ကလေးလို မကြည့်နဲ့ လူကြီးလိုကြည့်လို့ပြောပါ
တယ်ဘုရား။

ဆရာတော် – လိုချင်စိတ်နဲ့ကြည့်ရင် တွေ့ခဲတယ်။
စိတ်မပါလက်မပါကြည့်ရင် သွေးကမဲနေလို့မမြင်ရ
ဘူး။ မရရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးက
မည်းတယ်။ အဲဒီတော့ မမြင်ရဘူးပေါ့။ အဲဒီတော့
တရားရှာတဲ့အခါ အဲဒီစိတ် (၃)စိတ်မပါရဘူး။
သတိနဲ့မှတ်တော့ ကိုယ်မမြင်ဖူးတဲ့ရှု့ကွက်တွေ
ထဲက အရာတွေမြင်လိမ့်မယ်။ နှာသီးဝဆိုနှာသီးဝ
ပေါ့။ လေရဲ့နိမိတ်တွေ လေတန်းတွေမြင်ချင်မြင်
မှာပေါ့။ မြင်လာတော့ ယုံလာတယ်။ ခန္ဓာဖြစ်ပျက်
မြင်လေလေ ယုံလေလေပဲ။ ဆရာသမားအပေါ်
ယုံတာလည်း ဖြစ်နိုင်တယ်။ ဒီလိုယုံလာရင်သွေးက
ကြည်လာတာ။ ကြည်လာမှ ဒီဖြစ်ပျက်မြင်လာတာ။

ထိုင်း – လောကထဲကျင်လည်နေတဲ့အတွက် ငါးပါး
သီလ မလုံတဲ့အခါတွေလည်းရှိတော့ သီလမစင်
ကြယ်ရင် တရားအားထုတ်တဲ့အခါ အနှောင့်အယှက်
များ ဖြစ်နေမလားဘုရား။

ဆရာတော် – ထိုင်မယ့်အချိန်မှာ သီလယူပါ။
သီလယူတယ်ဆိုတာ အရင်တုန်းကဟာတွေကို
အဖြတ်ခိုင်းတာပဲ။ ဘာစည်မှ ချဖို့မလိုဘူး။
ဘေးက အနှောင့်အယှက်မလုပ်နိုင်အောင်
သာသနာတော်စောင့်နတ်တွေက စောင့်ရှောက်
ပေးရတယ်။ ဆိုင်ရာနတ်တွေက စောင့်ရှောက်ပေး
ရမယ်။ သာသနာတော်စောင့်နတ်တွေက တာဝန်
ယူပေးရတာ။ ဒါကြောင့် သီလယူရတာ။

ထိုင်း – ဆရာတော်ကြီးက မေတ္တာထားပြီး အချိန်
တွေ အများကြီးပေးတာ ၀မ်းသာပါတယ်ဘုရား။
အားလည်း နာပါတယ်ဘုရား။

ဆရာတော် – ကိုယ်လုပ်ချင်တာကိုလုပ်၊ သတိလေးနဲ့
လုပ်၊ သတိမပါရင် တို့ဉာဉ်ကခိုင်းတာလုပ်ရလိမ့်
မယ်။ သတိပါတော့ တို့ခိုင်းတာကို ဉာဉ်ကလုပ်ပေး
ရမှာ။ ဘုရားတရားအပေါ်မှာ ဖြည်ချုပ်ပြီး ၀ယ်ရတာ
မရှိဘူး။ အောင့်ပြီးဖယ်ရတာမရှိဘူး။ အမှတ်မှတ်ရင်း
နဲ့ နောက်တော့ သူ့ဟာသူသိသွားပြီး သတိက ၀ယ်
သွားတာ။ တို့ဝယ်တာမဟုတ်ဘူး။

ထိုင်း – တရားအားထုတ်ဖို့ စဉ်းစားနေပါတယ်ဘုရား။
အာမခံပြီးတော့ မလုပ်ဖြစ်မှာ စိုးပါတယ်ဘုရား။

ဆရာတော် – ဘုရားသား ဖြစ်ချင်သလား မဖြစ်ချင်ဘူး
လား။

ထိုင်း – ဖြစ်ချင်ပါတယ်ဘုရား။

ဆရာတော် – သတိရှိရင် ဘုရားသားပဲ။ သတိမရှိရင်
အလကားပဲ။ ဘုရားသားဖြစ်ချင်ရင် သတိရှိမှဖြစ်တာ။
တို့ဒကာဒကာမတွေ ကျမ်းမှာချမ်းသာကြပါစေ။

ညီညီတင်
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း
၂၀၁၅ခုနှစ်၊ ဧပြီလ။

Ref: https://www.facebook.com/photo.php?fbid=464097450408594&set=a.402069949944678.1073741829.100004250296943&type=1

Previous Older Entries